News @ M-Media

Blog

  • ခရိုင်းမီးယားအရေး ရုရှားနှင့် အမေရိကန်တို့ ဆွေးနွေးပွဲ အဖြေမထွက်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    usrussşia
    – ခရိုင်းမီးယားအရေး ၆ နာရီကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ကြသော်လည်း မိမိတို့မှာ မည်သည့်အဖြေမှ မရခဲ့ဟု ရုရှားနှင့် အမေရိကန် ထိပ်တန်းသံအမတ်များက ပြောကြားခဲ့သည်။

    ထိုဆွေးနွေးပွဲအား ယမန်နေ့က လန်ဒန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် ခရိုင်းမီးယားပြည်သူများ၏ ဆန္ဒကို လေးစားသွားမည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီး လာဗရော့ဗ်က ဆိုသည်။ ထို့ပြင် ခရိုင်းမီးယားအရေး ရုရှားနှင့် အမေရိကန်တို့၏ အမြင်များမှာ တူညီခြင်းမရှိသောကြောင့် ထိုကိစ္စအတွက် အဖြေမှာ ထွက်လာရန်မရှိသေးဟု ၎င်းကဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကမူ ယခုဆွေးနွေးပွဲမှ အထောက်အကူပြုသော အမြင်များကို ရရှိခဲ့ပြီး၊ ယူကရိန်း၏ ဂုဏ်သိက္ခာကို လေးစား ရမည်ဖြစ်ကြောင်းဆိုသည်။ ထို့ပြင် မနက်ဖြန်တွင် ပြုလုပ်မည့် ခရိုင်းမီးယား ပြည်သူ့ဆန္ဒခံယူပွဲမှာ ယူကရိန်း၏ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး အမေရိကန်နှင့် မဟာမိတ်နိုင်ငံများကလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ယူရိန်းတွင် ရုရှားထောက်ခံသူ သမ္မတ ယာနူကိုဗစ်ခ်ျ ပြုတ်ကျခဲ့ပြီးနောက် ခရိုင်းမီးယားဒေသအား ရုရှားစစ်သားများက ၀င်ရောက်ထိန်းချုပ်ခဲ့ပြီး၊ ခရိုင်းမီးယားပါလီမန်ကလည်း ၎င်းတို့ဒေသအား ယူကရိန်းမှခွဲထွက်ကာ ရုရှားနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် မဲခွဲဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အား အတည်ပြုရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကို မနက်ဖြန်တွင် ပြုလုပ်ရန် ရှိနေသည်။

    ယူကရိန်းအရေး ရုရှားမှ ၀င်ရောက်စွက်ဖက်မှုကို အမေရိကန်နှင့် အနောက်နိုင်ငံများက ရှုတ်ချခဲ့ပြီး၊ လာဗရော့ဗ်ကမူ ယူကရိန်းသို့ ရုရှားမှ ကျူးကျော်ရန် အစီအစဉ်မရှိကြောင်း၊ ပြည်သူဆန္ဒခံယူပွဲပြီးမှ ရုရှား၏ ရပ်တည်ချက်အား တိတိကျကျဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့တွင် ထည့်သွင်းပြောကြားခဲ့သည်။

    Al Jazeera and agencies

  • ကာတာ အလုပ်သမားပြဿနာ မိမိတို့ တာဝန်မဟုတ်ဟု ဖီဖာဆို

    မတ် ၁၅၊ ၂၀၁၄
    M-Media

    2014314162249941734_20
    ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗဲလ်က်

    – ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြုလုပ်မည့် ကာတာနိုင်ငံ၏ အလုပ်သမားပြဿနာများအတွက် မိမိတို့မှာ တာဝန်ရှိသော အဖွဲ့အစည်းမဟုတ်ဟု ဖီဖာအကြီးတန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

    ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပရေး တည်ဆောက်ရေး လုပ်ငန်းခွင်မှ  ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်သမားများအား ကာတာနိုင်ငံမှ ဆက်ဆံမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာနေခြင်းကြောင့် ဖီဖာမှ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အလ်ဂျာဇီးရားသတင်းဌာနနှင့် အင်တာဗျူးတွင် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗဲလ်က်က ထိုကိစ္စအတွက် ကာတာနှင့် အချို့အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများကို ဖီဖာမှ ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။ သို့သော် မိမိတို့အဖွဲ့၏ လုပ်ငန်းများ မဟုတ်သည့်အတွက် တာဝန်ယူမည်မဟုတ်ဟုဆိုသည်။

    “ဖီဖာဟာ ကုလသမဂ္ဂ မဟုတ်ပါဘူး။ ဖီဖာဆိုတာ အားကစားအဖွဲ့တစ်ခုပါ။ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီက ဘာဖြစ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ ပြောလို့ မရပါဘူး။ အဲဒါဟာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး” ဟု ဗဲလ်က်က ဆိုသည်။

    ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှ ဖီဖာအား ဖိအားပေးခြင်းမှာ မျှတမှုမရှိကြောင်း၊ ဖီဖာ၏ ကျင့်ဝတ်၊ စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသာ မိမိတို့ ပြောနိုင်ပြီး၊ မိမိတို့အား တာဝန်ရှိသူများအဖြစ် တာဝန်ရှိသူများအဖြစ် ရှုမြင်၍ မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပြိုင်ပွဲကျင်းပရန်အတွက် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားများ၏ အန္တရာယ်ကင်းရှင်းမှု၊ လုပ်ငန်းခွင်ခြေအနေများနှင့် ပတ်သက်၍ ကာတာနိုင်ငံမှာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများကို ခံနေရသည်။ အဆိုပါဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများမှာ နိုင်ငံခြားသား အလုပ်သမားများဖြစ်ပြီး၊ ထိုပြဿနာများအား ပြီးခဲ့သည့်နှစ်ကတည်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

    ဆောက်လုပ်ရေးလုပ်ငန်းများတိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ တိုးတက်မှုများ ရရှိအောင် လုပ်ဆောင်နေကြောင်း၊ အချိန်ယူရမည်ဖြစ်ကြောင်း ဗဲလ်က်က ပြန်လည်ဖြေကြားခဲ့သည်။
    Al Jazeera

    Photo-[Reuters]

  • ဆားဘီးယား စစ်ဌာနချုပ်တွင် မွတ်စလင် စစ်သားများ အတွက် ၀တ်ပြုဆောင်တစ်ခု ဖွင့်လှစ်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    sancak
    – ဆားဘီးယား စစ်တပ်တွင် အမှုထမ်းနေသော အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုနိုင်ရန် ၀တ်ပြုဆောင်တစ်ခုကို ဆားဘီးယား စစ်ဌာနချုပ်တွင် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

    မြို့တော်ဘဲလ်ဂရိတ်ရှိ စစ်တပ်တွင် ဆောက်လုပ်ပေးခဲ့သည့် အဆိုပါဝတ်ပြုဆောင်များမှာ စစ်ဌာနချုပ်တွင် ဆောက်လုပ်ပေးသော ပထမဆုံး ၀တ်ပြုဆောင်ဖြစ်ပြီး ဖွင့်ပွဲအား ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲသို့ ဆားဘီးယား အစ္စလာမ်လူ့အဖွဲ့စည်း၏ အကြီးအကဲနှင့် ဘဲလ်ဂရိတ်မြို့၏ မွဖ်သီဖြစ်သူ အဒမ်ဇီလ်ကစ် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

    “ဒါဟာ ဆားဘီးယားနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ” ဟု ဇီလ်ကစ်ကဆိုသည်။ ယခင်ကလည်း နိုငံအနောက်တောင်ပိုင်းရှိ နိုဗီပါဇာမြို့ရှိ စစ်တပ်တွင် အစ္စလာမ်ဘာသာဝင် စစ်သားများအတွက် ၀တ်ပြုဆောင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ဖူးသည်။

    ဥရောပအရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ဆားဘီးယားနိုင်ငံတွင် လူဦးရေ ၇.၁ သန်းရှိပြီး၊ ၃.၁ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်ဟု ခန့်မှန်းမှုများကဆိုသည်။ လူအများစုမှာ ခရစ်ယာန်(အော်သိုဒေါ့စ်)ဘာသာကို ယုံကြည်ကြသူများဖြစ်ပြီး အစ္စလာမ်ဘာသာမှာ တိုင်းပြည်၏ တတိယမြောက် ကိုးကွယ်မှု အများဆုံး ဘာသာတစ်ခုဖြစ်သည်။ ဘဲလ်ဂရိတ်မြို့ရှိ Bajrakli ဗလီဝတ်ကျောင်းတော်မှာ ဥရောပရှိရှေးအကျဆုံး ဗလီဝတ်ကျောင်းတော်များထဲမှ တစ်လုံးဖြစ်ပြီး ၁၅၇၅ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

    World Bulletin

  • ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    ထမင်းအိုးတည်ထားရာမှ မီးလောင်ကျွမ်းမှု လှည်းတန်းတွင်ဖြစ်ပွား

    မတ် ၁၅၊ ၂၀၁၄
    M-Media
    K K

    unnamed

    ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် မင်္ဂလာလမ်းတွင် ယနေ့ ညနေ ၅း၄၅-နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့သော်လည်း ရပ်ကွက်ပြည်သူများက မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားသည်ဟု သိရသည်။

    ဖြစ်စဉ်မှာ ထမင်းအိုးတည်ထားရာမှတဆင့် အပူလွန်ကဲ၍ ၁၀-မိနစ်ခန့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် တန်ဖိုး ၃၀၀၀၀ ကျပ်နီးပါး ဒစ်ဂျစ်တယ် မီးဖိုတစ်လုံးသာဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။

    “မီးဖိုးကတဆင့်ဖြစ်တာ။ လျှပ်စစ်မီးခလုတ်ရှိတယ်။ အဖွင့်အပိတ်ခလုတ်က ဖွင့်လို့လည်း မရဘူး ပိတ်လို့လည်း မရဘူး။ အသေကြီးဖြစ်နေတယ်။ အဲလိုဖြစ်နေတော့ မီးဝင်သွားတာပဲ လျှပ်စစ်အခေါ်အဝေါ်အရဆိုရင်တော့ တန်းပြီး လျှော့ဝင်သွားတာ ဒီဂျစ်တယ်မီးဖိုတစ်လုံး လောင်တာဖြစ်တဲ့အတွက် ၅ မိနစ်လောက်တော့ ကြာလိမ့်မယ်။ အပူလွန်ကဲပြီးလောင်တာပါ။” ဟု စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

  • ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည်

    ဒီးဒို အချိုရည်သတင်းများနှင့် ပတ်သက်၍ ထိုင်း Foot Star ကုမ္ပဏီ ရှင်းလင်းမည်

    မတ် ၁၅၊ ၂၀၁၄
    M-Media
    လမင်း

    ပြည်တွင်းဈေးကွက်အတွင်းရှိ စားသောက်ကုန်များဖြစ်ကြသော အားလူးကြော် Oishi နှင့် အချိုရည်တစ်ခုဖြစ်သော Dee DOအချိုရည် တို့တွင် အန္တရာယ်ရှိသော Chemical များ ပါဝင်သောကြောင့် စမ်းသပ်မှုများအရ စားသုံးရန် မသင့်ဟု မြန်မာနိုင်ငံစားသုံးသူများအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က
    ပြောကြားခဲ့သည်။

    သောက်သုံးသူများပြားနေတဲ့ Dee DOအချိုရည်ကိုလည်း သောက်သုံးနေသူများမှ အရမ်းအနံ့စူးနေသောကြောင့် ဓာတ်ခွဲကြည့်ရန် တောင်းဆိုလာသော ကြောင့် စစ်ဆေးမှုပြုလုပ်ကြည့်လိုက်သောအခါ 1ML ကိုမှိုခြောက်သန်းခန့်ပါဝင်နေပြီး ၁ ပုလင်း 450 ML ကိုမှိုသိန်း ၂၇၀၀ ပါဝင်နေတာ တွေ့ရှိ ကြောင်း ကိုလည်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ ထိုသို့ မှိုပါဝင်များသည့် အချိုရည်ကို သောက်သုံးခြင်း အားဖြင့် ၀မ်းပျက်ဝမ်းလျောရောဂါ၊ အူမကြီးကင်ဆာ၊ ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ အသင်းမှ ပြောကြားခဲ့သည်။

    “ဒီအကြောင်းက တာဝန်ရှိသူတွေလည်း သိတယ်။ ဒါပေမယ့် ဈေးကွက်ထဲကတော့ ပြန်မသိမ်း သေးပါဘူး။ လက်ကျန်ပစ္စည်းတွေလည်း ရှိနေသေးတယ်” ဟု စားသောက်ကုန်ပစ္စည်း လက်ကားဆိုင် အရောင်းတာဝန်ခံတစ်ဦးက ပြောသည်။

    သတင်းမီဒီယာများတွင်ပျံ့နှံနေသောအကြောင်းအရာများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ Food star ကုမ္ပဏီမှ ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေးအကြောင်း ကို မတ်လ ၁၈-ရက်နေ့တွင် M-3 စားသောက်ဆိုင်၌ နေ့လည် ၂း၀၀-နာရီမှ ညနေ ၄း၀၀-နာရီအထိ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဟု သိရသည်။

    အလားတူပင် “Oishi အာလူချောင်းကြော်က ဓာတ်ခွဲခန်းကိုမပို့ခင်မှာကတည်းက Facebook မှာပျံ့နှံနေတာပါ။ Oishi အာလူးကြော်ကို မီးရှို့ကြည့်ပါက ဖယောင်း တိုင်ကဲ့သို့လောင်ကျွမ်းခြင်း၊ လေသလပ်ခံထားပါက ပြင်ပတွင် ၄၈နာရီ ထားသော်လည်း ကြွပ်နေခြင်းအစရှိ သဖြင့် သတင်းတွေ ထွက်လာ ပါတယ်။ ကျွန်တော်တို့က သမ၀ါယမလက်အောက်ကဓာတ်ခွဲခန်းမှာခွဲစိတ်ကြည့်လိုက်တော့ ပုံမှန်အားဖြင့် acid value 0.6 ရှိရမှာကို သူက 5.279 ရှိနေတယ်။ ပြီးတော့သူက စားအုန်းဆီနဲ့ကြော်ထားတာဖြစ်နေတယ်။ စားသုံးဖို့လုံးဝမသင့်တာပါ။ စားသုံးရင်အူမကြီးကင်ဆာတို့ အသဲကင်ဆာတို့ ဖြစ်နိုင်ပါတယ်။ ကျွန်တေယ်တို့အနေနဲ့စားသုံးသူတွေကိုကာကွယ်နေတာပါ၊ လုပ်ငန်းရှင်တွေကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး” ဟု ဦးဗအုပ်ခိုင်က ဆက်လက်ရှင်းလင်းခဲ့သည်။

    စားသောက်ကုန်အများစုသည် စားအုန်းဆီ၊ ပြန်ကြော်ဆီများဖြင့်သာ အများစုကအသုံးပြုကြပြီး  နိုင်ငံရပ်ခြားမှ တင်သွင်းလာသော အန္တရာယ် မကင်း သည့် ဆီများကို သက်ဆိုင်ရာအစိုးရမှ တာဝန်ယူမှုမရှိကြောင်း မြန်မာနိုင်ငံစားသုံးသူများအသင်းမှပြောသည်။

    မြန်မာနိုင်ငံမှစားသုံးသူများသည် စားသုံးသူများရဲ့အခွင့်အရေးတွေကို ဖော်ထုတ်ရန်အချိန်ရောက်နေပြီ ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ကမ္ဘာ့ စားသုံးသူ အခွင့်ရေးများနေ့အထိမ်းအမှတ်ပွဲတွင် မြန်မာနိုင်ငံစားသုံးသူများအသင်းမှ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာကပြောကြားခဲ့သည်။

    “ကျွန်မတို့စားသုံးသူများအနေနှင့် အခွင့်ရေးတွေကိုဖော်ထုတ်သင့်တာကြာပါပြီ။ အရင်က ဒီလိုအခွင့်အရေးတွေမရှိခဲ့ပါဘူး။ ကျွန်မတို့အသင်း အနေနဲ့ လည်းပြည်သူတွေစားသုံးတဲ့အခါမှာ ဘေးဥပဒ်ကင်းတဲ့ အစားအသောက်တွေဖြစ်အောင် စီစစ်နေပါတယ်။ အဓိကတော့ အခုကလေးတွေရဲ့ ကျောင်းက ရောင်းတဲ့မုန့်ဈေးတန်းမှာစစ်ဆေးနေတယ်။ အဲဒီမှာ တရုတ်ပြည်က လာတဲ့နို့မုန့်ခဲလေးတွေရောင်းနေတာတွေ့တော့ စစ်ဆေးကြည့်တော့ တရုတ်စာ တတ်တဲ့လူကိုဖ တ်ခိုင်းကြည့်လိုက်တော့ သူတို့ဆီမှာ အိမ်မွေးတိရစ္ဆာန်တွေကို ကျွေးတဲ့မုန့်တွေဖြစ်နေတယ်။ ဒါမျိုးတွေမဖြစ်သင့်ပါဘူး။ အခုဆိုရင် စားသုံးသူတွေအနေနဲ့ လွပ်လပ်စွာပြောဆိုလို့ရနေပါပြီ” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။