News @ M-Media

Blog

  • UNFPA ကို ပေးထားသည့် ကတိနှင့်ဆန့်ကျင်လျက် သန်းခေါင်စာရင်း၌ ရိုဟင်ဂျာ ဖြည့်သွင်းခွင့်မပြုဟု သမ္မတဆို

    M-Media
    မတ်လ ၂၉ ရက်၊ ၂၀၁၄

    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)
    သန်းခေါင်စာရင်း အသိပညာ လက်ကမ်းစာစောင်များ (ဓါတ်ပုံ RFA)

    UNFPA ၏ သန်းခေါင်စာရင်းနှင့် ပတ်သတ်သော ကြေညာချက်ထွက်အပေါ် အပြီး နောက်တစ်နေ့ (ယနေ့) တွင် သမ္မတဦးသိန်းစိန်က သန်းခေါင်စာရင်း ၌ ရိုဟင်ဂျာလူမျိုးဟု ထည့်သွင်းခြင်း ခွင့်မပြုဟု ၄င်း၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ်မှ တဆင့် ပြောဆိုလိုက်ကြောင်း ဧရာဝတီနှင့် RFA သတင်း ဌာနများက တင်ပြထားပါသည်။

    ဧရာဝတီသတင်းဌာန၏ “ရိုဟင်ဂျာဟု သန်းခေါင် စာရင်းတွင် ရေးသွင်းမှု ခွင့်မပြုဟု သမ္မတ ပြော” ဟူသော ယနေ့နေ့စွဲဖြင့် တင်ပြထားသည့် သတင်း တွင် ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွတ်က “ဒီနေ့ ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ စစ်တွေ သွားဖို့ ရှိတယ်။ သူကတော့ အသေးစိတ် သွားရှင်းပြမှာပေါ့။ အဓိကတော့ အိမ်တအိမ်ကို သွားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ အဲဒီအိမ်က ရိုဟင်ဂျာလို့ ဖြည့်မယ် ဆိုရင် ကျနော်တို့က လက်ခံမှာ မဟုတ်ဘူး။ ဘင်္ဂါလီလို့ ဖြည့်မယ်။ တခြား သတ်မှတ်ထားတဲ့ ကုတ်နံပါတ် ဖြည့်ရင် ရမယ်။ ရိုဟင်ဂျာလို့ ပြောရင် စာရင်း ရေးသွင်းမှာ မဟုတ်ပါဘူး”ဟု အတည်ပြု ပြောဆိုသည်ဟု ဖော်ပြထားပါသည်။

    မတ်လ၂၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်သော UNFPA ၏ကြေညာချက်တွင် သန်းခေါင်စာရင်း၌ မည်သူမဆို မိမိတို့အလိုရှိသည့် လူမျိုးအမည်ကို လွတ်လပ် စွာ ဖြည့်သွင်းခွင့်ရှိသည်ဟု ဖော်ပြထားသလို ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရကလည်း ထိုသည့်စံနှုန်းအတိုင်း လိုက်နာရန် ကတိက၀တ်ပြု ထားကြောင်း ဖော်ပြပါရှိသည်။

    UNFPA ၏ ဖော်ပြချက်၌ ပါရှိသည်မှာ –

    In accordance with international standards and human rights principles, and as part of its agreement with the UN and donors, the Government has made a commitment that everyone who is in the country will be counted in the census, and all respondents will have the option to self-identify their ethnicity. This commitment cannot be honoured selectively in the face of intimidation or threats of violence.

    မြန်မာပြန် – နိုင်ငံတကာ စံချိန်စံညွှန်းများအရလည်းကောင်း၊ လူ့အခွင့်အရေး စည်းကမ်းနည်းနာများ အရသာမက ကုလနှင့် အလှူရှင်များ၏ သဘောဆန္ဒများအပေါ် မှာပါ အခြေခံ၍ (မြန်မာ) အစိုးရက သန်းခေါင်စာရင်း၌ လူတိုင်းလူတိုင်း ပါဝင်ကောက်ခံမှု ခံယူရရှိရေး အတွက် ကတိက၀တ်ပြုထားသည်။ ထို့ပြင် လူတိုင်း ကလည်း မိမိတို့၏ ကိုယ်ပိုင်လူမျိုးကို ထည့်သွင်းရေးချယ်ခွင့်ရှိကြောင်းကိုပါ ကတိက၀တ်ပြုထားသည်။ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများကြောင့် ထိုကတိက၀တ်များကို မျက်နှာလိုက်ကာ ဖြည့်ဆီးခြင်းမျိုး ပြုလုပ်၍ ရလိမ့်မည် မဟုတ်။

    သို့ဖြစ်ရာ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရက UNFPA သို့ နိုင်ငံတကာစံချိန်စံညွှန်းများ လိုက်နာပါမည်ဟု ကတိပေးထားပြီး ပြည်တွင်းတွင်မူ သန်းခေါင်စာရင်းပါ လူမျိုးနေရာဖြည့်စွက်ရာ၌ မည်သည့်အသုံးအနှုံးကို လက်ခံမည်၊ မည်သည့်အသုံးအနှုံးဆိုလျှင် လက်မခံဟု ပြောဆိုနေခြင်းမှာ ကတိက၀တ်ကို မထီမဲ့မြင်ပြု မလေးစားရာရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိပါသည်။

    Ref:
    ၁) UNFPA ၏ ကြေညာချက် မူရင်း – http://bit.ly/O4JyfL
    ၂) UNFPA ၏ ကြေညာချက် မြန်မာပြန် – http://www.m-mediagroup.com/news/25934
    ၂) ဧရာဝတီသတင်းဌာနမှ သတင်းတင်ပြထားချက် – http://bit.ly/1jjD1dk

  • စစ်တွေမှ NGOs / INGOs များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်၊ ဒုက္ခသည်များ ရိက္ခာပြတ်မည်ကို စိုးရိမ်နေကျ

    မတ် ၂၉၊ ၂၀၁၄
    လင်းမာန်သီ

    စစ်တွေမှ NGOs / INGOs များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်၊ မွတ်စလင် ဒုက္ခသည်များ ရိက္ခာပြတ်မည်ကို စိုးရိမ်နေကျ

    Sittwe
    ဓါတ်ပုံ- ကြေးမုံသတင်းစာ

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၊ နိုင်ငံတကာအဖွဲ့များ တိုက်ခိုက်ခံရပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက် လာကြောင်း ဒေသခံမွတ်စလင်မ်များ ထံမှ မေးမြန်း သိရှိရပါတယ်။

    ယခင်က ဆန်တစ်အိတ်ကို ၁၂၀၀၀ ပေးရသော်လည်း၊ ယခု နိုင်ငံတကာ လူသားချင်းစာနာသော အဖွဲ့အစည်းများ တိုက်ခိုက်ခံရပြီးနောက်တွင် အခုလို ဆန်ဈေးနှုန်းများ၊ ကန်ုဈေးနှုန်းများ မြင့်တက်လာကြောင်း ဒေသလူငယ် တစ်ဦးထံမှဆက်သွယ်မေးမြန်း သိရှိရပါသည်။

    “ယခင်က ဆန်အိတ်တစ်အိတ်ကို ၁၂၀၀၀ ဘဲပေးရတာပါ၊ ယခု ဆန်တစ်အိတ်ကို ၂၀၀၀၀-၂၁၀၀၀ ဖြစ်နေပါတယ်။ တကယ်လို့ စစ်တွေမြို့ သက်ကယ်ပြင်ဘက်မှာဆိုရင်တော့ ၂၄၀၀၀ သာပေးရမည်ဖြစ်ကြောင်း” ၄င်းက ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မတ်လ ၂၆ ရက်နေ့ညပိုင်းက နိုင်ငံတကာ လူသားချင်း စာနာမှုအကူအညီများ ပေးနေသော ဂျာမနီနိုင်ငံ အခြေစိုက် မာလ်တီဇာ ဆိုသည့် အဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးက သာသနာ့ အလံကို မဖွယ်မရာလုပ်ခဲ့သည်ဟု စွပ်စွဲကာ ၄င်းအဖွဲ့အား တိုက်ခိုက်ခဲ့ပြီး နောက်နေ့ မတ်လ ၂၇ ရက်နေ့တွင် ကျန်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်ခိုက်ခဲ့ပြီး ယခုလို ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရှိရပါသည်။

    ဒုက္ခသည်စခန်းတွေမှာ အဓိကစားနပ်ရိက္ခာ ပေးနေသည့် ကမ္ဘာ့ စာနပ်ရိက္ခာအဖွဲ့ကြီး WFP ရဲ့ စားနပ်ရိက္ခာ ဂိုဒေါင်တွေကိုလည်း ဒေါသထွက်နေသော အစွန်းရောက်များက တိုက်ခိုက်ဖျက်စီးခဲ့ပြီး ၊ ထိုအဖွဲ့အစည်းများမှ ၀န်ထမ်းများအားလုံးကို ပြည်တွင်းလေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း၊ မွတ်စလင်မ်များအပေါ် နည်းမျိုးစုံဖြင့် ရခိုင်များဘက်မှ တိုက်ခိုက်လာမည်ကိုလည်း စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း ဒေသခံတွေက ပြောနေပါတယ်။ ထိုကဲ့သို့ နိုင်ငံတကာ အဖွဲ့အစည်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ရခိုင်ပြည်နယ် အစိုးရရဲ့ တာဝန်ကင်းမဲ့မှု  တစ်ခုသာဖြစ်ကြောင်း သမ္မတရဲ့ ပြောရဲ ဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ face book စာမျက်နှာပေါ်တွင် ရေးသားထားပြီး၊ စစ်တွေမြို့ခံ မွတ်စလင်မ်များမှလည်း ထိုကဲ့သို့ သုံးသပ်ဝေဖန်နေပါတယ်။

    နိုင်ငံတကာအဖွဲ့အစည်းတွေမှ ထောက်ပံ့သည့် ထောက်ပံ့ရေးပစ္စည်းတွေ ခေတ္တရပ်ဆိုင်းရတော့မဲ့ အခြေအနေ ရှိနေသည့်အတွက် စစ်တွေမြို့ ဒုက္ခသည်စခန်းမှ မွတ်စလင်မ်များအနေဖြင့် စားနပ်ရိက္ခာ ပြတ်တောက်သွားမည်ကို အထူး စိုးရိမ်မိပါကြောင်း ဒေသခံ မွတ်စလင်မ် တစ်ဦးမှ ဖုန်းဖြင့် ပြောကြားလာပါတယ်။ ” မိမိတို့ အနေဖြင့် အလုပ်အကိုင် မရှိသည့် အချိန်တွင် WFP က ပေးသည့် ရိက္ခာတွေနဲ့သာ လုံလောက်အောင် စားနေရကြောင်း၊ ယခုအခါ နိုင်ငံတကာ အဖွဲ့အစည်များ၊ ဆေးဝါးထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းများ တိုက်ခိုက်ခံရသည့်အပေါ် ကျွန်တော်တို့ အနေဖြင့် အထူးစိုးရိမ်နေရပါတယ်။ ကျွန်တော်တို့ အနေဖြင့် ကျန်းမာရေး စောင့်ရှောင်မှုတွေ လိုအပ်နေတဲ့ အချိန်မှာ ယခုလို ဖြစ်လာတော့ ပိုပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မွတ်စလင်မ်တွေ အနေဖြင့် စစ်တွေပြည်သူ့ ဆေးရုံမှာ သွားရောက်ကာ ဆေးကုသခံယူရန် အင်မတန်ခက်ခဲ လှပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေဖြင့် နိုင်ငံတကာ ဆေးဝါးကုသပေးနေတဲ့ အဖွဲ့အစည်းတွေကို အားကိုးနေရပါတယ်လို့ ဒေသခံ မွတ်စလင်မ် တစ်ဦးမှ ပြောကြားသွားတာ ဖြစ်ပါတယ်။

  • ဂျော်ဒန် တရားသူကြီး တစ်ဦးအား အစ္စရေးက ပစ်သတ်မှု အစ္စရေးသံရုံး ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ဂျော်ဒန်တရားသူကြီးတစ်ဦးအား အစ္စရေးစစ်တပ်မှ ယခုလအစောပိုင်းတွင် ပစ်သတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုအား တုံ့ပြန်သည့်အနေဖြင့် အမ်နန်ရှိ အစ္စရေးသံရုံးအား ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    000_Nic6306089-635x339

    ယမန်နေ့ သောကြာဝတ်ပြုမှုအပြီးတွင် ထောင်ပေါင်းများစွာသော ဂျော်ဒန်ပြည်သူများမှာ မြို့တော် အမ်နန်တွင် ဆန္ဒပြခဲ့ကြပြီး အစ္စရေးသံအမတ်အား တိုင်းပြည်မှ မောင်းထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်က အစ္စရေးနှင့်ချုပ်ဆိုထားသော ငြိမ်းချမ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် မတ်လ ၁၀ ရက်နေ့က အသက် ၃၈ နှစ်အရွယ်ရှိ ဂျော်ဒန်တရားသူကြီး ရာအစ် ဇေတာကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုမှာ ဆိုးရွားသောရာဇ၀တ်မှုတစ်ခုဖြစ်ပြီး အစ္စရေးအစိုးရတွင် လုံးဝတာဝန် ရှိသည်ဟု ဂျော်ဒန် ၀န်ကြီးချုပ် အက်ဘ်ဒူလာ အန်ဆောရ်က ပြောကြားခဲ့သည်။

    “အစ္စရေးဘက်က တရားဝင်တောင်းပန်ဖို့ ဂျော်ဒန်က ဖိအားပေးထားပါတယ်။ ဒီပစ်ခတ်မှုအတွက် အသေးစိတ်စုံစမ်းမှုတွေမှာလည်း ဂျော်ဒန်က တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်” ဟု အန်ဆောရ်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါတရားသူကြီးမှာ အစ္စရေးစစ်သား၏ လက်နက်ကို လုခြင်းကြောင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအာဏာပိုင်များက ကာကွယ်ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ ထိုသေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်မိသည်ဟု နောက်ပိုင်းတွင်ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်က တရားသူကြီးအား အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရာမာလာရှိ ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ထိုသတ်ဖြတ်မှုကိုလည်း ရှုတ်ချခဲ့သည်။
    DB/HSN/HRB

  • ယူကရိန်းနယ်စပ်ရှိ ရုရှား စစ်တပ် ရုပ်သိမ်းရန် ပူတင်အား အိုဘားမား တိုက်တွန်း

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ယူကရိန်းနယ်စပ်တစ်ဝိုက် ရုရှားမှချထားသည့် စစ်တပ်များကို ရုပ်သိမ်းရန်အတွက် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ရုရှားသမ္မတ ဗလာဒီမာပူတင်အား တိုက်တွန်းပြောကြားလိုက်သည်ဟု သိရသည်။

    2014328223216686734_20

    ယမန်နေ့က ပူတင်နှင့် တိုက်ရိုက်ဖုန်းပြောဆိုမှုအတွင်း အိုဘားမားက ရုရှားတပ်များ ရုပ်သိမ်းခြင်းဖြင့် တင်းမာမှုများ လျော့ကျစေမည်ဟု ပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖုန်းပြောဆိုမှုမှာ ရုရှားထောက်ခံသူ သမ္မတ ယာနူကိုဗစ်ခ်ျ ပြီးခဲ့သည့်လက ပြုတ် ကျသွားပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံအတွင်း ဖြစ်ပေါ်လာခဲ့သည့် မတည်ငြိမ်မှုများအတွက် အရေးပါသော ခေါင်းဆောင်နှစ်ဦး ပထမဆုံး တိုက်ရိုက်ပြောဆိုခြင်းလည်းဖြစ်သည်။

    ပူတင်ကလည်း လက်ရှိယူကရိန်းကြားဖြတ်အစိုးရမှာ အစွန်းရောက်များ၏ သောင်းကျန်းမှုကို ခွင့်ပြုထားသည်ဟု အိုဘာမားအား သတိပေးခဲ့ပြီး၊ အခြေအနေအားတည်ငြိမ်ရန်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ခြေလှမ်းများကိုလှမ်းရန် အကြံပြုပြောကြားခဲ့သည်။

    ယူကရိန်းနယ်စပ်အားဝန်းရံကာ တပ်များချထားရန် ရုရှားသမ္မတမှ မကြာသေးမီက အမိန့်ပေးထားပြီး၊ ထိုတပ်များ၏ အရေအတွက်မှာ စုစုပေါင်း ခန့်မှန်းခြေ လေးသောင်းခန့်ရှိမည်ဟု အမေရိကန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ရုရှားတပ်များမှာ စစ်ရေးလေ့ကျင့်မှု အယောင်ဆောင်ကာ ယူကရိန်းနိုင်ငံအား ၀န်းရံထားခြင်းဖြစ်သည်ဟု CBS သတင်းဌာနသို့ အိုဘားမားက ပြောကြားခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံများမှ ရုရှားအား ၀န်ရံပိတ်ဆို့ရန် ကြိုးစားနေသည်ဟု ပူတင်၏စွပ်စွဲမှုကိုလည်း အိုဘားမားက ငြင်းဆန်ခဲ့သည်။

    ပင်လယ်နက်ဒေသတွင် အချက်အချာကြသည့် ခရိုင်းမီးယားဒေသအား ရုရှားတပ်များမှ ထိန်းချုပ်လိုက်ပြီး၊ ယူကရိန်းတပ်များအားလုံး ထိုဒေသမှ ထွက်ခွာသွားပြီဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရှီဂူက မကြာသေးမီက ပြောကြားထားသည်။

    Agencies
    Photo-AP
  • အသင်းရှိ လူငယ်များကို အခွင့်အရေးပေးသင့်သည်ဟု စပါးနည်းပြ ရှားဝုဒ်ဆို

    မတ် ၂၉ ၊ ၂၀၁၄
    M-Media
    – ငွေကြေးမြောက်များစွာအသုံးပြု၍ လူသစ်ခေါ်ယူခြင်းထက် အသင်းရှိလူငယ်ကစားသမားများအား ယုံကြည်မှုရှိကာ အခွင့်အရေးပေးသင့်သည်ဟု စပါးအသင်းနည်းပြ တင်ရှားဝုဒ်က ပြောကြားလိုက်သည်။

    380964_heroa

    စပါးအသင်းမှာ ပြီးခဲ့သည့်နွေရာသီက အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်ကို စံချိန်တန်ပြောင်းရွှေ့ကြေးဖြင့် ရီးယဲလ်အသင်းသို့ ရောင်းချခဲ့ပြီးနောက် နည်းပြဟောင်း ဗီလာဘိုအာ့စ်က ပေါင်သန်း ၁၀၀ ကျော်အသုံးပြုကာ ကစားသမားအသစ်များ ခေါ်ယူခဲ့သည်။

    သို့သော်လည်း စပါးအသင်းမှာ ပရီးမီးယားလိဂ်တွင်ရုန်းကန်ခဲ့ပြီး၊ ဘိုအာ့စ်ကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်  စပါးအသင်းမှ ထုတ်ပယ်ခဲ့ကာ ရှားဝုဒ်နှင့် အစားထိုးခဲ့သည်။ ရှားဝုဒ်က အသင်း၏ လူငယ်ကစားသမားများဖြစ်ကြသည့် နဘီလ်း ဘန်တာလဘ်နှင့် ဟယ်ရီကိန်းတို့အား ပထမအသင်းတွင် နေရာပေးခဲ့ပြီး ၎င်းတို့မှာလည်း ခြေစွမ်းပြနိုင်ခဲ့သည်။

    “အသင်းကထွက်တဲ့ ကစားသမားတွေသာ (အသင်းအတွက်) အကောင်းဆုံးကစားသမားတွေဖြစ်တယ်လို့ ကျွန်တော်အမြဲတမ်းယုံကြည်ထားပါတယ်။ ခင်ဗျားဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို ရကောင်ရမှာဖြစ်ပေမယ့် သူ့အတွက် ပိုက်ဆံအများကြီးပေးရမှာပါ” ဟု ရှားဝုဒ်က The Independent သတင်းစာသို့ ပြောကြားခဲ့သည်။

    ၁၈ လ ကာလတိုစာချုပ်ဖြင့်သာ ခန့်အပ်ခြင်းခံထားရသည့် ရှားဝုဒ်မှာ အသင်းတွင် ကြာရှည်ရှိနေရန် မသေချာဘဲ စပါးအသင်းကလည်း နည်းပြသစ်များကိုရှာဖွေလျက်ရှိသည်။ ရှားဝုဒ်ကမူ မိမိအနေဖြင့် အမြင့်ဆုံးကို မျှော်မှန်းမထားကြောင်း၊ သို့သော်လည်း နည်းပြသစ်မှာ အသင်းနှင့် အံမ၀င်မည်ကို စိုးရိမ်မိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။