News @ M-Media

Blog

  • ဘာနေဗျူးကွင်းအား တိုးချဲ့မှုပြုလုပ်သွားမည်ဟု ရီးယဲလ်ကြေညာ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    Bernabeu-3097812
    – ရီးယဲလ်မက်ဒရစ်အသင်းက ၎င်းတို့၏ အိမ်ကွင်း ဘာနေဗျူးအား တိုးချဲ့ဆောက်လုပ်မည်ဟု ကြေညာခဲ့ပြီး ပေါင် ၃၂၈ သန်း ကုန်ကျမည်ဟု  ကြေညာ ခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရီးယဲလ် ဥက္ကဌ ဖလိုရန်တီနိုပီရက်ဇ် က ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်မည့်ကွင်း၏ ပုံသဏ္ဍာန်ကိုလည်း ပြသခဲ့သည်။

    ထိုကွင်းအား တိုးချဲ့ဆောက်လုပ်ရန်အတွက် ဂျာမန်အခြေစိုက် ဗိသုကာကုမ္ပဏီ GMP အား ရွေးချယ်ခဲ့ပြီး ထိုကုမ္ပဏီက ဒီဇိုင်း ၄ ခု ပြသခဲ့သည့်အနက် ပီရက်ဇ်က စိတ်ကြိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုကွင်းသစ်တွင် ဈေးဝယ်စင်တာတစ်ခုနှင့် ဟိုတယ်တစ်ခုလည်း ပါဝင်မည်ဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်နိုင်ရန် ရည်ရွယ်ထားသည်။

    ထို့ပြင် ထိုကွင်းဆောက်လုပ်မှု ကုန်ကျငွေ၏ ထက်ဝက်ကို အသင်းအမည်ရောင်းချပြီး ရှာဖွေရန် ရီးယဲလ်က စီစဉ်ထားပြီး ကမ္ဘာကျော် ကိုကာကိုလာ အချိုရည် ကုမ္ပဏီနှင့် မိုက်ကရိုဆော့ဖ်တို့နှင့် ဆွေးနွေးနေပြီး မိုက်ကရိုဆော့ဖ်နှင့် စာချုပ်ချုပ်ရန် နီးစပ်နေသည်ဟု သိရသည်။
    Ref: mirror

  • ပါလက်စတိုင်း အိမ်ရာများ အစ္စရေး ဖျက်ဆီးမှု ကုလ ရှုတ်ချ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    348670_Palestine-home-demolition

    ဖေဖော်ဝါရီ၊ ၁။ ။ ပါလက်စတိုင်းပိုင်အနောက်ဘက်ကမ်းခြေ ဂျော်ဒန်တောင်ကြားရှိ ပါလက်စတိုင်းရွာ တစ်ရွာအား အစ္စရေးကဖျက်ဆီးခဲ့မှုနှင့် ပက်သက်၍ ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချခဲ့သည်ဟု သိရသည်။

    ဇန်န၀ါရီ ၃၀ ရက်နေ့ (ကြာသာပတေးနေ့) က ပြုလုပ်ခဲ့သော ထိုဖျက်ဆီးမှုတွင် ပါလက်စတိုင်းတို့၏ အိမ်ခြေ ၃၆ လုံးဆုံးရှုံးခဲ့ရပြီး ကလေးငယ် ၃၆ ဦးအပါအ၀င် စုစုပေါင်း ၆၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုကိစ္စနှင့် ပက်သက်၍ အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဂျိမ်းစ်ရော်လေးက ယမန်နေ့က ကြေညာချက် တစ်ရပ်ထုတ်ပြန်ခဲ့ပြီး အနောက်ဘက် ကမ်းခြေတွင် ပြုလုပ်နေသည့် အစ္စရေး၏ အဆိုပါ လုပ်ရပ်များအား ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

    “ဂျော်ဒန်တောင်ကြား တစ်လျှောက်မှာ ဖြစ်ပွားနေသော ပါလက်စတိုင်းတို့၏ အိမ်ရာများ ဖယ်ရှားခြင်း၊ သိမ်းပိုက်ခြင်းများအတွက် မိမိအနေဖြင့် အလွန်စိုးရိမ်မိပါသည်။ ထိုဒေသတွင် အိမ်ရာများ ဖျက်ဆီးမှုများမှာ လွန်ခဲ့သည့် နှစ်က နှစ်ဆခန့်မြင့်တက်လာခဲ့သည်။ ထိုကိစ္စရပ်များသည် ပါလက်စတိုင်းတို့၏ နေထိုင်ခွင့်နှင့် အခြေခံ လိုအပ်ချက်များကို ပိတ်ပင်ထားခြင်းသာမက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းလည်း ဖြစ်ပေသည်” ဟု ထိုကြေညာချက်တွင် ရော်လေးက ပြောကြားခဲ့သည်။

    အစ္စရေးက မတရားသိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်တွင် ခွင့်ပြုချက်မရှိဘဲ တည်ဆောက် ထားသည်ဟု အကြောင်းပြကာ အစ္စရေးက ပါလက်စတိုင်းတို့၏ အိမ်ရာများအား ဖျက်ဆီးမှုကြောင့် ၂၀၁၃ ခုနှစ်တွင် ပါလက်စတိုင်းပြည်သူ ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရုံးခန်းက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအရေး တက်ကြွ လှုပ်ရှားသူများကမူ ထိုကဲ့သို့ ဖျက်ဆီးခြင်းမှာ ပါလက်နယ်မြေများအတွင်း ဂျူးအခြေချအိမ်ရာများ တည်ဆောက်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV

  • အစ္စလာမ်အပေါ် သဘောပေါက် နားလည်မှု တိုးပွားစေသည့် အမေရိကန်ရှိ ကြော်ငြာ ဆိုင်းဘုတ်များ

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media
    1016255_655167784525695_41978811_n
    မစ်ချီဂန်- အမေရိကန်ပြည်ထောင်စုအတွင်း ဘာသာပေါင်းစုံချစ်ကြည်ရေး အပြန်အလှန်ဆက်သွယ်လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေရေးကို ကူညီပေးရန်နှင့် အစ္စလာမ် သာသနာ၏ သတင်းစကားအမှန်ကို တင်ပြရန်အတွက် ကြော်ငြာဆိုင်းဘုတ်သုံး လှုပ်ရှားမှုသစ်တစ်ခု ကို စတင်လိုက်ပါပြီ။

    Gain Peace လှုပ်ရှားမှုအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာ စဘားလ် အဟ်မက်ဒ်က

    “အစ္စလာမ်၊ ခရစ်ယာန်၊ဂျူးနဲ့ အခြားကွယ်ယုံကြည်မှုတွေအကြားမှာ ရှိတဲ့ ဘုံတူညီချက်တွေအပေါ်မှာ ကျွန်တော်တို့ အလုပ်လုပ်နေကြတာပါ၊ ဒါကိုလည်း ကျွန်တော်တို့ သေချာချင်ပါတယ်” လို့ Public News Service သတင်းဌာနကို ဇန်နဝါရီလ ၂၈ ရက် အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထို့ အပြင်သူက “ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက် ခရစ်ယာန်ချာ့ခ်ျကျောင်းတွေနဲ့ ဂျူး ဘုရားကျောင်းတွေက တက်ကြွလှုပ်ရှားသူတွေနဲ့ လည်း အတူတကွ လက်တွဲလုပ်ဆောင်လိုပါတယ်” လို့ပြောကြားခဲ့ပါသေးတယ်။

    Gain Peaceဟာ ပြည်တွင်း အဖွဲ့ အစည်းတစ်ခုဖြစ်ပြီး မြောက်အမေရိကအစ္စလာမ့်အဖွဲ့အစည်း ICNA ကကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

    အဖွဲ့အစည်းသည် ထိုလှုပ်ရှားမှုသစ်ဖြင့် ကြော်ငြာဆိုင်းဘုတ်များ၊သတင်းစာ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုကြော်ငြာစသော မီဒီယာစုံမှတဆင့် မစ်ချီဂန်ဒေသခံများထံသို့ အစ္စလာမ့် သတင်းစကားအမှန်များ ရောက်ရှိစေရန် ရည်ရွယ်ထားပါတယ်။

    ကြော်ငြာဆိုင်းဘုတ်များတွင် “အစ္စလာမ်ဆို တာဘာလဲ” နှင့်” မွတ်စလင်မ်တွေ ဆိုတာဘာလဲ” ဟူသောမေးခွန်းနှစ်ခု ပါဝင်ပါတယ်။

    အစ္စလာမ်နှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုသူများနှင့် ကျမ်းတော်မြတ်ကုရ်အာန် အခမဲ့ ရယူနိုင်ရေးအတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်လည်း ပါရှိပါတယ်။

    စက်တင်ဘာ ၉ အပြီး အစ္စလာမ်ကိုရွံ့ကြောက်ခြင်း “Islamophobia” တရိပ်ရိပ်မြင့်တက်လာတာကြောင့် ဒီလှုပ်ရှားမှုက အစ္စလာမ်နှင့်ပါတ်သတ်ပြီး မှားယွင်းသော ထင်မြင်ယူဆချက်များကို ပြန်လည်ဖြေရှင်းရန်ရည်ရွယ်ပါတယ်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၏ မွတ်စလင်မ်လူဦးရေ အများဆုံး မစ်ချီကန်ဒေသမှာ စတင်ခဲ့တာပါ။

    တရားဝင် ထုတ်ပြန်ချက်များ မရှိသော်လည်း အမေရိကန်နိုင်ငံသည် ခန့်မှန်းချေ ၆သန်းမှ ၈သန်း အတွင်းရှိသော လူနည်းစုမွတ်စလင်မ်များ၏ အမိမြေဖြစ်ပါသည်။

    အစောပိုင်း သဘောဆန္ဒကောက်ခံချက်များမှ တွေ့ရှိချက်များအရ အမေရိကန်မွတ်စလင်မ် အများစုကြီးသည် နိုင်ငံအပေါ်သစ္စာရှိပြီး တိုင်းပြည်နှင့်သူတို့ အနာဂတ်များအတွက်လည်း အကောင်းဆုံးမျှော်လင့်ထားကြသည့် အကောင်းမြင်ဝါဒီများဖြစ်ကြသည်။
    အခြားသော လေ့လာတွေ့ရှိချက်များအရ အမေရိကန်နိုင်ငံသား အများစုသည် မွတ်စလင်မ်များနှင့် ၄င်းတို့ ၏ကိုးကွယ်ယုံကြည်မှုအကြောင်းကို အနည်းငယ်မျှသာသိသူများဖြစ်ကြောင်း သိရှိရသည်။

    စည်းရုံးသိမ်းသွင်းခြင်းမဟုတ်
    —————————–
    ယင်းလှုပ်ရှားမှုကို ဦးဆောင်ညွှန်ကြားသူများက ၎င်းတို့သည် အမေရိကန့်နိုင်ငံသားများကို အစ္စလာမ် ဘာသာဝင်အဖြစ် ကူးပြောင်း လာရန်ကြိုးပမ်းနေသည်ဟူသောစွပ်စွဲချက်ကို လည်းငြင်းပယ်လိုက်ပါသည်။

    ICNA၏ ကူညီပံ့ပိုးမှုဖြင့် စတင်ကြေငြာသည့် အချိန်မှ စ၍ အပြုသဘောဆောင်သောတုံ့ပြန်မှုများကို Gain Peace အဖွဲ့ကရခဲ့ပါသည်။

    အဟ်မက်ဒ်က ပြောပြခဲ့ပါတယ်။
    “ကျွန်တော်တို့ဟာ ခရစ်ယာန်နဲ့ဂျူးမိတ်ဆွေများရဲ့ ဖုန်းများကို လက်ခံရရှိခဲ့ရုံသာမက၊ ဘာသာမဲ့ဝါဒီ အချို့ကပါ ဖုန်းခေါ်ဆိုခဲ့ပါတယ်။”

    “သူတို့တွေက အစ္စလာမ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့နဲ့ ဆွေးနွေး ဖလှယ်ချင်ကြတာ” လို့သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

    မစ်ချီဂန်ပြည်နယ်သာမက Gain Peace အဖွဲ့က အစ္စလာမ့်ပုံရိပ်စစ်ကို လူတွေဆီ အရောက်ပို့တဲ့ အခြားလှုပ်ရှားမှုတစ်ခုကိုလည်း ချီကာဂိုတွင် စတင်နေပါပြီ။

    ယင်းလှုပ်ရှားမှုသည် အစ္စလာမ့်သတင်းစကားမှန်ကို ချီကာဂို၏ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများကိုအသုံးပြုကာ ကြော်ငြာများမှ တဆင့် စတင် ဖြန့်ဝေသတင်းပေးနေပါပြီ။

    ဘတ်စ်ကား ၁၀၅ စီးနှင့် ရထား ၂၇၅စင်းကလည်း အစ္စလာမ်သတင်းစကားများကို သယ်ဆောင်နေကြပါပြီ။ ကြော်ငြာဆိုင်းဘုတ်ကြီးများကို ဘတ်စ်ကားများ အတွင်းအပြင် အပြင်နှင့်ရထားများ အတွင်းတွင် ဖေါ်ပြလျက် လူထုကို သတင်းပေးလျက်ရှိပါသည်။

    ထိုကြော်ငြာများတွင် အဖွဲ့အစည်းသို့ ဆက်သွယ်ရန်လိပ်စာများပါရှိပြီး ဒေသခံများ အစ္စလာမ်နှင့်ပတ်သက်ပြီး အလွယ်တကူ မေးမြန်းနိုင်ရန်နှင့် ကျမ်းမြတ်ကုရ်အာန်ကို အခမဲ့ရယူဖတ်ရှုနိုင်ရန်ရည်ရွယ်ပါသည်။

    Ref: OnIslam
    ဘာသာပြန်သူ – ETZ

  • ဗော့ကာ အရက် သောက်သုံးမှုကြောင့် ရုရှား အမျိုးသားများ သေဆုံးမှု အဆမတန်မြင့်တက်

    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၄
    M-Media

    F-RUSSIAN PARATROOPS, VODKA
    – ဗော့ကာ သောက်သုံးမှုကြောင့် ရုရှားနိုင်ငံရှိ အမျိုးသားများ၏ လေးပုံတစ်ပုံမှာ အသက် ၅၀ ကျော်ကျော်တွင် သေဆုံးနေကြောင်း လေ့လာ ဆန်းစစ်မှုများ အရ သိရသည်။

    လူပေါင်း ၁ သိန်း ၅ သောင်းကျော်ကို လေ့လာမှုများအရ တစ်ပါတ်အတွင်း ဗော့ကာ ၃ လုံးနှင့်အထက် သောက်သုံးသူများ သက်တမ်း မစေ့မီ သေဆုံးမှုများမှာ လွန်စွာမြင့် တက်နေကြောင်း တွေ့ရှိခဲ့ရသည်ဟု ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ အလွန်အကျွံသောက်သုံးမှုကြောင့် သေဆုံးသူများမှာ များသောအားဖြင့် အရက်ကြောင့် အဆိပ်အတောက်ဖြစ်မှု၊ မတော်တဆဖြစ်မှု၊ အကြမ်းဖက်မှု၊ မိမိ ကိုယ်ကို သေကြောင်းကြံမှုများကြောင့်ဖြစ်ပြီး လည်ချောင်း ကင်ဆာ၊ အသည်းကင်ဆာ၊ တီဘီရောဂါ၊ နမိုးနီးယား၊ ပန်ကရိယနှင့် အသည်းရောဂါများကြောင့်လည်း သေဆုံးကြသည်။

    ရုရှားအမျိုးသားများ၏ ပျမ်းမျှ အသက် ၆၄ နှစ်တွင် ဗော့ကာ သောက်သုံးမှုကြောင့် အသက် ၅၅ နှစ် မတိုင်ခင် သေဆုံးမှု အန္တရာယ်မှာ ၃၅ ရာခိုင်းနှုန်းပိုများသည်ဟု လေ့လာမှုများက ဆိုသည်။

    Ref: aljazeera

  • မောင်းတော ထုတ်ပြန်ကြေငြာချက် မရုတ်သိမ်းကြောင်း ဗြိတိန်သံရုံး ထပ်မံ အတည်ပြုပြောကြား

    ဇန်နဝါရီ ၃၁၊ ၂၀၁၃
    M-Media
    The_British_Embassy_would_like_to_clarify..._-_Foreign_Office_news_on_Burma_-_2014-02-01_02.06.17
    ရခိုင်ပြည်နယ် မောင်းတော ဖြစ်ရပ်နဲ့ပတ်သက်ပြီး British Foreign & Commonwealth Office က မိမိရဲ့ ဇန္န၀ါရီလ ၂၃ ရက် ထုတ်ပြန်ချက်ကို ပြန်လည် ရုတ်သိမ်း လိုက်ကြောင်း ဖော်ပြနေတဲ့ သတင်းဟာ လွဲမှားနေတဲ့ အကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခြေအနေအပေါ် စိုးရိမ်လျက်သာရှိနေကြောင်း၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ် အမြန်ဆုံးပြုလုပ်နိုင်ဖို့ မြန်မာအစိုးရကို ကျွန်ုပ်တို့မှ ဆက်လက် တိုက်တွန်းသွားပါမယ့်အကြောင်း ရန်ကုန်မှ ဗြိတိသျှ သံရုံးမှ ရှင်းလင်းပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

    Ref: Foreign Office news on Burma FB

    Link =>https://www.facebook.com/fcoburma/posts/10151978718782865