News @ M-Media

Blog

  • ယူကရိန်းခွဲထွက်ရေးသမားများ နောက်ဆုံးသတင်း (ဧပြီ ၂၃)

    ယူကရိန်းခွဲထွက်ရေးသမားများ နောက်ဆုံးသတင်း (ဧပြီ ၂၃)

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media

    – အီစတာပွဲတော်အတွင်း အပစ်အခတ်ရပ်ထားသည့် ယူကရိန်းစစ်တပ်မှာ နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများအား အင်အား အသုံးပြုကာ ပြန်လည်နှိမ်နင်း သွားမည်ဟု ကြေညာခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအား ယူကရိန်းအစိုးရက စော်ကားမှုတွင် အမေရိကန်က လက်ကမ်းထားကြောင်း၊ ရုရှားနိုင်ငံအား ဦးတည်သည့် တိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသားများမှာ တိုက်ခိုက်မှုများကို ခံနေရကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က Russia Today နှင့် ယနေ့အင်တာဗျူးတွင် ပြောကြားခဲ့သည်

    အမေရိကန်ကလည်း ဥရောပအရှေ့ပိုင်းတွင် ၎င်း၏တပ်များ တိုးမြှင့်ချထားရန် ဆောင်ရွက်နေပြီး အီတလီရှိ အမေရိကန်စစ်စခန်းမှ စစ်သား ၁၅၀ခန့်မှာ ယနေ့တွင် ပိုလန်၌ စတင် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။
    live.aljazeera

  • တောင်ကိုရီးယား သဘောင်္ သေဆုံးသူ ၁၅၀ ရှိပြီ၊ ၁၅၆ ဦးပျောက်ဆုံးနေဆဲ

    တောင်ကိုရီးယား သဘောင်္ သေဆုံးသူ ၁၅၀ ရှိပြီ၊ ၁၅၆ ဦးပျောက်ဆုံးနေဆဲ

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    – တိမ်းမှောက် နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယား သင်္ဘောမှ သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး ယနေ့တွင် ၁၅၀ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

    ယနေ့ တစ်ရက်တည်းတွင် သေဆုံးသူ ၂၉ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေသည်။ ယမန်နေ့ညပိုင်းက ဒီရေ အတက်ကြမ်း ခဲ့သော်လည်း ရေငုပ်သမားများမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်တန့်ခဲ့ခြင်း မရှိဘဲ၊ သင်္ဘော၏ စတုတ္ထထပ်အား ပိုက်စိပ်တိုက် ရှာဖွေခဲ့သည်။

    လာမည့်လေးရက်အတွင်း သင်္ဘောနစ်မြုပ်ရာဒေသ တစ်ဝိုက်ရှိ မြစ်ရေစီးကြောင်းမှာ အားနည်း ဖွယ်ရှိနေသည်။ခရီးသည်နှင့် သင်္ဘောအမှုထမ်း စုစုပေါင်း ၄၇၆ ဦး၊ ယာဉ်အစီးရေ ၁၅၀ ခန့် တင်ဆောင်သွားခဲ့သည့် အဆိုပါ သင်္ဘောမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဂျဲဂျူးကျွန်းအနီးတွင် တိမ်းမှောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ ၁၇၄ ဦးသာ ကယ်ထင်ထားနိုင်ကာ ၁၅၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ထို့ပြင် အဆိုပါ သင်္ဘောတွင် လိုက်ပါသွားသည့် ခရီးသည်စာရင်းမှာ အပြောင်းအလဲ ရှိနိုင်သည်ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဆင်ဟွာ

  • မွတ်စလင် လူငယ်ထုအတွင်း စွမ်းရည်မြှင့်တင်ရေး အတွက် ဆောင်းပါးပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

    မွတ်စလင် လူငယ်ထုအတွင်း စွမ်းရည်မြှင့်တင်ရေး အတွက် ဆောင်းပါးပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်  ။        ။ မွတ်စလင်(မ်) လူငယ်ထုအတွင်း၊ စွမ်းရည်မြှင့်တင်ရေးအတွက် ပညာရှာမှီးရန် အလွန်လိုအပ်ပါသည်။ စာဖတ်အားကောင်းမွန်ရန်နှင့် မိမိရှာမှီးထားသောဗဟုသုတ၊ အသိပညာများကို ထုတ်ဖော်တင်ပြမျှဝေခွင့် ရရှိရန်ရည်ရွယ်လျှက် “ပညာ့တံခွန်ပညာရေးဖောင်ဒေးရှင်း” မှဦးစီး၍ ဆောင်းပါးစာမူ ပြိုင်ပွဲကို ကျင်းပပေးမည် ဖြစ်ပါသည်။

    “ပညာ့တံခွန်ပညာရေးဖောင်ဒေးရှင်း” တွင်၊ ပါမောက္ခဒေါက်တာ ဦးအောင်ဇော်၊ ဒေါက်တာ ဦးစိုးနိုင်၊ ဒေါက်တာ ဦးသန်းဝင်း၊ ဒေါက်တာ ဦးသန်းမင်းထိုက်၊ ဒေါက်တာဒေါ်ခင်မာနီ တို့နှင့်အတူ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင် (PCN)၊ ဦးအေးချို (ရွက်စုံစာပေ)၊ ဦးအောင်ဇော်မြင့် (MST)၊ ဦးမောင်မောင်မြင့် (MMSN) တို့ အပါအ၀င် စာပေနယ်မှပညာရှင်များစွာ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

    ပါဝင်ယှဉ်ပြိုင်ရမည့် ဆောင်းပါးခေါင်းစဉ်များ
    (၁) စာဖတ်စွမ်းရည်မြှင့်တင်ရေး
    (၂) ကမ္ဘာမြေကိုအလှဆင်ပါ
    (၃) စာရိတ္တမြင့်မှ လူ့ဂုဏ်တင့်မည်
    (၄) မီဒီယာကျင့်ဝတ်
    (၅) လူငယ်အားမာန်
    မိမိနှစ်သက်ရာခေါင်းစဉ် တစ်ခု ကိုရွေးချယ်ရေးသားယှဉ်ပြိုင်နိုင်ပါသည်။

    စည်းကမ်းချက်များ

    (က) စာမူများကို A4 စာမျက်နှာတစ်ဖက်တည်းတွင် သပ်ရပ်စွာရေးသား၍ (၁၀) မျက်နှာထက်မပိုစေရပါ။

    (ခ) ကိုယ်တိုင်ရေးမူရင်းနှင့် မိတ္တူ (၁)စုံပေးပို့ရပါမည်။

    (ဂ) စာမူယှဉ်ပြိုင်ရေးသားပေးပို့သူ၏ ကိုယ်ရေးအကျဉ်း (အမည်၊ မိဘအမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ ပါဝင်ဆောင်ရွက်သည့် လူမှုရေးလုပ်ငန်းများ) ကို သီးခြားဖော်ပြရမည် ဖြစ်ပါသည်။

    (ဃ) မိမိပေးပို့သည့် စာမူကို ကိုယ်တိုင်ရေးသားခြင်းဖြစ်ကြောင်းနှင့်အခြားစာမူပြိုင်ပွဲများတွင် တင်သွင်းယှဉ်ပြိုင် ဘူးခြင်းမရှိကြောင်း၊ စာစောင်များတွင်ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိကြောင်း လက်မှတ်ရေးထိုး ၀န်ခံကတိ ပြုချက်ပူးတွဲ ပေးပို့ရမည်ဖြစ်ပါသည်။

    ရွေးချယ်ခြင်းခံရသောစာမူများအတွက်ဆုငွေများ

    ပထမဆု – ၂၀၀၀၀၀ိ/- (ကျပ်နှစ်သိန်းတိတိ)
    ဒုတိယဆု – ၁၅၀၀၀၀ိ/- (ကျပ်တစ်သိန်းငါးသောင်းတိတိ)
    တတိယဆု – ၁၀၀၀၀၀ိ/- (ကျပ်တစ်သိန်းတိတိ)
    နှစ်သိမ့်ဆု – ၅၀၀၀၀ိ/- (ကျပ်ငါးသောင်းတိတိ) ၅- ဆုချီမြှင့်မည် ဖြစ်ပါသည်။

    စာမူနောက်ဆုံးပေးပို့ရမည့်ရက် – ၂၀ – ၅ -၂၀၁၄ ရက် ညနေ(၄း၀၀) နာရီ
    စာမူပေးပို့ရမည့်လိပ်စာ – အမှတ်-၂(ပ/ထပ်)၊ ၁၁၉ လမ်း၊ ရေတွင်းကုန်းရပ်ကွက်၊
    မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့ ။
    ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (PCN) ရုံး
    ဆက်သွယ်မေးမြန်းရန်ဖုန်း – ၀၁ – ၈၆၁၉၃၇၂ ၊ ၀၉ – ၅၁၅၅၇၈၇ ၊ ၀၉ – ၃၁၆၄၁၉၅၇

  • မြန်မာနိုင်ငံတွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု စစ်ဆေးရေး အတွက် ကုလအတွင်းရေးမှူးချုပ်မှ တွန်းအားပေး

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media
    Ban-Ki-moon
    ဧပြီလ ၂၅ ရက် သောကြာနေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အချေအတင်ဆွေးနွေးပွဲ တစ်ရပ် အတွက် ပြင်ဆင်နေပြီဖြစ်၍ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာအစိုးရအား လိင်အကြမ်းဖက် ရာဇ၀တ်မှုများအပေါ် အပြည့်အ၀စုံစမ်းစစ်ဆေးရန်၊ အကြမ်းဖက်ခံများကို ကုလအဖွဲ့နှင့်အတူ ကာကွယ်ကူညီမှု၌ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်လိုက်သည်။

    ကုလအတွင်းရေးမှူးချုပ်သည် ၂၀၁၂ ခုနှစ်ကစ၍ ပဋိပက္ခတွင်း လိင်အကြမ်းဖက်ခြင်းဆိုင်ရာ ကုလလုံခြုံရေးကောင်စီ၏နှစ်စဉ်ဆွေးနွေးပွဲသို့ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ တင်ပြခဲ့သည်။ သူ၏နောက်ဆုံးအစီရင်ခံစာ၌ စုံစမ်းစစ်ဆေးရေးပြုလုပ်ရန် တိုက်တွန်းချက်တစ်ရပ် ပါဝင်ခဲ့သည်။ ကုလအတွင်းရေးမှူးချုပ်အနေနှင့် ယင်းသို့ထည့်သွင်းခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်အစီရင်ခံစာများနှင့်နှိုင်းစာလျှင် ဤအစီရင်ခံစာ၌ မြန်မာနိုင်ငံအပိုင်းကို အနည်းငယ် အလေးကဲ ဖော်ပြထားသည်။

    မြန်မာနိုင်ငံရှိ လိင်အကြမ်းဖက်မှုများကို အလေးပေးထားခြင်းနှင့် စုံစမ်းစစ်ဆေးမှုအတွက်တိုက်တွန်းထားခြင်းအပေါ် ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့က ကုလအတွင်းရေးမှူးချုပ်အား ကြိုဆိုလိုက်ကြောင်း ကမ်ပိန်းမန်နေဂျာ Zoya Phan မှ ပြောကြားသည်။

    “ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ခိုင်မာထိရောက်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရကို အကြိမ်ပေါင်းများစွာ တိုက်တွန်းထားပြီးဖြစ်ပေမယ့် လျစ်လျူရှုခဲ့တာချည်းပါပဲ။ ဒီတစ်ကြိမ်မှာတော့ ကုလသမဂ္ဂကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ အချိန်တန်ပါပြီ”။

    မြန်မာနိုင်ငံလိင်အကြမ်းဖက်မှုကိစ္စကို ကုလလုံခြုံရေးကောင်စီဆွေးနွေးပွဲကာလအတွင်း အသံမြှင့်တင်ရန်အတွက် ဗြိတိသျှအစိုးရအား Burma Campaign UK မှ တွန်းအားပေးသွားမည်ဖြစ်သည်။ လိင်အကြမ်းဖက်မှုဆိုင်ရာ ထိရောက်သောပြစ်ဒဏ်ခတ်မှုကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးဟု ထုတ်ဖော်ပြောကြားလင့်ကစား မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ၎င်းအချက်အပေါ် ဗြိတိသျှအစိုးရမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု မရှိ။ သို့သာမက မုဒိမ်းကျင့်ခြင်းကို လက်နက်အဖြစ်အသုံးချနေဆဲဖြစ်သော မြန်မာစစ်တပ်ကို သင်တန်းပင် ပေးလိုက်သေးသည့်အတွက်ကြောင့် ဖြစ်၏။

    မြန်မာနိုင်ငံရှိ မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှုဆိုင်ရာ အသေးစိတ်အစီရင်ခံစာတစ်စောင်ကို Burma Campaign UK မှ ထုတ်ဝေထားပြီးဖြစ်သည်။

    ကုလအတွင်းရေးမှူးချုပ်၏အစီရင်ခံစာ၌ အောက်ပါ Link တွင် အပြည့်အစုံ ဖတ်နိုင်သည်။

    Rape and Sexual Violence by the Burmese Army

    “ ပြည့်ပြည့်၀၀ စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့၊ လက်ရှိကာလနဲ့ သမိုင်းကြောင်းတစ်လျှောက် လိင်အကြမ်းဖက် ဒုစရိုက်မှုများအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တုန့်ပြန်ဖို့ ရှုတ်ချဖို့ မြန်မာအစိုးရကို ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်ခံများအတွက် ထိုက်သင့်လျောက်ပတ်သော ကာကွယ်ရေးနဲ့ နစ်နာမှုဆောင်ရွက်ပေးရေးကို ကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံများရဲ့ကူညီမှုနဲ့အတူ တွဲလုပ်ဖော်ဆောင်ဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ် ”

  • နျူကလီးယား စမ်းသပ်မှုများ ထပ်မံ မပြုလုပ်ရန် မြောက်ကိုရီးယားအား အမေရိကန်ပြော

    ဧပြီ ၂၃၊ ၂၀၁၄
    M-Media

    – နျူကလီးယား စမ်းသပ်မှုအသစ်များ ထပ်မံပြုလုပ်ကာ ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမပြုရန် မြောက်ကိုရီးယားအား တိုက်တွန်းလိုက်ပြီး၊ ရန်စသည့်သမိုင်းရှိသော မြောက်ကိုရီးယားကို စောင့်ကြည့်နေသည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    201432924312792734_20

    မြောက်ကိုရီးယား နျူကလီးယားစက်ရုံတွင် နျူကလီးယား စမ်းသပ်မှုများ တိုးမြှင့်ပြုလုပ်သွားဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ထိုသတင်းအား အမေရိကန်က သတိထားနေသည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနီက သတင်းထောက်များအား ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “မြောက်ကိုရီးယားက ရန်စတဲ့အလုပ်တွေကိုလုပ်တဲ့ သမိုင်းရှိပါတယ်။ ဒါမျိုး ထပ်လုပ်နိုင်ဖွယ်ရှိတဲ့အတွက် တော်တို့ဘက်က အမြဲတမ်း သတိထားနေပါတယ်။ သူတို့ရဲ့ဘဖြစ်နေလဲ ဆိုတာနဲ့၊ ဘာလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သူတို့ တစ်ခုခုလုပ်ပြီဆိုရင် သူတို့ကိုချည်နှောင်ထားတဲ့ နိုင်ငံတကာ ကတိက၀တ်တွေကို ချိုးဖောက်တာမျိုး ဖြစ်လာပါလိမ့်မယ်” ဟု ကာနီက ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ Punggye-ri နျူစက်ရုံ၌ နျူလက်နက်စမ်းသပ်ရန်အတွက် လှုပ်ရှားမှုအများအပြား လုပ်ဆောင်နေကြာင်း သိရှိရသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ တောင်ကိုရီးယား သတင်းဌာန Yonhap က ဖော်ပြခဲ့သည်။

    “မြောက်ကိုရီးယားအနေနဲ့ မကြာခင်အချိန်အတွင်းမှာ အံ့သြစရာ နျူကီးလယားစမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ” ဟု တောင်ကိုရီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွက်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော်လည်း မြောက်ကိုရီးဘက်ကမူ ထိုသတင်းအား အတည်ပြုခြင်းမရှိသေးပေ။

    Agencies