News @ M-Media

Blog

  • မန်ယူနောက်ခံလူ ဗီဒစ် လာမည့် ရာသီတွင် အင်တာမီလန် ပြောင်းတော့မည်

    မတ် ၅၊ ၂၀၁၄
    M-Media
    366695_heroa
    – မန်ယူအသင်း၏ အားထားရသော ဆားဘီးယားနောက်ခံလူ နီမန်ဂျာ ဗီဒစ်မှာ လာမည့် ရာသီတွင် စီးရီးအေကလပ် အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု အင်တာမီလန် အသင်း၏ ၀ဘ်ဆိုဒ်တွင် ကြေညာခဲ့သည်။

    မန်ယူအသင်းနှင့် ယခုနှစ်ကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ဗီဒစ်အား ပြင်သစ်ကလပ် မိုနာကိုနှင့် တူရကီကလပ် ဂါလာတာစာရေးတို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဗီဒစ်မှာ အင်တာမီလန် အသင်းသို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန်သဘောတူခဲ့ခြင်းဖြစ်သည်။

    “ဗီဒစ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးပါ။ သူ့ကို ချောချောမောမောနဲ့ ခေါ်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တော်တော်လေး ၀မ်းသာပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးပါ။ သူရဲ့စွမ်းရည်တွေက ကျွန်တော်တို့အတွက် အဖိုတန်ပြီး၊ အသင်းမှာရှိတဲ့ လူငယ်ကစားသမားတွေကို တိုးတက်အောင် သူကူညီပါလိမ့်မယ် ” ဟု အင်တာမီန်လန်အသင်း၏ ဥက္ကဌဖြစ်သူ အဲရစ်သိုဟာရ်က ပြောကြားခဲ့သည်။

    အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗီဒစ်မှာ ကစားသမားဘ၀ကို Red Star Belgrade အသင်းနှင့် စတင်ခဲ့ပြီး၊ စပါးတပ် ဆူဘိုတီကာ၊ စပါးတပ်မော်စကို၊ ထိုမှတစ်ဆင့် ၂၀၀၆ ခုနှစ်တွင် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်နှင့် ကမ္ဘာ့ကလပ်ချန်ပီယံတစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

    Goal

  • အလယ်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်း ကာဂျစ်စတန်တွင် တည်ဆောက်နေ

    မတ်- ၅၊ ၂၀၁၄
    M-Media
    cami1-1
    – အလယ်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ဗလီဝတ်ကျောင်းတော် တစ်လုံးကို တူရကီနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ကာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ကတ်မြို့တွင် ဆောက်လုပ်နေသည်ဟု သိရသည်။

    မီတာ ၇၀ အမြင့်ရှိမည့် အဆိုပါ ဗလီဝတ်ကျောင်းတော်အား၂၀၁၂ ခုနှစ် မတ်လအတွင်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးတော့မည်ဖြစ်သည်။  ဗလီဝတ်ကျောင်းတော်အား မြေနေရာ ၅ ဧက ကျော်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၃၀၀ စတုရန်းမီတာ ကျယ်ဝန်းမည်ဖြစ်သည်။ ထို့ပြင် ထိုဗလီဝတ်ကျောင်းတော်တွင် မင်နာရာ(မျှော်စင်) ၄ ခုပါဝင်မည်ဖြစ်ကာ ၂ ခုမှာ ယခုလောလောဆယ်တွင် တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။

    ကိုယ်လက်သန့်စင်နိုင်သည့် နေရာ၊ မွဖ်သီချုပ် (ဓမ္မသတ်မှူးချူပ်) ၏ ရုံးခန်းအပါအ၀င်၊ ကားအစီးရေ ၈၀၀ ခန့် ထားနိုင်မည့် ကားပါကင် တစ်ခုလည်းပါဝင်မည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၅ တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။

    ယခုလက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဗလီဝတ်ကျောင်းတော်မှာ သက္ကရာဇ် ၆၃၄  ခုနှစ်က တည်ဆောက်ခဲ့သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့မှ ဗလီဝတ်ကျောင်းတော်ဖြစ်ပြိး တစ်ချိန်တည်းတွင် ၀တ်ပြုသူပေါင်း ၄ သန်း ၀တ်ပြုနိုင်သည်။

    ကာဇက်စ်တန်နိုင်ငံမှ နူရ်-အက်စ်တာနာ ဗလီဝတ်ကျောင်းတော်မှာ ယခုလက်ရှိတွင် အလယ်အာရှ၏ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်သည်။

    World Bulletin

  • ခရိုင်းမီးယားတွင် တပ်စွဲထားမှာ ရုရှားစစ်တပ် မဟုတ်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးပြော

    မတ်- ၅၊ ၂၀၁၄
    M-Media
    APTOPIX-Ukraine-Russian-troops
    – ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ခရိုင်းမီးယားဒေသရှိ စစ်သားများမှာ ရုရှားစစ်သားများ မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    စပိန်နိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် လာဗရော့က မက်ဒရစ်မြို့တွင် ယူကရိန်းအရေးအရေး အကျဉ်းချုပ်အား ပြောကြားခဲ့ပြီး၊ ရုရှားရုပ်သံမှ ယနေ့တွင် ထုတ်လွှင့်ပြသခဲ့သည်။ ထိုပြောကြားချက်တွင် လာဗရော့က ခရိုင်းမီးယား၌ တပ်ဖြန့်ချထားသော စစ်သားများမှာ ရုရှားများမဟုတ်ကြောင်း၊ ထိုစစ်သာများမှာ ရုရှား၏အမိန့်ကို မနာခံသောကြောင့် ပြန်ခေါ်၍ မရကြောင်း၊ ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်မှာ ပုံမှန်အနေအထားအတိုင်းပင် ရှိနေကြောင်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

    ထို့ပြင် ယူကရိန်းအစိုးရအနေဖြင့် မိမိ၏နိုင်ငံသားများအား တိုက်ခိုက်ခြင်းအပါအ၀င်၊ နိုင်ငံအတွင်း သွေးထွက်သံယို ဖြစ်ပွားမှုများကို ရပ်တန့်ရန်နှင့် နိုင်ငံတကာမှ လေ့လာသူများ ခရိုင်းမီးယား ဒေသအတွင်းသို့ ၀င်ရောက်ခွင့်ပြုရန်ကိုလည်း တိုက်တွန်းခဲ့သည်။

    လာဗရော့က ထိုကဲ့သို့ပြောကြားခဲ့သော်လည်း ရုရှားနိုင်ငံကမူ အဆင့်မြှင့်တင်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ယမန်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ ပစ်မှတ်ကိုလည်း အတိအကျထိခဲ့ကြောင်း ရုရှားထိပ်တန်း ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်ကမူ ခရိုင်းမီးယားတွင်ဖြစ်ပွားနေသည့် တင်းမာမှုများအားဖြေရှင်းရန်အတွက် ရုရှားအစိုးရနှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ သို့သော် ထိုသတင်းအား ရုရှားဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိပေ။

  • စင်္ကာပူတွင် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး လူသတ်မှုဖြင့် ဖမ်းဆီးခံရ

    မတ်- ၅၊ ၂၀၁၄
    M-Media
    1506741_10151905350717115_1478247700_n
    စင်္ကာပူမှာ မြန်မာနိုင်ငံက အိမ်ကူ အလုပ်သမအဖြစ် လာရောက် လုပ်ကိုင်နေတဲ့ မသန်းသန်းဝင်း(၂၄ နှစ်)ကို အသက် ၈၅ နှစ်အရွယ် အမယ်အို တစ်ဦးကို သတ်ဖြတ်မှုနဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

    ကွန်ဒို ၈ လွှာတိုက်ခန်းကြမ်းပြင်မှာ အမယ်အိုကို ကြမ်းပြင်ပေါ် မလှုပ်မယှက် အနေအထားနဲ့ အင်္ဂါနေ့ နေ့ခင်းပိုင်းက တွေ့ရှိခဲ့တာဖြစ်တယ်။ သူမ ခန္ဓာအထက်ပိုင်းမှာ ဒဏ်ရာတွေကိုတွေ့ရှိပြီး အဲ့ဒီဒဏ်ရာကြောင့် သေဆုံးရတယ်လို့ အတည်ပြုကြပါတယ်။

    တရားခံကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့အတွက် ချန်ဂီအမျိုးသမီး အကျဉ်းထောင်ကို လွှဲပြောင်းပေးမှာဖြစ်ပြီး၊ မတ်လ ၂၆ ရက်မှာ ထပ်မံရုံးတင် စစ်ဆေးဦးမှာဖြစ်ပါတယ်။

    The Straits Times

  • CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုမရှိပါဘူး ဟု မ.ထ.သ (ဗဟို)ဥက္ကဌပြော

    မတ် ၅၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။        ။ ယာဉ်ပိုင်ရှင်များမှ CNG ဂတ်စ်အိုးလျောက်ထားမှုနဲ့ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာနကို  မ.ထ.သ (ဗဟို)မှ ကန့်ကွက်ထားသည်ဟု ပြောဆိုနေသည်ကို မ.ထ.သ (ဗဟို)အနေနဲ့ကန့်ကွက်ထားမှုမရှိပါဘူး၊ ကန့်ကွက်ရမဲ့အကြောင်းလဲမရှိပါဘူး ဟုမ.ထ.သ (ဗဟို)ဥက္ကဌ ဦးလှအောင်ကပြောကြားခဲ့သည်။

    “CNG ဂတ်စ်လျောက်ထားမှုကို မ.ထ.သ ကကားတွေဆိုရင် ထောက်ခံပေးပါလို့ စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော်တို့ကိုပြောခဲ့တယ်။ ဒါပေမဲ့ ၂၆-၆-၂၀၁၃ နောက်ပိုင်းမှာလာလျှောက်တဲ့ကားတွေကိုတော့ ဆက်ပြီးလက်မခံတော့ဖို့ပြောခဲ့တယ်။ ဘတ်စ်ကားတွေကိုပဲ အဓိကဦးစားထားပေးမယ်လို့ ဇွန်လ ၉ ရက်နေ့မှာ ညွှန်ကြားခဲ့တယ်။ အဲဒီနောက်ကစပြီး ကျွန်တော်တို့အနေနှင့်ရပ်ဆိုင်းထားတာပါ။ ကန့်ကွက်ခဲ့တာမရှိပါဘူး” ဟု ဦးလှအောင်ကပြောကြားခဲ့ပါသည်။

    ရန်ကုန်မြို့အတွင်း ယာဉ်စီးရေများပြားခြင်းကြောင့် ယာဉ်တိုက်မှုများလျော့ချခြင်းကို ဦးစားပေးလုပ်ဆောင်နေသောအချိန်ဖြစ်သောကြောင့် လူဦးရေအများအပြားသယ်ဆောင်နိုင်သော ဘတ်စ်ကားများ၏ CNG ဂတ်စ်လျောက်ထားမှုကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကားဟောင်းများအပ်ပြီး TAXI ယာဉ်များကိုလျှောက်ထားသောယာဉ်ပိုင်ရှင်များ CNG လျောက်ထားမှုကို မ.ထ.သ ၏ ကန့်ကွက်မှုဖြင့် စွမ်းအင်ဝန်ကြီးဌာနမှ ကန့်ကွက်ထားကြောင်းကို သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။