News @ M-Media

Blog

  • ရန်ကုန်မြို့တွင် ယာဉ် မရပ်ရ လမ်းများ ထပ်မံ တိုးမြှင့်မည်

    ရန်ကုန်မြို့တွင် ယာဉ် မရပ်ရ လမ်းများ ထပ်မံ တိုးမြှင့်မည်

    မေ ၁၃၊ ၂၀၁၄
    M-Media
    လမင်း

    DSC01596


    ရန်ကုန်   ။      ။      ရန်ကုန်မြို့တွင် မရပ်ရလမ်းများ ၁၀ လမ်းနီးနီး ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောခဲ့သည်။

    ယာဉ်ကြော ရှင်းလင်းစေရန်အတွက် ယခင်က မရပ်ရလမ်း ၆၇ လမ်း သတ်မှတ်ထားသော်လည်း အဲ့ဒီလမ်းတွေနဲ့စပ်ဆက်နေတဲ့ လမ်းတွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကအခု လမ်း ၁၀ လမ်းလောက် ထပ်တိုးသတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    နောက်တိုးမဲ့လမ်းတွေထဲမှာ ဆက်စပ်တဲ့လမ်းတွေပါနေတယ်။ စပ်ဆက်လမ်းတွေကြောင့် ကားတွေပိတ်နေရခြင်းဖြစ်ပြီး ထိုစပ်ဆက်လမ်းများကို ဦးစားပေးသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ယာဉ်ကြောပိတ်ဆို့မှုများကင်းစေရန်အတွက် ၂၀၁၃ မှစတင်ကာ ၆ လမ်းသွားလမ်းမကြီး ၂၆ လမ်းကို ယာဉ်မရပ်ရနေရာအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထပ်မံတိုးမြှင့်ခဲ့ရာ ၆၇ လမ်းထိရှိခဲ့သည်။ ယခု ၁၀ လမ်းထပ်မံတိုးမြှင့်မည်ဆိုပါက ရန်ကုန်မြို့တွင်ယာဉ်မရပ်ရနေရာ ၇၇ လမ်းထိရှိလာမည်ဖြစ်ပါသည်။

  • ရာဇာမင်း ခရီးသည်တင် ယာဉ်တိမ်းမှောက်မှု ခရီးသွား အာမခံကြေးပေးအပ်

    မေ ၁၄၊ ၂၀၁၄
    M-Media
    K K

    ဓါတ်ပုံ - ရဲဇာနည်အင်တာနက် စာမျက်နှာ
    ဓါတ်ပုံ – ရဲဇာနည်အင်တာနက် စာမျက်နှာ

    နေပြည်တော်    ။         ။    ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၉၇/၆ တွင် မေလ ၁၂-ရက်ညနေ ၆း၄၅-နာရီခန့်က ရာဇာမင်း ခရီးသည်တင် တိမ်းမှောက်ခဲ့မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ အတွက် ခရီးသွား အာမခံလျော်ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁-နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

    အဆိုပါ ခရီးသွား အာမံကြေးပေးအပ်ပွဲသို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝင်းရှိန်၊ ဒုတိယ ၀န်ကြီးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ထမ်းများ၊ နေပြည်တော်ကောင်စီဝင် ဦးစောလှ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် သိန်းဦး၊ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (နေပြည်တော်) ဥက္ကဌ ဦးဝင်းဆွေနှင့် မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ခရီးသွားအာမခံလျော်ကြေးငွေကျပ်သိန်း (၆၃၀)၊ အသက်ဆုံးရှုံးသူများအတွက် ရာဇာမင်း မော်တော်ယာဉ်လိုင်းမှ ပေးအပ်သည့် ကရုဏာကြေး ကျပ်သိန်း (၂၀၀)တို့ကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ပြီး အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်းက အဝေးပြေး လမ်းမကြီး လုံခြုံရေး စီမံထားရှိမှု ကြိုတင် ကာကွယ်မှုများ အကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

    10367602_10203242505280123_6919315883093247112_n
    Image via-Master Gyi FB

    ရန်ကုန်-မန္တလေး အမြန်လမ်းမတွင် ယာဉ်မတော်တဆမှုများ မြင့်တက်လျှက်ရှိပြီး ပညာရှင်များအကြား လမ်းအရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ မြှင့်တက် လျက်ရှိသည်။ သို့သော် ယခု ယာဉ်မတော်တဆမှုတွင်  လူမျိုးရေးဘာသာရေး မုန်းတီးမှုများ မြင့်တက်လာစေရန် ဆိုရှယ်မီဒီယာတွင် လှုံဆော်ေ၇းသားမှုများကို တွေ့ရှိရပါသည်။

    ကိုးကား – ရဲဇာနည်

     

  • ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်ထိ မိကျောင်းကန်ပြည်သူများ ဆန္ဒသွားပြမည်။

    ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်ထိ မိကျောင်းကန်ပြည်သူများ ဆန္ဒသွားပြမည်။

    မေ ၁၄၊ ၂၀၁၄
    M-Media
    လမင်း

    အစိုးရနှင့်ညှိနှိုင်းပြီး ကျေနပ်မှုမရှိပါက နေပြည်တော်လွှတ်တော်ရုံးရှေ့သို့ သွားရောက်ဆန္ဒပြမည့် မိကျောင်းကန်ပြည်သူများ


    DSC00327


    ရန်ကုန်  ။       ။    မိကျောင်းကန်ပြည်သူများကို လယ်ယာမြေနှင့်အခြား စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အစိုးရနှင့် ညှိနှိုင်းပေးမည်ဖြစ်ပြီး ထိုညှိနှိုင်းမှုတွင် ၎င်းတို့ကျေနပ်မှု မရှိပါက နေပြည်တော်လွှတ်ရုံးရှေ့ထိ သွားရောက်ကာ ဆန္ဒပြသတောင်းဆိုမည်ဟု မိကျောင်းကန် သပိတ်စခန်းဦးဆောင်သူဖြစ်သူ ဦးစိန်သန်း ကပြောခဲ့သည်။

    “လွှတ်တော်ပြန်စမီ ၂၈ ရက်နေ့မတိုင်မီကို ကျွန်တော်တို့ကို ညှိနှိုင်းပေးမယ်လို့ပြောတယ်။ အဲဒီညှိနှိုင်းပွဲမှာ ကျွန်တော်တို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို လိုက်လျောပေးမယ် ဆိုရင်တော့ ကျွန်တော်တို့နေပြည်တော်ကို သွားရောက်ပြီး မတောင်းဆိုတော့ပါဘူး။ ကျွန်တော်တို့ညှိနှိုင်းတဲ့ အတိုင်းမရရင်တော့ နေပြည်တော်ထိ သွားပြီး ဆန္ဒပြသတောင်းဆိုမှာပါ” ဟု ဦးစိန်သန်းကဆက်လက်ပြောကြားခဲ့သည်။

    ၎င်းတို့တွင် ပိုင်ဆိုင်ကြောင်း မြေယာ အထောက်အထားများလည်း ရှိပြီဖြစ်ပြီး တိကျစွာတောင်းဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

    မိကျောင်းကန်သပိတ်စခန်းကို တတိယကြိမ်မြောက် အဖြစ် မဟာဗန္ဓုလ ပန်းခြံဘေးတွင် ဖွင့်လှစ်ထား ရှိထားသည်ဖြစ်ပြီး ယနေ့ မေလ ၁၃ ရက်နေ့ဆိုလျှင် ၅၁ ရက် ပြည့်မြောက်ပြီဖြစ်သည်။ 

  • တောင်ဆူဒန်ခေါင်းဆောင်များကို အထူးခုံရုံးဖွဲ့ စစ်ဆေးရမည်ဟု ဘန်ကီမွန်းပြော

    မေ ၁၄၊ ၂၀၁၄
    M-Media

    တောင်ဆူဒန် ခေါင်းဆောင်များ၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇတ်မှုများအတွက် အထူးခုံရုံးဖွဲ့ စစ်ဆေးရမည်ဟု ဘန်ကီမွန်ဆို

    un_chief_calls_for_tribunal_on_s_sudan_crimes_m8

    – လွန်ခဲ့သည့် ၅ လမှစတင်ကာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း လူသားထုအပေါ် ရာဇ၀တ်မှု ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသောကြောင့် တောင်ဆူဒန်အား အထူးခုံရုံးဖွဲ့ စုံစမ်းရန်ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ကမ္ဘာ့နောက်ဆုံးနိုင်ငံအသစ်ဖြစ်သည့် တောင်ဆူဒန်တွင် အစိုးရနှင့် အတိုက်အခံတို့ကြား လပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၉ ရက်နေ့က သဘောတူခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို ဘန်ကီမွန်က ယမန်နေ့တွင် ချီးကျူးခဲ့သည်။ ထို့ပြင် ချက်ချင်း အပစ်ရပ်ရန် တောင်းဆိုခဲ့ပြီး၊ တိုက်ခိုက်မှုများ ဆက်ဖြစ်နေပါက နိုင်ငံလူဦးရေ ၁၂ သန်း၏ ထက်ဝက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ အစာရေစာပြတ်လတ်မှုနှင့် သေဆုံးမှုများလည်း ကြုံတွေ့ရမည်ဟု လုံခြုံရေးကောင်စီအား သတိပေးခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်က တောင်ဆူဒန်သို့ သွားရောက်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ဘန်၏ အစီရင်ခံစာတွင် နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှစ်ဖက်စလုံးက လွန်လွန်းကျူးကျူး ကျူးလွန်နေကြောင်း၊ ထိုကိစ္စအတွက် နိုင်ငံတကာမှ ပါဝင်ကာ အထူးခုံရုံးဖွဲ့ တရားစီရင်ရမည်ဟု ဖော်ပြခဲ့သည်။ မိမိ၏ ယခုအစီရင်ခံစာမှာ အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင် နှစ်ဦး စလုံးကို ပြောဆိုခြင်းဖြစ်ကြောင်း ဘန်က ထည့်သွင်းဖော်ပြခဲ့သည်။

    ကုလလူ့အခွင့်အရေးအကြီးအကဲ နဗီ ပီလေး ပြီးခဲ့သည့် သီတင်းပတ်က နှစ်ဖက်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လညှ်းင့် ၎င်းတို့၏ စစ်ရာဇ၀တ်မှုများနှင့် လက်အောက်ခံများ၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ၏ စုံစမ်းစစ်ဆေးမှုကို ခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

    Agencies

  • ရီးယဲလ်မှ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘ၀တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဟု ရော်ဘင်ဆို

    မေ ၁၄၊ ၂၀၁၄
    M-Media

    – ရီးယဲလ်မက်ဒရစ်အား စွန့်ခွာကာ ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဘ၀တွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု ဘိုင်ယန်အသင်း၏ ဟော်လန်ကွင်းလယ်လူ အာဂျန်ရော်ဘင်က ပြောကြားလိုက်သည်။

    399751_heroa

    ချယ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့သည့် ရော်ဘင်ကို ရီးယဲလ်အသင်းက ၂၀၀၇ ခုနှစ်တွင် ခေါ်ယူခဲ့သည်။ သို့သော်လည်း ရော်ဘင်မှာ ရီးယဲလ်၌ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ၂၀၀၉ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ဘိုင်ယန်အတွင် အားထားရသည့် အဓိက ကစာသမားတစ်ဦး ဖြစ်လာခဲ့ပြီး ပြီးခဲ့သည့်နှစ် ဘိုင်ယန်မြူးနစ် ဖလားသုံးလုံးရရှိခဲ့ရာတွင် ရော်ဘင်မှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

    “ရီးယဲလ်မက်ဒရစ်ကနေ ဘိုင်ယန်ကိုပြောင်းလာတာဟာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ” ဟု ရော်ဘင်၏ ပြောကြားမှုကို ဘိုင်ယန်အသင်း၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ဂျာမန်ဘွန်ဒစ်လီဂါဖလားရရှိထားသည့် ဘိုင်ယန်မြူးနစ်အသင်းမှာ လာမည့် ၁၇ ရက်နေ့တွင် ဂျာမန်ရှုံးထွက်ဖလားနောက်ဆုံးဗိုလ်လုပွဲအား ဒေါ့မွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ရော်ဘင်က ထိုပွဲမှာ ခက်ခဲသည့်ပွဲဖြစ်လာမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။