News @ M-Media

Blog

  • အသင်းမှာ အဆင့် ၄ ဖြင့် ရာသီသိမ်းကာ FA ဖလားလည်း ရမည်ဟု ၀င်းဂါးဆို

    ဧပြီ ၁၅၊ ၂၀၁၄
    M-Media
    389933_heroa
    – မိမိအသင်းအနေဖြင့် အဆင့် ၄ ဖြင့် ရာသီသိမ်းနိုင်မည်ဖြစ်ပြီး FA ဖလားလည်း ရရှိလိမ့်မည်ဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်အသင်းမှာ စနေနေ့က ကစားခဲ့သည့် FA ဖလား ဆီမီးဖိုင်နယ်တွင် ၀ီဂန်အသင်းအား ပင်နယ်တီဖြင့် အနိုင်ကစားကာ ဗိုလ်လုပွဲသို့ တက်ေ၇ာက်နိုင်ခဲ့ပြီး ဟားလ်စီးတီးအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၄ မှ အဲဗာတန်ထက် ၂ မှတ်လျော့ဖြင့် အဆင့် ၅ နေရာသို့ ရောက်နေသည်။

    “ဒီရာသီကို ကောင်းမွန်စွာနဲ့ အဆုံးသတ်နိုင်မှာပါ။ ထိပ်ဆုံးလေးသင်းဝင်နိုင်ပြီး FA ဖလားလည်း ရနိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ ရာသီကုန်ထိ ကျွန်တော်တို့ ဘယ်လောက် စုစည်းမှုရှိပြီ၊ အတူတကွ အာရုံစိုက်လည်းဆိုတာ ပြသတာပါ” ဟု ၀က်စ်ဟမ်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ၀င်းဂါးက သတင်းထောက်များသို့ ပြောကြား ခဲ့သည်။

    စနေနေ့က ကစားခဲ့သည့်ပွဲတွင် ပရိတ်သတ်များ၏ အားပေးမှုမျာ အံ့သြစရာဖြစ်ကြောင်း၊ အသင်း၏နောက်တွင် ပရိတ်သတ်များရှိနေစေချင်ပြီး ရှိနေမည်ဆိုသည်ကိုလည်း သေချာပြောရဲကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ FA ဖလား ဗိုလ်လုပွဲအဖြစ် ဟားလ်စီးတီးအသင်းနှင့် မေလ ၁၇ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

  • Copa del Rey ဗိုလ်လုပွဲတွင် ဘာစီကိုနိုင်ပါက စိတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်မည်ဟု အန်ဆယ်လော့တီဆို

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအား လာလီဂါတွင် ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းက Copa del Rey ဖလားဗိုလ်လုပွဲစဉ်အား ရိုက်ခတ်လိမ့်မည်မဟုတ်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    385329_heroa

    ရီးယဲလ်မှာ Copa del Rey ဖိုင်နယ်ပွဲအဖြစ် မက်စ်တဲလားကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဖလားသုံးလုံးပစ်မှတ်ထားနေသည့် ရီးယဲလ်အတွက် ပထမဆုံး ဆုတံဆိပ်လည်း ဖြစ်လာမည်ဖြစ်သည်။

    လာလီဂါတွင်မှု ၎င်းတို့ ၂ သင်းစလုံးမှာ ထိပ်ဆုံးမှ အက်သလက်တီကိုမက်ဒရစ်အသင်းအား အမီလိုက်နေရပြီး၊ အန်ဆယ်လော့တီကမူ Copa del Rey ဗိုလ်လုပွဲတွင် ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား အနိုင်ရခဲ့ပါက ထိုအနိုင်ရရှိမှုမှာ မိမိတို့အသင်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားများကို ရရှိစေမည်ဟု ဆိုသည်။

    “အကြောင်းအရင်းတော်တော်များများကြောင့် ဒီပွဲဟာ အရေးကြီတာပါ။ ပထမတစ်ခုကတော့ ဒီဖလားဟာ ဒီရာသီမှာ ကျွန်တော်တို့ ရနိုင်တဲ့ ပထမဆုံးဖလားပါ၊ ဒုတိယအနေနဲ့ကတော့ ဘာစီလိုနာလို အသင်းကြီးနဲ့ ကစားရလို့ပါ။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါ ပါတယ်။ ဒီရာသီရဲ့ ပထမဆုံး ဖလားကို ရနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေဟာ ကျွန်တော်တို့အတွက် လှုံ့ဆော်မှုတွေကို ဖြစ်စေပါတယ်” ဟု အန်ဆယ်လော့တီ၏ ပြောကြားမှုကို ရီးယဲလ်၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ထို့ပြင် လာလီဂါတွင် ဘာစီလိုနာအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့မှုက ဗုဒ္ဓဟူးနေ့ပွဲအတွက် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • ယူကရိန်း အရှေ့ပိုင်းမှ ပုန်ကန်သူများကို အစိုးရတပ်များ စစ်ဆေးရေးလုပ် တိုက်ခိုက်

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Horlivka မြို့ရှိ ရဲဌာနများအား စစ်ဝတ်စုံကဲ့သို့ ၀တ်ဆင်ထားသော ရုရှား လိုလားသူ လက်နက်ကိုင် ၁၀၀ ခန့်က ယနေ့တွင် တိုက်ခိုက်ခဲ့ကြသည်ဟု Rerters သတင်းဌာနက ဖော်ပြခဲ့သည်။

    An armed man stands next to a barricade in front of the police headquarters in Slaviansk

    ယူကရိန်း အစိုးရကလည်း အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေးများကို ဆောင်ရွက်ရန် လုပ်ဆောင်နေပြီး ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် တယ်လီဖုန်းပြောဆိုမှုတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များနှင့် ပူးပေါင်းကာ တိုက်ခိုက်မည်ဟု ပြောဆိုခဲ့ကြောင်း သတင်းထွက်ပေါ်လာမှုအား ယူကရိန်း သမ္မတ တာချီနော့ဗ်က ငြင်းဆိုလိုက်သည်။

    ထို့ပြင် နိုင်ငံအရှေ့ပိုင်းရှိ အဆောက်အဦးများကို သိမ်းပိုက်မှု ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများ၏ အသက်များကို ခြိမ်းခြောက်နေသော လှုပ်ရှားမှုများတွင် ရုရှား၏ အထူးတပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေသည်ဟု တာချီနော့ဗ်၏ ရုံးခန်းမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

    “အကြမ်းဖက်ဝါဒနဲ့ လက်နက်ကိုင် ရာဇ၀တ်မှုကျူးလွန်မှုတွေကနေ ကာကွယ်ဖို့ ယူကရိန်းနိုင်ငံသားတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နေပြီး နိုင်ငံအစိတ်စိတ် အမွှာမွှာဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ လက်နက်ကိုင် အကြမ်းဖက်သမားတွေနဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို အတူ မထားခဲ့နိုင်ပါဘူး” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Aljazeera

  • ဆော်ဒီ၏ စစ်အသုံးစားရိတ် ကမ္ဘာ စတုတ္ထ အများဆုံးဖြစ်လာ၊ အရှေ့အလယ်ပိုင်းတွင် ထိပ်ဆုံးဖြစ်

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ အရှေ့အလယ်ပိုင်းတွင် အမြင့်ဆုံးဖြစ်သည်ဟု လေ့လာမှုများအရ သိရသည်။

    20144141488680734_20

    ၂၀၁၂ ခုနှစ်မှစ၍ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ကာကွယ်ရေးအသုံးစားရိတ်များကို ပိုမိုသုံးစွဲလာခဲ့ပြီး ဆော်ဒီ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၂၀၁၃ ခုနှစ်တွင် ကန်ဒေါ်လာ ၆၇ ဘီလီယံရှိခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့၏ မှတ်တမ်းများကဆိုသည်။

    ထိုပမာဏမှာ ၂၀၁၂ ခုနှစ် အသုံးစားရိတ်ထက် ၁၄ ရာခိုင်နှုန်း ပိုခဲ့ပြီး ယူကေ၊ ဂျပန်နှင့် ပြင်သစ်တို့ကိုကျော်တက်ခဲ့သည်။ ဆော်ဒီ၏ ကာကွယ်ရေးအသုံးစားရိတ်မှာ ၁၀ နှစ်အတွင်း နှစ်ဆကျော်ရှိလာပြီး၊ ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ပြီးနောက် ကမ္ဘာပေါ်တွင် ကာကွယ်ရေးအသုံးစားရိတ် စတုတ္ထအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။

    ၂၀၁၃ ခုနှစ် အရှေ့အလယ်ပိုင်းနိုင်ငံများအားလုံး၏ ကာကွယ်ရေးအသုံစားရိတ်မှာ ၂၀၁၂ ခုနှစ်ကထက် ၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု အဆိုပါ သုတေသနအဖွဲ့က ဆိုသည်။ ဘာရိန်နှင့် အီရတ်နိုင်ငံတို့၏ ၂၀၁၃ ခုနှစ် ကာကွယ်ရေးအသုံးစားရိတ်များမှာ ၂၆ နှင် ၂၇ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့ပြီး အီရန်၊ ကာတာ၊ ဆီးရီးယားနှင့် ယူအေအီးနိုင်ငံတို့၏ ၂၀၁၃ ကာကွယ်ရေးအသုံစားရိတ် အချက်အလက်များကိုမူ ရရှိခဲ့ခြင်းမရှိချေ။

    Al Jazeera
  • နိုင်ငံ၏ နျူလက်နက် ပေါ်လစီအား ပြောင်းမည့် သတင်းကို အိန္ဒိယ အတိုက်အခံ ပါတီငြင်းဆို

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – မိမိတို့အာဏာရလာပါက နိုင်ငံ၏ နျူးကလီးယား ပေါ်လစီကို ပြောင်းလဲပစ်မည်ဟု သတင်းထွက်ပေါ်နေမှုအား အိန္ဒိယအတိုက်အခံ BJP ပါတီက ငြင်းဆိုလိုက်သည်။

    tH4mFfo-360

    လက်ရှိပြုလုပ်နေသော ရွေးကောက်ပွဲတွင် အနိုင်ရရှိလိမ့်မည်ဟု ရေးပန်းစားနေသည့် BJP ပါတီအနေဖြင့် နိုင်ငံ၏ “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်စီကို ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်မှစ၍ သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။

    “နျူကလီးယား လက်နက်တွေအတွက် “နျူလက်နက် ဦးစားပေး မသုံးစွဲရေး” ပေါ်လစီဟာ သေသေချာချာ စီစဉ်ခဲ့တဲ့ ပေါ်လစီတစ်ခုပါ။ အဲဒါကို ပြောင်းလဲဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး” ဟု BJP ပါတီ ဥက္ကဌ ရဂ်ျနသ် ဆင်းက Hindustan Times သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပြီး ထိုအင်တာဗျူးအား ယနေ့ထုတ် သတင်းစာတွင်ဖော်ပြခဲ့သည်။

    ၁၉၉၈ ခုနှစ် BJP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရလက်ထက်အတွင်း ပြင်းထန်သော နျူကလီးယား လက်နက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာမှ ရှုတ်ချမှုများ၊ အနောက်နိုင်ငံများမှ ကုန်သွယ်ရေး ပိတ်ပင်မှုများကို ပြုလုပ်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံက အဆိုပါပေါ်လစီကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ၁၉၇၀ ခုနှစ် ကုလသမဂ္ဂ၏ နျူကလီးယားလက်နက် မပြန့်ပွားရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အဆိုပါပေါ်လစီကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာတွင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

    ဧပြီ ၇ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် BJP ပါတီအနိုင်ရရှိမည်ဟု ခန့်မှန်းနေကြပြီး၊ အိန္ဒိယ၏ နျုကလီးယားလက်ပေါ်လစီ မည်သည့်ပြောင်းလဲမှုမျိုးမဆို ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါဆုံး ဖြစ်လာမည်ဖြစ်သည်။

    AFP/ac