News @ M-Media

သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဈာပန ဂါဝရ၀ပြု အခမ်းအနားယုဒဿန်ခန်းမတွင် ကျင်းပလျက်ရှိ

ဧပြီ ၂၂၊ ၂၀၁၄
M-Media
လမင်း

DSC01028

ရန်ကုန်   ။         ။     ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ နံနက် ၆ နာရီခွဲတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဈာပန ဂါရ၀ပြု အခမ်းအနားကို ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒဿန်ခန်းမတွင် နံနက် ၈-နာရီမှ ည ၈-နာရီထိ ပြုလုပ်လျက် ရှိသည်။

ဆရာကြီးဦးဝင်းတင်ကို ချစ်ခင်လေးစားမြတ်နိုးသော ပြည်သူများမှ လွမ်းသူ့ပန်းခွေများ၊ လွမ်းသူ့ပန်းခြင်းများဖြင့် လာရောက် ဂါရ၀ပြုလျက် ရှိကြသည်။ ထို့ပြင် သမ္မတရုံးဝန်ကြီးဌာနများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာ လောကမှ ဆရာကြိးကို လေးစားချစ်ခင်သူများ နှင့် အခြားအဖွဲ့အစည်းများမှလည်း ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းအပေါ် ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ ထို့ပြင် ဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

ဆရာကြီး၏ဈာပနအခမ်းအနားကို ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီတွင် ရေဝေးသုသာန်တွင်ပြုလုပ်မည်ဖြစ်ပါသည်။

အဘဦးဝင်တင်ကိုချစ်ခင်လေးစားကြသော ပြည်သူများလိုက်ပါပို့ဆောင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူများအတွက် နာရေးကားများကို သက်ဆိုင်ရာမြို့နယ်ရုံးများမှ စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီးဦးဝင်းတင်၏ဈာပနာကို  ဧပြီ ၂၃ ရက်နေ့   နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအတွင်း ဂါရ၀ပြုခြင်း အစီအစဉ်နှင့် ဂူသွင်းသင်္ဂြိုဟ်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Comments

Leave a Reply