မေ ၁၃၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်မြို့တွင် မရပ်ရလမ်းများ ၁၀ လမ်းနီးနီး ထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောခဲ့သည်။
ယာဉ်ကြော ရှင်းလင်းစေရန်အတွက် ယခင်က မရပ်ရလမ်း ၆၇ လမ်း သတ်မှတ်ထားသော်လည်း အဲ့ဒီလမ်းတွေနဲ့စပ်ဆက်နေတဲ့ လမ်းတွေကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကအခု လမ်း ၁၀ လမ်းလောက် ထပ်တိုးသတ်မှတ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နောက်တိုးမဲ့လမ်းတွေထဲမှာ ဆက်စပ်တဲ့လမ်းတွေပါနေတယ်။ စပ်ဆက်လမ်းတွေကြောင့် ကားတွေပိတ်နေရခြင်းဖြစ်ပြီး ထိုစပ်ဆက်လမ်းများကို ဦးစားပေးသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်ကြောပိတ်ဆို့မှုများကင်းစေရန်အတွက် ၂၀၁၃ မှစတင်ကာ ၆ လမ်းသွားလမ်းမကြီး ၂၆ လမ်းကို ယာဉ်မရပ်ရနေရာအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ထပ်မံတိုးမြှင့်ခဲ့ရာ ၆၇ လမ်းထိရှိခဲ့သည်။ ယခု ၁၀ လမ်းထပ်မံတိုးမြှင့်မည်ဆိုပါက ရန်ကုန်မြို့တွင်ယာဉ်မရပ်ရနေရာ ၇၇ လမ်းထိရှိလာမည်ဖြစ်ပါသည်။
Leave a Reply
You must be logged in to post a comment.