News @ M-Media

Blog

  • မောင်းတော ထုတ်ပြန်ကြေငြာချက် မရုတ်သိမ်းကြောင်း ဗြိတိန်သံရုံး ထပ်မံ အတည်ပြုပြောကြား

    ဇန်နဝါရီ ၃၁၊ ၂၀၁၃
    M-Media
    The_British_Embassy_would_like_to_clarify..._-_Foreign_Office_news_on_Burma_-_2014-02-01_02.06.17
    ရခိုင်ပြည်နယ် မောင်းတော ဖြစ်ရပ်နဲ့ပတ်သက်ပြီး British Foreign & Commonwealth Office က မိမိရဲ့ ဇန္န၀ါရီလ ၂၃ ရက် ထုတ်ပြန်ချက်ကို ပြန်လည် ရုတ်သိမ်း လိုက်ကြောင်း ဖော်ပြနေတဲ့ သတင်းဟာ လွဲမှားနေတဲ့ အကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခြေအနေအပေါ် စိုးရိမ်လျက်သာရှိနေကြောင်း၊ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှု တစ်ရပ် အမြန်ဆုံးပြုလုပ်နိုင်ဖို့ မြန်မာအစိုးရကို ကျွန်ုပ်တို့မှ ဆက်လက် တိုက်တွန်းသွားပါမယ့်အကြောင်း ရန်ကုန်မှ ဗြိတိသျှ သံရုံးမှ ရှင်းလင်းပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

    Ref: Foreign Office news on Burma FB

    Link =>https://www.facebook.com/fcoburma/posts/10151978718782865

  • ကမ္ဘာ့ဟိဂျဗ်န့အား ဂုဏ်ပြုသောအားဖြင့် ကနေဒါတွင် ဟိဂျဗ်အကြောင်း ပညာပေးသည့် ပြပွဲတစ်ခုပြုလုပ်မည်

    ကမ္ဘာ့ဟိဂျဗ်န့အား ဂုဏ်ပြုသောအားဖြင့် ကနေဒါတွင် ဟိဂျဗ်အကြောင်း ပညာပေးသည့် ပြပွဲတစ်ခုပြုလုပ်မည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဟိဂျဗ်န့အား ဂုဏ်ပြုသောအားဖြင့် ကနေဒါရှိ မွတ်စလင်အမျိုးသမီးများက အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးတစ်ခုဖြစ်သည့် ဟိဂျဗ်ဝတ်ဆင်ခွင့်နှင့်ပတ်သက်သည့် ပညာပေးသည့် ပြပွဲတစ်ခု ပြုလုပ်မည်ဟု သိရသည်။

    ထိုအခမ်းအနားအား နိုင်ငံအလယ်ပိုင်း အလ်ဘာတာ ပြည်နယ်ရှိ ဖော့တ်မြို့ရှိ Peter Pond ရှော့ပင်းမောလ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ (စနေနေ့)တွင် ကျင်းပပြုမည်ဖြစ်ပြီး၊ ပြီခဲ့သည့်နှစ်က ပထမဆုံး အကြိမ်အဖြစ် ကျင်းပခဲ့သည်။

    “လူတိုင်းလူတိုင်း ဒီကိုလာပြီး ဟိဂျဗ်ကို စမ်းသပ်ဝတ်ဆင်ကြည့်စေချင်တာပါ” ဟု ပွဲစီစဉ်သူ ကီရန်မာလစ်ခန်းက Fort McMurray Day သတင်းစာသို့ ဇန်န၀ါရီ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့သည်။

    ထို့ပြင် အချို့သောသူများ၏ ဟီဂျဗ်ဝတ်ဆင်ခြင်းအပေါ် ထားရှိသည့် အမြင်များနှင့်ပက်သက်၍ “လူတွေရဲ့ အကြီးမားဆုံး အမြင်မှားယွင်းမှုကတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေကိုအတင်းအကျပ် ဟိဂျဗ် ၀တ်ဆင်ခိုင်းတယ်ဆိုတာပါပဲ။ ဒါဟာ မမှန်ပါဘူး။ ဟိဂျဗ်ဆိုတာ အိနြေ္ဒ၊ သိက္ခာနဲ့ လှပမှု တို့ရဲ့ အမှတ်အသားပါ။ ”

    စနေနေ့တွင်ပြုလုပ်မည့် ထိုအခမ်းအနားသို့ တက်ရောက်သူများအနေဖြင့် ဟိဂျဗ်ဝတ်ဆင်ရခြင်း အကြောင်းအရင်းအပြင် အစ္စလာမ်သာသနာ အကြောင်း ကိုလည်း သိရှိခွင့်ရမည်ဖြစ်သည်။

    အစ္စလာမ်သာသနာမှာ ကနေဒါတွင် အလျဉ်မြန်ဆုံး ပြန့်ပွားနေသည့် သာသနာဖြစ်သည်ဟု နိုင်ငံ၏ တရားဝင်ကိန်းဂဏန်းများအရသိရသည်။ ထို့ပြင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အစ္စလာမ်သာသနာ ပြန့်ပွားမှုမှာ ၈၂ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး နိုင်ငံလူဦးရေ၏ ၃.၂ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

    Ref : Onislam

  • စင်ကာပူရေပြင်တွင် ကွန်တိန်နာ သင်္ဘောတိုက်မှု နှစ်ကြိမ်ဖြစ်ပွား လောင်စာဆီများ ဖိတ်စင်ခဲ့

    စင်ကာပူရေပြင်တွင် ကွန်တိန်နာ သင်္ဘောတိုက်မှု နှစ်ကြိမ်ဖြစ်ပွား လောင်စာဆီများ ဖိတ်စင်ခဲ့

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    စင်ကာပူရေပိုင်နက်အတွင်း ကွန်တိန်နာ သင်္ဘောတိုက်မှု နှစ်ကြိမ်တိုင်တိုင် သီးခြားစီဖြစ်ပွားခဲ့ပြီး၊ ထိုဖြစ်ရပ်အတွင်း လောင်စာဆီများ ပင်လယ်အတွင်း သို့ ဖိစင်ခဲ့သည်ဟု စင်ကာပူ ရေကြောင်းတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့နှင့် ကြာသာပတေးနေ့တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်မိမှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိခဲ့ဘဲ၊ ဆိပ်ကမ်းပိုင်း ဆိုင်ရာ လုပ်ငန်များနှင့် ရေလမ်းကြောင်းများ ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ခြင်းမရှိဟု တာဝန်ရှိသူများက ထပ်လောင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ရေနံဓာတုပစ္စည်းများ ၀င်ရောက်သည့် Jurong ကျွန်း၏ တောင်ဘက် ၂.၇ ကီလိုမီတာ အကွာတွင် ဟောင်ကောင် အလံလွှင့်တင်ထားပြီး ဓာတုပစ္စည်းများ တင်ဆောင်လာသည့် Lime Galaxy ကွန်တိန်နာသင်္ဘောနှင့် တရုတ်နိုင်ငံ အလံလွှင့်ထူ ထားသည့် Feihe သင်္ဘောတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။ သင်္ဘောများ တိုက်မိနိုင်သည်ဟု ဆိပ်ကမ်းရှိ တာဝန်ရှိသူများအား ထိုသင်္ဘောများအား အကြောင်းကြားခဲ့သော်လည်း လိုက်နာမှုမရှိခြင်းကြောင့် တိုက်မိခဲ့ခြင်းဖြစ်ကာ Feihe သင်္ဘောရှိ ဆီသိုလှောင်ကန်မှ လောင်စာဆီများ ဖိတ်စင်ခဲ့ရခြင်း ဖြစ်သည်။

    သို့သော်လည်း ထိုရေနံများအား ရှင်းလင်းရေးလုပ်ငန်းများကို စင်ကာပူအစိုးရက ဆောင်ရွက်နေပြီး ထပ်မံ၍ ဖိတ်စင်ခြင်းမရှိဟု သိရသည်။

    ယမန်နေ့ကလည်း မနားမား အလံလွှင့်ထူထားသည့် NYK Themis ကွန်တိန်နာသင်္ဘောနှင့် AZ Fuzhou အမည်ရ ဇက်သင်္ဘောတို့ စင်ကာပူ Marina South အနီးတွင် တိုက်မိခဲ့ပြီး၊ AZ Fuzhou သင်္ဘောအား အခြားတစ်စီးဖြင့် ဆွဲယူသွားခဲ့ရသည်။ NYK Themis သင်္ဘောမှာ ဆီသိုလှောင်ထားသည့် တိုင်ကီကို ထိမိခဲ့သောကြောင့် ဆီယိုစိမ့်မှုအနည်းငယ်ဖြစ်ပွားခဲ့သည်။

    ထိုသင်္ဘောများအား ကူညီရန် စင်ကာပူအစိုးရက သင်္ဘောလေးစီးစေလွှတ်ခဲ့ပြီး၊ ထိုလောင်စာဆီများအား ရှင်းလင်းရန်အတွက် သင်္ဘောကို ပိုင်ဆိုင် သည့် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ သင်္ဘောတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် သင်္ဘောနှစ်စီးစလုံးမှာ အန္တရာယ်ကင်းလျက်ရှိပြီး၊ ယခုအခါ ကျောက်ချရပ်နားလျက် ရှိသည်ဟု သိရသည်။

    Ref : Xinhua

  • နေးမာ၏ ဖခင်အား ဆန်းတို့စ်အသင်းမှ တရားစွဲမည်

    နေးမာ၏ ဖခင်အား ဆန်းတို့စ်အသင်းမှ တရားစွဲမည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    – ၂၀၁၁ ခုနှစ်က ဘာစီလိုနာအသင်းနှင့် ငွေကြေးဆိုင်ရာ ဆက်သွယ်မှု ရှိခဲ့သော်လည်း ၎င်းတို့အား အသိမပေးခဲ့သည့် နေးမာ၏ ဖခင်ဖြစ်သူအား ဆန်းတို့စ်အသင်းက ဥပဒေကြောင်းအရ အရေးယူရန် ရှိနေသည်ဟု သိရသည်။

    နေးမာ၏အပြောင်းအရွှေ့တွင် နေးမာအား ပူးတွဲပိုင်ဆိုင်သည့် ဖခင်ဖြစ်သူ၏ N&N ကုမ္ပဏီက ပေါင် သန်း ၄၀ ရရှိခဲ့သည်။ ထိုအထဲမှ ၁၀ သန်းအား အပြောင်းအရွှေ့တွင် လက်ဦးမှုရယူရန်အတွက် ဘာစီလိုနာမှ ပြီးခဲ့သည့် ၃ နှစ်က ပေးခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် နေးမာကို မြေတောင်မြှောက်ပေးခဲ့သော်လည်း ပြောင်းရွှေ့ကြေး ၁၇.၁ သန်းသာ ရရှိခဲ့သည့် ဆန်းတို့စ်အသင်းကမူ ဘာစီလိုနာ၏ အပြောင်း အရွှေ့ပေါ်လစီကို ဝေဖန်ခဲ့ပြီး၊ ယူရို ၁၀ သန်း လက်ခံထားမှုအား အသိမပေးခဲ့သည် နေးမာ၏ ဖခင်ကိုလည်း တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

    နေးမာ၏ အပြောင်းအရွှေ့တွင် ယူရို ၅၇.၁ သန်း သုံးစွဲခဲ့သည်ဟု ဘာစီလိုနာအသင်းက ကြေညာခဲ့သော်လည်း ထိုအပြောင်းအရွှေ့တွင် ငွေအရှုပ်အရှင်း ရှိနေသည်ဟု ဘာကာပရိတ်သတ်တစ်ဦးက တရားရုံးသို့ တိုင်ကြားခဲ့ပြီးနောက်၊ ဘာကာ ဥက္ကဌ ရိုဆဲလ်မှာလည်း နှုတ်ထွက်သွားခဲ့သည်။ ဥက္ကဌသစ် ဘာတိုမူကလည်း ထိုအပြောင်းအရွှေ့တွင် နေးမာ၏ ဖခင်အား ယူရိုသန်း ၄၀ ပေးအပ်ခဲ့သည်ဟု ပြီခဲ့သည့်တစ်ပါတ်က ဖွင့်ဟခဲ့သည်။

    ထို့ကြောင့် နေးမာ၏ လုပ်ခများမပါဘဲ လက်မှတ်ထိုးကြေး၊ မူပိုင်ခွင့်၊ ကင်းထောက်ခ၊ အေးဂျင့်ခ၊ နေးမာဖောင်ဒေးရှင်းအတွက် အလှူငွေ စသည့် တန်ဖိုးများပေါင်းပါက နေးမာ၏ ပြောင်းရွှ့ကြေးမှာ ယူရို ၈၆.၂ သန်းရှိနေခဲ့သည်။ ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် ထိုအပြောင်းအရွှေ့အတွက် စပိန်အခွန်ရုံးသို့ ယူရို ၆၃ သန်းအထိ ပေးဆောင်ရဖွယ်ရှိနေသည်။

    Ref : Goal

  • အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို

    အေစီမီလန်အသင်းမှာ ပိုမိုတိုးတက်လာသည်ဟု ဘာလော့တယ်လီဆို

    ဇန်န၀ါရီ ၃၁၊ ၂၀၁၄
    M-Media

    – ရာသီတစ်ဝက်ကျိုးချိန်အထိ ရုန်းကန်နေခဲ့ရပြီး အသင်းသို့ နည်းပြသစ် ဆီးဒေါ့ဖ် ရောက်ရှိလာပြီးနောက် အသင်းအနေဖြင့် ပိုမိုကောင်းမွန်လာသည်ဟု အေစီမီလန်အသင်း၏ တိုက်စစ်မှူး ဘာလော့တယ်လီက ပြောကြားလိုက်သည်။

    အေစီမီလန်အသင်းမှာ ယခုနှစ်တွင် ခြေစွမ်းအလွန်ဆိုးရွားခဲ့ပြီး ရာသီအစတွင် ဇယား၏ အလယ်သို့ရောက်ရှိနေခဲ့သောကြောင့် နည်းပြ အယ်လီဂရီကို ထုတ်ပယ်ခဲ့ကာ ဆီးဒေါ့ဖ်ဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

    အေစီမီလန်သို့ရောက်ရှိလာခဲ့သည်မှာ ၁ နှစ်နီးပါးရှိနေပြီး၊ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ချယ်ဆီးနှင့် ပီအက်စ်ဂျီတို့က ခေါ်ယူရန် ဆက်သွယ် ခြင်းခံခဲ့ရသည့် ဘာလော့တယ်လီက အေစီမီလန်အသင်းနေဖြင့် နည်းပြသစ်လက်အောက်တွင် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး၊ ဥရောပ၀င်ခွင့်အတွက် စိန်ခေါ်နိုင်သည့် အသင်းဖြစ်လာခဲ့ပြီဟုဆိုသည်။

    “ဒီလိုအသင်းကြီးမျိုးမှာ ကစားရတာကို ကျွန်တော်ပျော်ပါတယ်။ အထူးသဖြင့် ရုန်းကန်နေရတဲ့ အခိုက်အတန့်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ လူတိုင်း က လွယ်ကူတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ကြတယ်လေ။ ရုန်းကန်နေရတဲ့အချိန်မှာတော့ ကိုယ့်ရဲ့အကောင်းဆုံး ပုံစံကို ရဖို့မလွယ်ပါဘူး” ဟု အသင်း၏ ၀ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

    ထို့ပြင် အသင်းအား ဥရောပ၀င်ခွင့်ရနိုင်သည့် အဆင့် ၅ နေရာဖြင့် ရာသီ သိမ်းနိုင်အောင် မိမိ၏ သွင်းဂိုးများဖြင့် ကူညီသွားမည်ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရန်ကိုလည်း မျှော်လင့်နေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal