News @ M-Media
Blog
  • သန်းခေါင်စာရင်း တွင် ခဲတံ၊ ခဲဖျက် အသုံးပြုမှု ဂယက် သံသယများနှင့် UNFPA ဖြေကြားချက်
    ဧပြီ ၂၊ ၂၀၁၄
    M-Media
    5337c49c0c77e
    ၂၀၁၄-ခု သန်းခေါင်စာရင်း ကောက်ယူနေချိန်မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး နေရာအတော်များများမှာ လွဲချော်မှုတွေ ရှိနေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။ သန်းခေါင်စာရင်း မကောက်ယူမီက သန်းခေါင်စာရင်းကောက်ယူတဲ့ အခါမှာ 2B ခဲတံများဖြင့်သာ ရေးခြစ်ဖြည့် သွင်းမယ်ဆိုတဲ့အကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကိုယ်တိုင် အကြိမ်တော်တော် များများ ပြောခဲ့တာ ရှိခဲ့ပါတယ်။
    သို့သော်လည်း သန်းခေါင်စာရင်း တကယ်ကောက်ယူတဲ့ အခါမှာတော့ 2B ခဲတံနှင့် ရေးခြစ်ဖြည့်စွက်တာမျိုး မဟုတ်ဘဲ သာမန်ခဲတံများဖြင့် ရေးခြစ်ခြင်း၊ ခဲဖျက်ဖြင့် ဖျက်ခြင်းများ ပြုလုပ်နေတဲ့ အတွက်  သန်းခေါင်စာရင်း ဖြေဆိုသူများ အနေနဲ့ ဖြေဆိုသည့်အတိုင်း မဟုတ်ဘဲ ပြန်လည်ပြင်ဆင်ဖြည့်စွက် မည်လောဟု သံသယ၀င်နေကြပါတယ်။ အချို့နေရာ ဒေသများတွင်တော့ သန်းခေါင်စာရင်းကောက်ယူမှု စာရွက်များသည် UNFPA မှ ကူညီသည့် စာရွက်များ မဟုတ်ဘဲ ပုံစံတူ သာမန်စာရွက်များသာ ဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေပါတယ်။
    ဒါကြောင့် ခဲတံဖြင့် ဖြည့်စွက်မှုပတ်သက်ပြီး UNFPA ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
    မေး – သန်းခေါင်စာရင်းကောက်ယူမှုနဲ့ပတ်သက်ပြီး နေရာအတော်များများမှာ ခဲတံနဲ့ဖြည့်စွက်မှုမှာ ခဲဖျက်နဲ့ဖျက်ပြီး ပြင်လို့ရတယ် ဆိုတာမျိုးတွေ သတင်းထွက်ပေါ်နေတဲ့ အတွက် ဖြေဆိုသူ တချို့အနေနဲ့ ဖြေဆိုမှု အပေါ် ပြောင်းပြီးရေး လိုက်မလားဆိုတဲ့ အတွေးမျိုးရှိနေကြတဲ့ အပေါ် UNFPA အနေနဲ့ ရှင်းပြပေးလို့ ရမလား မသိဘူး။
    UNFPA – ကျွန်မတို့ UNFPA အနေနဲ့ကတော့ Enumerator ဆိုတာ အစိုးရ အနေနဲ့ ခန့်အပ်ထားတဲ့ ၀န်ထမ်းတွေပါ။ နောက်ပြီးတော့ အစိုးရအနေနဲ့ ဒါကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပြီး လုပ်မယ်ဆိုတဲ့ အပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် trust ပေါ့နော်။ ပြင်မယ်လို့တော့ မထင်ပါဘူး။ အဲ့ဒါကြောင့် ဒီ system ကို supervisor အထပ်ထပ်နဲ့ packing သေချာ လုပ်ပြီးတော့ ပို့ရမယ်ဆိုတာကို ကျွန်မတို့ process လုပ်ကတည်းက သေချာ စီစဉ်ထားတာပါ။ အဲ့ဒီတော့ ကျွန်မအနေနဲ့ ဒီလောက်ပဲပြောနိုင်ပါတယ်။ ပြင်မယ် မပြင်ဘူးဆိုတာကတော့ individual verification တွေရှိတော့ ဘယ်သူ့ကိုမှလည်း အာမ မခံနိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် trust လုပ်ပြီးတော့ အခြေအနေပါ။ ကျွန်မတို့လည်း တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ထားပြီးတဲ့ အခြေအနေ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။
    Photo by AFP
  • မွတ်စလင် ကျောင်းသူတို့ အတွက် Shippensburg တက္ကသိုလ်ပရ၀ဏ်မှာ ၀တ်ပြုဆုတောင်းဖို့ နေရာ တစ်ခုပေးပြီ
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    3163_prayer_room_mgkp
    အမေရိကန် နိုင်ငံ Shippensburg တက္ကသိုလ်က မွတ်စလင်ကျောင်းသူတွေဟာ စာကြည့်တိုက်ထဲရှိ စာအုပ်စင်တွေ ကြားထဲမှာ သူတို့ ရဲ့ဝတ်ပြု ဆုတောင်းမှုတွေကို ပြုလုပ်ခဲ့ကြရပါတယ်။
    တက္ကသိုလ်တာဝန်ရှိသူ အချို့ နဲ့ ကျောင်းသားသမဂ္ဂအချို့ ဟာ သူတို့ ဝတ်ပြုရာ နေရာကို လွန်ခဲ့တဲ့အပတ်က လေ့လာဖြစ်ခဲ့ကြပါတယ်။ တနေ့ တာအတွင်း ၀တ်ပြု ဆုတောင်းမှုတွေကို လုပ်ဖို့ အတွက် မွတ်စလင် ကျောင်းသား/သူ တွေဟာ နေရာတစ်ခုကိုရှာဖွေနေရတယ်ဆိုတာ သူတို့ သိရှိလာခဲ့ကြပါတယ်။
    3161_houda_with_prayer_garment_mgkpအမှန်တကယ် မွတ်စလင်ပီသစွာ ကျင့်ကြံနေထိုင် သူတွေကတော့ တရက်တာမှာ (၅) ကြိမ်ဝတ်ပြု  ဆုတောင်းမှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့ ရှိ ၀တ်ကျောင်းတော်ကို ဗဟိုထားကာ ကမ္ဘာ့နေရာ အသီးသီးကနေ ယင်းကျောင်းတော် ဘက်သို့ မျက်နှာမူပြီး ၀တ်ပြုကြရပါတယ်။
    မွတ်စလင်အမျိုးသမီးတွေကတော့ မွတ်စလင် အမျိုးသားတွေကြားမှာ သာမာန်အားဖြင့် ၀တ်ပြုခွင့်မရှိပါဘူး။ ဗလီတစ်ခုထဲမှာ အမျိုးသားရော အမျိုးသမီးရော ၀တ်ပြုနိုင်ပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေရဲ့ အနောက်ဘက် ကနေ ၀တ်ပြုကြရပါတယ်။
    အခုတော့ တက္ကသိုလ်မှာမွတ်စလင် အမျိုးသမီးတွေ အတွက် ၀တ်ပြုဖို့ နေရာလိုအပ်လာ နေခဲ့ပါပြီ။ ဘိုင်အိုမေဂျာ ကျောင်းသူ ဟိုဒါဘိုမန်း ကသူမရဲ့ လိုအပ်ချက်တွေကို အတန်း ဖော်သူငယ်ချင်းလည်းဖြစ် ကျောင်းသာ သမဂ္ဂ အဖွဲ့ ဝင်လည်း ဖြစ်တဲ့ ခရစ်စတီးနားကို ပြောပြခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာတော့ ဟိုဒါဘိုမန်းအတွက် ၀တ်ပြုဖို့ နေရာရှာရတာ အထူးတလည် ခက်ခဲမှုမရှိပါဘူး။ ကျောင်းပရ၀ဏ် အတွင်းမှာနေထိုင် နေတော့စာသင်ခန်း နဲ့ သူမ၀တ်ပြုရာနေရာကို သွားလာဖို့ လွယ်ကူနေခဲ့လို့ ပါ။ ကျောင်းပြင်ပမှာနေရချိန်မှာတော့ ၀တ်ပြုဖို့ နေရာ တစ်ခုဟာ အတော်ပင်ခက်ခဲတယ်ဆိုတာ သိမြင်လာခဲ့ရပါတယ်။
    ကျမတို့ က စာကြည့်တိုက်ထဲမှာဝတ်ပြုနေကြတော့ တစ်ခြား လူတွေက ကျမတို့ ကြည့်ကြမယ်၊ စပ်စုကြမယ်၊ တစ်ခါတစ်ခါ ဒီမှာဘာတွေဖြစ် ကုန်ပြီလဲလို့ မေးကြတယ် ဆိုတော့ ကျမတို့  အတွက် ၀တ်ပြုရတာတော်တော် ခက်ခဲပါတယ်လို့ ဟိုဒါဘိုမန်း ကသူ့ သူငယ်ချင်းတွေကို
    ပြောပြပါတယ်။
    3164_prayer_rug_mgkp
    အတန်းဖော်သူငယ်ချင်း ဂွန်ဇေးလ် ကိုပြောပြသလိုကျောင်းသားရေးရာ အကူအညီပေးရေး အချက်အလက် ဌာနကိုလည်း ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက်ဘိုမန်းက ကျောင်းသား သမဂ္ဂ ရှိရာဆီကို သွားရောက်ခဲ့ပြီး သူနဲ့ အခြား မွတ်စလင်ကျောင်းသူတွေရဲ့ အခက်အခဲကိုတင်ပြပြီး အကူအညီတောင်းခံခဲ့ ပါတယ်။
    Email အနည်းငယ်မျှ  အပြန်အလှန်ပေးပို့ ဆက်သွယ်ပြီးနောက် ဘိုမန်းနဲ့ သူမရဲ့ သူငယ်ချင်းတွေ က မတူကွဲပြားကော်မတီမှ နီကိုးလက်စ် ဂျွန်ဆင်ကိုတွေ့ ဆုံပြီး ရှင်းပြဖို့  အခွင့်အရေးရခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ တက္ကသိုလ်က မတူကွဲပြားကော်မတီကလုပ်ငန်းစဉ်မှာ မွတ်စလင်ကျောင်းသား ကျောင်းသူများအတွက် အခန်းနေရာစီစဉ်ပေးနိုင်ရေးက အဓိကဦးစားပေးဖြစ်လာပါတယ်။
    3165_quran_mgkpကော်မတီဥက္ကဌက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ခေါ်ယူတွေ့ ဆုံဆွေးနွေးမှုတွေပြုလုပ်ပြီး (၄) ရက် အကြာမှာ ၀တ်ပြု ဆုတောင်းဖို့ အခန်းကိုပေးအပ် ခဲ့ပါတယ်။ “ကျမတို့ တော့ အရမ်းကိုပျော်ရွှင်မိပါ တယ်။ ပြီးတော့ အချိန်မဆွဲပဲ အခုလိုစီစဉ်ပေးခဲ့တဲ့ ကျောင်းက သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုလည်း အရမ်းကျေးဇူးပါတယ်” လို့ ဘိုမန်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂမှာပြောကြားခဲ့ပါတယ်။ အခုဆိုရင် ကျမ်းမြတ်ကုရ်အာန် အငယ်စားလေးတွေ၊ စိတ်ပုတီးတွေ၊ ၀တ်ပြုရာမှာ ၀တ်ဆင်ရတဲ့ ၀တ်ရုံလေးတွေအပြင် ကျောင်းသား သမဂ္ဂကထောက်ပံ့ထားတဲ့စားပွဲ၊ ထိုင်ခုံများနဲ့ပါ သူတို့ ရဲ့ ၀တ်ပြုခန်းလေးကပြည့်စုံနေခဲ့ပါပြီ။
    ဒီအခန်းလေးကသာမာန် အားဖြင့်နေ့ လည်မွန်းတည့်အချိန် (၁)ကြိမ်၊ ညနေစောင်း (၁)ကြိမ် နဲ့ နေ၀င်ပြီး (၁)ကြိမ်လောက်သာ ကျောင်းသားတွေက အဓိကအသုံးပြုရတာပါ။ မနက်အာရုံ တက်ဝတ်ပြုမှုနဲ့ ညပိုင်း ၀တ်ပြုမှုတွေကိုတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အိမ်မှာ ၀တ်ပြုနိုင်ကြပါတယ်။
    သောကြာနေ့  နေ့ လည်ပိုင်းမှာဝတ်ပြုကြဖို့ မွတ်စလင်ကျောင်းသားတွေဟာ ဘာသာရေး စင်တာ မှာစုရုံးကြပါတယ်။ အရင်ကတော့ အဲဒီနေရာမှာ မွတ်စလင်ကျောင်းသူတွေ အတွက် အခန်းရဖို့  စင်တာအကြီးအကဲဆီကို အမြဲတောင်းဆိုနေကြရပါတယ်။ အခုလိုသီးသန့် အခန်းလေးရလိုက်တော့
    ရက်သတ္တပတ်လုံး အတွက် ၀တ်ပြုဖို့ ပါ အဆင်ပြေသွားခဲ့ပါပြီ။
    ဘာသာတရားပေါင်းစုံကို အဲဒီတက္ကသိုလ် ဘာသာရေး စင်တာကကြိုဆိုပြီးကူညီပေးနေပါတယ်။ လက်ရှိမှာတော့ ခရစ်ယာန်၊ ဂျုး နဲ့ အစ္စလာမ် ဘာသာဝင်တွေက သူတို့ ဆုတောင်းဝတ်ပြုမှုတွေ အတွက် လာရောက်အသုံးပြုနေကြပါတယ်။ ကျောင်းမှာရှိတဲ့ မတူကွဲပြားကော်မတီရော
    ကျောင်းသားသမဂ္ဂ ကပါကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကိုဖြေရှင်းပေးဖို့  အမြဲကြိုဆို အသင့်ဖြစ်နေကြပါတယ်။
    The State News တွင် ဖော်ပြခဲ့သည့် MARY GRACE KELLER ၏ Muslim women find a place for prayer on campus ကို နေခြည်မင်း (M-Media) မှ ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်သည်။
  • ဘရာဇီးလ်ရှိ ကမ္ဘာ့ဖလားကွင်းဆောက်လုပ်ရေးတွင် အလုပ်သမားတစ်ဦး ထပ်မံသေဆုံး
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    Workers look at the Arena Sao Paulo stadium, known as "Arena Corinthians" and "Itaquerao", in Sao Paulo
    – ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲကျင်းပမည့် ဆောက်လုပ်စဲ ဘောလုံးကွင်းတစ်ခုတွင် အလုပ်သမားတစ်ဦး ထပ်မံသေဆုံး ခဲ့သည်ဟု ဆေရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ်လ ၂၉ ရက် စနေနေ့က ပြောကြားခဲ့သည်။
    ဆော်ပေါ်လိုမြို့ ဆင်ခြေဖုံးရှိ Arena Corinthians တွင် အလုပ်လုပ်နေသာ ဖာဘီယို ဟာလ်မီတန်ဆိုသူမှာ စနေနေ့နံနက်တွင် အဆိုပါကွင်းရှိ ယာယီခုံတန်း တည်ဆောက်မှု အတွက် အခင်းများခင်းနေစဉ် ၂၅ ပေအမြင့်မှ ပြုတ်ကျသေဆုံး ခဲ့ခြင်းဖြစ်သည်ဟု ကွင်းတာဝန်ရှိသူများက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါသေဆုံးမှုမှာ ထိုကွင်း အတွင်း တတိယမြောက် သေဆုံးမှုလည်းဖြစ်ပြီး ဘရာဇီးလ် ဘောလုံးကွင်းဆောက်လုပ်မှု အတွင်း ၇ ယောက်မြောက်သေဆုံးသည့် အလုပ်သမားလည်းဖြစ်သည်။
    ဘရာဇီးလ် အားကစားဝန်ကြီးကလည်း ထိုသေဆုံးမှုကို အတည်ပြုခဲ့ပြီး အသေးစိတ် သတင်းပေးပို့မှုကို စောင့်နေကြောင်း၊ သေဆုံးသူ၏ မိသားစု၊ သူငယ်ချင်းများနှင့် အတူတကွရှိနေကြောင်း ပြောကြားခဲ့သည်။
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ အထွေထွေ အတွင်းရေးမှူး ကလည်း အဆိုပါသေဆုံးမှု အတွက် မိသားစုနှင့်အတူ ၀မ်းနည်းပါကြောင်း ပြောကြားခဲ့သည်။
    ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၅၀ ခုနှစ်နောက်ပိုင်း ဘရာဇီးနိုင်ငံတွင် ပထမဆုံးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ကစားကွင်း တည်ဆောက်ရေးတွင် နှောင့်နှေးမှုများ ရှိနေသည်။ ပြိုင်ပွဲကျင်းပမည့် ဘောလုံးကွင်း အားလုံး အပြီးသတ်ရမည့်နောက်ဆုံး ရက်မှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အကုန်ဖြစ်သော်လည်း လတ်စ မသတ်နိုင်မှုကြောင့် ယခုနှစ် ဧပြီလတွင် အပြီးသတ်ရန် ဖီဖာမှ သက်တမ်းတိုးပေးခဲ့သည်။
    ထို့ပြင် ကစားကွင်းဆောက်လုပ်မှုများတွင် ကစားကွင်းပြိုကျခြင်း၊ အလုပ်သမားများ သေဆုံးခြင်းတို့ ရှိနေပြီး၊ ဘရာဇီးလ်ပြည်သူများ ကလည်း ငွေကုန်ကြေးကျ များသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခြင်းအား ကန့်ကွက်နေသောကြောင့် ပြိုင်ပွဲ လုံခြုံရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။
    ရိုက်တာ
  • အီဘိုလာ ဗိုင်းရပ်စ်ကြောင့် ဂီနီနိုင်ငံတွင် သေဆုံးသူ ၇၀ အထိရှိလာ
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    Ebola outbreak kills 70 in Guinea
    – အာဖရိကအနောက်ခြင်းမှ နိုင်ငံတစ်ခုဖြစ်သည့် ဂီနီနိုင်ငံအတွင်းပျံ့နှံ့နေသည့် အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်မှာ ၇၀ အထိရှိလာပြီဟု ဂီနီကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
    အမြို့တော် ကိုနက်ရီ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး၊ နိုင်ငံအရှေ့တောင်ပိုင်း ဝေးလံခေါင်သီသောနေရာများတွင် အများဆုံးဖြစ်ပွားနေသည်ဟု ထည့်သွင်းဖော်ပြထားသည်။
    “ဇန်န၀ါရီလမှ မတ်လ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အဆိုပါဗိုင်းရပ်စ်ကြောင့် အဖျားရောဂါခံစားနေရသော လူဦးရေမှာ ၁၁၁ ဦးရှိပြီး ထိုအထဲမှ ၇၀ သေဆုံးခဲ့ကာ၊ သေဆုံးမှုမှာ ၆၃ ရာခိုင်နှုန်းအထိရှိသည်” ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
    ထိုဗိုင်းရပ်စ်ပိုးမှာ လူဦးရေ ၂ သန်းနေထိုင်သည့် မြို့တော်အတွင်းသို့ ကူးစက်ပျံ့နှံလာမည်ကို ဂီနီအာဏာပိုင်များက စိုးရိမ်နေသည်။ ကိုနက်ရီမြို့ရှိ Donak ဆေးရုံကမူ ထိုဗိုင်းရပ်စ်ကူးစက်နေသည့် လူနာ ၃၀၀ ခန့် ဆေးရုံသို့ လာရောက်ကုသခဲ့ပြီး၊ အခြားသူများသို့ ရောဂါပိုး ကူးစက်ခြင်းမှ တားဆီးရန် ရောဂါဖြစ်ပွားနေသူများအား ပြည်သူများက သီးသန့်ခွဲထားခြင်းကြောင့် ဆေးရုံရောက်သည့် အရေအတွက်မှာ လျော့ကျနေသဟု သတင်းထုတ်ပြန်ခဲ့သည်။
    ထို့ပြင် လိုက်ဘေးရီးယာနှင့် စီယာလီယိုနီ နိုင်ငံများတွင်လည်း အီဘိုလာရောဂါးပိုး ကူးစက်သူ ရာပေါင်းများစွာရှိနေပြီး အနည်းဆုံးသေဆုံးသူ ၆ ဦးနေပြီဟု သိရသည်။ ဆီနီဂေါနိုင်ငံကလည်း အီဘိုလာရောဂါပိုး နိုင်ငံအတွင်းသို့ မ၀င်ရောက်စေရန် နိုင်ငံရှေ့တောင်ပိုင်းရှိ ဂနီနယ်စပ်အား ပိတ်ပစ်ခဲ့သည်။
    အီဘိုလာဗိုပ်စ်ပိုးကြောင့် သွေးယိုသည့် အဖျားရောဂါဖြစ်ပွားနိုင်ပြီး ကြွက်သားများနာကျင်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ၀မ်းရှောခြင်း စသည်တို့ ဆိုးရွားစွာဖြစ်နိုင်ကာ၊ ကိုယ်လက်အင်္ဂါများ အသုံးပြု၍ မရတော့ခြင်းနှင့် သွေးယိုမှု မရပ်တန့်ခြင်းတို့ဖြစ်ပွားနိုင်သည်။
    အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ သွေး၊ မစင်၊ ချွေး စသည်တို့ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးဆက်နိုင်ပြီး၊ လိင်ဆက်ဆံခြင်းနှင့် ထိုဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားသည့် အလောင်းများအား အကာအကွယ်မရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်းတို့ကြောင့်လည်း အီဘိုလာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နိုင်သည်။
    ကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသည့် ဗိုင်းရပ်စ်ပိုးထဲမှ တစ်ခုဖြစ်သည့် အီဘိုလာဗိုင်းရပ်စ်ပိုးမှာ ၁၉၇၆ ခုနှစ်က ကွန်ဂိုနိုင်ငံတွင်လည်း ပျံ့နှံ့ခဲ့ဖူးပြီး ကူးစက်သူ ၂၅ မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးခဲ့သည်။
    CAH/HSN/SS
  • ဇာတ်တိုက်ထားသည့် အင်န်ဂျီအို ဆန့်ကျင်ရေး တိုက်ခိုက်မှုများ
    ဧပြီ ၂ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ- မင်းထွဋ်ခေါင်
    10153755_729383977081864_905730691_n
    မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေမြို့တွင် လွန်ခဲ့သည့်ရက်သတ္တပတ်က ကူညီကယ်ဆယ်ရေး နိုင်ငံတကာ ၀န်ထမ်းတစ်ဦးသည် ၎င်းရုံးရှေ့မှ ဗုဒ္ဓဘာသာ သာသနာ့ အလံအား ဖယ်ရှားလိုက်သည့်နောက် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO ရုံးနှင့် ၎င်းတို့၏ လုပ်သားများကို တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ ထိုဒေသ၌ တင်းမာမှုများက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။
    ထိုအခြေအနေ၏နောက်ဆုံးရ သတင်းကို သိရှိနိုင်အောင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တစ်ခု၏ အမည် မဖော်လိုသူ ထိပ်တန်းအရာရှိ တစ်ဦးနှင့် စကားစမြည်ဆိုခဲ့သည်။ ပြည်ပနှင့် ရခိုင် မဟုတ်သော ပြည်တွင်း ၀န်ထမ်းများ စစ်တွေမြို့မှ ဘေးကင်းရာသို့ ထွက်ခွာခြင်းသည် ပြဿနာအစိုင်အခဲ၏ အပေါ်ယံလွှာမျှသာ ဖြစ်ကြောင်း ရှင်းပြ၏။
    ယခုသော် နိုင်ငံတကာ အသိုင်းအ၀ိုင်းအဖို့ ရခိုင်ပြည်နယ်၌ အထောက်အပံ့ ပစ္စည်းများ ဆက်လက်ဖြန့်ဝေရန် ဖြစ်နိုင်ချေ  မရှိတော့ကြောင်း၊ ခြိမ်းခြောက်မှု (နှင့်) အစွန်အဖျားဒေသများထံဖြန့်ဝေရာ၌ အသုံးပြုသော လှေများ ယာဉ်များကို ဖျက်ဆီးမှုအားဖြင့် လုပ်ငန်းများ ဆက်လက် မလည်ပတ်နိုင်အောင် စံနစ်တကျ  ဖန်တီးခဲ့ကြောင်း သူက ဆိုသည်။
    ရိုဟင်ဂျာမွတ်စ်လင်မ် နှစ်သိန်းနီးပါး အပါအ၀င် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတို့နေထိုင်လျက် ရှိသော ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ ကျယ်ပြန့်စွာ အဓိကထောက်ပံ့ ကူညီနေသည်မှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့များ ဖြစ်ကြသည်။ ထိုတိုက်ခိုက်မှုများသည် ကယ်ဆယ်ရေး ပစ္စည်းများကိုသာ အားထားနေရသော အိုးအိမ်မဲ့ အပယ်ခံ ရိုဟင်ဂျာများအား ဦးတည်တိုက်ခိုက်ရာ ပင်မခြေလှမ်းတစ်ရပ်အဖြစ် ပေါ်လွင်လျက်ရှိသည်။
    ဒေသတွင်း ကယ်ဆယ်ကူညီရေး ပစ္စည်းဖြန့်ဝေခြင်း၌ နိုင်ငံခြား လုပ်သားများက အဓိကအခန်း ကဏ္ဍတွင် ရှိနေသော်လည်း နေ့တစ်ဓူဝ ကွင်းဆင်းဆောင်ရွက်မှု အများအပြားကို ဒေသခံ မြန်မာ လုပ်သားများက ဆောင်ရွက်နေကြသည်။ ရခိုင်လူမျိုး ၀န်ထမ်းများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းတွင်  မပါဝင်ရန်၊ အခြေခံ ၀န်ဆောင်မှုများကိုလည်း ငြင်းဆိုရန် ၎င်းတို့၏ လူ့အဖွဲ့အစည်းက သတိပေးထားသည်။ ဤသည်ကို မလိုက်နာပါက အကြမ်းဖက်ခံရမည်ဟူ၍ပင် ခြိမ်းခြောက်ခံထားကြရသည်။ ထိုရခိုင်လူ့အဖွဲ့အစည်းသည် ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် လုပ်ကိုင်နေသူတို့ကို သစ္စာဖောက်များအဖြစ် သတ်မှတ်လျက် ပြောင်ပြောင်တင်းတင်း စာရင်းထုတ်ပြန်ထားသည် အထိပင်။ အင်န်ဂျီအိုရုံးများအား တိုက်ခိုက်မှုတို့မှာ ထွက်ပေါ်ခဲ့သည့် သတင်းများထက်ပင် ပြင်းထန်ခဲ့သည်။
    အနုစိပ်ကြိုတင်ကြံစည်ထားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေကြသည်။ ထိုဖြစ်စဉ်အတွင်း ပိုင်ဆိုင်မှု(နေရာ) ၃၀ ထက်မနည်း တိုက်ခိုက်ခံခဲ့ရရာ လူ့အသိုင်းအ၀ိုင်းနှစ်ရပ် စလုံးအတွက် စီစဉ်ပေးနေသော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ရိက္ခာ သိုလှောင်ရုံသည်လည်း အဖျက်ဆီးခံ သိုလှောင်ရုံ ၇ ခုအနက် အပါအ၀င် ဖြစ်သည်။
    မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။
    မြန်မာနိုင်ငံအနောက်ပိုင်းဒေသ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဖြတ်တောက်ခံရခြင်း၏ နောက်ကွယ်၌ရှိ သူများသည် လုပ်သားများနှင့် ပစ္စည်းပစ္စယများကိုသာ ပစ်မှတ်ထားခြင်းမဟုတ်၊ ကူညီဖြန့်ချိရေး လမ်းကြောင်းများကိုပါ ဖျက်ဆီးပစ်လိုက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ မိုးရာသီဝင်ရောက်သည်နှင့် ဒုက္ခသည်စခန်း များစွာသို့ အရောက်သွားနိုင်သည့် (တစ်ခုတည်းသော နည်းလမ်း)လှေငယ်များအား ပစ်မှတ်ထားခဲ့ခြင်းက ဤသည်ကို လွယ်လင့်တကူ သိနားလည်နိုင်ပေသည်။
    လက်တစ်ဆုပ်စာမျှ ကုလ ၀န်ထမ်းများသာ မြို့ပေါ်၌ တင်းကြပ်သောလုံခြုံရေးဖြင့် ထားရှိခံရသည်။ မြန်မာအစိုးရ၏ တုန့်ပြန်မှုမှာ စစ်တွေသို့ စစ်တပ်ကိုစေလွှတ်ပြီး ထိန်းချုပ်စေသည့် လှုပ်ရှားမှုသာ ဖြစ်၏၊ ကူညီကယ်ဆယ်ဖြန့်ချိရေး လုပ်ငန်းကို ပြန်လည်သက်ဝင်လာအောင် မည်သည်ကိုမျှ ဆောင်ရွက်ပေးခြင်း မရှိချေ။
    ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုဖြစ်ကြောင်း အလွန်ရှင်းလင်း ထင်ရှားသည့် အကြောင်းတစ်ရပ်လည်း ရှိနေပါသည်။ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးသည် ရုံးပြင်ဖက်မှ ဗုဒ္ဓဘာသာသာသနာ့အလံအား ဖယ်ရှားပြီး နေရာတကျ ပြန် မထားမီ ၅ မိနစ်အတွင်း ဖြစ်ပွားသွားခြင်းဖြစ်သည်။ အလံကိုင်ပြီး ကခုန်ခြင်း၊ သူမ၏ခါး၌ (မဖွယ်မရာပြု) ပတ်ထားခြင်း ဟူသော သတင်းများမှာ မမှန်ကန်ချေ။ မည်သို့ပင်ဆိုစေကာမူ သူမက အလံကို ဖယ်ရှား လိုက်သည်နှင့် ဒေါထွက်နေသည့် လူအုပ်ကြီးက ရုတ်တရက် လျင်မြန်စွာ ထွက်ပေါ်စုရုံးလာခဲ့သည်။
    ၎င်းမှာ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများကို တစ်ချက်တည်းနှင့် ရပ်တန့် သွားအောင် ကြိုတင် ဇာတ်တိုက်ထားသော စင်တင်ပြကွက် တစ်ခုအဖြစ် ပေါ်လွင်နေပါသည်။
    လွန်ခဲ့သည့် မတ်လအစောပိုင်းက MSF (နယ်စည်းမထား ဆရာဝန်များအဖွဲ့)အား နှင်ထုတ်ကြချိန် – အစိုးရ၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများအပေါ် လူမျိုးကြီးဝါဒဖြင့် ခွဲခြားဖယ်ကြဉ်မှု သာမက ညှင်းပန်းနှိပ်စက်ရေးနှင့်ကျ န်းမာရေး ၀န်ဆောင်ချက်ဖြတ်တောက်မှုကို အတိအကျကြံစည်တော့မည့် မဟာဗျူဟာ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ကြောင်း ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုယေး ကင်တားနားမှ ပြောဆိုခဲ့သည်။ ယခုသော် အမှန်ဖြစ်ကြောင်း ဤဖြစ်စဉ်က ထုတ်ပြနေပေသည်။ ၎င်းတို့၏ ပျက်လို ဖျက်ဆီးပြုမှုချက်များမှာ ပြင်ပမှ ၀င်လာသည့် ထောက်ပံ့ကူညီမှုများအား အပြီးတိုင်ဖြတ်တောက်ရန် သီးသီးသန့်သန့် လုပ်ဆောင်ခြင်းမှ တစ်ပါး မည်သည့်အရာမျှ မဟုတ်ခဲ့သည်ကို လွယ်လင့်တကူ သုံးသပ်၍ ရနေပေသည်။
    Asian Correspondent တွင် Francis Wade  ရေးသားသည့် Full extent of anti-NGO attacks in western Burma emerging ဆောင်းပါးကို မင်းထွဋ်ခေါင် (M-Media) မှ ဆီလျောက်အောင် ဘာသာပြန်ဆိုပါသည်။