News @ M-Media

Blog

  • Tour De Langkawi ပြိုင်ပွဲ အီရန် စက်ဘီးစီးသမား ဗိုလ်စွဲ၊ ပြိုင်ပွဲသက်တမ်းတွင် ပထမဆုံးဗိုလ်စွဲသည့် အာရှသားဖြစ်

    မတ်လ ၉ ၊ ၂၀၁၄
    M-Media
    မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား ဗိုလ်စွဲ ပြိုင်ပွဲသက်တမ်းတစ်လျှောက် ပထမဆုံး ဗိုလ်စွဲနိုင်ခဲ့သည့် အာရှသားဖြစ်လာ

    353813_Mirsamad-Pourseyedigolakhour

    – မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ တရန်နဂူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Tour De Langkawi စက်ဘီးစီးပြိုင်ပွဲတွင် အီရန်နိုင်ငံသား စက်ဘီးစီးကစားသမား Mirsamad Pourseyedigolakhour က အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    Tabriz-Petrochemical အသင်းအတွက် ကစားပေးသည့် Mirsamad မှာ ပြိုင်ပွဲအတွင်း စုစုပေါင်းကြာချိန် ၃၅ နာရီ ၇ မိနစ်နှင့် ၁၆ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ခြင်းဖြစ်ပြီး ထိုပြိုင်ပွဲတွင် ပထမဆုံးဗိုလ်စွဲနိုင်ခဲ့သည့် အာရှစက်ဘီးစီးကစားသမားလည်းဖြစ်သည်။

    “အာရှက ပထမဆုံးဗိုလ်စွဲနိုင်ခဲ့တဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ၁၉ နှစ်ကြာပြီးမှ အာရှသားတစ်ယောက်ဟာ ဒီလိုဗိုလ်စွဲနိုင်ခဲ့တာပါ။ ဒါ့ကြောင့် ဒီအောင်ပွဲဟာ ကျွန်တော်နဲ့ အာရှ စက်ဘီးလောကအတွက်တော့ မဟာအောင်မြင်မှုကြီးပါပဲ” ဟု Mirsamad က ပြောကြားခဲ့သည်။

    ထို့ပြင် အီရန်နိုင်ငံမှာ တောင်များ များပြားသောကြောင့် ပြိုင်ပွဲအတွက် လေ့ကျင့်ရန်နှင့် အရည်အသွေးတိုးတက်ရန် အထောက်အကူပြုခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Tour De Langkawi  စက်ဘီးစီးပြိုင်ပွဲမှာ မလေးရှားတွင် နှစ်စဉ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ၁၉၉၆ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆင့်များ သတ်မှတ်ထားသည့်အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီလနှင့် မတ်လတွင်ကျင်းပလေ့ရှိပြီး ကမ္ဘာ့တစ်ဝှမ်းမှ စိတ်ဝင်စားခြင်းခံရသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

    PressTV

  • ပျောက်ဆုံးနေသော MAS လေယာဉ် ပေါ်မှ တရုတ်ခရီးသည်ထံ ဖုန်းခေါ်လို့ ရသော်လည်း ဖုန်းမကိုင်

    မတ်လ ၉ ရက်၊ ၂၀၁၄
    M-Media
    မလေးပျောက်ဆုံးလေယာဉ်ပေါ်မှ တရုတ်ခရီးသည်တစ်ဦး၏လက်ကိုင် ဖုန်းအား ဆက်သွယ်၍ ရခဲ့၊ သို့သော် တစုံတရာပြန်လည်ဖြေကြားခြင်းမရှိ

     

    Malaysia-Airline-crash-3219395
    ပျောက်ဆုံးနေသော မလေးလေကြောင်းလိုင်းမှ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသွားသည့် တရုတ်ခရီးသည်တစ်ဦး၏ လက်ကိုင်ဖုန်းအား ဆက်သွယ်ခေါ်ဆို၍ ရခဲ့ကြောင်း၊ သို့ရာတွင် မည်သူမျှ ဖုန်းကို ပြန်လည်ဖြေ ဆိုခဲ့ခြင်းမရှိကြောင်း ယူကေအခြေဆိုက် The Mirror သတင်းဌာန က ရေးသားဖော်ပြထားပါသည်။ The Mirror သတင်းဌာနက ခရီးသည်ထံ ဖုန်းဆက်သွယ်နေသည့် ဗီဒီယိုဖိုင်ကိုပါ တင်ပြထားသည်။

    တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ တရုတ်မိသားစုများက လေယာဉ်ပေါ် တွင် စီးနင်းလိုက်ပါသွားသော ၄င်းတို့၏ ဆွေမျိုးများထံ တယ်လီဖုန်းဆက် သွယ်၍ ရကြောင်း၊ သို့ရာတွင် ပြန်လည်ဖြေဆိုခြင်းမျိုးကိုမူ လက်ခံရရှိခြင်း မရှိကြကြောင်း သိရသည်။ ထို့ကြောင့် MH 370 လေယာဉ်ကြီး၏ ကြမ္မာကို မည်သို့ဆုံးဖြတ်ရမည်ဆိုသည့် အမေးပုစ္ဆာအတွက် သံသယပွားစရာများ များသထက်များလာနေသည်။

    Flight Global မဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်သူ လေယာဉ်မှူး ဒေးဗစ်လဲ ယာမောင့်က “တခုခုဖြစ်တဲ့အချိန်မှာ၊ လေယာဉ်မှူးက ဘာဖြစ်နေလဲ ဆိုတာကို ဘယ်သူ့ကိုမှ မပြောဘူးဆိုရင် ဒါဟာ တော်တော် ထူးခြားနေပြီ။ လေယာဉ်မှူးက အရေးပေါ်အချက်ပြဖို့ ပျက်ကွက်ခဲ့ တယ်ဆိုရင် ဒါဟာ သဘာဝမကျဘူး၊ အချက်ပြဖို့လည်း အချိန်တွေ အများကြီး ရှိနေခဲ့တာပဲ၊ တခုရှိတာက လေယာဉ်ပေါ်မှာ ဗုံးထောင်ထားတာမျိုး ဆိုရင်တော့ အချက်ပြဖို့ ခဲယာဉ်းမှာပေါ့၊ ဒါပေမယ့် ဗုံးထောင်ထားတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး” ဟု မှတ်ချက်ပေးခဲ့သည်။

    Ref: tinyurl.com/l68jmyf

    #MH370

  • ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ် မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ

    ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ် မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ

    မတ် ၉၊ ၂၀၁၄
    M-Media

    – ယမန်နေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင်လေယာဉ်မှာ မပျောက်ဆုံးမီအလျင် ပြန်လှည့်ရန် ကြိုးစားခဲ့သည့် အခြေအနေ များကို တွေ့ရှိခဲ့ရခြင်းကြောင့် တာဝန်ရှိသူများက ရှာဖွေသည့် ဧရိယာကို ပိုမိုတိုးမြှင့်ခဲ့သည်ဟု မလေးရှား လေတပ် အကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် ဘိုးအင်း ၇၇၇ အမျိုးအစား အဆိုပါလေယာဉ်အား ရှာဖွေနေခြင်းမှာ ၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုများလည်း အမြင့်ဆုံးအဆင့်သို့ ရောက်နေသည်။၊ ရေဒါမှ အချက်အလက်များအရ အဆိုပါလေယာဉ်မှာ ပြန်လှည့်ခဲ့သည့် အနေအထားရှိသည်ဟု တွေ့ရှိခဲ့ရပြီး မည်သည့် အကြောင်းကြောင့် ထိုကဲ့သို့ ပြန်လှည်ခဲ့ခြင်းကို စုံးစမ်းမှုများလည်း ပြုလုပ်နေသည်။

    “သွားနေတဲ့လမ်းကြောင်းနဲ့ သွေဖည်ပြီး ဒီလေယာဉ်ဟာ ပြန်လှည်ခဲ့တယ်ဆိုတဲ့ သတိပြုစရာ ဖြစ်နိုင်ချေတွေရှိနေပါတယ်။ ဖြစ်နိုင်ချေတွေထဲက တစ်ခုကတော့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူကို ပြန်လှည့်ခဲ့တယ် ဆိုတာပါပဲ” ဟု ဗိုလ်ချုပ် ရိုဒ်ဇာလီ ဒါဝူဒ်က ပြောကြားခဲ့သည်။

    ကွာလာလမ်ပူမှ ဘေကျင်းသို့ ထွက်ခွာသွားခဲ့ပြီး ယမန်နေ့အစောပိုင်း အဆက်အသွယ်ပြတ်တောက်သွားသည့် အချိန်တွင် အဆိုပါလေယာဉ်မှာ မလေးရှားနှင့် ဗီယက်နမ်တောင်ပိုင်း အကြားတွင် ရှိနေမည်ဟု ယူဆရပြီ၊ ဗီယက်နမ်နိုင်ငံက ထိုနေရာတွင် ရှာဖွေမှုများပြုလုပ်နေသော်လည်း မည်သည့် သဲလွန်စကိုမှ မတွေ့ရှိသေးပေ။

    မလေးရှားအာဏာပိုင်များကလည်း ပထမပိုင်းတွင် နိုင်ငံအရှေ့ တောင်တရုတ် ပင်လယ်အတွင်း ရှာဖွေမှုများပြုလုပ်နေပြီး ပြန်လှည့်ခဲ့သည့်ဆိုသည့် အချက်အလက်များကို တွေ့ရှိရသောကြောင့် နောက်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်းတွင်ပါ ရှာဖွေမှုများကို တိုးမြှင့် ပြုလုပ်နေကာ၊ အဆိုပါ ကမ်းရိုးတမ်းနှင့် မျက်နှာချင်းဆိုင်ရှိ အင်ဒိုနီးရှားပိုင် ဆူးမာတြားကျွန်းတွင် ကူညီရှာဖွေမှုများကို ပြုလုပ်ရန် အင်ဒိုနီးရှား အစိုးရအား တောင်းဆိုထားသည်။

    အဆိုပါလေယာဉ်ပေါ်တွင် နိုင်ငံကူလက်မှတ်အတု ကိုင်ဆောင်သည့် လူနှစ်ဦးအပါဝင် မသင်္ကာစရာ လူလေးဦးလည်းလိုက်ပါသွားပြီး စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်နေသည်ဟု မလေးရှား နိုင်ငံခြားရေးနှင့်၊ ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော အဆိုပါ လေယာဉ်ရှာဖွေမှုကို လက်ရှိတွင် လေယာဉ် ၂၂ စင်း၊ သင်္ဘောအစင်း ၄၀ တို့ဖြင့် ပြုလုပ်နေသည်ဟု သိရသည်။

    Ref : Aljazeera

  • ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    ပျားကောင်ရေ ၁၀၀၀ ကျော်အတုပ်ခံခဲ့ရသည့် ကယ်လီဖိုးနီးယားရှိ အဖွားအို ဆေးကုသမှု ခံယူနေရ

    မတ် ၉၊ ၂၀၁၄
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဖွားအိုတစ်ဦးမှာ ပျားအုပ်တစ်အုပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး ပျားကောင်ရေ ၁၀၀၀ ခန့် အတုပ်ခံခဲ့ရကြောင်း သိရသည်။

    Palm Dessert မြို့တွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Verizon ဆက်သွယ်ရေးကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက မြေအောက်ရှိ ၀ါယာပုံးကို ဖွင့်လိုက်စဉ်၊ ထိုပုံးထဲတွင် အိမ်ဖွဲ့၍ နေထိုင်သည့် အာဖရိက ပျား ၈ သောင်းခန့်ထွက်လာက အနီးအနားရှိ ကားအတွင်းမှ ထွက်လာသည့် အဆိုပါ ၇၁ နှစ်အရွယ် အဖွားအိုအား သွားရောက်တုပ်ခဲ့ခြင်းဖြစ်သည်။

    ထို့နောက် မီးသတ်သမားများရောက်လာက ထိုပျားများအား ရှင်းလင်း၍ အဖွားအိုကို ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့သည်။ ပျားအကောင်ပေါင်း ၁၀၀၀ ကျော် အတုပ်ခံခဲ့ရသည့် အဆိုပါ အဖွားအိုမှာ ယခုအချိန်တွင် ဆေးကုသမှုကိုခံနေရပြီး မီးသတ်သမား ၃ ဦးမှာလည်း ပျားတုပ်သော ဒဏ်ရာများကြောင့် ဆေးကုသမှုခံနေရသည်။

    ပျားများကို ဖယ်ရှားပေးခဲ့သည့် ၀ါရင့်ပျားစုဆောင်းသူ လန်းစ်ဒါးဗီက ၀ါယာပုံးအောက်တွင်ရှိသည့် အဆိုပါ ပျားအုံအား ဖယ်ရှားကာ လယ်သမားများသို့ လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။
    Ref : NY Daily News

  • မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မြောက်ကိုရီးယား၏ ရန်လိုမှုများ အတွက် တရုတ်သတိပေး

    မတ် ၉၊ ၂၀၁၄
    M-Media

    မြောက်ကိုရီးယား၏ ရန်လိုမှုများအတွက် တရုတ်သတိပေး၊ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ နျူဖျက်သိမ်းရေးဖြစ်သည်ဟုဆို

    – ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ပွဲ သို့မဟုတ် ပဋိပက္ခများကို တရုတ်နိုင်ငံအနေဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် နျူလက်နက် စွန့်လွှတ်ရေးက သာလျှင် ငြိမ်းချမ်းရေးရရှိရန် အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း တရုတ်နိုင်ငံမှ မြောက်ကိုရီယားသို့ သတိပေး ပြောဆိုလိုက်သည်။

    နျူးကလီးယားဗုံး စွန့်လွှတ်ရေးကို ငြင်းဆန်ထားသည့် အတွက် ကုလ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး ဖယ်ကျဉ်ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံ အတွက် တရုတ်နိုင်ငံမှာ သံတမန်မန်ရေးနှင့် စီးပွားရေးကို့ အဓိက ထောက်ပံ့ပေးနေသောနိုင်ငံဖြစ်သော်လည်း၊ မြောက်ကိုရီးယားနိုင်ငံဘက်မှ နျူးကလီးယားစမ်းသပ်မှု သုံးခုနှင် ဒုံကျည်များ ပစ်လွှတ် စမ်းသပ်ခြင်းတို့ အပါအ၀င် စစ်ရေးအရ ခြိမ်းခြောက်မှုများ ရှိလာသောကြောင့် မြောက်ကိုရီးယား အပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ သည်းခံမှုမှာ လျော့နည်းလာခဲ့သည်။

    ယခုလ ၇ ရက်နေ့ကလည်း မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည်တစ်စင်းမှာ တရုတ် ခရီးသည်တင်လေယာဉ် တစ်စင်းအနားမှ ဖြတ်သွားပြီး နောက်ပိုင်း တရုတ်နိုင်ငံက မြောက်ကိုရီးယား လုပ်ရပ်အတွက် အလွန်စိုးရိမ်မိသည်ဟု ပြောဆိုခဲ့ကြောင်း Reuters သတင်းဌာနမှ ဖော်ပြခဲ့သည်။

    “ကိုရီးယားကျွန်းဆွယ်ဆိုတာ တရုတ်နိုင်ငံရဲ့ တံခါးတစ်ချပ်ပါ။ ကျွန်တော်တို့မှာ ကန့်သတ်ချက် စည်းမျဉ်းတစ်ခုရှိပြီး အဲဒီစည်းမျဉ်းကတော့ စစ်ပွဲနဲ့ ကိုရီးယားကျွန်းဆွယ် မတည်ငြိမ်မှုကို ခွင့်မပြုဖို့ပါပဲ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀န်ယီက သတင်းထောက်များအား ယမန်နေ့တွင်ပြောကြားခဲ့သည်။

    ထို့ပြင် အဖွဲ့အားလုံးအနေဖြင့် မိမိတို့၏ အပြုအမူများကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး၊ ကျွန်းဆွယ်အတွင်း စစ်မှန်၏ ရေရှည်ခံသော ငြိမ်းချမ်းရေးရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ နျူကလီးယား ဖျက်သိမ်းရေးသာဖြစ်သည်ဟု ၀မ်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Aljazeera