News @ M-Media

Blog

  • ဒလမြို့နယ် သောက်ရေရှားပါးမှုအတွက် ကုသိုလ်ဖြစ် ပါဝင်နိုင်

    ဒလမြို့နယ် သောက်ရေရှားပါးမှုအတွက် ကုသိုလ်ဖြစ် ပါဝင်နိုင်

    မေ ၁၅၊ ၂၀၁၄
    M-Media
    K K

    img008

    ရန်ကုန်  ။       ။    ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် သောက်ရေရှားပါးခြင်းနှင့် ကြုံတွေ့နေရသည့်အတွက် စေတနာရှင်များ စုပေါင်း လှူဒါန်းမည်ဖြစ်ပြီး စုပေါင်း ပါဝင် လှူဒါန်းနိုင်ကြကြောင်း သိရသည်။

    သောက်ရေလှူဒါန်းခြင်းအတွက် ကုသိုလ်ဖြစ် အလှူရှင်များ လှူဒါန်းခြင်းကို မေလ ၉-ရက် နေ့ ညနေ ၆း၁၅ နာရီအချိန်တွင် လှူဒါန်းနေကြသဖြင့် ဆက်သွယ် မေးမြန်းစုံစမ်းရာ ယခုကဲ့သို့ သောက်ရေရှားပါးခြင်း ဒုက္ခနှင့် ရင်ဆိုင်နေရသူများကို လှူဒါန်းလိုသည့် ကုသိုလ်ရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကုန်ဈေးတန်းအောက်လမ်းတွင် Alpine သောက်ရေသန့် ဆိုင်ခွဲ ဖွင့်လှစ်ထားသည့် ဆိုင်မှ ကုသိုလ်ရှင်တို့အတူ ရပ်ကွက်အရောက် ကုသိုလ်ပြုဝန်ဆောင်မှု ပေးနေကြောင်းနှင့် လှူဒါန်းလိုပါက ဖုန်းနံပါတ် 01-251441, 09-73002160, 09-421013349 သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

  • ဒူဘိုင်း၌ ပြီးခဲ့သည့် လများအတွင်း အစ္စလာမ်သို့ သက်ဝင် ကူးပြောင်းသူ မြန်မာ အပါအဝင် နိုင်ငံစုံမှ ထောင်ကျော်ရှိ

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    10277386_577042485742609_5545960335690873348_n
    – မွတ်စလင်မဟုတ်သူများ အစ္စလာမ်၏ တရားစစ်တရားမှန်များကို မိတ်ဆက်ပေးသည့် ဒူဘိုင်းရှိ ဒါရ်အလ်ဘာ အသိုက်အ၀န်း စင်တာတွင် အစ္စလာမ်ကိုပြောင်းလဲ သက်ဝင်လာသူ ဦးရေမှာ ပြီးခဲ့သည့် လမျာအတွင်း ထောင်ကျော်ရှိလာခဲ့ပြီဟု သိရသည်။

    ဒူဘိုင်းအစိုးရ၏ အထောက်အပံ့ဖြင့် လည်ပတ်နေသည့် အဆိုပါ စင်တာသို့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ နေ့စဉ် လူရာချီ လာရောက် လည်ပတ် ခဲ့ကြပြီး နိုင်ငံပေါင်းစုံမှ အစ္စလာမ်ကို သက်ဝင်လာကြသူများမှာ ယခုနှစ်ဆန်းမှ မေလ အထိ ၁၀၆၃ ဦးအထိ ရှိလာခဲ့ပြီဟု စင်တာမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

    “ဇန်န၀ါရီလမှာ ၂၀၅ ဦးခန့် အစ္စလာမ်ကို လက်ခံခဲ့ပြီး၊ ဖေဖော်ဝါရီမှာ ၂၃၈ ဦး၊ မတ်လမှာ ၂၃၇ ဦး ဧပြီလမှာ ၃၈၃ ဦးရှိပါတယ်” ဟု ဒါရ်အလ်ဘာအသိုက်အ၀န်း စင်တာမှ သတင်းအချက်အလက် ဒါရိုက်တာ ရရှစ်ဒ် အလ်ဂျူနိုင်ဘီက ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အုံလိုက် ကျင်းလိုက် သက်ဝင်လာခြင်းမှာ မွတ်စလင်မဟုတ်သည့် လူ့အဖွဲ့အစည်းအား စစ်မှန်သော အစ္စလာမ့် အဆုံးအမကို သိရှိစေရန် ထိုစင်တာမှ ပြုလုပ်ခဲ့သည့် အားထုတ်မှုများ၏ ရလဒ်လည်းဖြစ်သည်။ အစ္စလာမ်က သင်ကြားသည့် ခန္တီတရား၊ ရိုသားမှုနှင့် သနားကြင်နာမှုတို့မှာ လူရာနှင့်ချီ၍ အစ္စလာမ်သို့ ၀င်ရောက်လာခဲ့သည့် အဓိကအကြောင်းအရင်းလည်းဖြစ်သည်။

    အဆိုပါ သစ်လွင် မွတ်စလင်များမှာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုက်ဂျီးရီးယား၊ အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ ဗြိတိန်၊ အိုင်ယာလန်၊ သြစေတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန်နှင့် လက်တင်အမေရိက နိုင်ငံများမှ ဖြစ်ကြသည်ဟု အလ်ဂျူနိုင်ဘီက ဆိုသည်။

    ဒါရ်အလ်ဘာ အသိုက်အ၀န်းစင်တာကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က စတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အဆိုပါစင်တာ၌ အစ္စလာမ်ကို လက်ခံသူ ၂၁၁၅ ဦး ရှိခဲ့သည်။ စင်တာတည်ထောင်ချိန်မှ ယခုအချိန်အထိ ထိုစင်တာတွင် အစ္စလာမ်သာသနာသို့ ပြောင်းလဲသူများမှာ နိုင်ငံပေါင်း ၂၀၀ မှ လူပေါင်း နှစ်သောင်းခန့် ရှိပြီဖြစ်သည်။

    ၁၉၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အရေအတွက်ကို နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးတက်လာ ခဲ့သည်ဟု ဂျူနိုင်ဘီက ထပ်လောင်းပြောကြားခဲ့သည်။

    ဓါတ်ပုံအညွန်း- ၂၀၁၄ ခုနှစ် မေလတွင် အစ္စလာမ်သာသနာသို့ သက်ဝင်ကူးပြောင်းခဲ့သူ ဗီယက်နမ် နိုင်ငံသားတစ်ဦး
    Photo (Islamic Information Centre FB)

    Ref: OnIslam & Newspapers
    ဒူဘိုင်းရှိ Islamic Information Centre ၏ တရားဝင် FB စာမျက်နှာ – https://www.facebook.com/islamic.information.centre.dubai

  • မြန်မာနိုင်ငံဆိုင်ရာ OIC အထူး ကိုယ်စားလှယ်အဖြစ် မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဟောင်းကို ခန့်အပ်

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    Syed Hamid Albar
    – မြန်မာနိုင်ငံဆိုင်ရာ OIC အထူးကိုယ်စားလှယ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း တန်ဆရီ ဆရဒ်အဟာမစ်အလ်ဘာအာ ခန့်အပ်လိုက်သည်ဟု OIC အထွေထွေအတွင်းရေးမှူး Iyad Amin Madani က မေလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

    OIC နှင့် မြန်မာအစိုးရတို့အကြား သံတမန်ရေးရာ ခိုင်မာစေရန်၊ အကြောင်းအရာများအား ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်အထိ ဆွဲဆောင်ရန်အတွက် ဆရဒ်ဟာမစ် ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု OIC မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ ခန့်အပ်ခဲ့မှုမှာ ပြည့်ဝသော ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအကြား ငြိမ်းချမ်းမှုမြှင့်တင်ရေးနှင့် သဟာဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် အရေးပါသော ဆောင်ရွက်ချက်လည်းဖြစ်သည်။

    OIC ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ဆရဒ်ဟာမစ်မှာ ၎င်း၏ အင်အား၊ ကျွမ်းကျင်လိမ်မာမှုနှင့် အတွေ့အကြုံများကို အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း  Madani က ထိုကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

    ဆရဒ်ဟာမစ်မှာ မလေးရှားနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပြည်ထဲရေး၊ ဥပဒေရေးရာနှင့် ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းရာထူးများကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။

    Ref: NST

  • ဆီးရီးယားဆိုင်ရာ ကုလ-အာရပ်လိဂ် ညှိနှိုင်းရေးမှူး ရာထူးမှနှုတ်ထွက်

    မေ ၁၅၊ ၂၀၁၄
    M-Media
    SWITZERLAND SYRIA PEACE TALKS GENEVA 2
    – လာမည့်ဇွန်လတွင် ရွေးကောက်ပွဲပြုလုပ်ရန် ဆီးရီးယားသမ္မတ အာဆတ်၏ အစီအစဉ်ကို စိတ်ပျက်သည့်အတွက် ဆီးရီးယားဆိုင်ရာ ကုလ-အာရပ်လိဂ်အဖွဲ့ အထူးကိုယ်စားလှယ် လခ်ဒါ ဘရာဟီမီမှာ ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်ဟု သိရသည်။

    ထိုနှုတ်ထွက်မှုမှာ မေလ ၃၁ ရက်နေ့မှ စတင်ကာ သက်ရောက်မည်ဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က နယူးယောက်တွင် ယမန်နေ့ကပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။ ဘရာဟီမီကမူ ဆီရီးယားပြည်သူများအား မကူညီနိုင်ခဲ့သည့် အတွက် တောင်းပန်ကြောင်း၊ ဆီးရီးယားပြည်သူ အများစု လိုချင်နေသည့် တည်ငြိမ်အေးချမ်းမှုမှာ သေချာပေါက် ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အာဆတ်အစိုးရနှင့် အတိုက်အခံတို့၏ ဂျီနီဗာ ငြိမ်းရေးဆွေးနွေးမှုကို ဘရာဟီမီက ၂ ကြိမ်တိုင်တိုင် စီစဉ်ပေးခဲ့သော်လည်း တိကျသည့် အဖြေထွက်လာခဲ့ခြင်း မရှိချေ။ ဆွေးနွေးမှုမှတစ်ဆင့် အပစ်ရပ်ရေး၊ ရင်ကြားစေ့ရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက် ချင်သော်လည်း ဇွန်လ ၂၁ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အာဆတ်၏ ကြေညာချက်က ဘရာဟီမီ၏ အားထုတ်မှုကို အချည်းအနှီးဖြစ်စေခဲ့သည်။

    ဘရာဟီမီမှာ ရာထူးမှနှုတ်ထွက်ချင်ကြောင်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက လူသိရှင်ကြား ပြောဆိုထားခဲ့သည်။ ၃ နှစ်ကျော်လာပြီဖြစ်သည့် ဆီးရီးယားပြည်တွင်းစစ် အတွင်း လူပေါင်း တစ်သိန်းခွဲကျော်သေဆုံးခဲ့ပြီး ၉ သန်းခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

    Al Jazeera and agencies
  • FA ဖလား ဗိုလ်လုပွဲတွင် ဖိအား ရှိနေပြီး ပရိတ်သတ်များမှ အောင်မြင်မှုကို မျှော်လင့်နေဟု ၀င်းဂါးဆို

    မေ ၁၅ ၊ ၂၀၁၄
    M-Media
    404030_heroa
    – ၉ နှစ်ကြာ ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရမည့် FA ဖလားဗိုလ်လုပွဲတွင် ဖိအားရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ၀န်ခံခဲ့ပြီး ပရိတ်သတ်များ ကလည်း အောင်မြင်မှုကို မျှော်လင့်နေသည်ဟု ပြောကြားလိုက်သည်။

    အာဆင်နယ်အသင်းမှာ လာမည့်စနေနေ့တွင် ၀င်ဘလေကွင်းတွင် ဟားလ်စီးတီးအသင်းနှင့် FA ဖလား ဗိုလ်လုပွဲကို ကစားရမည်ဖြစ်ပြီး၊ ဗိုလ်စွဲရန်လည်း ရေပန်းစားနေသည်။ ၀င်းဂါးကလည်း ထိုပွဲတွင် ၎င်း၏ ကစားသမားများမှာ အောင်မြင်လိ့မ်မည်ဟု မှတ်ချက်ပေးထားသည်။

    “ကိုယ့်ကိုယ်ကို ကျေနပ်မှုက အန္တရာယ်လို့ ကျွန်တော်မခံစားမိပါဘူး။ FA ဖလားမှာ ကျွန်တော်တို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့တာပါ။ ဒီရာသီကို အောင်မြင်ဖို့ ဒါဟာ အခွင့်အရေးပါပဲ။ ကျွန်တော်တို့နိုင်မယ်ဆိုရင် ပိုကောင်းမှာပါ။ ဒီပွဲနိုင်ရင် ကျွန်တော်တော်တော်ပျော်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ပရိတ်သတ်တွေက မျှော်လင့်နေပြီး ကျွန်တော်တို့ကလည်း သူတို့တို့ကို ပျော်ရွှင်စေချင်ပါတယ်” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။