ဧပြီ ၁၅၊ ၂၀၁၄
M-Media
– မိမိအသင်းအနေဖြင့် အဆင့် ၄ ဖြင့် ရာသီသိမ်းနိုင်မည်ဖြစ်ပြီး FA ဖလားလည်း ရရှိလိမ့်မည်ဟု အာဆင်နယ်အသင်း နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
အာဆင်နယ်အသင်းမှာ စနေနေ့က ကစားခဲ့သည့် FA ဖလား ဆီမီးဖိုင်နယ်တွင် ၀ီဂန်အသင်းအား ပင်နယ်တီဖြင့် အနိုင်ကစားကာ ဗိုလ်လုပွဲသို့ တက်ေ၇ာက်နိုင်ခဲ့ပြီး ဟားလ်စီးတီးအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။ သို့သော်လည်း ပရီးမီးယားလိဂ်တွင် အဆင့် ၄ မှ အဲဗာတန်ထက် ၂ မှတ်လျော့ဖြင့် အဆင့် ၅ နေရာသို့ ရောက်နေသည်။
“ဒီရာသီကို ကောင်းမွန်စွာနဲ့ အဆုံးသတ်နိုင်မှာပါ။ ထိပ်ဆုံးလေးသင်းဝင်နိုင်ပြီး FA ဖလားလည်း ရနိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ ရာသီကုန်ထိ ကျွန်တော်တို့ ဘယ်လောက် စုစည်းမှုရှိပြီ၊ အတူတကွ အာရုံစိုက်လည်းဆိုတာ ပြသတာပါ” ဟု ၀က်စ်ဟမ်းအသင်းနှင့် ပရီးမီးယားလိဂ်ပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ၀င်းဂါးက သတင်းထောက်များသို့ ပြောကြား ခဲ့သည်။
စနေနေ့က ကစားခဲ့သည့်ပွဲတွင် ပရိတ်သတ်များ၏ အားပေးမှုမျာ အံ့သြစရာဖြစ်ကြောင်း၊ အသင်း၏နောက်တွင် ပရိတ်သတ်များရှိနေစေချင်ပြီး ရှိနေမည်ဆိုသည်ကိုလည်း သေချာပြောရဲကြောင်း ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။ အာဆင်နယ်အသင်းမှာ FA ဖလား ဗိုလ်လုပွဲအဖြစ် ဟားလ်စီးတီးအသင်းနှင့် မေလ ၁၇ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Leave a Reply
You must be logged in to post a comment.