News @ M-Media

Blog

  • မန်ယူနည်းပြအဖြစ် ခန့်သည့်နေ့မှာ ဘောလုံးသမားဘဝတွင် ဂုဏ်အယူရဆုံးနေ့ဖြစ်ကြောင်း ရွိုင်ယန်ဂစ်ဖွင့်ဟ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ နည်းပြအဖြစ် ခန့်အပ်ခံရသည့်နေ့မှာ မိမိ၏ ဘောလုံးသမားဘ၀ သက်တမ်းတွင် ဂုဏ်အယူရဆုံးနေ့ တစ်နေ့ဖြစ်သည်ဟု အသင်း၏ ယာယီနည်းပြ ရွိုင်ယန်ဂစ်က ပြောကြားလိုက်သည်။

    article-2612887-1D56A32E00000578-40_634x355

    နည်းပြမိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနောက် ကျန်ရှိသည့် ပရီးမီးယားလိဂ် ၄ ပွဲကို ကိုင်တွယ်ရန် ရွိုင်ယန်ဂစ်အား နည်းပြအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဂစ်ကမူ ၎င်းအနေဖြင့် အသင်း၏ပုံစံဖြစ်သည့် တိုက်စစ်အားပြုကစားပုံ ပြန်လည်ရရှိအောင် လုပ်ဆောင်မည်ဟု ယနေ့နံနက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    “ကျွန်တော့်ကစားသမားဘ၀ရဲ့ ဂုဏ်အယူရဆုံးနေ့ပါပဲ။ ပရိတ်သတ်တွေရဲ့ မျက်နှာမှာ အပြုံးတွေပြန်ရလာအောင် ကျွန်တော်ယူပေးပါ့မယ်။ လာမယ့်ပွဲအတွက် ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ကစားကွင်းဟာ အသက်ဝင်နေပါလိမ့်မယ်။ ကစားသမားတွေအားလုံးဟာ ဒီတစ်ပတ်လုံး တက်ကြွနေပါတယ်။ စနေနေ့ပွဲမှာ ကောင်းကောင်းကစားဖို့၊ ပရိတ်သတ်တွေကို ပျော်ရွှင်မှုတွေပေးဖို့ သူတို့ကို ကျွန်တော် ပြောထားပြီးပါပြီ” ဟု ဂစ်က ပြောကြားခဲ့သည်။

    အဆင့် ၇ နေရာရောက်နေသည့် မန်ယူအသင်းမှာ မနက်ဖြန်တွင် အိမ်ကွင်း၌ တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဧည့်ခံကစားရမည်ဖြစ်သည်။

    Daily Mail

  • အင်တာနက်ကွန်ရက်မှာ စီအိုင်အေ၏ အထူးပရောဂျက်ဖြစ်ပြီး ရုရှနိုင်ငံသားများ Google မသုံးရန် ပူတင်ပြော

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာနက် ကွန်ရက်ကြီးမှာ စီအိုင်အေ၏ ပရောဂျက်ဖြစ်ပြီး ရုရှားနိုင်ငံသားများအနေဖြင့် Google အသုံးပြု၍ ရှာဖွေမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်။

    201442571418681580_20

    ယမန်နေ့က လူငယ်ဂျာနယ်လစ်များနှင့် တွေ့ဆုံသည့် ရုပ်မြင်သံကြား အစီအစဉ်တွင် ပူတင်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အင်တာနက်ဆိုသည်မှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ အထူးပရောဂျက်တစ်ခုဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

    Google နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပူတင်က အဆိုပါကုမ္ပဏီ၏ အချက်အလက်သွားရာ လမ်းကြောင်းမှာ အမေရိကန်အစိုးရ ပိုင်ဆိုင်သည့် ဆာဗာထဲသို့ ဖြတ်ရပြီး ထိုနေရာတွင် အားလုံးကိုစောင့်ကြည့်နေသည်ဟု ဖြေကြားခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

    ရုရှား၏ အကြီးဆုံး အင်တာနက် ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်သည့် Yandex အကြောင်း ပြောကြားရာတွင်လည်း ပူတင်က ၎င်းကိုပိုင်ဆိုင်သော သူမှာ နိုင်ငံခြာသားဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း ဖွင့်ဟခဲ့သည်။

    တီဗီအစီအစဉ်များတွင် ပါဝင်ခွင့်နည်းသော အတိုက်အခံများမှာ အင်တာနက်အသုံးပြုကာ ၎င်းတို့၏အမြင်များအား ဖြန့်ဝေနေခြင်းကြောင့် အင်တာနက်ထိန်းချုပ်မှုအား ပိုမိုပြုလုပ်ရန် ပူတင်အစိုးရက အလွန်အမင်း ဆန္ဒရှိနေသည်။ ထို့ကြောင့် ဆိုရှယ်မီဒီယာဝဘ်ဆိုဒ်များအား ရုရှားဆာဗာများတွင် သိမ်းထားပြီး အသုံးပြုသူ၏ အချက်အလက်များကို ၆ လ သိမ်းထားနိုင်မည့် ဥပဒေသစ်တစ်ခုကို ယခုသီတင်းပတ် အစောပိုင်းတွင် အတည်ပြုခဲ့သည်။

    ထို့ပြင် အမည်ပျက်ရှိသော ၀ဘ်ဆိုက်များကို တရားရုံးအမိန့်မလိုဘဲ အစိုးရက တိုက်ရိုက်ပိတ်နိုင်သည် ဥပဒေလည်းရှိနေသည်။ ပူတင်မှာ အင်တာနက်ကွန်ရက်နှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြောကြားလေ့ရှိသည်။

  • ဖာတာနဲ့ ဟားမက်စ် ပူးပေါင်းမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစ္စရေးဘက်မှ ရပ်ဆိုင်း

    ဧပြိ ၂၅၊ ၂၀၁၄
    M-Media

    – ပါလက်စတိုင်းမှ ဟားမက်စ်နှင့် ဖာတာအဖွဲ့တို့ ညီညွတ်သော အစိုးရတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် ပါလက်စတိုင်းနှင့် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရပ်တန့်ရန် အစ္စရေးက ဆုံးဖြတ်ခဲ့သည်။
    Palestinian factions to form unity government
    အဆိုပါဆုံးဖြတ်ချက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ ဦးဆောင်စတင်ခဲ့သည့် ၉ လကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆုံး သတ်သွားစေခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် ၅ နာရီကြာ အစည်းအဝေးတွင် အစ္စရေး လုံခြုံရေး ကတ်ဘိနတ်က ထိုဆုံးဖြတ်ချက်အား တညီတညွတ်တည်း ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းများအပေါ် စီးပွားရေး ပိတ်ဆို့ရန်လည် အစ္စရေးက စဉ်းစားနေသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    သို့သော်လည်း ပါလက်စတိုင်းဘက်ကမူ ဆွေးနွေးပွဲကို ရပ်တန့်ခဲ့သည့် အစ္စရေး၏ ဆုံးဖြတ်ချက်အား တုံ့ပြန်သွားရန် နည်းလမ်းပေါင်းစုံကို စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

    “အခုလက်ရှိ ပါလက်စတိုင်းတို့ရဲ့ အဓိက အရေးကြီးဆုံးကတော့ ရင်ကြားစေ့ရေးနဲ့ ညီညွတ်ရေးပဲဖြစ်ပါတယ်” ဟု ပါလက်စတိုင်း အကြီးတန်းအရာရှိ စအီးဘ် အီရာကတ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၇ နှစ်ကြာ ကွဲပြဲနေခဲ့ပြီးနောက် ဟားမက်စ်အဖွဲ့နှင့် ပြန်လည်ပေါင်းစည်းခဲ့သည့်အတွက် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ် အဘတ်စ်ကို အစ္စရေးက ဒေါသထွက်နေသည်။ ဟားမက်စ် အဖွဲ့အား အစ္စရေးနှင့် အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ရှ်တန်ကမူ ၎င်းတို့နှစ်ဖွဲ့ ပေါင်းစည်းမှုအား ကြိုဆိုသော်လည်း အဓိက ဦးစားပေးရေးမှာ အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Al Jazeera and agencies
  • ကျနော်တို့ကို ဘာလို့ဖိနှိပ်နေတာလဲ ဗျာ

    ဧပြီ ၂၅၊ ၂၀၁၄
    M-Media
    ရေးသူ- မျိုးမင်းထွန်း

    oppression2

    – ကုလားတွေက တယောက်ထိရင် အကုန်နာ လက်ထိရင် တကိုယ်လုံးနာဆိုတော့ ဖိထားမှ လို့တွေးနေတာလား ?
    ခင်ဗျားတို့ထင်သလို မဟုတ်ပါဘူးဗျာ ခုမှစုစည်းနေရတုန်းပါ……

    -ဥူးဝီရသူ ဟောသလို ဗမာ မလေးတွေ တိုင်းရင်းသူလေးတွေ ယူ လူမြိုနေလို့လား ?
    ခင်ဗျားတို့ထင်သလိုမဟုတ်ပါဘူးဗျာ ကျနော်တို့ နှမလေးတွေ ဘာသာခြားတွေနဲ့ ယူလို့ ဒူးနဲ့မျက်ရည်သုတ်ခဲ့ ရတဲ့ မိဘတွေ ဒုနဲ့ ဒေးပါ…..

    တာလီဘာန်နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မယ်တဲ့လား ?
    ကျနောတို့ဘိုးဘေး တွေက တာလီဘာန်မက အင်္ဂလိပ်ကိုပါမှီခဲ့ တာပါ မြန်မာနိုင်ငံပေါ် ဘာဒုက္ခပေးခဲ့လို့လဲဗျာ အသက်တွေစတေးပေးခဲ့ တာပဲရှိပါတယ် …. ခုခေတ် ကျနော်တို့တွေက တာလီဘာန် တွေ အာဖဂန်တွေမပြောနဲ့ အိန္ဒိယတောင် မရောက်ဘူးပါဘူးဗျာ….

    -စီးပွားရေးအရ နေရာကောင်းတွေမှာ ကုလားတွေချည်းပဲတဲ့ ဟုတ်လား ?
    ကျနော်တို့က အေးအေးချမ်းချမ်းနေတယ် ပျော်အပါး မမက်ဘူး ဒါပေမယ့် ကလိန်မကျပါဘူးဗျာ တောင် တလုံး လုံးလဲ မဖြိုပါဘူး မြစ်တစင်းလုံးလဲ မပိတ်ပါဘူး ကျနော်တို့ ရှာတဲ့ မဖြစ်စလောက်ငွေလေးတွေက ပြည်သူအားလုံးအတွက် အခွန်ဆောင်ကြတာပါ နိုင်ငံခြားဘဏ်မှာ ဒေါ်လာ အလုံးအရင်းအပ်တဲ့ ကုလား မရှိပါဘူး…..

    -ဆော်ဒီက  OIC ကငွေတွေထောက်ပံ့ပြီး ဗမာလူမျိုးကို ဝါးမြိုမယ်ဟုတ်လား ?
    မွတ်စလင် ၉၀ ရာနှုန်းက ဆင်းရဲသား လူတန်းစားတွေရယ်ပါ ရပ်ကွက်ထဲက ဖိနပ်ချုပ်တဲ့ ဆိုက်ကားနင်းတဲ့ ကွမ်းယာရောင်းတဲ့ သူတွေ ဈေးထဲက ဗန်းရွက်ဈေးသည် မွတ်စလင် တွေ မရှိတော့မှ ဒါတွေ ပြောပါလားဗျာ…..

    -ဘာသာခြားကို ယူရင် ဗလီက သိန်းငါးဆယ် ထုတ်ပေးတယ် ဟုတ်လား ?
    နံရံ ကဆေးတွေကွာကျနေလို့ ပြန်မသုတ်နိုင်သေးတဲ့ ဗလီ မိုးတွင်း ဗလီထဲ ရေ၀င်လို့ နှစ်စဉ် မွတ်စလင်မ် တယောက် သဲတအိတ်နှုန်း ဖို့နေရတဲ့ ဗလီ လူမဆန့်တာတောင် အထက်လူကြီးကို လာဘ်ထိုးဖို့ ရန်ပုံငွေ မပြည့်စုံလို့ ပြုပြင်ခွင့် မတင်နိုင်လို့ သွပ်မမိုးနိုင်လို့ မိုးကာ အဖီဆွဲ ထားတဲ့ ဗလီတွေကြည့်ပြီးမှ သိန်း ၅၀ ထုတ်ပေးနိုင်မပေးနိုင် ပြောပါလားဗျာ…..

    -ဒီမိုကရေစီမှာ အစ္စလာမ်ဝါဒက ကန့်လန့်ခံ နေတယ်တဲ့ ဟုတ်လား ?
    အစာငတ်ပြတ်ပြီး သေးမတတ် ဒုက္ခရောက်နေချိန်မှာ ကိုယ်တသက်လုံး မတို့မထိ ရှောင်ခဲ့တဲ့ ၀က်သတ္တဝါကိုတောင် ကယ်တင်ဖို့ တာဝန် လုပ်ကိုလုပ်ရမဲ့ တာဝန်လို့ ပြဌာန်းထားတဲ့ ဘာသာပါဗျာ ကျနော်တို့ လမ်းပြခေါင်းဆောင်က တကမ္ဘာလုံးနဲ့ ဆန့်ကျင်ပြီး ကျွန်ကို သူကောင်းပြုခဲ့တဲ့ လူတန်းစား မခွဲခြား ဝါဒီ တယောက်ပါဗျာ….

    – ဒီမိုကရေစီကို မဲပေးသွာမှာ ကြောက်လို့တို့ ကုလားကို ထောက်ခံလိုက်ရင် အာဏာရှင်တွေ တပန်းသာသွားမှာ ကြောက်လို့တို့ ဆိုတဲ့ လို့ ပေါင်းများစွာကြောင့် ၂ ဖက်လုံးက လက်ရှောင်နေကြတာလား ဗျာ

    ရပါတယ်ဗျာ ကျနော်တို့အတွက် လောကီဟာ ငရဲဆိုတာ ကြိုသိပြီးသားပါ
    တနေ့ ….. အဲဒီ တနေ့ မှာ ခင်ဗျားတို့ တူသောဒုက္ခတွေ မခံစားရပါစေနဲ့လို့သာ …

  • DVB သတင်းထောက်အားထောင်ဒဏ်ချမှု နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ခွင့်ပြုချက် မရသော်လည်း ကန့်ကွက် ဆန္ဒပြ

    DVB သတင်းထောက်အားထောင်ဒဏ်ချမှု နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ခွင့်ပြုချက် မရသော်လည်း ကန့်ကွက် ဆန္ဒပြ

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    6(1)

    ရန်ကုန်  ။       ။     ဧပြီလ ၇ ရက်နေ့တွင် DVB သတင်းထောက် ကိုဇော်ဖေကို ထောင်ဒဏ် ချမှတ်ခံရခြင်းအပေါ် ကန့်ကွက်ကြောင်းနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိရန် အတွက် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းပြည်မြို့ရှိ သတင်းထောက်များနှင့် ပြည်သူလူထုများသည် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

    “ကျွန်တော်တို့ဆီမှာ သတင်းယူတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုမရှိပါဘူး။ လွန်ခဲ့တဲ့ရက်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ သတင်းသွားယူတဲ့ အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက သူ့ရဲ့ခွင့်ပြုချက် မရပဲနဲ့၊ခွင့်မတောင်းပဲနဲ့ သတင်းယူလို့မရဘူးဆိုပြီး ပုဒ်မတွေ ရွတ်ပြပြီး အရေးယူမယ်ဆိုပြီးခြိမ်းခြောက်ခဲ့တယ်။ စည်ပင်သာယာရုံးမှာလည်း ရုပ်သံ မီဒီယာတွေကို အင်တာဗျူး မပေးရဘူလို့ အထက်ကညွှန်ကြားထားတယ်လို့ပြောပါတယ် အများပြည်သူ ပိုင်တဲ့နေရာတွေမှာ လွတ်လပ်စွာ သတင်းယူခွင့်မရပါဘူး။ သတင်းယူခဲ့ရင်လည်း ယူတဲ့သူကို အရေးယူတဲ့ဖြစ်ရပ်တွေက သက်သေပါပဲ။ အဲလိုတွေဖြစ်နေလို့ကျွန်တော်တို့ကလည်း ဆန္ဒပြတောင်းဆိုနေတာပါ” ဟုဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ DVB သတင်းထောက် ကိုမင်းညို ကပြောခဲ့သည်။

    ဆန္ဒပြရန်ခွင့်ပြုမိန့်ကို ဧပြီလ ၁၉ ရက်နေ့တွင်တင်ထားပြီး ၂၃ ရက်နေ့တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စီတန်း လှည့်လည်ခွင့်ကိုငြင်းပယ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။

    သတင်းထောက်ကိုဇော်ဖေထောင်ချခံမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ရှိ သတင်းထောက်များမှလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဆုတောင်းပွဲများပြုလုပ်ခဲ့ကြပြီး မီဒီယာလွတ်လပ်ခွင့် အတွက် သတင်းထောက်များ စုပေါင်းပြီး နေပြည်တော်ထိ သွားရောက်ကာ ဆန္ဒပြတောင်းဆိုမှုများကို ပြုလုပ်မည်ဟု ရည်ရွယ်ထားကြောင်း သိရသည်။