News @ M-Media

Blog

  • မင်္ဂလာတောင်ညွှန့် မြို့နယ်မှ MPTရဲ့ ၁၅၀၀ တန် ဖုန်းကဒ် ရောင်းချနေမှုမြင်ကွင်း (ဓါတ်ပုံ သတင်း)

    မတ် ၁၁ ၊ ၂၀၁၄
    M-Media
    ဓါတ်ပုံ – လင်းခန့်ဇော် (CJ)
    Sim Card
    ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာတိုက်ရုံးရှေ့ မိုဘိုင်းဖုန်း SIM ကဒ်များ ထုတ်ယူရန် စောင့်ဆိုင်းနေသော မြင်ကွင်းဖြစ်ပါတယ်။

    မြန်မာ့ဆက်သွယ်ရေး (MPT) မှ ၁၅၀၀ တန် မိုဘိုင်းဖုန်း SIM ကဒ်များ ယခင်က ခွဲတန်းဖြင့် မဲနှိုက် ရောင်းချပေးခဲ့ပြီး ပြည်ပမှ ကုမ္ပဏီ (၂) ခုဖြစ်သော အူရီဒူးနှင့် တယ်လီနော့ ကုမ္ပဏီ (၂)ခုကို လုပ်ငန်းလိုင်စင်များ ချပေးပြိးနောက်ပိုင်း ဖုန်းမရသေးသူ မည်သူမဆို ဝယ်ယူနိုင်သည့် ပုံစံဖြင့် ပြောင်းလဲ ရောင်းချလာခြင်းဖြစ်ပါတယ်။

  • အာဆင်နယ်အား ဘောလုံးပိုင်ဆိုင် ခွင့်ပေးခဲ့ပါက မိမိအသင်း ပြိုင်ပွဲမှ ထွက်ရမည်ဟု ဂွာဒီယိုလာဆို

    မတ် ၁၀ ၊ ၂၀၁၄
    M-Media

    377117_heroa
    – မနက်ဖြန်တွင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းအား နိုင်အောင်ကစားရမည်ဟု ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    မိမိတို့အသင်းမှာ လန်ဒန်တွင် ကစားခဲ့သည့် ပထအကျော့တွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိခဲ့သော်လည်း အာဆင်နယ်အသင်းမှာ ဒုတိယ အကျော့တွင် ပြန်လည် ဒုက္ခပေးနိုင်သည့် အသင်းဖြစ်ကြောင်း သိရှိသည်ဟု ဂွာဒီယိုလာကဆိုသည်။

    ယမန်နှစ်ကလည်း အာဆင်နယ်နှင့် ဘိုင်ယန်အသင်းတို့မှာ ၁၆ သင်းအဆင့်တွင် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အီမရိတ်၌ ဘိုင်ယန်က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယအကျော့တွင် အာဆင်နယ်က ၂ ဂိုး ဂိုးမရှိဖြင့် ပြန်လည်အနိုင်ကစားနိုင်ခဲ့ကာ အဝေးဂိုးစည်းမျဉ်းကြောင့်သာ ဘိုင်ယန်တို့နာက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

    “တကယ်လို့ အာဆင်နယ်ကို ဘောလုံးပိုင်ဆိုင်မှု အသာပေးလိုက်ရင်၊ ကျွန်တော်တို့ ဒုက္ခလှလှကြီး တွေ့သွားမှာပါ။ သူတို့မှာ အရည်အသွေးကောင်းတွေရှိပါတယ်။ ကစားသမားတစ်ဦးချင်းစီတိုင်းမှာ မယုံကြည်နိုင်လောက်တဲ့ စွမ်းရည်တွေရှိပါတယ်။ ဒါ့ကြောင့် ဒီဟာကိုရှောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ကျွန်တော်တို့ ဘောလုံးကိုင်ကစားဖို့ပါပဲ” ဟု ဂွာဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ဘာစီလိုနာနည်းပြဘ၀ဖြင့် အာဆင်နယ်အသင်းအား နှစ်ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးသောကြောင့် အာဆင်နယ်အသင်း၏ ကစားပုံကို ကောင်းကောင်း သိကြောင်း၊ မိမိတို့အသင်းဘောလုံးကိုင်ကစားနိုင်လျှင် နောက်တစ်ဆင့်တက်မည်ဖြစ်ပြီး၊ အာဆင်နယ်အသင်းက ဘောလုံးကိုင်ကစားနိုင်ပါက အာဆင်နယ်အသင်းက ကွာတားဖိုင်နယ်သို့ တက်ရောက်မည်ဖြစ်ကြောင်း ဂွာဒီယိုလာက ထပ်လောင်းပြောကြားခဲ့သည်။
    Goal

  • ချယ်ဆီးအသင်း ချန်ပီယံဖြစ်ရေးထက် ထိပ်ဆုံး ၃ သင်း ဝင်ရေး အဓိကဟု မော်ရင်ဟိုဆို

    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    premier-football-hotspur-jose-mourinho-chelsea-league-tottenham-spurs-stamford_3097183
    – အသင်းမှာ ရလဒ်ကောင်းများ ရရှိနေပြီး ပရီးမီးယားလိဂ်ဇယားတွင် ၇ မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင်နေသော်လည်း မိမိအနေဖြင့် ချန်ပီယံဖြစ်ရေးနှင့် ပတ်သက်၍ မစဉ်းစားသေးဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြားခဲ့သည်။

    ယမန်နေ့က စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် စပါးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိပ်ဆုံး ၄ သင်းဝင်ရန်အခွင့်အရေးမှာ မိမိတို့လက်တွင် ရှိနေပြီး မိမိတို့၏ နောက်ပစ်မှတ်တစ်ခုမှာ ထိပ်ဆုံး ၃ သင်း စာရင်းဝင်ရန်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ ထိပ်ဆုံးလေးသင်းစာရင်းကနေ ထွက်သွားဖို့ဆိုတာ တော်တော်လေး ခက်ခဲသွားပါပြီ။ သူတို့(စပါး) ဟာ အဆင့်လေးနေရာအတွက် အကြီးဆုံး ငြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ ၉ ပွဲကစားဖို့ရှိရာမှာ ကျွန်တော်တို့ ၇ မှတ် ဆုံးရှုံးသွားတာမျိုးလည်း အများကြီးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁၃ မှတ်ဆုံးရှုံးတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခုက ပရီးမီးယားလိဂ် ထိပ်ဆုံး ၃ သင်းထဲဝင်ဖို့ဖြစ်ပါတယ်”ဟု စပါးနှင့် ပွဲအပြီးတွင် မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: skysports

  • အီဂျစ်ထောင်တွင်းမှ လူမဆန်သော နှိပ်စက်မှုများ ဖြစ်ရပ်များ ဗီဒီယို မှတ်တမ်းများ အရ သိရ

    မတ် ၁၀၊ ၂၀၁၄
    M-Media
    20143885328159734_20
    – အီဂျစ်နိုင်ငံ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားတစ်ယောက်အား လျှို့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုဗီဒီယိုမှတ်တမ်းများ အရ အကျဉ်းသားများအား နှိပ်စက်ခြင်း၊ အဓ္ဓမ သက်သေထွက်ဆိုခိုင်းခြင်း၊ အခန်းကျဉ်းများတွင် ပိတ်လှောင်ထားခြင်း စသည် လူမဆန်သော လုပ်ရပ်များ ရှိနေသည်ဟု သိရသည်။

    မိုဘိုင်းဖုန်းဖြင့်ရိုက်ကူးထားပြီး ဂျာနယ်လစ်များလက်သို့ ရောက်ရှိလာခဲ့သည့် အဆိုပါဗီဒီယိုတွင် လက်ရှိ အကျဉ်းကျခံနေရသူ တစ်ဦး၏ ထောင်အတွင်းနေထိုင် ရသည့် အတွေ့အကြုံများအား ဖော်ပြထားပြီး၊ ပထမဦးဆုံး ရိုက်ကူးနိုင်ခဲ့သည့် ဗီဒီယိုမှတ်တမ်းလည်းဖြစ်သည်။

    “ပြောလို့မရတဲ့ ပုံစံမျိုးတွေနဲ့ ကျွန်တော့်ကို သူတို့နှိပ်စက်ခဲ့ကြပါတယ်။ ထွက်ချက်ကို အလွတ်ကျက်ဖို့ကျွန်တော့်ကိုခိုင်းတယ်၊ ပြီးတော့ “မင်းလူ တစ်ယောက်ရှေ့မှာရပ်ပြီး၊ ငါတို့ပြောတာကို တစ်လုံးမကျန် ပြောရမယ်” လို့ သူတို့ ကျွန်တော့်ကို ပြောပါတယ်” ဟု တက္ကသိုလ်ကျောင်းသားဟုဆိုသည့် လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းမသိသောမေးခွန်းများ၊ မသိသောသူများကို မေးမြန်းကြောင်း၊ နှိပ်စက်မှုများနှင့် ခြိမ်းခြောက်မှုများကိုမခံနိုင်သောကြောင့် ၎င်းတို့ ခိုင်းစေသမျှကို ပြောမည်ဟု ပြောခဲ့ရကြောင်း၊ ၎င်းတို့၏ မေးခွန်းများကို မဖြေပါက ရိုက်နှက်ကြောင်း အဆိုပါလူငယ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထောင်အတွင်း၌ ညှင်းပန်းနှိပ်စက်မှုများရှိသည်ဆိုခြင်းနှင့် ပတ်သက်၍ အီဂျစ် ပြည်ထဲရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနက မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။ သို့သော်လည်း ပြည်ထဲရေး ၀န်ကြီး မိုဟာမက် အီဗရာဟင်ကမူ ထိုင်သတင်းအား ငြင်းဆိုခဲ့ပြီး၊ မည်သူတစ်ဦး တစ်ယောက်မှ တင်းအဓ္ဓမ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှု မရှိဘဲ ၎င်းတို့မှာ ရမ်းကားသော ဆန္ဒပြမှုများနှင့် လက်နက်ကိုင်ဆောင်မှုများ အတွက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုဗီဒီယို မှန်ကန်မှုရှိ မရှိကို အတိအကျပြော၍ မရသေးပေ။

    Al Jazeer

  • မလေးရှားလေယာဉ်ပျောက်ဆုံးမှု နောက်ဆုံး စက်ရပ် သတင်းစာရှင်းလင်းပွဲ

    မတ်လ ၁၀ ရက်၊ ၂၀၁၄။ (မြန်မာစံတော်ချိန် ည ၇ နာရီခန့်)
    M-Media
    တင်ဆက်သူ- ရောဘတ်အယ်လ်ဟို့စ်

    _73477732_china_malaysia_plane2_624

    ပြီးခဲ့တဲ့ ၇၂ နာရီကျော်ကတည်းက ပျောက်ခြင်းမလှပျောက်နေပြီး ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၂ ဦးပါဝင်တဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် ၃၇၀ ၊ ခရီး သည်တင်လေယာဉ် ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အခုလေးတင်ဘဲ ကွာလာလမ်ပူမြို့မှာ သ တင်းစာ ရှင်းလင်း ပွဲ လုပ်နေပါ တယ်။ CNN က တိုက်ရိုက်လွှင့်နေပါတယ်။

    မလေးရှားမြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင် အဖွဲ့ရဲ့ ညွန်ကြားရေးမှုးချူပ် ဖြစ်သူ အဇာရွဒ်ဒင် အဗ္ဗဒူရ်ရဟ်မန် ဦးဆောင် ရှင်းပြနေပါတယ်။

    ပြောသွားတဲ့ထဲက အနှစ်ကို ချူပ်လိုက်ရင်၊ လေယာဉ်ပျောက်တာကို အခုထိရှာမတွေ့ သေးပါဘူး။ ဘာ့ကြောင့် ပျောက်နေရတယ်( ပျက်ကျတာမျိုး၊ အပိုင်စီးံရတာမျိုး စသဖြင့် ) တစ်ခုခု အတည်ပြုလို့ မရေသေးပါဘူး။

    တောင်တရုတ်ပင်လယ်ထဲမှာတွေ့တဲ့ လေယာဉ်ပျက်ကျတယ်လို့ အရင်က သံသယဖြစ်ခဲ့ တဲ့ နေရက တွေ့ရတဲ့ ဆီကွက်ကြီး က ဆီနမူနာတွေကို မလေးရှားအဏာပိုင်များက ရယူ ဓာတ်ခွဲကြည့်ရမှာ ပျောက်နေတဲ့ လေယာဉ်က လုံးဝ မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

    ဗီယက်နမ်နိုင်ငံ ဆိုင်ဂုံ မြို့( ဟိုချီမင်းမြို့) ရဲ့ ကမ်းလွန် မှာတွေရတဲ့ လေယာဉ်ပျက် အစိတ် အပိုင်းလို့ ယူဆရတဲ့ အရာတွေဟာလည်း ခုထိ ပျောက်ဆုံးလေယာဉ်က ဟုတ်သလား မဟုတ်သလား ဆိုတာကိုလည်း စစ်ဆေးနေဆဲပါ။ အတည်မပြုနိုင်သေးပါ။

    အခုအချိန်အထိ အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀ နိုင်ငံက ပင်လယ်ပြင်ရှာဖွေရေး အဖွဲ့တွေနဲ့ နေ့၊ည အပူအပြင်း ရှာဖွေနေဆဲပဲဖြစ်ပါတယ်။ ရှာဖွေနေတဲ့ နေရာကိုလည်းကို ရှာဖွေနေတဲ့ နေရာအကျယ်အ၀န်းထက် အဆပေါင်းများစွာ တိုးချဲ့ပြီး ဆက်လက် ရှာဖွေ နေ ပါတယ်။

    ရှာဖွေနေတဲ့ နေရာကတော့ အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ပိုင်းနဲ့ ဗီယက်နမ် နိုင်ငံ ကမ်းရိုးတန်း ကမ်း လွန်ဒေသ အကြား ကျယ်ပြန့်တဲ့ ရေပြင်ကြီး တစ်ခုလုံးကို ဇုန် A ၊ B ၊ C ၊ D ဆိုပြီး ဇုန်ေ လးဇုံ ခွဲ ပြီး ရှာဖွေရေး အုပ်စုအသီးသီးနဲ့ ရှာဖွေနေကြပါတယ်။

    လေယာဉ်ပေါ်ပါသွားတဲ့ သံသယ ဖြစ်ဖွယ်ရာ သူနှစ်ဦးဟာ တခြားသူများရဲ့ ပတ်စ်ပို့ကိုခိုး ယူပြီး ကြံစည်ခဲ့ဘွယ်ရှိတယ် ဆိုတဲ့ဟာလည်း သံသယ အဆင့်မှာသာ ရှိနေသေးတာမို့ ဘာမှမသေချာသေးတဲ့ အချက်ကို မူတည်ပြီး ခန့်မှန်းသတင်းတွေ မရေးသားကြဖို့ကိုလည်း တရားဝင် ပန်ကြားလိုပါတယ် ။ ခိုးယူခံခဲ့ရတဲ့ ပတ်စ်ပို့တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ် ကတည်းက ထိုင်းနိုင်ငံ မှာ အခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

    လို့ မစ္စတာ အဇာရွဒ်ဒင် အဗ္ဗဒူရ်ရဟ်မန် က ပြောကြားသွားပါတယ်။

    သူပြောသွားသမျှတွေ ကို နောက်ဆုံး ကောက်ချက်ချကြည့်ရရင် ဒီလေယာဉ် ပျောက်ဆုံးမှုမှာ အခုထိ ဘာသဲလွန်စ မှ မတွေ့သေး မရသေးပါဘူး၊ ဘာကောက်ချက်မှလည်း ချလို့ မရသေးပါဘူး ဘို့ တရားဝင်ပြော ကြားသွားတာပါ။

    #MH370