မေ ၁၉၊ ၂၀၁၄
M-Media
– ကလေးများကို တင်ဆောင်ကာ တနင်္ဂနွေဘုရားဝတ်ပြုမှုအပြီး ပြန်လာသည့် ကိုလံဘီယာရှိ ဘတ်စ်ကားတစ်စီးမှာ ယမန်နေ့က ပေါက်ကွဲမီးလောင်ခဲ့ပြီး ကလေးငယ် ၃၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
နိုင်ငံမြောက်ပိုင်း ဖန်ဒါစီယွန်မြို့တွင် ယမန်နေ့ မွန်းတည့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူကြီးတစ်ဦးအပါအ၀င် ကလေး ၂၅ ဦးမှာလည်း ဒုတိယနှင့် တတိယအဆင့် မီးလောင်ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု ကိုလံဘီယာ ကြက်ခြေနီလုပ်သားတစ်ဦးကပြောကြားခဲ့သည်။ ထိုဘတ်စ်ကားပေါ်တွင် လိုက်ပါသွားသည့် ကလေးငယ်များမှာ အသက် ၁နှစ်မှ ၈ နှစ်အတွင်းရှိသည်။
စက်ချို့ယွင်းမှုကြောင့် ပေါက်ကွဲခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း၊ ဘတ်စ်ကားယာဉ်မောင်းမှာ ကားပေါ်ပါလာသည့် ဓာတ်ဆီကွန်တိန်နာအား ကိုင်တွယ် နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အသက်ရှင်ခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။ ဘတ်စ်ကားမောင်းသူမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေးသွားခဲ့ပြီး ဒေသခံများမှာ ဒေါ်သထွက်ကာ ၎င်း၏နေအိမ်သို့ သွားရောက်၍ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။
အခင်းဖြစ်ပွားရာနေရာသို့ ကိုလံဘီယာသမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က သွားရောက်ခဲ့သည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.