News @ M-Media

မက်ဆီမှာ အသင်းသို့ စရောက်ကာစတွင် ရုန်းကန်ခဲ့ရသည်ဟု ပီကေးဆို

ဖေဖော်ဝါရီ ၄၊ ၂၀၁၄
M-Media
357572_heroa
– ဘာစီလိုနာ အသင်းတွင် ခြေစွမ်းပြလျက်ရှိနေပြီး အောင်မြင်မှုများရရှိနေသော မက်ဆီမှာ ဘာစီလိုနာအသင်းသို့ စရောက်စဉ်တွင် ရုန်းကန်ခဲ့ရသည်ဟု အသင်းဖော် နောက်ခံလူ ပီကေးက ပြောကြားခဲ့သည်။

မက်ဆီမှာ အသက် ၁၃ နှစ်အရွယ်က ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် အခက်အခဲတစ်ချို့နှင့် ရင်ဆိုင်ရခဲ့ကြောင်းကို  “ကျွန်တော် မှတ်မိပါသေးတယ်။ အသင်းကိုစရောက်စ လအနည်းငယ်မှာ လီယို(မက်ဆီ)ဟာ အခုလို ကြံ့ခိုင်မှုမရသေးပါဘူး။ အ၀တ်လဲခန်းမှာ သူ့ဟာသူ ထိုင်နေတာပါပဲ။ သူဟာ စကားလည်းနည်းပါတယ်။ ပြီးတော့ရှက်လည်းရှက်တတ်ပြီး အချိန်ယူခဲ့ရပါတယ်” ဟု ပီကေးက ပြောကြားခဲ့သည်။

ထို့ပြင် လေ့ကျင့်ကွင်းတွင် အသင်းဖော်များက သူအား ထိန်းနိုင်ခြင်းမရှိဘဲ အသင်းတွင် အလျင်အမြန် နေရာရလာခဲ့ကြောင်း၊ ပါရမီရှိသောကစားသမား တစ်ဦးဖြစ်ကြောင်းကို ပီကေးက ထည့်သွင်းပြောကြားခဲ့သည်။

မက်ဆီမှာ၂၀၀၄-၀၅ ဘောလုံးရာသီတွင် ဘာစီလိုနာအတွက် ပွဲဦးထွက်ကစားခဲ့ပြီး ယခုအချိန်အတွက် အသင်းအတွက် ဂိုးပေါင်း ၃၀၀ ကျော် သွင်းယူပေးထားသည်။

Comments

Leave a Reply