News @ M-Media

Blog

  • ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ်တွေ့ဆုံ

    မတ်- ၅၊ ၂၀၁၄
    M-Media
    1965048_838962449452491_457746322_n
    အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် အင်္ဂါနေ့က မြန်မာ့ ဒီမိုအိုင်ကွန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်။

    တတိယကြိမ်မြောက် ဘင်းမ်စတက် BIMSTEC ညီလာခံအပြီး ၎င်းတို့နှစ်ဦးသည် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြသည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။

    အိန္ဒိယနိုင်ငံ Shri Ram College တွင် ပညာသင်ကြားခဲ့ဖူးသူ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဥက္ကဌ  ဒေါ်အောင်ဆန်းစုကြည်သည် UPA ဥက္ကဌ ဆိုနီယာဂန္ဒီ၏ ဖိတ်ကြားမှုအရ ၂၀၁၂ ခုနှစ်က ဂျဝါဟလာလ် နေရူး အောက်မေ့ဘွယ် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်မှ သံအမတ်အဖြစ် အမှုထမ်းစဉ် ငယ်စဉ်ဘ၀၌ အိန္ဒိယတွင် နှစ်ပေါင်းများစွာ နေထိုင်ဖူးသည်။ သူမသည် စစ်အုပ်ချုပ်ရေး ကာလအတွင်း နှစ်အတန်ကြာ နေအိမ် အကျယ်ချုပ် ဘ၀နေထိုင်ခဲ့ရပြီး၂၀၁၀ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

    Ref: Agencies

    Photo- NLD

  • မိုးထိမိုးမိ စခန်းတွင် လူ ၅၀ ဦး ရှောင်တခင် ဝင်ရောက် ဖမ်းဆီး

    မတ်- ၅၊ ၂၀၁၄
    M-Media
    Miners-in-Mandalay-division’s-Yamethin-township-protest-in-early-June-against-a-government-order-that-closed-their-mines-and-left-them-jobless.-DVB
    ဗုဒ္ဓဟူးနေ့နံနက်က မန္တလေးတိုင်း၊ ရမည်းသင်းရှိ စခန်းတစ်ခုမှ လုပ်သား ၅၀ ဦးထက်မနည်း ရှောင်တခင် ဖမ်းဆီးခံရသည်။ ၎င်းစခန်းသည် မိုးထိမိုးမိရွှေတူးကွက် အနီးမှ အဓမ္မနှင် ထုတ်ခံရသော တွင်းသားများနှင့်၎င်းတို့၏ မိသားစုများက ဘုန်းတော်ကြီးကျောင်းဝင်း တစ်ခုအတွင်း ခိုလှုံနေထိုင်နေကြသော နေရာဖြစ်၏။

    ရမည်းသင်း၊ ရွှေမြင်တင်တောင်ကုန်းပေါ်တည်ရှိသော ယင်းဘုန်းတော်ကြီးကျောင်းမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် နောက်ဆုံးထား ထွက်ခွာရန် အာဏာပိုင်များက ကြိမ်ဖန်များစွာ သတိပေးခဲ့သည်ဟု ဆိုသည်။

    အနီးရှိ ဘုရားပွဲတစ်ခု၏လုံခြုံရေးဟူသော အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်မှ ထိုစခန်းထဲသို့ ရှောင်တခင် ၀င်ရောက်ကာ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအပါအ၀င် လူ ၅၀ ဦးထက်မနည်းကို ထိန်းသိမ်းလိုက်ကာ ရမည်းသင်းထောင်သို့ခေါ် ယူသွားကြောင်း၊ မည်သည့် ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားခဲ့ကြောင်း ကျောင်းထိုင် ဆရာတော်က ဒီဗီဘီ သတင်းဌာနသို့ ပြောကြားသည်။

    ဒေသခံများနှင့် ငါးနှစ်တာ ဖက်စပ်ဆောင်ရွက်မည်ဟူသော သဘောတူညီချက်ကို မြန်မာဦးပိုင် ကုမ္ပဏီလီမိတက်မှ ချိုးဖောက်ပြီး နောက်ထပ်လုပ်ငန်းများ ထပ်မံတိုးချဲ့ရန် အားထုတ်လာမှုအပေါ် မိုးထိမိုးမိ တွင်းသားက ဆန့်ကျင်ဆန္ဒပြလာခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ နှစ်နှောင်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် စတင်ညှိနှိုင်းခဲ့ကြသော်လည်း အာဏာပိုင်များက တူးဖော်ရေး လုပ်ကွက်သစ် အစားထိုးရေးကို ငြင်းပယ်သော အခါ ဆန့်ကျင် ဆန္ဒပြမှု ပြန်လည်စတင်သည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာပြည် အလယ်ပိုင်းရှင် မထင်မရှား တွင်းသားတို့၏ရင်ဆိုင်နေရသော ပြဿနာများကို တစ်နိုင်ငံလုံး အတိုင်းအတာ အရ သိကြားစေရန် အတွက် ရန်ကုန်မြို့တော် ခန်းမရှေ့တွင် မိုးထိမိုးမိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြခေါင်းဆောင်တို့သည် နိုင်ငံတကာ လုပ်ငန်းရှင်များ လက်ထဲ မိမိတို့ပိုင်မြေများ ထိုးအပ်ထားရသူများဖြစ်ကြသည်။

    ၂၀၁၂ ခုနှစ်ကတည်းက စီမံကိန်းရပ်ဆိုင်းထားမှုအပေါ် ဆန္ဒပြကြသည့် မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်သားများ (ဓာတ်ပုံ)

    Ref: DVB English

  • မန်ယူနောက်ခံလူ ဗီဒစ် လာမည့် ရာသီတွင် အင်တာမီလန် ပြောင်းတော့မည်

    မတ် ၅၊ ၂၀၁၄
    M-Media
    366695_heroa
    – မန်ယူအသင်း၏ အားထားရသော ဆားဘီးယားနောက်ခံလူ နီမန်ဂျာ ဗီဒစ်မှာ လာမည့် ရာသီတွင် စီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု အင်တာမီလန် အသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာခဲ့သည်။

    မန်ယူအသင်းနှင့် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဗီဒစ်အား ပြင်သစ်ကလပ် မိုနာကိုနှင့် တူရကီကလပ် ဂါလာတာစာရေးတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဗီဒစ်မှာ အင်တာမီလန် အသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန်သဘောတူခဲ့ခြင်းဖြစ်သည်။

    “ဗီဒစ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ သူ့ကို ချောချောမောမောနဲ့ ခေါ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တော်တော်လေး ၀မ်းသာပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါ။ သူရဲ့စွမ်းရည်တွေက ကျွန်တော်တို့အတွက် အဖိုတန်ပြီး၊ အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကို တိုးတက်အောင် သူကူညီပါလိမ့်မယ် ” ဟု အင်တာမီန်လန်အသင်း၏ ဥက္ကဌဖြစ်သူ အဲရစ်သိုဟာရ်က ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗီဒစ်မှာ ကစားသမားဘ၀ကို Red Star Belgrade အသင်းနှင့် စတင်ခဲ့ပြီး၊ စပါးတပ် ဆူဘိုတီကာ၊ စပါးတပ်မော်စကို၊ ထိုမှတစ်ဆင့် ၂၀၀၆ ခုနှစ်တွင် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ကလပ်ချန်ပီယံတစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

    Goal

  • အလယ်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်း ကာဂျစ်စတန်တွင် တည်ဆောက်နေ

    မတ်- ၅၊ ၂၀၁၄
    M-Media
    cami1-1
    – အလယ်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကတ်မြို့တွင် ဆောက်လုပ်နေသည်ဟု သိရသည်။

    မီတာ ၇၀ အမြင့်ရှိမည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား၂၀၁၂ ခုနှစ် မတ်လအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးတော့မည်ဖြစ်သည်။  ဗလီဝတ်ကျောင်းတော်အား မြေနေရာ ၅ ဧက ကျော်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၃၀၀ စတုရန်းမီတာ ကျယ်ဝန်းမည်ဖြစ်သည်။ ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်တွင် မင်နာရာ(မျှော်စင်) ၄ ခုပါဝင်မည်ဖြစ်ကာ ၂ ခုမှာ ယခုလောလောဆယ်တွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

    ကိုယ်လက်သန့်စင်နိုင်သည့် နေရာ၊ မွဖ်သီချုပ် (ဓမ္မသတ်မှူးချူပ်) ၏ ရုံးခန်းအပါအ၀င်၊ ကားအစီးရေ ၈၀၀ ခန့် ထားနိုင်မည့် ကားပါကင် တစ်ခုလည်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၅ တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

    ယခုလက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော်မှာ သက္ကရာဇ် ၆၃၄  ခုနှစ်က တည်ဆောက်ခဲ့သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့မှ ဗလီဝတ်ကျောင်းတော်ဖြစ်ပြိး တစ်ချိန်တည်းတွင် ၀တ်ပြုသူပေါင်း ၄ သန်း ၀တ်ပြုနိုင်သည်။

    ကာဇက်စ်တန်နိုင်ငံမှ နူရ်-အက်စ်တာနာ ဗလီဝတ်ကျောင်းတော်မှာ ယခုလက်ရှိတွင် အလယ်အာရှ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သည်။

    World Bulletin

  • ခရိုင်းမီးယားတွင် တပ်စွဲထားမှာ ရုရှားစစ်တပ် မဟုတ်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးပြော

    မတ်- ၅၊ ၂၀၁၄
    M-Media
    APTOPIX-Ukraine-Russian-troops
    – ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ စစ်သားများမှာ ရုရှားစစ်သားများ မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စပိန်နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် လာဗရော့က မက်ဒရစ်မြို့တွင် ယူကရိန်းအရေးအရေး အကျဉ်းချုပ်အား ပြောကြားခဲ့ပြီး၊ ရုရှားရုပ်သံမှ ယနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထိုပြောကြားချက်တွင် လာဗရော့က ခရိုင်းမီးယား၌ တပ်ဖြန့်ချထားသော စစ်သားများမှာ ရုရှားများမဟုတ်ကြောင်း၊ ထိုစစ်သာများမှာ ရုရှား၏အမိန့်ကို မနာခံသောကြောင့် ပြန်ခေါ်၍ မရကြောင်း၊ ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်မှာ ပုံမှန်အနေအထားအတိုင်းပင် ရှိနေကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းအစိုးရအနေဖြင့် မိမိ၏နိုင်ငံသားများအား တိုက်ခိုက်ခြင်းအပါအ၀င်၊ နိုင်ငံအတွင်း သွေးထွက်သံယို ဖြစ်ပွားမှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတကာမှ လေ့လာသူများ ခရိုင်းမီးယား ဒေသအတွင်းသို့ ၀င်ရောက်ခွင့်ပြုရန်ကိုလည်း တိုက်တွန်းခဲ့သည်။

    လာဗရော့က ထိုကဲ့သို့ပြောကြားခဲ့သော်လည်း ရုရှားနိုင်ငံကမူ အဆင့်မြှင့်တင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ပစ်မှတ်ကိုလည်း အတိအကျထိခဲ့ကြောင်း ရုရှားထိပ်တန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်ကမူ ခရိုင်းမီးယားတွင်ဖြစ်ပွားနေသည့် တင်းမာမှုများအားဖြေရှင်းရန်အတွက် ရုရှားအစိုးရနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ သို့သော် ထိုသတင်းအား ရုရှားဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိပေ။