ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန် ။ ။ ရန်ကုန်မြစ်တွင် နေ့စဉ်ပြေးဆွဲနေလျှက်ရှိနေသော ရန်ကုန်-ဒလ သဘောင်္များသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်မြစ် အတွင်း မြူများဆိုင်းနေသောကြောင့် သဘောင်္များကို နောက်ကျပြေးဆွဲခဲ့ရသောကြောင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့လျက်ရှိခဲ့ပါသည်။
“၇း၁၅-နာရီ လောက်ကစပြီး မမြင်ရတော့လောက်အောင်ကို မြူတွေဆိုင်းနေတယ်။ သမ္မာန်တွေ တောင်သွားလို့ မရဘူး တချို့သမ္မာန်တွေကသွားကြတယ် ဘာမှမမြင်ရတော့ သွားတော့ အသက်အန္တရယ် စိုးရိမ်ရပါတယ်။ ၁ နာရီလောက် နားလိုက်ရတော့ ခရီးသည်တွေပုံသွားတယ်။ ခရီးသည်တွေ အဆင်ပြေသွားအောင်လို့ သဘောင်္ကို ခါတိုင်းနှစ်စီး ဆွဲရာကနေ သုံးစီးပြေးဆွဲ ခဲ့ပါတယ်။ အရင်ကမိနစ် နှစ်ဆယ်ကို တစ်စီးထွက်တယ် အခုအခက်အခဲကြောင့် ဆယ်မိနစ်ကို တစ်စီး ထွက်ပေးခဲ့ရတယ်။ အခုလိုမြူဆိုင်းတာက နှစ်တိုင်း လိုလိုဖြစ်နေကြပါ ဖေဖော်ဝါရီနဲ့ မတ်လမှာ အဖြစ်များပါတယ်”ဟု ပန်းဆိုးတန်း ဆိပ်ကမ်း မန်နေဂျာ ဦးအေးမြင့်မောင်က ပြောကြားခဲ့ပါသည်။
ပန်းဆိုးတန်းနှင့် ဒလသို့ နေ့စဉ်သဘောင်္နှစ်စီး ပြေးဆွဲပြီး တစ်ခေါက်လျှင်ခရီးသည် ၄၀၀ နှင့် ၅၀၀ ကြားပြေးဆွဲလျက် ရှိပါသည်။ တစ်နေ့လျှင် အခေါက်ရေ ၄၆ ခေါက်ပြေးဆွဲလျှက်ရှိပြီး ခရီးသည် ၂၇၀၀၀ သွားလာနေကြောင်း သိရှိရပါသည်။
Leave a Reply
You must be logged in to post a comment.