News @ M-Media

Blog

  • DVB: သုတေသနလုပ်ပြီးပါပြီ ရခိုင်မှာ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ(များစွာ) ကတည်းက နေလာတာပါ ဟု ဗြိတိန်သံအမတ်ပြော

    DVB: သုတေသနလုပ်ပြီးပါပြီ ရခိုင်မှာ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ(များစွာ) ကတည်းက နေလာတာပါ ဟု ဗြိတိန်သံအမတ်ပြော

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်ဆိုသူ -O’Laie Manzu

    သုတေသနလုပ်ပြီးပါပြီ ရခိုင်မှာ ရိုဟင်ဂျာတွေ နှစ်ပေါင်းများစွာ(များစွာ) ကတည်းက နေလာတာပါ ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ပြော

    မေး။ ရိုဟင်ဂျာ မွတ်စလင်တွေကို ညင်းပမ်းနှိပ်စက်နေတာနဲ့ပါတ်သက်ပြီး အာရကန်ပြည်နယ်ကအခြေအနေတွေအပေါ် UK က ပွင့်ပွင့်လင်းလင်းပြောဆိုနေပါတယ်။ မကြာသေးမှီက မောင်းတောမှာ အကြမ်းဖက်မှုတွေထပ်ဖြစ်ခဲ့တယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။ ဖြေ။ ကျနော်တို့နဲ့ ယူအက်စ် သံရုံးတွေက ကြေညာချက် တစ်စောင် သောကြာနေက ထုတ်ခဲ့တာဆိုတာ တွေ့ပြီးလောက်ပြီပေါ့။ ရရှိတဲ့ သတင်း အချက်အလက်တွေထောက်ကြည့်ပြီး ကျနော်တို့ စိုးရိမ်မိပါတယ်။ အဲဒီမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ အဲဒီမှာဘာဖြစ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရဖို့ အစိုးရကို စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းထားပါတယ်။ ကျနော် ထင်တာကတော့ ရခိုင်ပြည်နယ် တစ်ခုလုံးကို ခြုံကြည့်ရင် ပထမဆုံးအဆင့်ကတော့ လုံခြုံရေးရှိဖို့ပါဘဲ။ ဒီလိုအကြမ်းဖက်မှုတွေ ထပ်ပြီးမဖြစ်ဖို့ဘဲ။ ဒါက အစိုးရရဲ့တာဝန်ဖြစ်တယ်။ ဒီလိုအကြမ်းဖက်မှုတွေထပ်မဖြစ်အောင် လုံခြုံမှုရှိဖို့အတွက် အစိုးရက အာမခံဖို့လိုတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိတယ်။ ဒါကတော့ ခရစ္စမတ်မတိုင်ခင် ကျနော်ကိုယ်တိုင် ရခိုင်ပြည်နယ်ရောက်တုန်း ကတွေ့ခဲ့တာပါ။ အဲဒါကတော့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုတွေ ပေါက်ရောက်နိုင်ဖို့ဘဲ။ တချို့ပြည်တွင်းပြောင်းရွှေ့နေရာ ချထားခြင်းခံရသူတွေက အရမ်းခက်ခဲတဲ့ အခြေအနေတွေမှာနေထိုင်နေ ရတယ်။ သူတို့ဆီကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေရောက်ဖို့ အလွန်ဘဲ အရေးကြီးတယ်။ အသိုင်းအဝိုင်းတစ်ခု အပေါ်ကို အခြား အသိုင်းအဝိုင်းတစ်ခုထက် ပိုပြီး အသာပေးကူညီနေတယ်ဆိုတဲ့ နားလည်မူလွဲမှားတာတွေရှိတယ်လို့ ကျနော်ထင်တယ်။ ဒီအင်တာဗျူး ကနေ တဆင့် လူတွေကိုပြောချင်တာ ကတော့ အပြည်ပြည်ဆိုင်ရာ အထောက်အပံ့တွေက အမှန်တကယ် လိုအပ်တဲ့သူတွေဆီကိုရောက်ဖို့ပါဘဲ။ ဒါကြောင့် ဒီအကူအညီတွေက စခန်းတွေထဲမှာ အပြင်မထွက်ရသူတွေ၊ အလုပ်လုပ်ပြီး ငွေရှာလို့မရသူတွေဆီကို ဦးတည်ပါတယ်။ နောက်တစ်ခုက အစိုးရကလည်း ဒီ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ရောက်ရှိဖို့ အတွက်ကို အာမခံချက်ပေးဖို့ လိုပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒီရခိုင်ဒေသမှာရှိတဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ အနာဂါတ်ကိစ္စဘဲ။ ကျနော်တို့ကတော့ အစိုးရက နိုင်ငံသားစီစစ်ရေးကိစ္စ တွေကို ရှေ့ဆက်တိုး ကိုင်တွယ်ဖို့ တိုက်တွန်းနေပါတယ်။ နိုင်ငံသား ရထိုက်တဲ့သူတွေ နိုင်ငံသားရကြပြီး သူတို့ရဲ့ နိုင်ငံသားအခြေအနေတွေ ရှင်းရှင်းဖြစ်သွားလိမ့်မယ်။ မေး။ ရိုဟင်ဂျာတွေက ဒီမှာရှိနေခဲ့တယ် ... တစ်ချို့ဆိုရင် မျိုးဆက်အလိုက် ဒီမှာနေလာခဲ့တယ်... တချို့ကတော့ ကိုလိုနီခေတ်က ဗြိတိသျှခေါ် လာခဲ့တယ်။ ရိုဟင်ဂျာတွေနိုင်ငံဖြစ်ဖို့အတွက်ကို ထောက်ခံသလား။ ဖြေ။ အစိုးရပြောတာကတော့ သူတို့က ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကိုဘဲ ကျင့်သုံးမယ်ဆိုတာ။ ကျနော်နားလည်တာက ဒီမှာ မျိုးရိုးစဉ်ဆက် အတိုင်းအတာတစ်ခု အထိနေထိုင်ခဲ့တယ်ဆိုရင် နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်။ ကျနော့်အမြင်နဲ့ ကျနော်တို့ သုတေသနပြုထားတဲ့ အရဆိုရင် ဒီဥပဒေအရကိုဘဲ ရိုဟင်ဂျာ အများစုကနိုင်ငံသားဖြစ်ခွင့်ရှိနေတယ်။ ဒါပေမယ့် အစိုးရက ဘယ်သူတွေက နိုင်ငံသားဖြစ်ခွင့်ရှိပြီး ဘယ်သူတွေကတော့ မဖြစ်သင့်ဘူးဆိုတာ စီစစ်ဖို့လိုတယ်။ ဒါပေမယ့် ခင်ဗျာ ပြောတာကို ကျနော် သဘောတူတယ်။ ရခိုင်ပြည်မှာ မွတ်စလင်ထုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာ (များစွာ) ကတည်းက နေလာ ခဲ့တယ်။ ကျနော်တို့ သုတေသန လုပ်ပြီးပြီ။ တကယ်တော့ ၁၉ ရာစုနှစ် အစပိုင်းလောက်မှာ ဗြိတိသျှတွေ အဲဒီကို ပထမဆုံးအကြိမ်ရောက်တုံးကတည်းက အဲဒီမှာ မွတ်စလင်ထု တော်တော်လေးကိုရှိနေပြီးသား။ အခုပြောနေတဲ့ အဲဒီမှာရှိတဲ့လူတိုင်းက တရားမဝင်ခိုးဝင်လာသူတွေဆိုတာကြီးကတော့ မမှန်ပါဘူး။ မေး။ ရိုဟင်ဂျာကိစ္စကတော့ လျစ်လျူရှု့ထားလို့မရပါဘူး။ လူတွေကလည်း အမျိုးမျိုးထင်ကြေးပေးနေကြတယ်။ ဒီကိစ္စကြီးပြေလည်ဖို့အတွက် ဗြိတိန် အနေနဲ့ပါဝင်ပေးနိုင်တဲ့ အခန်းကဏ္ဍမျိုးရှိပါသလား။ ဖြေ။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကတော့ အစိုးရကို ထောက်ပံကူညီပေးလို့ရတယ်။ လုံခြုံရေးလို ကိစ္စမျိုးကို ကိုင်တွယ်ဖို့အတွက် အစိုးရကို တိုက်တွန်းလို့ရတယ်။ ပြောင်းရွှေ့နေရာ ချထားခြင်းခံရတဲ့ သူတွေ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အကူအညီတွေပေးလို့ရတယ်။ ရခိုင်ပြည်နယ်ကလူတွေရဲ့ ရေရှည် အခြေအနေအတွက် အစိုးရနဲ့ လက်တွဲလုပ်ဆောင်လို့ရတယ်။ အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း ကူလုပ်ပေးနိုင်တာတွေရှိတယ်... ဒါပေမယ့် အမှန်တကယ်ကတော့ မြန်မာအစိုးရက အဲဒီကိစ္စတွေကို ကိုင်တွယ်ဖို့အတွက် တာဝန်အရှိဆုံးဖြစ်တယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Andrew Patrick နှင့် DVB သတင်းဌာနတို့ တွေ့ဆုံ မေးမြန်းခန်းကို O'Laie Manzu မှ ကောက်နှုတ်၍ မြန်မာလို ပြန်ဆိုထားခြင်းဖြစ်ပါသည်။ Video Copy Right- DVB မူရင်း ဗီဒီယို လင့်=>https://www.dvb.no/dvb-video/dvb-talks-to-british-ambassador-to-burma/36760

  • ပါကစ္စတန်နှင့် တာလီဘန်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်၊ တိုးတက်မှုများရှိနေ

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media

    Pakistani government and Taliban hold talks

    – ပါကစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား ဆွေးနွေးပွဲ အောင်မြင်နိုင်မည့် အခွင့်အလမ်းအပေါ် နှစ်ဦးနှစ်ဘက် သံသယရှိနေသောကြောင့် ကာလကြာရှည် မသေမချာဖြစ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပထမအဆင့်အား ယမန်နေ့က အစ္စလာမ်မာဘတ်တွင် စတင်ခဲ့သည်ဟု သိရသည်။

    ငြိမ်းချမ်းရေးဖော်ဆောင်မှု မူဝါဒလမ်းစဉ်များ ချမှတ်ရန်အတွက် ရည်ရွယ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ ပါကစ္စတန်အစိုးရဘက်မှ ကိုယ်စားလှယ် ၄ ဦးနှင့် တာလီဘန်တို့ဘက်မှ ကိုယ်စားလှယ် ၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး ၃ နာရီကျော်ကြာ ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

    ဆွေးနွေးပွဲအပြီး ကြေညာချက်ထုတ်ပြန်ရာတွင် နှစ်ဘက်စလုံးက အကြမ်းဖက် လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် ဆွေးနွေးပွဲအား ပျက်ပြားစေနိုင်သည့် လုပ်ရပ်များကို နှစ်ဖက်စလုံးမှ ရှောင်ကျဉ်ကြမည့်အကြောင်း စသည့် အချက်များပါဝင်သော ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုဆွေးနွေးပွဲမှာ တိုးတက်မှုများရှိနေပြီး ယနေ့တွင် အသေးစိတ် ဆက်လက် ဆွေးနွေးရန်လည်း ရှိနေသည်။

    တာလီဘန်တို့မှာ ပါကစ္စတန်အတွင်း ဆယ်စုနှစ်တစ်ခုအကြာ အစိုးရဆန့်ကျင်ရေး တိုက်ခိုက်မှုများပြုလုပ်ခဲ့သော အဖွဲ့ဖြစ်သည်။ သို့သော်လည်း တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် ပြဿနာရပ်များအား ဖြေရှင်းရေးတို့ဆောင်ရွက်ရန်အတွက် အားထုတ်မှုများမှာ အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရစ်ဖ်က ပြောကြားခဲ့သည်။
    Ref: aljazeera

  • ယူကရိန်းအရေး ဖုန်းဖြင့် ဆွေးနွေးစဉ် ဥရောပသမဂ္ဂအား ဆဲဆိုခဲ့မှု အမေရိကန် သံအမတ်ပြန်တောင်းပန်

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media

    _72827279_72827278
    – ယူကရိန်းတွင် ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး တယ်လီဖုန်းပြောဆိုမှု တစ်ခုအတွင်း ဥရောပသမဂ္ဂအား ဆဲရေးတိုင်းထွာ မိသည့်အတွက် ဥရောပဆိုင်ရာ အမေရိကန် သံအမတ်က ယမန်နေ့က ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    ယူကရိန်းရှိ အမေရိကန်သံအမတ် ဂျီယိုရေး ပိုင်ယတ်နှင့် ဥရောပသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် ဗစ်တိုးရီးယား နူလန်တို့ ကိဗ်မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ တယ်လီဖုန်းပြောကြားစဉ် နူလန်က ဥရောပအားသမဂ္ဂအား ဆဲရေးတိုင်းထွာသော စကားလုံးများဖြင့် ပြောဆိုခဲ့ပြီး ထိုပြောဆိုမှုမှာ ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့ခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ ထိုဆန္ဒပြမှုများပေါ် နိုင်ငံတကာမှ ဖြေရှင်းရန် ကြိုးစားမှုများနှင့် ပတ်သက်၍ ပြောကြားနေစဉ် နူလန်က “F— the EU” ဟု ဆဲရေးခဲ့ခြင်းဖြစ်သည်။

    ထို့ကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းက ယူကရိန်းကိစ္စ အပေါ် ဥရောပသမဂ္ဂ၏ ကိုင်တွယ်မှုနှင့် ပတ်သက်၍ အမေရိကန်ဘက်မှ စိတ်ပျက်လျက် ရှိကြောင်း ပေါ်လွင်လာခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရ အာဏာပိုင်များက ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ ထို့ပြင် နူလန်၏ တောင်းပန်မှုနှင့် ပတ်သက်၍လည်း အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဘဲ၊ မည်သူ့ကို တောင်းပန်ခဲ့ကြောင်းကိုလည်း မဖေါ်ပြခဲ့ပေ။

    Ref: aljazeera
    Photo- BBC

  • ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့်သတင်း မလေးမီဒီယာများ မလေးရှား CID ၏အတည်ပြုချက် မရယူနိုင်သေး မီ လေးနာရီစော၍ မြန်မာ မီဒီယာများ သတင်းဖော်ပြခဲ့

    ဖေဖော်ဝါရီ ၇  ၂၀၁၄
    M-Media
    မိုးသောက်

    ရခိုင်ခေါင်းဆောင် ဒေါက်တာအေးမောင်တို့ လုပ်ကြံခံရသည့် သတင်း CID ၏အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီစော ဖော်ပြသည့် မလေးမီဒီယာများထက် အရင်  မြန်မာ မီဒီယာများသတင်းဖော်ပြခဲ့

    1606962_460015577432999_102835442_n

    ရခိုင်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် ဦးအေးသာအောင်တို့ ကွာလာလန်ပူ၌ သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် သတင်းကို မလေးရှားနိုင်ငံ၏ အစိုးရပိုင် မီဒီယာ တစ်ခုဖြစ်သော bernama က မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အတည်ပြုချက် မရယူနိုင်သေးမီ လေးနာရီခန့်စော၍ သတင်းများ တင်ပြခဲ့ကြောင်း လေ့လာတွေ့ ရှိရပါသည်။

    ယခုတွင်မူ စင်ကာပူအခြေဆိုက် straits times သတင်းစာ သာမက အခြားသော နိုင်ငံတကာ ထင်ရှားသည့် သတင်းစာကြီးများက မလေး bernama ကို ကိုးကား၍ ၄င်းတို့နှစ်ဦး လုပ်ကြံခံခဲ့ရသည်ဟု သတင်းတင်ပြကြပြီဖြစ်ပါသည်။ နိုင်ငံတကာက bernama ကို ကိုးကား သတင်းတင်ပြချိန်မှာ မြန်မာ အခြေဆိုက် Eleven Media Group ၏ သတင်း တင်ပြချိန်ထက် များစွာ နောက်ကျနေကြောင်းလည်း တွေ့ရှိရပါသည်။ အလားတူ ဧရာဝတီသတင်းမှ ရခိုင်ဖေ့ဘွတ်ပေ့ခ်ျကို ကိုးကားပြီး ရခိုင်ခေါင်းဆောင်များ လုပ်ကြံခံရသည့် သတင်းကို အစောကြီး ဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။

    မလေးရှားနိုင်ငံ၊ Criminal Investigation Department (CID) ၏ အကြီးအကဲဖြစ်သူ ACP Khairi Ahrasa က ရခိုင်ခေါင်းဆောင်နှစ်ဦး လုပ်ကြံခံခဲ့ရသည် သတင်းကို အတည်ပြုပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများလည်း ချက်ချင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း bernama သို့ ပြောကြားခဲ့ပါသည်။

    နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသည့် Time သတင်းကမူ မလေးရှားနိုင်ငံရောက် ရခိုင်ခေါင်းဆောင်နှစ်ဦးလုပ်ကြံခံရသည့် သတင်းကို ဖော်ပြထားရာ ၌ မြန်မာပြည်တွင်း ရိုဟင်ဂျာများအား ညှဉ်းပမ်းနှိပ်စက်မှုဂရက်များ အိမ်နီးချင်းနိုင်ငံများသို့ အကျိုးသက်ရောက်နေသည့် သဘောကိုဆောင်က သတင်း ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

    Time သတင်းက “မြန်မာပြည်မှ ပဋိပက္ခများသည် အရှေ့တောင်အာရှသို့ ပျံ့နှံ့နေကြောင်း၊ အင်ဒိုနီးရှား ဂျကာတာတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း၊ မလေးရှားတွင်လည်း လူမျိုးအဓိကရုဏ်းနှင့် သတ်ဖြတ်မှုများဖြစ်ပွားခဲ့၍ မြန်မာ အလုပ်သမားမြောက်မြားစွာ ပြည်တော်ပြန် ခဲ့ကြောင်း၊ ရခိုင် ဗုဒ္ဓဘာသာများနှင့် မြန်မာအစိုးရတို့က ရိုဟင်ဂျာများကို တွန်းထုတ်နေသဖြင့် မလေးတွင် ရိုဟင်ဂျာ များစွာ ရှိနေကြောင်း” ဖော်ပြထားပါသည်။

    ၁) http://world.time.com/2014/02/07/gunmen-target-burmese-mp-in-drive-by-shooting-in-malaysia/
    ၂) http://www.bernama.com/bernama/v7/newsindex.php?id=1012663
    ၃) http://www.straitstimes.com/breaking-news/se-asia/story/two-myanmar-political-party-leaders-escape-suspected-assassination-malay

    Photo Credit =>Arakan Community Malaysia
    ဓါတ်ပုံအညွှန်း- မလေးရှားရောက်ရခိုင်ခေါင်းဆောင်များ

  • ကျဉ်းကြပ်စွာ ပိတ်လှောင်စောင့်ကြည့်ခံရနေသည့် ဓားစာခံသားကောင်များ (By Francis Wade)

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၄
    M-Media
    ဘာသာပြန်- မြင့်မိုရ်မောင်မောင်

    ရိုဟင်ဂျာအများစုအတွက် ပြည်တွင်းမှလွတ်မြောက်ရန်ကိုသာ တစ်ခုတည်းသောအဖြေအဖြစ် မှတ်ယူသူ တိုးတက်များပြားလာသည်။

    Rohingyas Crowd IDP Camps In Sittwe After Sectarian Violence
    ဓါတ်ပုံ အညွန်း- မြို့ဆင်ခြေဖုံး၌ပင်သွားလာခွင့်မရအောင် ကာဆီးထားသည့် သံဆူးခတ်စည်းရိုးနောက်မှ ရိုဟင်ဂျာအမျိုးသားနှစ်ဦး

    စစ်တွေမြို့၊ ဘူမိရပ်ကွက်ဝင်ရောက်ရာ ဆူးကြိုးခတ်အကာအရံကို နေရာချနေသော ရဲတပ်သားမှ စည်းမျဉ်းစည်းကမ်းများကို နှုတ်တိုက်ရွတ်နေပါသည်။ ရိုဟင်ဂျာတို့သည် ခွင့်ပြုချက်မရရှိဘဲ ထွက်ခွာရန်ကြိုးစားခဲ့သော် ဖမ်းဆီးချုပ်နှောင်၍ နေရပ်သို့ပြန်ပို့မည် ဟူ၍။ အကယ်၍ ရခိုင်လူမျိုးတစ်ဦးကို အလားတူကဲ့သို့ ဆက်ဆံမည်လောဟု မေးလာသည် ရှိလျှင် ထိုသူသည် မအီမသာပြုံးရွှင်၍ ခေါင်းခါရမ်း လိုက်မည်ဖြစ်အံ့။ ဤရပ်ဝန်းမှာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မြို့တော်၏ မွတ်စ်လင်မ် အများစု နေထိုင်ရာအရပ် တစ်ခုဖြစ်သည်။ သို့သော် မယုံနိုင်စရာကောင်းလောက်အောင် လဟာပြင်အကျဉ်း စခန်းသို့ အသွင်ပြောင်းသွားသည် သာမက လက်နက်ကို င်အစောင့်များသည် ရပ်ကွက်နေများ၏ သွားလာခွင့်ကိုပင် တင်းကြပ်ထားပေသည်။

    စစ်တွေမြို့ရှိ ထိုသို့သော ညစ်ပတ် ကျဉ်းကြပ်သည့် ရပ်ဝန်းများမှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှင့် ရိုဟင်ဂျာမွတ်စ်လင်မ် လူ့အဖွဲ့အစည်းအကြား အကြမ်းဖက်မှုပွင့်အံချိန်မှ စတင်ပြီး အလျှိုလျှို ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်၏။ သူတို့၏လူဦးရေ ပမာဏသည် တစ်စထက် တစ်စ လျော့ပါးလာနေသည်။ ဇန္န၀ါရီလဆန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့တွင် ရခိုင် လူရမ်းကားများနှင့် စစ်သားများမှ ရိုဟင်ဂျာတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း သတင်းသည် တောင်ပိုင်းဒေသသို့ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာရာ ဘူမိရပ်ကွက်သားများ၊ အနီးရှိ လျော့တိလျော့ရဲစောင့်ရှောက်ခံ ဒုက္ခသည် စခန်းမှလူများ အကြား သွေးပျက်ချောက်ခြားစေခဲ့သည်။ ၎င်းအပြင် ကမ်းခြေဖက်နှင့် ပိုမိုနီးကပ်သော စခန်းများသို့ ရွှေပြောင်းအောင် တွန်းပို့သလို ဖြစ်သွားခဲ့သည်။

    ရပ်ကွက်အတွင်း ကျန်နေရစ်သူများမှာကား အိမ်တံခါးဝများမှ မျှော်လင့်ချက်ကင်းစွာ ငေးမှိုင်လျက်သော် လည်းကောင်း၊  တစ်စပြင်လိုငြိမ်သက်နေသော လမ်းများပေါ် ဆောက်တည်ရာမဲ့ သွားလာလျက်သော် လည်းကောင်း ရှိနေကြပေသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်တွင် သူတို့သည် မြို့လယ်သို့ ကူးသန်းသွားလာရောင်းဝယ်ဖောက်ကားနိုင်ခဲ့သည်၊ ဆိုင်ခင်းဈေးရောင်းနိုင်ခဲ့ကြသည်၊ ဆရာဝန်ထံ သွားရောက်ဆေးဝါး ကုသနိုင်ကြသည်၊ ကလေးငယ်များကို စာသင်ကျောင်းသို့ ပို့နိုင်ခဲ့ကြသည်။ ယခုအခါတွင်မူ အကန့်အသတ်နှင့်သာ ပြုလုပ်ဆောင်ရွက်ရသော အခြေအနေဖြစ်နေ၏။ ၂ ကီလိုမီတာပတ်လည် ခြေရာခွက် ဘ၀လေးထဲအတွင်း ပိတ်လှောင်ခံထားရပါသည်။

    ၂၀၁၂ ခုနှစ် ဇွန်လ၌ ပထမဆုံးပိတ်ဆို့မှု စတင်ချိန်ကပင် ရပ်ကွက် စွန့်ခွာသူများထဲလည်း မပါဝင်၊ အနီးအနားဆိုင် တစ်ဆိုင်တွင် အလုပ်ဝင်နေသော သားဖြစ်သူ၏ မစို့မပို့ လုပ်ခဖြင့် ရပ်တည်နေရသည့် အသက် ၆၅ နှစ်အရွယ် အဗ်ဒုလ် ရဟီးမ်က “ တစ်ချိန်က ကျွန်တော်ဟာ ကြက်ဥရောင်းဖို့ ဈေးကို နေ့စဉ်သွားခဲ့သူပါ။ အခုတော့ တစ်နေကုန် စိတ် မချမ်းသာစွာနဲ့ ထိုင်မှိုင်တွေဝေနေရသူ ဖြစ်နေပါတယ် ” ဟု ပြောဆိုပါသည်။

    ဆေးရုံတင်ရန် လိုအပ်လာသောအခါ ရပ်ကွက်သားများက အာဏာပိုင်များထံ ထွက်ခွင့်တောင်းခံရသည်။ သေရေးရှင်ရေး အနေအထားရောက်မှ သာလျှင် ခွင့်ပြုပေးလေ့ရှိကြသည်။ အသက် ၈၇ နှစ်အရွယ်ရှိ ဦးကာစင်သည် သွေးတိုးရောဂါ ခံစားရပြီး ခြေထောက်၌ ရေနာစွဲကပ်နေသော်လည်း ဘူမိရပ်ကွက်ကျောဖက် သဲချောင်းဒုက္ခသည် စခန်းအစွန်ပိုင်းရှိ မွတ်စ်လင်မ်များ ရှိရာဆေးခန်းသို့ပင် သွားရောက်ပြသရန် အခွင့် မသာခဲ့ချေ။

    တားဆီးဂိတ်မှ ရဲတပ်သားသည် အနီးသို့ ကပျာကယာလျှောက်လာပြီး – အကယ်၍ ရိုဟင်ဂျာတို့သည် စစ်တွေမြို့တွင်းသို့ ၀င်ပါက ရခိုင်လူမျိုးတို့၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလိမ့်မည်ဟု စိတ်လက်မပါစွာဖြင့် နားချခဲ့လေသည်။

    မြန်မာနိုင်ငံ၌ ရိုဟင်ဂျာတို့သည် မျိုးဆက် အလီလီ မှီတင်းနေထိုင်လာကြသော်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများ ဟူသော မခိုင်မာသည့်စွဲချက်ဖြင့် နိုင်ငံတော်၏ တရားဝင်တိုင်းရင်းသား ၁၃၅ အုပ်စုစာရင်း၌ ထည့်သွင်းခြင်း မခံကြရပေ။ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသည့် အပြင် ထိမ်းမြားမှု၊ အလုပ်အကိုင်၊ ဆေးဝါးကုသခံယူမှု၊ ပညာရေး နှင့် နိစ္စဓူဝလုပ်ငန်းများအပေါ် ပြင်းထန်စွာ တင်းကြပ်ခံထားရသည်။ ဤလူ့အဖွဲ့အစည်းကို ကုလသမဂ္ဂမှ “အကြွင်းမဲ့ အပစ်ပယ်ခံများ” ဟု ခေါ်ဆိုသတ်မှတ်လိုက်ပြီဖြစ်၏။

    နှစ်ဖက်လူ့အဖွဲ့အစည်းအပြန်အလှန် သဟဇာတဖြစ်ရေးကို ပြန်လည်တည်ဆောက်ရန် နိုင်ငံတော် အစိုးရ၏ ဦးဆောင်ကြိုးပမ်းချက် မရှိခြင်းနှင့်အတူ အာဃာတ တရားများမှာလည်း ပိုမိုကြီးမား မာကျောလာလျက် ရှိနေသည်။

    ရခိုင်အမျိုးသားတိုးတက်ရေး ပါတီ  Rakhine Nationalities Development Party (RNDP) ၏ အမာခံအဖွဲ့သားဖြစ်သူ ခိုင်ကျော်မိုးက မိမိ၏ အမျိုးသားများမှာ ကာလရှည် ဒုက္ခခံခဲ့ရသည့် ပါလက်စတိုင်း လူမျိုးများနှင့် မဆီလျော်စွာ နှိုင်းယှဉ်ပြခဲ့သည်။ ရိုဟင်ဂျာများမှာ ပါလက်စတိုင်း ပိုင်နက်အတွင်း အိမ်ယာတိုးချဲ့ တည်ဆောက်နေသည့် အစ္စရေးများကဲ့သို့ဖြစ်ကြောင်း၊ အကယ်၍ မိမိတို့၏ အာဏာပိုင်က ပျော့ညံ့နေပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ နားလည်မှုမပေးနိုင်ပါလျှင် ရခိုင်ပြည်နယ်သည် အနောက်ဖက်ကမ်းခြေဒေသအလား ရှင်းမရနိုင်သော ပဋိပက္ခများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သူက ဆိုသည်။ ဖယ်ထုတ်ခံရပြီး အကြောက်လွန်နေရှာသည့် ရိုဟင်ဂျာတို့အား အင်အားကောင်းလှသော အစ္စရေးတို့နှင့် နှိုင်းယှဉ်ပြလိုက်ခြင်းက ယုတ္တိမဲ့ ဟာသတစ်ရပ် ဖြစ်သွားပါသည်။ စင်စစ်မှာမူ အငြိုးကြီးစွာ ပုံဖော်မှုသာ ဖြစ်ပါ၏။

    ရိုဟင်ဂျာများမှာ အခြား ဘာသာတရားများကို နားလည်မှုပေးနိုင်သည်အထိ ဒုက္ခသည်စခန်းများ အတွင်း၌သာ နေထိုင်သင့်ကြောင်း စစ်တွေမြို့ကျောင်းအုပ် တစ်ဦးက ပြောလေသည် (ရိုဟင်ဂျာများသည် အစ္စလာမ့် အစွန်းရောက် လမ်းစဉ်ဖက် ယိမ်းနေသူများ အဖြစ် ရခိုင်လူမျိုးတို့မှ ယိုးမှတ်ကြောက်ရွံ့နေကြသည်)။ အကယ်၍ မွတ်စ်လင်မ်တို့နှင့် အဆက်အသွယ် ရှိနေသေးကြောင်း သူ့ကျောင်းသားများ၏ မိဘတို့မှ တွေ့မြင် သိရှိသွားသော် သူတို့၏ ကလေးငယ်များအား ကျောင်းမှ ထုတ်ယူသွားမည်ကို အကြီးအကျယ်စိုးရိမ်သဖြင့် ထိုသူသည် မိမိ၏ မွတ်စ်လင်မ် မိတ်ဆွေဟောင်းတို့နှင့် အဆက်အသွယ်ဖြတ်လိုက်ရပါသည်။

    ရိုဟင်ဂျာများအဖို့ လူမှုဖယ်ကြဉ်မှု နှင့် ချိုးနှိမ်ခွဲခြားမှုကို ခါးစည်းခံနေကြရသည်။ သဲချောင်းစခန်းတွင် အကာအရံမဲ့ မစင်တွင်းများ၊ မြောင်းများနံဘေးဝယ် ကလေးငယ်များက အ၀တ်မပါဗလာကိုယ်ဖြင့် သွားလာနေကြ၏။ သူတို့၏ ဗိုက်ပူနံကားအသွင်များက အာဟာရချို့တဲ့ခြင်း၏လက္ခဏာကို ထင်ရှားစွာ ပြသနေသည်။ ကူညီကယ်ဆယ်ရေးလုပ်သားများ၊ ဂျာနယ်လစ်များ၊ သံတမန်များသည် တစ်နှစ်ခွဲတာကာလအတွင်း ဒုက္ခသည် စခန်းများသို့  ရောက်ဖူးကြပြီး ဖြစ်သည့် တိုင်အောင် စိုးစဉ်မျှပင် အပြောင်းအလဲ မရှိသေး။ ၎င်းတို့၏ တာပေါ်လင် မိုးကာတဲများသည် ပင်လျှင် လျော့တိလျော့ရဲဖြစ်ကာ တွန့်ကြေဆွေးမြေ့လာပေပြီ။

    များမကြာသေးမီက ယင်းအမိုးများအောက်သို့ မိသားစု အချို့သည် ဒုက္ခသည်များ အဖြစ် ရောက်ရှိလာကြသည်။ ရောက်ရှိလာသူများ အနက် အချို့မှာ အကြမ်းဖက်မှုကို တိုက်ရိုက်ခံစားရသည့် သားကောင်များ မဟုတ်ကြ။ ဇန္န၀ါရီလဆန်းပိုင်း မောင်းတောမြို့တွင်ဖြစ်ပျက်ခဲ့သကဲ့သို့ မိမိတို့ခံစားရမှာ စိုးကြောက်နေသူများဖြစ်ကြသည်။ သူတို့အနေနှင့် မလေးရှားသို့သော် လည်းကောင်း၊ အခြားဒေသများသို့သော် လည်းကောင်း ခိုလှုံသူများအဖြစ် ၀င်ရောက်နိုင်ရေးအတွက် ပင်လယ်ပြင်ဖက်ရှေ့ရှုကာ ကိုယ်ပိုင် စွန့်စားခန်း ဖွင့်လှစ်ကြပေတော့မည်။ ဤသည်မှာ ရခိုင်လူမျိုးတို့၏ လိုလားချက်အတိုင်း အကြိုက်ဆောင်ရာ ဖြစ်နေပါတော့သတည်း။

    မူရင်းဆောင်းပါး – Burma’s Rohingya Are Now Being Forced to Live in Squalid Ghettos Watched by Guards
    ဘာသာပြန် – မြင့်မိုရ်မောင်မောင်
    Paula Bronstein / Getty Image