News @ M-Media

Blog

  • ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော်အား အဇာဘိုင်ဂျန်တွင် တည်ဆောက်နေ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အဇာဘိုင်ဂျန်နိုင်ငံ မြို့တော် ဘာကူတွင် တည်ဆောက်နေသည်ဟု သိရသည်။

    baku

    မြေဧက ၁.၃ ဟက်တာပေါ်တွင် တည်ဆောက်နေသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်ကို Shirvan ဒေ၏ ရိုးရာအနုပညာ လက်ရာအတိုင်း ဆောက်လုပ်နေခြင်းဖြစ်ပြီး မင်နာရတ် မျှော်စင် ၄ ခုနှင့် အမိုးခုံး ၉ ခု တို့ပါဝင်မည်ဖြစ်ကာ ပန်းပုလက်ရာများနှင့် အလှဆင်ထားသည့် အကြီးဆုံး အမိုးခုံး၏ အချင်းမှာ ၃၈ မီတာရှိမည်ဖြစ်သည်။

    မင်နာရတ်မျှော်စင်၏ စုစုပေါင်းအမြင့်မှာ ၉၅ မီတာ (၃၁၁ ပေ) ရှိကာ၊ ဗလီဝတ်ကျောင်းတော်အတွင်း ဓာတ်လှေကားများ တပ်ဆင်ထားပြီး အမျိုးသား၊ အမျိုးသမီးများအတွက် သီးသန့် ၀တ်ပြုဆောင်များကို ထားရှိပြီး ၀င်ပေါက်တွင် စက်လှေကားများ တပ်ဆင်ထားရှိမည်ဖြစ်သည်။

    မသန်စွမ်းသူများ ၀တ်ပြုနိုင်ရန် အတွက် အသုံးအဆောင် ပစ္စည်းများကိုလည်း ထားရှိပြီး၊ ကားအစီးရေ ၄၀၀ ခန့် ရပ်နားနိုင်သည့် ကားပါကင်ကိုလည်း ထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။

    အဇာဘိုင်ဂျန်နိုင်ငံမှာ ကော့ကေးရှပ်ဒေသတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အနောက်အာရှနှင့် အရှေ့ဥရောပတို့ အကြား အချက်အချာကျသည့်နေရာတွင် တည်ရှိသည်။ အဇာဘိုင်ဂျန်၏ လူဦးရေမှာ ၉.၃ သန်းကျော်ရှိပြီး ၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    islam.ru

  • အစ္စကိုအပေါ် အန်ဆယ်လော့တီ၏ ဆက်ဆံပုံမှာ မမျှတဟု ရီးယဲလ်နည်းပြဟောင်း ဖွင့်ဟ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေဖြင့် အသင်းရှိကစားသမား အစ္စကိုအား ဆက်ဆံပုံမှာ တရားမျှတမှုမရှိဟု ရီးယဲလ်နည်းပြဟောင်း ရာဒိုမီရ်အန်တစ်က ပြောကြားလိုက်သည်။

    390003_heroa

    အသက် ၂၁ နှစ်အရွယ်ရှိ အစ္စကိုမှာ မာလာဂါအသင်းမှ ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး တိုက်စစ်အားသန်သည့် အလယ်တန်းကစားသမားအဖြစ် ခြေစွမ်းကောင်းမွန်သော်လည်း အန်ဆယ်လော့တီက ၎င်းအား ခံစစ်အားပြုသည့် အလယ်တန်းကစားသမား အဖြစ် အသုံးပြုသောကြောင့် ပါဝင်ကစားသည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဘဲ အရန်ခုံတွင်သာ အချိန်ကုန်နေရသည်။

    “အန်ဆယ်လော့တီဟာ အစ္စကိုနဲ့ပတ်သက်ပြီး မမျှတပါဘူး။ အစ္စကိုပါတဲ့ပွဲတွေမှာ ခံစစ်အားပြု ကွင်းလယ်ကစာသမားနေရာမှာ ကစားဖို့ အန်ဆယ်လော့တီက ညွှန်ကြားပါတယ်။ သူ(အစ္စကို)ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကောင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အန်တစ်က Goal.com သို့ပြောကြားခဲ့သည်။

  • မန်စီးတီး ကွင်းလယ်လူ ယာယာတိုးယေး ဒဏ်ရာကြောင့် ၂ ပတ်ခန့်အနားယူရမည်။

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – လီဗာပူးလ်အသင်းအား ရှုံးနိမ့်ခဲ့သောပွဲတွင် ရရှိခဲ့သော ဒဏ်ရာကြောင့် အသင်း၏ အားထားရသည့် ကွင်းလယ်လူ ယာယာတိုးရေးမှာ ၂ ပတ်ခန့်အနားယူရမည်ဟု သိရသည်။

    390291_heroa

    အိုက်ဗရီကို့စ်လက်ရွေးစင် ယာယာတိုးယေးမှာ ပွဲချိန် ၁၉ မိနစ်မှာပင် ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရသည်။ ၎င်း၏ဒဏ်ရာမှာ ကြွက်သားဒဏ်ရာဖြစ်ပြီး အစောပိုင်းက ထင်ထားသကဲ့သို့ စိုးရိမ်ရခြင်းမရှိဟု အသင်းနည်းပြ ပယ်လီဂရီနီက ဆိုသည်။

    “အစောပိုင်းက ကျွန်တော်တို့ထင်ထားသလောက် ဒဏ်ရာက မဆိုးပါဘူး။ ဒါပေမယ့် ပြန်ကောင်းဖို့ အနည်းဆုံး ၁၀ ရက် ဒါမှမဟုတ် နှစ်ပတ်လောက်တော့ လိုအပ်ပါလိမ်မယ့်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ဒဏ်ရာပြဿနာနှင့် ရုန်းကန်နေရသည့် ကွန်ပနီနှင့် အဂူရိုတို့မှာ လာမည့် ဗုဒ္ဓဟူးနေ့တွင် ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး လီဗာပူးလ်၊ ချယ်ဆီးတို့နှင့် ယှဉ်ပြိုင်နေရသည့် မန်စီးတီး အတွက် တိုးယေး၏ ဒဏ်ရာရမှုမှာ ထိုးနှက်ချက် တစ်ခုလည်းဖြစ်သည်။

  • ရုရှား လိုလားသူများအား နှိမ်နင်းရန် ယူကရိန်းပြင်ဆင်နေ

    ဧပြီ ၁၅၊ ၂၀၁၄
    M-Media

    b210d792-a5e9-435f-8dac-345620586288

    – ရုရှားလိုလားသူများက မိမိတို့၏ ရာဇသံအား လိုက်နာခြင်းမရှိသောကြောင့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု ယူကရိန်းအစိုးရက ကြေညာခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း မြို့ ၁၀ မြို့တွင် အဆောက်အဦးများအား သိမ်းပိုက်ထားသော ရုရှားလိုလားသူများကို လက်နက်ချရန် ၂၄ နာရီအချိန်ပေးခဲ့သော်လည်း ၎င်းတို့က လိုက်နာခဲ့ခြင်းမရှိပေ။ ထို့ကြောင့် အစိုးရအဆောက်အဦးများအား သိမ်းပိုက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းနေသည့် Slovyansk မြို့နှင့် ကီလိုမီတာ ၃၀ ကွာဝေးသော Izyum မြို့တွင် ယူကရိန်းစစ်တပ်များမှာ ရဟတ်ယာဉ်တစ်စင်း ဘတ်စ်ကား ၇ စီးဖြင့် ယနေ့နေ့လည်တွင် ရောက်ရှိလာကြပြီး၊ Sloviansk မြို့သို့လည်း ယူကရိန်းစစ်သည် ၅၀၀ ခန့်က ၀င်ရောက်နေသည်ဟု နောက်ဆုံးရသတင်းများအရ သိရသည်။

    ယူကရိန်းမတည်ငြိမ်မှုတွင် နောက်ကွယ်က လှုပ်ရှားနေသည်ဟု စွပ်စွဲခံနေရသည့် ရုရှားကမူ ယူကရိန်းမှာ ပြည်တွင်းစစ်ဖြစ်မည့် အခြေအနေ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    aljazeera.

  • အိန္ဒိယတွင် အမျိုးသား၊ အမျိုးသမီးမဟုတ်သည့် ကြားလိင်အား တတိယလိင်အဖြစ် တရားရုံးချုပ်မှ အသိအမှတ်ပြု

    ဧပြီ ၁၅၊ ၂၀၁၄
    M-Media

    – အမျိုးသားလည်း မဟုတ်၊ အမျိုးသမီးလည်း မဟုတ်သူများသည့် ကြားလိင်များအား အိန္ဒိယတရားရုံးချုပ်က တတိယလိင်အဖြစ် ယနေ့တွင် အသိအမှတ်ပြုခဲ့သည်ဟု သိရသည်။

    201441572140542734_20

    “(ယောက်ျားမဟုတ်၊ မိန်းမဟုတ်) ကြားလိင်တွေအတွက် တတိယလိင်အဖြစ် အသိအမှတ်ပြုတာဟာ လူမှုရေး ဒါမှမဟုတ် ဆေးပညာရပ်အရ မဟုတ်ပါဘူး။ လူ့အခွင့်အရေးအရပါ” ဟု တရားရေးဌာနမှ ရာဒါကရှစ်နန်က တရားရုံးချုပ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အိန္ဒိယတွင်ရှိနေသည့် အခြားသော လူနည်းစုများနည်းတူ အခွင့်အရေးများ ရသင့်သည့် ကြားလိင်များအား တတိယလိင်အဖြစ် သတ်မှတ်ပေးရန် ပြည်နယ်အစိုးရနှင့် ဖက်ဒရယ်အစိုးရတို့အား တရားရုံးချုပ်မှ ညွှန်ကြားခဲ့သည်။

    ကြားလိင်များအား ဥပဒေအောက်တွင် တူညီသော အခွင့်အရေးရရှိရန် ဦးဆောင်လှုပ်ရှားနေသည့် အမျိုးသားစိတ်ပေါက်နေသူ ထရီပါသီကမူ ထိုကဲ့သို့ အသိအမှတ်ပြုခြင်းအား ချီးကျူးလိုက်ပြီး ကွန်ဆားဗေးတစ်နိုင်ငံဖြစ်သည့် အိန္ဒိယတွင် ကြားလိင်များမှာ ခွဲခြားဆက်ဆံမှုများ၊ လစ်လျူရှုမှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ဒီနေ့မှာတော့ ကျွန်တော်ဟာ အိန္ဒိယနိုင်ငံသားတစ်ယောက်ဖြစ်ရတာကို ပထမဆုံးအကြိမ် ဂုဏ်ယူမိပါတယ်။ ဒီနေ့ တရားရုံးချုပ်က ကျွန်တော်တို့ရဲ့အခွင့်အရေးကို အာမခံပေးခဲ့တာကြောင့် ကျွန်တော်နဲ့ ကျွန်တော့်ညီမတွေဟာ အိန္ဒိယနိုင်ငံသား စစ်စစ်အဖြစ် ခံစားရပြီး သိပ်ကို ဂုဏ်ယူမိပါတယ်” ဟု ထရီပါသီက ဆိုသည်။

    အိန္ဒိယနိုင်ငံတွင် လိင်တူချင်း လိင်ဆက်ဆံမှုကို ၂၀၀၉ ခုနှစ်က ခွင့်ပြုခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက တရားရုံးချုပ်မှ ပြန်လည်ပိတ်ပင်ခဲ့သောကြောင့် နိုင်ငံအား ၁၉ ရာစုခေတ်သို့ နောက်ပြန်ဆွဲသွားသည်ဟု ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။

    Agencies