News @ M-Media
Blog
  • အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော
    အလုပ်သမားတွေရဲ့အသံကို နား မထောင်ခဲ့ရင် နေပြည်တော် လွှတ်တော်ရုံးရှေ့ထိ ဆန္ဒပြမယ်လို့ပြော
    မတ် ၉၊ ၂၀၁၄
    M-Media
    လမင်း
    ရန်ကုန် ။       ။ အလုပ်သမားများ၏တောင်းဆိုချက်များကို လွှတ်တော်အနေနှင့် လိုက်လျောပေးရန်နှင့် အလုပ်သမားများ၏တောင်းဆိုချက် အသံများကို နားမထောင်ခဲ့ပါက နေပြည်တော် လွှတ်တော်ရုံးရှေ့ထိသွားရောက် ဆန္ဒပြသမည်ဟု မန္တလေး အောင်စိန်ချည်မျှင်နှင့် အထည်စက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ဦးသက်နှင်းအောင်က မတ်လ ၉-ရက်နေ့တွင်ပြုလုပ်သော အလုပ်သမားများ၏ ဆန္ဒဖော်ထုတ်ပွဲတွင်ပြောကြားခဲ့သည်။
    “၂၀၁၂ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေကိုပြင်ရပါမယ်။ အလုပ်ရှင်တွေကို တရားစွဲလို့ရမယ့် ဥပဒေမျိုး မရှိပါဘူး အလုပ်သမားတွေအတွက် အများကြီး နစ်နာနေပါတယ်။ အလုပ်သမားတွေကို ကာကွယ်တဲ့ ဥပဒေမျိုးကို ပြဌာန်းပေးရပါ့မယ်။ အလုပ်ရှင်တွေကို ပြစ်ဒဏ် ချမှတ်တယ်ဆိုတာ အခု အချိန်ထိတစ်ယောက်မှ မတွေ့ဘူးသေးပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
    အလုပ်သမားတွေအနေနဲ့ အပ်ကြောင်းထပ်နေတဲ့အကြောင်းအရာတွေကိုပဲတောင်းဆိုနေရတာဖြစ်ပြီး အလုပ်သမားများ အနေနှင့် အမှန်တကယ် နစ်နာနေရကြောင်း၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ ကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရရှိကြောင်း၊ တရားရုံးများအနေနှင့်လည်း အလုပ်သမား ထုရဲ့အခွင့်အရေးများကို ကာကွယ်သော ဥပဒေမရှိကြောင်း၊ လိုအပ်ချက်များကို နိုင်ငံတော်အနေနှင့် ဆောင်ရွက်ပေးသင့်ရန် လိုအပ်ကြောင်း တရား လွှတ်တော်ချုပ်ရှေ့နေ ဦးအောင်သူရိန်ထွန်း ကပြောခဲ့သည်။
    အကြောင်းအမျိုးမျိုးကြောင့် မတရား အလုပ်ဖြုတ်ခံထားရသော အလုပ်သမား ၂၀၀ ကျော်သည် အလုပ်သမား အဖွဲ့ချုပ် (ယာယီ)၏ ဦးဆောင်မှုဖြင့် ဆူးလေဘုရားအနီးမြို့တော် ခန်းမဘေး မဟာဗန္ဒုလ ပန်းခြံရှေ့တွင် ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး၊ အလုပ်သမား အဖွဲ့အစည်း ဖြိုခွဲမှု ရပ်တန့်ရေး၊ အလုပ်သမား တရားရုံးအမြန်ဆုံးပေါ်ပေါက်လာရေး၊ ဥပဒေမဲ့အလုပ်ဖြုတ်သည့် အလုပ်ရှင်များ အလိုမရှိ ဟူသည့် ကြွေးကြော်သံများဖြင့်ကြွေးကြော်ခဲ့ကြသည်။
    “အဓိကတောင်းဆိုချင်တာက အချက် ၄ ချက်ပါပဲ။ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းဖြိုခွဲမှု ရပ်တန့်ရေး၊ ဥပဒေမဲ့ အလုပ်ဖြုတ်မှု ရပ်တန့်ရေး၊ အလုပ်သမား များ၏ အခြေခံ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက် သော ဥပဒေကိုပြန်လည်ပြဌာန်းပေးရေး၊ အလုပ်သမား တရားရုံး အမြန်ဆုံးပေါ်ပေါက် လာရေး အဲဒီလေးချက်က ကျွန်တော်တို့အဓိက လိုချင်တာပါ” ဟုအလုပ်သမားအဖွဲ့ချုပ်(ယာယီ)ဥက္ကဌ ဦးအောင်လင်းကပြောခဲ့သည်။
    အလုပ်ရှင်တွေကိုအရေးယူတဲ့ ဥပဒေဟာ အားပျော့နေပြီး အလုပ်ရှင်များမှ အလုပ်သမား သမဂ္ဂဖွဲ့စည်းရန် ကြိုးပမ်းသည့် အလုပ်သမားများကို အကြောင်းမဲ့ အလုပ် ထုတ်ခဲ့ကြကြောင်း၊ အလုပ်သမားများကို ကာကွယ်သည့် ဥပဒေ၊ တရားရုံးများ အမြန်ဆုံးပေါ်ပေါက်လာဖို့လိုအပ်ကြောင်း ၎င်းက သုံးသပ်ပြောခဲ့သည်။
    ၎င်းဆန္ဒထုတ်ဖော်မှုအား တရားဝင် ခွင့်ပြုမိန့် ရရှိထားပြီး မဟာဗန္ဒုလပန်းခြံရှေ့၌ နံနက် ၉-နာရီခန့်တွင် စတင်ခဲ့ကြပြီး အလုပ်သမားအင်အား ၂၀၀ကျော် နှင့် အဖွဲ့အစည်းပေါင်း ၁၂-ဖွဲ့တို့မှ အင်အားဖြည့် ပါဝင်ခဲ့ကြသည်။
  • အိုဇေးဂိုးပြန်သွင်းပြီး FA ဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်လာတဲ့ အာဆင်နယ်
    မတ် ၉ ၊ ၂၀၁၄
    M-Media
    article-2576253-1C20675800000578-232_634x388
    – FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေအဖြစ် အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့ ယမန်နေ့က ကစားခဲ့ကြပြီး နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကျနေတဲ့ အာဆင်နယ်တို့ အိမ်ကွင်း အီမရိတ်မှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
    ခြေစွမ်းမပြနိုင်မှု၊ ဂိုးပေါက်ပျောက်နေမှုကြောင့် ဝေဖန်ခံနေရတဲ့ အိုဇေးလ် ဒီပွဲမှာ ပါဝင်လာခဲ့ပြီး ပွဲအစ ၇ မိနစ်မှာပဲ အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီဂိုးဟာ ဒီနှစ်အတွက် သူရဲ့ပထမဆုံးဂိုးလည်းဖြစ်ပြီး ၃ လကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပွဲကိုတော့ အာဆင်နယ်ကပဲ စိုးမိုးထားပြီး အဲဗာတန်ရဲ့ အဓိက အတွဲဖြစ်တဲ့ လူကာကူ မီရဲလက်စ်တို့ အလုပ်မဖြစ်ခဲ့ပါဘူး။
    ဒါပေမယ့် ၃၂ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးရခဲ့ပြီး တိုက်စစ်မှူး လူကာကူက အနီးကပ် ကန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်း ကသာ ဖိကစားနိုင်ခဲ့ပြီး နောက်ဆုံး ၂၂ မိနစ် အတွင်းမှာ နောက်ထပ် သုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂိုးတွေကိုတော့ ၆၈ မိနစ်မှာ ပင်နယ်တီက တစ်ဆင့် အာတီတာ၊ ၈၃ နဲ့ ၈၅ မိနစ်တွေမှာ ဂျီရော့တို့က အသီးသီး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ်မှာ စတုတ်စီးတီးကိုရှုံးပြီး တတိယနေရာရောက်သွားတဲ့ အာဆင်နယ်အတွက် FA ဖလား ရယူရေး မျှော်လင့်ချက်ဟာ တောက်ပ လာခဲ့ပြီ ဖြစ်ပါတယ်။
    Photo-Getty Images
  • မန်ယူ၊ ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်တဲ့ ပွဲစဉ် ၂၆ စနေည ပွဲစဉ်များ
    မတ် ၉ ၊ ၂၀၁၄
    M-Media
    ခြေစွမ်းမကောင်းပေမယ့် ဂိုးပြတ်ခဲ့တဲ့ မန်ယူ၊ အိမ်ကွင်းမှာ စပါးကို ဂိုးပြတ်နဲ့ နှိပ်ကွပ်ပြီး ချန်ပီယံဆုကို စိန်ခေါ်လိုက်တဲ့ ချယ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ စနေနေ့ည ပွဲများ
    WBAMUN-ps21
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ ၅ ပွဲကို ယမန်နေ့က ကစားခဲ့ပြီး အသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ချယ်ဆီးတို့ ဂိုးပြတ်ခဲ့ကြပြီး ဆောက်သက်တမ်နဲ့ တန်းဆင်းဇုန်က ကာဒစ်ဖ်တို့လည်း အနိုင်ရခဲ့ကြပါတယ်။
    မနေ့က အစောဆုံးကစားခဲ့တဲ့ မန်ယူနဲ့ ၀က်စ်ဘရွန်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်ယူအသင်း အနိုင်ရခဲ့ပေမယ့် ကစားကွက်ပိုင်းက သိသိသာသာကောင်းလာခြင်း မရှိခဲ့ပါဘူး။ ပွဲအစမှာ အိမ်ရှင် ၀က်စ်ဘရွန်းတို့က ဖိကစားနိုင်ခဲ့ပြီး ဦးဆောင် ဂိုးရလုရခင်အထိ ဖြစ်ခဲ့ပါတယ်။
    ဒီပွဲမှာ မန်ယူကစားသမားတွေဖြစ်တဲ့ မာတာ၊ ဂျာနူဇေးနဲ့ ဗန်ပါစီတို့ အရင်ပွဲတွေကထက် နားလည်မှု ပိုလာခဲ့ပြီး အချိတ်အဆက်လည်း မိခဲ့ပါတယ်။ ၃၄ မိနစ်မှာ မန်ယူတို့ ဦးဆောင်ဂိုးရခဲ့ပြီး ဖီလစ်ဂျုံးက ဧရိယာအတွင်းကနေ ခပ်ပြင်းပြင်းခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ ဦးဆောင် ဂိုးပေးလိုက်ရတဲ့ အတွက် ၀က်စ်ဘရွန်း တင်ကစားလာခဲ့ပြီး ၅ မိနစ်အကြာမှာပဲ အခွင့်အရေးကောင်း တစ်ခုရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။
    ဒုတိယပိုင်းမှာလည်း ၀က်စ်ဘရွန်းတို့က မန်ယူကို ဖိအားပေးနိုင်ပေမယ့် မန်ယူအသင်းကသာ နောက်ထပ်အနိုင် ၂ ဂိုးကို ရခဲ့တာပါ။ မန်ယူအတွက် ဂိုးတွေကိုတော့ ၆၅ မိနစ်မှာ ၀ိန်းရူနီနဲ့ ၈၂ မိနစ်မှာ လူစားဝင် ကစားသမား ၀ဲလ်ဘတ်တို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ကြောင့် မန်ယူအသင်းဟာ အဆင့် ၆ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။
    ချယ်ဆီးကလည်း အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နောက်ပိုင်းပွဲတွေမှာ ကစားပုံကောင်းပြီး နိုင်ပွဲတွေရလာတဲ့ တင်ရှားဝုဒ်ရဲ့ စပါးအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။ တောရက်စ် ဒဏ်ရာကြောင့် မ၀ါဝင်နိုင်တဲ့အတွက် အီတူးကို မော်ရင်ဟို ပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရခဲ့ပေမယ့် အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်းကျမှ ချယ်ဆီးတို့ သွင်းယူနိုင်ခဲ့တာပါ။ ဂိုးသွင်းခြေမှန်နေတဲ့ စပါးတိုက်စစ်မှူး အဒီဘာယော ဒီပွဲမှာ ဂိုးသွင်းခွင့်အချို့ ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ချယ်ဆီး အသင်းအတွက် ဂိုးတွေကိုတော့ အီတူးနဲ့ ဟာဇာ့ဒ်က တစ်ဂိုးစီနဲ့၊ ဒမ်ဘာဘားက ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းဟာ လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ တစ်ပွဲအသာကစားပြီး ၇ မှတ်အကွာနဲ့ ဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။
    အဆင့် ၁၉ က ကာဒစ်ဖ်အသင်းကလည်း အောက်ဆုံးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ဆောင်းရာသီအပြောင်းရွှေ့မှာ လူအင်အားဖြည့်တင်းထားတဲ့ ဖူလ်ဟမ်တို့ရဲ့ ရလဒ်ပိုင်းဟာ တိုးတက်လာခြင်းမရှိဘဲ ကစားပုံဟာလည်း စိတ်ပျက်စရာပါ။
    ဆောက်သက်တမ်ကလည်း အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဂျေးရော်ဒရီဂက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲအစမှာ နှစ်သင်းစလုံး ဂိုးသွင်း ခွင့်ရခဲ့ပြီး၊၃၇ မိနစ်မှာ ဦးဆောင် ဂိုးသွင်းနိုင်ခဲ့ဆောက်သက်တမ် နောက်ပိုင်းပွဲချိန်မှာ သေချာပေါက် ဂိုးသွင်းခွင့် ၂ ဂိုးလောက် ရခဲ့ပေမယ့် တိုက်စစ်မှူးတွေ အဆုံးသတ် မသေချာတဲ့အတွက် ၁ ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ပဲလေ့စ်ကတော့ ဒီပွဲအရှုံးကြောင့် တန်းဆင်းဇုံနဲ့ ၂ မှတ်သာကွာတော့ပြီး နောက်ပိုင်းပွဲတွေမှာ ရုန်းကန်ရပါတော့မယ်။
    ပြီးခဲ့တဲ့ အပတ်က အာဆင်နယ်ကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တဲ့ စတုတ်တို့ နော်ဝစ်ခ်ျကို သရေသာရခဲ့ပါတယ်။ နော်ဝစ်ခ်ျအသင်းဟာ အိမ်ကွင်း မာကျောတဲ့အသင်းဖြစ်ပြီး ဦးဆောင်ဂိုးကိုလည်း အရင်စရခဲ့တာပါ။ ဒါပေမယ့် ၇၃ မိနစ်မှာ ပယ်နယ်တီပေးလိုက်ရပြီး ဂျိုနသန်ဝေါလ်တာက စတုတ်အတွက် ချေပဂိုး အဖြစ်ပြောင်းလဲနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ အမှတ်ခွဲပေးလိုက်ရပါတယ်။
    ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ စနေနေ့ ပွဲရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ကာဒစ်ဖ် ၃-၁ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၀-၁ ဆောက်သက်တမ်
    နော်ဝစ်ခ်ျ ၁-၁ စတုတ်စီးတီး
    ချယ်ဆီး ၄-၀ စပါး
  • MH370: ပျောက်ဆုံးနေသည့် မလေးလေယာဉ်ပေါ်တွင် မသင်္ကာစရာ လူနှစ်ဦး ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားခဲ့
    မတ်လ ၉ ရက်၊ ၂၀၁၄
    M-Media
    1902068_499074543536583_2055487554_n
    ပျောက်ဆုံးနေသည့် မလေးလေကြောင်းလိုင်းပိုင် လေယာဉ် MH 370 ၊ မလေး-ဘေဂျင်း သွားလေယာဉ်ပေါ်ရှိ ခရီးသည်များအထဲ၌ ပတ်စ်ပို့ အတုဖြင့် တရားမ၀င် စီးနင်းလိုက်ပါလာသူ နှစ်ဦး ပါဝင်နေကြောင်း သိရ သည်။ MH 370 တွင် စီးနင်းလိုက်ပါသွားသူဟု အစောပိုင်း က ဖော်ပြခြင်း ခံရသူ အီတလီလူမျိုး လူဂျီမာရယ်ဒီမှာ တကယ်တမ်းတွင် မူ လေယာဉ် ခရီးစဉ်အတွင်း လိုက်ပါသွားခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် အသက်ရှင်လျက် ရှိနေသေးကြောင်း စင်ကာပူအခြေဆိုက် straitstimes သတင်း က ဖော်ပြသည်။
    သတင်းအချက်အလက်များအရ လူဂျီမာရယ်ဒီ၏ ပတ်စ်ပို့အတုဖြင့် အခြားသူတစ်ယောက်က စီးနင်းလိုက်ပါသွားခြင်းသာဖြစ်ကြောင်း၊ မာရယ်ဒီမှာ လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက အီတလီတွင် ပတ်စ်ပို့အခိုးခံရသည့်ကိစ္စအား အမှုဖွင့်ထားခဲ့ကြောင်း၊ လန်ဒန်အခြေဆိုက် daily mirror သတင်းစာကမူ မာရယ်ဒီအပြင် အခြားတစ်ဦးကလည်း ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားသည်ဟု ဖော်ပြထားကြောင်း၊ ထိုသူကိုင်ဆောင်သွားသည့် ပတ်စ်ပို့မှာ သြစတြေးလျလူမျိုး ခရစ်တီယန် ကိုဇဲဆိုသူ၏ ပတ်စ်ပို့ဖြစ်ပြီး ကိုဇဲမှာ အသက်ရှင်လျက် ရှိနေသေးကြောင်း စသဖြင့် သိရှိရသည်။ မလေးအာဏာပိုင်များကမူ ထိုသူနှစ်ဦးအကြောင်းကို အသေအချာစုံစမ်းစစ်ဆေးသွားမည်ဟု ဆိုသည်။ စီစီတီဗွီကင်မရာမှတ်တမ်းများအရ ခရီးသည်များ၏ ခရီးဆောင်အိတ်များ စစ်ဆေးသည့်အခါ မသင်္ကာဖွယ်တစ်စုံတစ်ရာမျှ တွေ့ရှိခြင်း မရှိခဲ့ကြောင်း သိရသည်။
    တရုတ်လူမျိုး ကလေးငယ်တစ်ဦးအပါအ၀င် စုစုပေါင်း ကလေး ငယ်နှစ်ဦးပါဝင်သည့် ပျောက်ဆုံးနေသော အဆိုပါ မလေးလေယာဉ်ကို ရှာဖွေရန်အတွက် အမေရိကန်ရေတပ်က စစ်သင်္ဘောကိုလည်းကောင်း၊ စင်ကာပူ ကာကွယ်ရေးဝန်ကြီး အန်အန်းဟန်မှ ရေငုပ်သင်္ဘော ကိုလည်းကောင်း ကူညီမည်ဟု ကြေညာထားကြသည်။
    နောက်ဆုံးရရှိသည့် သတင်းများအရ အမေရိကန်စစ်သင်္ဘော၊ ဗီယက်နမ် ရေပိုင်နက်သို့ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။
  • ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် ၉၅ ရက်သာ လိုသော်လည်း ဘောလုံးကွင်း တစ်ကွင်းမှာ မေလထိ မပြီးနိုင်
    မတ် ၈ ၊ ၂၀၁၄
    M-Media
    376256_heroa
    – ကမ္ဘာ့ဖလားကျင်းပရန်အတွက် ပြင်ဆင်နေသည့် ဘရာဇီးနိုင်ငံရှိ Arena Pantanal ဘောလုံးကွင်းမှာ လာမည့်မေလအထိ အပြီးသတ်နိုင်မည် မဟုတ်ကြောင်း ထိုဘောလုံးကွင်း တည်ဆောက်ရာမြို့ရှိ မြို့တော်ဝန်က ပြောကြားခဲ့သည်။
    ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမည့် ဘောလုံးကွင်း အားလုံး၏ နောက်ဆုံးအပြီးသတ်ရက်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အဖြစ် ဖီဖာက သတ်မှတ်ထားသော်လည်း ဘောလုံးကွင်း ၆ ကွင်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဖီဖာမှ ထပ်မံ၍ ရက်တိုးပေးထားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီအား ဖိအားပေးထားသည်။
    သို့သော်လည်း နိုင်ငံအလယ်ပိုင်း Cuiaba မြို့ရှိ Arena Pantanal ဘောလုံးကွင်း၏ ထိုင်ခုံ တပ်ဆင်မှုမှာ ဇွန် ၁၂ ရက် ပြိုင်ပွဲမစခင် ၁ လအလိုခန့်တွင်မှ ပြီးစီးဖွယ်ရှိနေသည်။ ထိုမြို့၏ အုပ်ချုပ်ရေးမှူး ဆီလ်ဗာ ဘာဘိုဆာကမူ အဆိုပါ ဘောလုံးကွင်း မပြီးစီးခြင်းအတွက် တာဝန်ယူတည်ဆောက်နေသည့် Kango Brasil ကုမ္ပဏီအား အပြစ်တင်ခဲ့ပြီး အဆိုပါ ဘောလုံးကွင်းမှာ ဖီဖာမှ သတ်မှတ်ထားသည့် ပြိုင်ပွဲမတိုင်ခင် ငါးပတ်အရင် ပြီးစီးလိမ့်မည်ဟု ပြောကြားခဲ့သည်။
    “ဘောလုံးကွင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ဒီလအကုန်လောက်မှာ ရောက်မယ်လို့ ကုမ္ပဏီက ကျွန်တော့်ကို ပြောပါတယ်။ တကယ်လို့ မတ်လမှာ ပြီးအောင်လုပ်ဖို့ အချိန်မရဘူးဆိုရင် နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ မေလ ၆ ရက်မှာ အပြီးတပ်ဆင်ရမှာပါ” ဟု ဘာဘိုဆာက ပြောကြားခဲ့သည်။
    ထို့ကြောင့် ဧပြီလ ၂ ရက်နေ့ ဖီဖာမှ စစ်ဆေးမည်ချိန်တွင် ထိုင်ခုံအားလုံး တပ်ဆင်ပြီးစီးမှု ရှိမည် မဟုတ်သေးပေ။ ပရိတ်သတ်ပေါင်း ၄၂၉၆၈ ၀င်ဆံ့နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပွဲ လေးပွဲကစားမည့် အဆိုပါ Pantanal ဘောလုံးကွင်းမှာ ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် အချိန်မီမပြီးခဲ့သောကြောင့် ရပ်ထပ်မံတိုးပေးခဲ့ရပြီး ထိုအချိန်က ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗာလက်ကီမှ ထိုကွင်းမှာ ၂၀၁၄ ဖေဖော်ဝါရီလတွင် ပြီးစီးလိမ့်မည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။