News @ M-Media

ခရိုင်းမီးယားမှ ရုရှားနှင့် ပေါင်းစည်း၊ ရုရှားဝင်စွက်မှု အမေရိကန် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ဟု အိုဘားမားပြော

မတ် ၇ ၊ ၂၀၁၄
M-Media

Crimean city declares itself part of Russia

– ခရိုင်းမီးယားဒေသအား ရုရှား၏ပိုက်နက်အတွင်းသို့ ၀င်ရောက်ရန် ခရိုင်းမီးယား ပါလီမန်က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ယူကရိန်းမြို့တစ်မြို့ဖြစ်သည့် ဆီဗက်စတိုပိုလ်မြို့ကလည်း ၎င်းတို့အနေဖြင့် ရုရှားပိုက်နက်အတွင်းသို့ ခိုလှုံပြီဟု ကြေညာခဲ့သည်။

ခရိုင်းမီးယားကျွန်းဆွယ်ရှိ အဆိုပါ မြို့မှာ ရုရှားရေတပ်၏ ပင်လယ်နက် ရေတပ်စခန်းရှိရာ ဌာနဖြစ်ပြီး ထိုကြေညာချက်အား ယမန်နေ့ည နှောင်းပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ကြေညာမှုအား ယူကရိန်းနိုင်ငံက ရှုတ်ချခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂကလည်း ယူကရိန်းမှ ခွဲထွက်ရန်အတွက် ခရိုင်းမီးယား ပါလီမန်၏ ဆုံးဖြတ်ချက်အား တရားမ၀င်ဟု ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့တွင် လူထုဆန္ဒခံယူရန် စီစဉ်ထားသည်။

ယူကရိန်းနိုင်ငံကမူ ထိုလုပ်ရပ်မှာ ဥပဒေနှင့် မည်ကဲ့သို့မှ ကိုက်ညီခြင်း မရှိဟု ပြောကြားခြဲံ့ပီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူ့ဆန္ဒ ခံယူခြင်းမှာ ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်

သို့သော်လည်း ခရိုင်းမီးယားဒေသ၏ ဒုတိယ၀န်ကြီးချုပ်ဖြစ်သူ ရက်စ်တမ် တီမာဂလီယက်ဗ်ကမူ ထိုဆုံးဖြတ်ချက်မှာ ချက်ခြင်းအာဏာတည်ပြီး ရုရှား၏ လက်နက်ကိုင်တပ်များသာ ခရိုင်းမီးယား၏ တရားဝင် တပ်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လက်နက်ချမလား၊ ရုရှားနိုင်ငံသားခံယူပြီး ရုရှားစစ်တပ်ထဲဝင်မလားဆိုတာကို ရွေးချယ်ရပါမယ်။ တကယ်လို့သူတို့ ဒါကိုသဘောမတူဘူးဆိုရင် သူတို့ရဲ့ မိခင်နိုင်ငံ ယူကရိန်းကို အန္တရာယ်ကင်းစွာပြန်ဖို့ ကျွန်တော်တို့ စီစဉ်ပေးပါ့မယ်” ဟု တီမာဂလီယက်ဗ်က ဆိုသည်။

ယူကရိန်း ကြားဖြတ်ဝန်ကြီးချုပ် ယက်ဆန်ယွတ်က ခရိုင်းမီးယားပါလီမန်၏ မဲခွဲဆုံးဖြတ်မှုမှာ တရားမ၀င်ဟုဆိုပြီး၊ သမ္မတ တာချီနော့ဗ်ကလည်း ခရိုင်းမီးယား ပါလီမန်အမတ်များမှာ သေနတ်ပြောင်းအောက်တွင် အလုပ်လုပ်နေရသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းအရေး ရုရှားမှ ၀င်ရောက်စွက်ဖက်မှုမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး ပေါ်လစီအား ပေါ်ပေါ်ထင်ထင်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သတိပေးခဲ့သည်။

Ref: Al Jazeera and agencies

Comments

Leave a Reply