News @ M-Media

Blog

  • အငြင်းပွားဖွယ် ဂူဗိမာန်သို့ ဂျပန်ပါလီမန် အမတ်များ သွားရောက် ဂါရ၀ပြု

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်းက စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြသူများအား မြှုပ်နှံထားသည့် အငြင်းပွားဖွယ် ဗိမာန်ကို ဂျပန်အစိုးရ အရာရှိများနှင့် ပါလီမန်အမတ် ၁၅၀ ခန့်က ဧပြီလ ၂၂ ရက်နေ့တွင် သွားရောက်ဂါရပြုခဲ့ကြသည်ဟု သိရသည်။

    0,,17581842_303,00

    ဂျပန်စစ်ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ အပါအ၀င် စစ်အတွင်း သေဆုံးသွားခဲ့ကြသော သူများအား မြှုပ်နှံကာ ဂုဏ်ပြုထားသည့် တိုကျိုမြို့ရှိ Yasukuni ဗိမာန်သို့ ဂျပန်ပြည်ထဲရေးဝန်ကြီး ယိုရှီတာကာရှင်ဒို အပါအ၀င် ပါလီမန်အမတ် ၁၅၀ ခန့်က ယနေ့တွင် သွားရောက်ဂါရပြုခဲ့သည်။ ထိုကဲ့သို့သွားရောက်ခြင်းမှာ ၃ ရက်ကြာ ကျင်းပမည့် နွေဦးရာသီပွဲတော် အထိမ်းအမှတ်အဖြစ် ဂါရ၀ပြုခဲ့ခြင်းလည်းဖြစ်သည်။

    ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကမူ ထိုဗိမာန်သို့ သွားရောက်ခြင်းမရှိခဲ့ဘဲ ယမန်နေ့က လက်ဆောင်သာပေးအပ်ခဲ့သည်။

    တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကမူ ထိုဗိမာန်မှာ ၂၀ ရာစု ပထမတစ်ဝက်အတွင်း ဂျပန်၏ စစ်ဝါဒကို ဖော်ကျူးသည့် ပြယုဂ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွင်ဂန်က အဆိုပါဗိမာန်သို့ ရှင်ဇိုအာဘေး၏ လက်ဆောင်ပေးအပ်မှု၊ အစိုးရအရာရှိများ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့ပြီး၊ ဂျပန်ကတ်ဘိနတ်၏ သမိုင်းတွင်မည့် အမှားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ဒီဇင်ဘာလက ထိုဗိမာန်သို့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက် ဂါရ၀ပြုခဲ့ပြီး တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့က ရှုတ်ချခဲ့ကြကာ၊ အာဘေးအစိုးရ၏ ထိုလုပ်ရပ်မှာ အတိတ်က ဂျပန်နိုင်ငံ၏ ကိုလိုနီအုပ်ချုပ်ရေးကို ပြန်ပြောင်းဖော်ပြသကဲ့သို့ ဖြစ်နေသည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်း ကိုရီးယားကျွန်းဆွယ်နှင့် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းများကို သိမ်းယူခဲ့ကာ စစ်ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။

    Ref: Press TV

  • ခြိမ်းခြောက်မှုခံနေရသည့် ယူကရိန်းဘက်တွင် အမေရိကန် ရှိနေသည်ဟု ဘိုင်ဒန်ဆို

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    – ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံဘက်မှ မိမိတို့ ရပ်တည်ထောက်ခံပေးမည်ဟု ကိဗ်မြို့သို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။

    2014422111235795734_20

    ယမန်နေ့က ကိဗ်မြို့သို့ ရောက်ရှိလာခဲ့သည့် ဂျိုးဘိုင်ဒန်မှာ ယနေ့တွင် ပါတီများမှ ခေါင်းဆောင်များနှင့် ယူကရိန်းပါလီမန်တွင် တွေ့ဆုံခဲ့ပြီး အပြောင်းအလဲများလုပ်ဆောင်ရန်အတွက် သမိုင်းဝင်အခွင့်အရေးနှင့် ကြုံတွေ့နေရသော ယူကရိန်းနိုင်ငံအား ထောက်ခံအားပေးရန် သတင်းစကား ယူဆောင်လာသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရသစ်တည်ဆောက်ရာတွင် ချစားမှုများကို အမြစ်ပြတ်ရှင်းလင်းရန်လည်း တိုက်တွန်းခဲ့ပြီး၊ ယူကရိန်းနိုင်ငံအား ရုရှား၏ စွမ်းအင်ထောက်ပံ့မှုမှ လွတ်ကင်းရန် အမေရိကန်က ကူညီချင်သည်ဟု ပြောကြားခဲ့သည်။

    ဘိုင်ဒန်မှာ စောစောပိုင်းက ယူကရိန်းသမ္မတ တာချီနော့ဗ်နှင့်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ၀န်ကြီးချုပ် ယက်ဆန်ယွတ်နှင့်တွေ့ဆုံရန်စီစဉ်ထားသည်။

    “ခင်ဗျားတို့ဟာ ချောက်လှန့်နေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး၊ ရှက်ရွံ့ဖွယ် ခြိမ်းခြောက်မှုတွေကိုခံနေရတယ်လို့ ပြောလို့ရပါတယ်။ ပြည်ထောင်စု ယူကရိန်းနိုင်ငံ ဖြစ်လာဖို့ အခွင့်အရေးဟာ ခင်ဗျားတို့ရဲ့ လက်အတွင်းမှာပါ။ ကျွန်တော်တို့က ဒီဖြစ်စဉ်မှာ ခင်ဗျားတို့ရဲ့ မိတ်ဆွေ၊ သူငယ်ခြင်းအဖြစ် ပါဝင်ချင်ပါတယ်။ ကျွန်တော်တို့ ကူညီဖို့ အသင့်ပါပဲ” ဟု ဘိုင်ဒန်က ဆိုသည်။

    ယူကရိန်းတွင်ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများကို ပြေလည်စေရန် ယူကရိန်း၊ ရုရှား၊ အမေရိကန်နှင့် အီးယူတို့က သဘောတူညီချက်တစ်ရပ် ရခဲ့ပြီး ရက်နည်းငယ်အကြာတွင် ဂျိုးဘိုင်ဒန်က ယူကရိန်းသို့ ယခုကဲ့သို့ လာရောက်ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်တွင် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများ လက်နက်ချကာ သိမ်းပိုက်ထားသည့် အဆောက်အဦးများအား ဖယ်ပေးရမည်ဟု ပါရှိသော်လည်း ခွဲထွက်ရေးသမားများက လက်မခံဘဲ၊ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေသည်။

    Agencies

  • တောင်အာဖရိကတွင်ပြုလုပ်သည့် အိဂ်ျသေမာသို့ အာဖရိက တစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော မွတ်စလင်များ တက်ရောက်

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    ဂျိုဟန်နစ္စဘတ်။    ။ မွတ်စလင်များ၏ နာမ်ပိုင်းဆိုင်ရာမြှင့်တင်မှုနှင့် စိတ်နှလုံးအေးချမ်းမှုရရှိရန် ရည်ရွယ်၍ အိဂ်ျသေမာ စုဝေးမှုတစ်ခုကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်တွင် ပြုလုပ်လျက်ရှိပြီး အာဖရိကတစ်ဝှမ်းမှာ အစ္စလာမ်ဘာသာဝင်များ တဖွဲဖွဲလာရောက်နေကြသည်။

    MuslimsFlock-to-SAfrica-for-Ijtima

    “(ဒီပွဲကိုလာရောက်ရတဲ့အတွက်) နာမ်ပိုင်းဆိုင်ရာ မြင့်တက်သွားတယ်လို့ ကျွန်တော်ခံစားရပါတယ်။ နောက်နှစ် အိဂ်ျသေမာကိုလည်း ကျွန်တော်တက်ရောက် သွားမှာပါ” ဟု မာလာဝီမှ မွတ်စလင်တရားဟောဆရာတစ်ဦး၏ တရားဒေသနာကို ကြားနာနေသည့် မာလာဝီနိုင်ငံမှ အစ္စလာမ်ဘာသာဝင် ဂျာဖာရန် ကန်ဒူလူက Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။

    နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိသော် အဆိုပါ အိဂ်ျသေမာက မွတ်စလင်များကို ဆွဲဆောင်နိုင်ပြီး နေ့ညမပြတ် တရားဒေသနာဟောကြားခြင်းများကိုလည်း ဆောင်ရွက်ကြသည်။ ယခုနှစ် အိဂ်ျသေမာ ဖွင့်ပွဲအခမ်းအနားကို လူပေါင်း ၁ သောင်းနီးပါး တက်ရောက်ခဲ့ကြသည်။

    အိဂ်ျသေမာသို့ မာလာဝီ၊ ဇင်ဘာဘွေ စသည့် အာဖရိကနိုင်ငံများမှ အစ္စလာမ်ဘာသာဝင်များ လာရောက်ကြကာ၊ အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံများအပါအ၀င် အာရှနိုင်ငံများမှ မွတ်စလင်ပညာရှင်များ တရားဒေသနာတော်များကို လာရောက်ပို့ချကြသည်။

    “ဒီအိဂ်ျသေမာကို တောင်အာဖရိကမှာ နှစ်စဉ်ပြုလုပ်ပါတယ်။ ဒီနှစ်တော့ ဒီနာမ်ပိုင်းဆိုင်ရာမြှင့်တင်ရေး စုဝေးမှုကြီးကို လူ ၂သောင်းနီးပါးလောက် လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီအစီအစဉ်ကို အချို့လူတွေဟာ မာလာဝီ၊ ဇင်ဘာဘွေတို့လို ဝေးတဲ့နေရာတွေနဲ့၊ အိမ်နီးချင်းနိုင်ငံတွေက လာကြတာပါ။ ဒီအစဉ်အစဉ်ဟာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ လမ်းကြောင်းအတွင်းမှာ ဘ၀သက်တမ်းတွေကို အဓိပ္ပါယ်ရှိစွာနဲ့ ရှင်သန်ဖို့အတွက် မွတ်စလင်တွေကို လှုံ့ဆော်ပေးဖို့ ရည်ရွယ်တာပါ” ဟု အိဂ်ျသေမာဖြစ်မြောက်ရေး စီစဉ်သူများမှ တစ်ဦးဖြစ်သည့် တောင်အာဖရိက မွတ်စလင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါ အိဂ်ျသေမာသို့ လာရောက်ကြသည့် အစ္စလာမ်ဘာသာဝင်များမှာ စီစဉ်ပေးထားသည့် ယာယီတဲများတွင် နေထိုင်ရပြီး ညီရင်းအကိုစိတ်ဓာတ်ကို ဖော်ကျူးရန် ဆင်တူဝတ်စုံအဖြူများကိုဝတ်ဆင်ကြသည်။ တက်ရောက်လာကြသူများ အဆင်ပြေချောမွေ့စေရန် ကိုယ်လက်ဆေးကြောရန် ရေများ၊ ရေအိမ်များနှင့် လျှပ်စစ်မီးများကို စီစဉ်ဆောင်ရွက်ထားရှိသည်။

    “နိုင်ငံစုံက အစ္စလာမ်ဘာသာဝင်တွေကို တွေ့မြင်ရတဲ့အတွက် ဒီအိဂ်ျသေမာဟာ ဟဂ်ျဘုရားဖူး ခရီးစဉ်ကို အမှတ်ရစေပါတယ်။ ဒါဟာ ညီရင်းအကိုစစ်စစ်တွေရဲ့ စုစည်းမှုတစ်ခုပါ” ဟု တောင်အာဖရိက နိုင်ငံတွင် ကုန်သွယ်လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုမာလီကုန်သည် မဟ်မဒ် အလီက ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း အစ်ရှ်ဝါအမည်ဖြင့် ထိုကဲ့သို့ အိဂ်ျသေမာတစ်ခုကို ၁၉၆၀ ပြည့်နှစ်များမှ စတင်ကာ နှစ်စဉ်ပြုလုပ်လေ့ရှိသည်။ အိန္ဒိယနိုင်ငံတွင် တဗ်လိဂ်ဂျမတ်အဖွဲ့မှ ဦးဆောင်ကာ ထိုကဲ့သို့ စုဝေးမှုကို နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

    တဗ်လိဂ်ဂျမတ်အဖွဲ့ကို ၁၉၂၆ ခုနှစ်တွင် ရှိတ် မုဟမ္မဒ် အီလီယက်စ် အလ်-ခန်ဒ်လာဝီ (Sheikh Muhammad Ilyas Al-Kandhlaw) က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ဒေလီမြို့တွင်အခြေစိုက်ကာ ကမ္ဘာ့တစ်ဝှမ်း အစ္စလာမ်ဘာသာဝင်များအကြား နာမ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသောလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။ မည်သည့် မွတ်စလင် အမျိုးသား၊ အမျိုးသမီးမဆို ထိုအဖွဲ့မှပြုလုပ်သော စုစည်းလှုပ်ရှားမှုတွင် တက်ရောက်နိုင်ပြီး၊ ထိုအဖွဲ့မှပြုလုပ်သည့် ဒါဝါဟ်လှုပ်ရှားမှု ခရီးစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည်။
    OnIslam & News Agencies

  • သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန  ဂါဝရ၀ပြု  အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန ဂါဝရ၀ပြု အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media
    လမင်း

    DSC01028

    ရန်ကုန်   ။         ။     ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန ဂါရ၀ပြု အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ခန်းမတွင် နံနက် ၈-နာရီမှ ည ၈-နာရီထိ ပြုလုပ်လျက် ရှိသည်။

    ဆရာကြီးဦးဝင်းတင်ကို ချစ်ခင်လေးစားမြတ်နိုးသော ပြည်သူများမှ လွမ်းသူ့ပန်းခွေများ၊ လွမ်းသူ့ပန်းခြင်းများဖြင့် လာရောက် ဂါရ၀ပြုလျက် ရှိကြသည်။ ထို့ပြင် သမ္မတရုံးဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာ လောကမှ ဆရာကြိးကို လေးစားချစ်ခင်သူများ နှင့် အခြားအဖွဲ့အစည်းများမှလည်း ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ထို့ပြင် ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

    ဆရာကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင်ပြုလုပ်မည်ဖြစ်ပါသည်။

    အဘဦးဝင်တင်ကိုချစ်ခင်လေးစားကြသော ပြည်သူများလိုက်ပါပို့ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများအတွက် နာရေးကားများကို သက်ဆိုင်ရာမြို့နယ်ရုံးများမှ စီစဉ်ထားကြောင်း သိရသည်။

    ဆရာကြီးဦးဝင်းတင်၏ဈာပနာကို  ဧပြီ ၂၃ ရက်နေ့   နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်း အစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

     

  • ခွဲထွက်ရေးသမားများ ယူကရိန်းအရှေ့ပိုင်းတွင် အဆောက်အအုံများ ဆက်လက်သိမ်းပိုက်၊ နိုင်ငံတကာ သတင်းသမား ၃ ဦးအားဖမ်းဆီးထား

    ဧပြီ ၂၂၊ ၂၀၁၄
    M-Media

    939df29b-f81a-4cfc-b76a-b118011a5391

    –  မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ခွဲထွက်ရေးသမားများမှာ အဆောက်အဦးများကို ဆက်လက်သိမ်းပိုက်လျက်ရှိနေပြီး နိုင်ငံခြား ဂျာနယ်လစ် ၃ ဦးကိုလည်း ယနေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဘီလာရုစ်မှ ဂျာနယ်လစ်တစ်ဦးနှင့် အီတလီဂျာနယ်လစ် ၂ ဦးတို့မှာ ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့်  Slovyansk မြို့တွင် သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယမန်နေ့ ညပိုင်းကလည်း Slaviansk မြို့တွင် ယူကရိန်း ဂျာနယ်လစ် အမျိုးသမီးတစ်ဦးအား ခွဲထွက်ရေးသမားများက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး သူမမှာ မြို့တော်ကိဗ်တွင်ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း စစ်ရာဇ၀တ်မှုကို ကျူးလွန်ခဲ့သည်ဟု ၎င်းတို့က စွပ်စွဲခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းဒေသများတွင် အစိုးရ အဆောက်အဦးများအား သိမ်းပိုက်နေသည့် လက်နက်ကိုင် မျက်နှာဖုံးစွပ် စစ်သားများမှာ ရုရှားစစ်သားနှင့် ထောက်လှမ်းရေး တပ်များမှ ဖြစ်သည်ဟု ဓာတ်ပုံများအရ သိရကြောင်း New York Times သတင်းစာက ယနေ့တွင်ဖော်ပြခဲ့သည်။

    အမေရိကန် ဒုတိယသမ္မတ ဂျိုးဘိုင်ဒန်မှာ ယူကရိန်းအတွင်း မတည်ငြိမ်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် ယူကရိန်းနိုင်ငံသို့နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ယနေ့တွင်ရောက်ရှိခဲ့သည်။
    live.aljazeera

    Photo- Reuters