News @ M-Media

ယူကရိန်းက ဓာတ်ငွေ့ဖိုး အကြွေးမပေးပါက ဥရောပ ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှားသတိပေး

ဧပြီ ၂၇ ၊ ၂၀၁၄
M-Media

– ယူကရိန်းက ပေးချေရန်ရှိနေသည့် ဓာတ်ငွေ့ဖိုးအကြွေးအား မပေးနိုင်ပါက ဥရောပသို့ပို့လွှတ်နေသည့် ဓာတ်ငွေ့ပိုက်လိုင်းအား ပိတ်ပစ်မည်ဟု ရုရှား စွမ်းအင်ဝန်ကြီးက ပြောကြားလိုက်သည်။

Russia warns of Europe gas delivery cut over Ukraine debt

ယမန်နေ့တွင် စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်က ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိအချိန်တွင် ယူကိရိန်းမှ ရုရှားအပေါ်ပေးရမည့် ဓာတ်ငွေ့ဖိုးမှာ ၂.၂၃၀ ထရီလီယံရှိသည်ဟုဆိုသည်။ ထိုအကြွေးပမာဏမှာ ဧပြီလအတွက် ကုန်ကျမည့် ၁.၃ ဘီလံအား ထည့်တွက်ထားခြင်းမရှိဘဲ၊ အကြွေးမှာ ထပ်မံမြင့်တက်ရန်ရှိနေသည်။

ထိုအကြွေးမဆပ်နိုင်ခြင်းက ယူကရိန်းတွင်ရှိနေသည့် မြေအောက်ဓာတ်ငွေ့သိုလှောင်ရုံသို့ ဓာတ်ငွေ့များ လုံလောက်အောင် ထည့်မပေးသည့်အခြေအနေအထိ ဦးတည်သွားနိုင်ပြီး ဥရောပအရှေ့တောင်ပိုင်း ဒေသများ ဓာတ်ငွေ့ပြတ်လတ်မှုနှင့် ကြုံ့တွေ့ရနိုင်သည်ဟု နိုဗက်က ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအတွင်းလိုအပ်နေသည့် ဓာတ်ငွေ့ပမာဏ ထက်ဝက်ခန့်နှင့် ဥရောပတိုက်၏ ဓာတ်ငွေ့လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ယူကရိန်းပိုင်နက်အတွင်းရှိ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ရုရှားက ဖြည့်ဆည်းပေးနေရသည်။

ရုရှား ဂက်စ်ကုမ္ပဏီ Gazprom မှာ ဥရောပအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဂရိ၊ ဟန်ဂေရီနှင့် ဆာဘီးယားနိုင်ငံတို့အား ပင်လယ်နက်မှဖြတ်၍ ဓာတ်ငွေ့ပို့လွှတ်ရန်အတွက် ကန်ဒေါ်လာ ၄၅ ဘီလီယံတန် ပိုက်လိုင်းတစ်ခုကို ဆောင်လုပ်ရန် စီစဉ်နေသည်။

အဆိုပါ တောက်ဘက်ပိုက်လိုင်းမှာ ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂက်စ်ပမာဏ ၆၄ ဘီလီယံ ကျုဗစ်မီတာ ပို့လွှတ်နိုင်မည်ဖြစ်ဖြစ်သည်။ ထိုပမာဏမှာ ဥရာပ၏ ဓာတ်ငွေ့လိုအပ်ချက် ၁၅ ရာခိုင်နှုန်းဖြစ်သည်။

Press TV

Comments

Leave a Reply