News @ M-Media
Blog
  • ဖမ်းထားသည့် အတိုက်အခံများ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမူကြမ်း ယူကရိန်းပြဌာန်းမှု အတိုက်အခံဘက်က သဘောမတူ
    ဖမ်းထားသည့် အတိုက်အခံများ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေမူကြမ်း ယူကရိန်းပြဌာန်းမှု အတိုက်အခံဘက်က သဘောမတူ
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    – အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဖန်းဆီးထားသည့် ဆန္ဒပြသူများစွာအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဥပဒေမူကြမ်းတစ်ခုကို ယူကရိန်း ပါလီမန် က ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။
    သို့သော်လည်း ဆန္ဒပြသူများအနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော အစိုးရအဆောက်အဦးများမှ ထွက်ခွာပေးရမည်ဖြစ်ပြီး၊ ၎င်းတို့ပြုလုပ်ထားသည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးရမည်ဟု ဖော်ပြထားသည်။ ထိုမူကြမ်းအား အတည်ပြုနိုင်ရန်အတွက် အင်္ဂါနေ့ကတည်းက ပါလီမန်တွင် အကြိတ် အနယ် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ဆန္ဒပြမှုအားလုံးအား ရုပ်သိမ်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စောစောပိုင်းက စီစဉ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ကာ ယခုကဲ့သို့ ပြည်လည်စီစဉ်ခဲ့ခြင်းဖြစ်သည်။
    ပါလီမန်အမတ် ၂၃၂ ဦးက ထောက်ခံခဲ့သည် ထိုမူကြမ်းကို အတိုက်အခံများဘက်မှ သဘောတူညီခဲ့ခြင်းမရှိဘဲ၊ ၎င်းတို့ သိမ်းပိုက်ထားသော အဆောက်အဦး များ ထဲမှ ဖယ်ခိုင်းသည့်အချက်အား လက်မခံနိုင်ဖြစ်သည်ဟု အတိုက်အခံခေါင်းဆောင် ယန်ဆန်ယွတ်က ပြောကြားခဲ့သည်။
    Ref : Aljazeera
  • မိုးထိမိုးမိ ရွှေတူးဖော်လုပ်သားများ ခိုလှုံရာမှ မဖယ်ပါက အရေးယူမည်ဟု အာဏာပိုင်များ အမိန့်ထုတ်
    မိုးထိမိုးမိ ရွှေတူးဖော်လုပ်သားများ ခိုလှုံရာမှ မဖယ်ပါက အရေးယူမည်ဟု အာဏာပိုင်များ အမိန့်ထုတ်
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    K K
    အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့တွင် ၂၀၁၂ နိုဝင်ဘာ ၃-ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်နေသော မိုးထိမိုးမိ ရွှေလုပ်သားများ (ဓါတ်ပုံ - Burma VJ)
    အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့တွင် ၂၀၁၂ နိုဝင်ဘာ ၃-ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်နေသော မိုးထိမိုးမိ ရွှေလုပ်သားများ (ဓါတ်ပုံ – Burma VJ)
    ရမည်းသင်း ။      ။       မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မိုးထိမိုးမိဒေသမှ ရွှေတူးဖော်ရေးလုပ်သား မိသားစုဝင်များ ခိုလှုံနေထိုင်နေကြသည့် ရွှေမြင်တင် တောင်ခြေ ဘုရားစောင်းတန်းမှ မဖယ်ရှားပါက အာဏာပိုင်မှ အရေးယူမည်ဟု မနေ့က နေလည်မှာ အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
    လွန်ခဲ့သော ၁၀-စုနှစ် တစ်ခုကျော်ကတည်းက မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်နေထိုင်လာခဲ့ကြရာမှ အစိုးရလုပ်ပိုင်ခွင့်ရ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ၀င်ရောက်လာပြီး ယခင်ကတည်းက ရှိခဲ့သည့် ရွှေတူးဖော်လုပ်သားများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှင်ထုတ်ခံရတာကြောင့် ရွှေမြင်တင် ဘုရား စောင်းတန်းမှာ ခိုလှုံနေကြရခြင်းဖြစ်ပြီး ယခုအခါ အဆိုပါစောင်းတန်းမှပင် နှင်ထုတ်ခံနေရခြင်း ဖြစ်ကြောင်း သိရပါသည်။
    ဘုရားစောင်းတန်းမှ ယနေ့ညနေတွင် ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ပုဒ်မ ၁၈၈ အရ တရားစွဲပြီး ထောင်ဒဏ် ၆-လ ချမည်ဟု အသံချဲ့စက်ဖြင့် အော်၍ ကြေညာခဲ့ကြောင်းလည်း သိရသည်။
  • ချယ်ဆီးသရေကျ၊ မန်စီးတီးဂိုးပြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ ပွဲစဉ် ၂၃ လက်ကျန်ပွဲစဉ်များ
    ချယ်ဆီးသရေကျ၊ မန်စီးတီးဂိုးပြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ ပွဲစဉ် ၂၃ လက်ကျန်ပွဲစဉ်များ
    ဇန်န၀ါရီ ၃၀၊ ၂၀၁၄
    M-Media
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ လက်ကျန် ၄ ပွဲကို ယနေ့နံနက်မှာ ကစားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်အသင်းရဲ့ အမှတ်လျော့မှုကို မန်စီးတီးအသင်းက အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီး ချယ်ဆီးအသင်း ကတော့ သရေသာ ရခဲ့ပါတယ်။
    တင်ရှားဝုဒ်ရဲ့ စပါအးသင်းကို အဝေးကွင်းမှာကစားခဲ့ရပေမယ့် မန်စီးတီးတို့ အာမလျော့ခဲ့ပဲ ပရီးမီးယားလိဂ်မှာ တိုက်စစ်အကောင်းဆုံး ဖြစ်နေတဲ့ မန်စီတီး ၅ ဂိုး ၁ ဂိုးနဲ့ ပွဲသိမ်းနိုင်ခဲ့ ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးတို့ ၁ ဂိုးသာရခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ စပါးအသင်း ကစားပုံကောင်းခဲ့ပေမယ့် ၄၉ မိနစ်မှာ ဒန်နီရို့စ် တိုက်ရိုက်အနီကဒ်နဲ့ ထွက်ခဲ့ရတာကတော့ ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာမှ မန်စီးတီးတို့ ဂိုးတွေဆက်တိုက်ရခဲ့ တာပါ။ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အဂူရိုနဲ့ ဇစ်ကိုတို့ကတော့ ဒီပွဲမှာလည်း ၁ ဂိုးစီသွင်းခဲ့ပြီး အဂူရိုရဲ့ ပရီးမီးယားလိဂ် စုစုပေါင်း သွင်းဂိုးဟာ ၅၀ ပြည့်မြောက်ခဲ့ပါပြီ။
    ထိပ်ဆုံး နှစ်သင်းနောက်ကို ထပ်ချပ်မကွာလိုက်လာတဲ့ ချယ်ဆီးကတော့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၀က်စ်ဟမ်းအသင်းကို အနိုင်မကစားနိုင်ခဲ့ ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု ၇၁ ရာခိုင်နှုန်းရှိပြီး ဂိုးကန်သွင်းခွင့် ၁၉ ကြိမ်အထိ ရရှိခဲ့ပေမယ့် လိုချင်တဲ့အနိုင်ဂိုးကို မသွင်းနိုင်ခဲ့တာကြောင့် သားရေ တစ်မှတ်သာ ရခဲ့တာပါ။ အခုပွဲမှာ အသစ်ရောက်လာတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမ်ကဆာလာဟ်ကတော့ အရန်စာရင်းမှာတောင် ပါမလာခဲ့ပါဘူး။
    အက်စတွန်ဗီလာနဲ့ ၀က်စ်ဘရွန်းအသင်းတို့ရဲ့ပွဲကတော့ ဂိုးတွေအပြန်အလှန်သွင်းကာ ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် ဗီလာအသင်းက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ တန်ဆင်းဇုန်ထဲ ရောက်နေတဲ့ ဆန်းဒါးလန်းက အခုတစ်ပါတ်မှာ စတုတ်စီးတီးအသင်းကို အဒမ်ဂျွန်ဆင်ရဲ့ ၁၇ မိနစ်သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၁၇ ကိုရောက်လာခဲ့ပါတယ်။
    ဒီတစ်ပါတ်မှာတော့ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာအပြောင်းအလဲဖြစ်ခဲ့ပြီး မန်စီးတီးက ဦးဆောင်နိုင်ခဲ့ကာ အာဆင်နယ်က ၁ မှတ်လျော့ ဒုတိယ၊ ချယ်ဆီးက ၃ မှတ်အကွာနဲ့ တတိယနေရာမှာရှိနေပါတယ်။ တန်းဆင်းဇုန် ၃ သင်းရဲ့ အမှတ်ကွာဟမှုကတော့ ၁ မှတ်သာရှိနေပါတယ်။
    ပွဲစဉ် ၂၃ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    အက်စတွန်ဗီလာ ၄-၃ ၀က်စ်ဘရွန်း
    ချယ်ဆီး ၀-၀ ၀က်စ်ဟမ်း
    ဆန်းဒါးလန်း ၁-၀ စတုတ်စီးတီး
    စပါး ၁-၅ မန်စီးတီး
    မန်ယူ ၂-၀ ကာဒစ်ဖ်
    နော်ဝစ်ခ်ျ ၀-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၂-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဟားလ်စီးတီး
    လီဗာပူးလ် ၄-၀ အဲဗာတန်
    Ref : Goal
  • အသင်းမှထွက်ခွာမည့် ဆုံးဖြတ်ချက်အား ပြန်မပြင်ဟု ဘာကာဂိုးသမားဆို
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    290732_heroa
    – အသင်းဥက္ကဌ ရိုဆဲလ် ရာထူးမှနှုတ်ထွက်သွားခဲ့သော်လည်း မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေမည် မဟုတ်ဟု  ဘာစီလိုနာအသင်း၏ အဓိက ဂိုးသမားဖြစ်သူ ဗစ်တာဗားလ်ဒက်စ်က ပြောကြားခဲ့သည်။
    ဗားလ်ဒက်စ်မှာ ရိုဆဲလ်နှင့် ပုဂ္ဂိုလ်ရေးအရ ပြဿနာများ ရှိနေသောကြောင့် ယခုနှစ်ရာသီကုန်တွင် အသင်းမှ ထွက်ခွာတောမည့်ဟု စောစောပိုင်းက သတင်းများထွက်ပေါ်နေခဲ့သည်။ ယခု ရိုဆဲလ်နှုတ်ထွက် သွားသောကြောင့် ၎င်း၏ဆုံးဖြတ်ချက်အားပြင်တော့မည်ဆိုသည့် သတင်းများအား ဗားလ်ဒက်စ်က ငြင်းဆန်ခဲ့ပြီး ရိုဆဲလ်နှုတ်ထွက်ခြင်းက မိမိအပေါ် လွှမ်းမိုးမှုမရှိဟု ပြောကြားခဲ့သည်။
    အသက် ၃၂ နှစ်အရွယ်ရှိ ဗားလ်ဒက်စ်မှာ ဘာစီလိုနာအသင်းတွင် ကာလရှည်ကစားနေခဲ့သည့် ဂိုးသမားဖြစ်ပြီး လက်စွမ်းကောင်းများပြသနိုင်ခဲ့ကာ ယခုနှစ်တွင်လည်း လာလီဂါပွဲထွက်ခွင့် ၁၇ပွဲတွင် ၁၀ ပွဲပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
  • လက်ကျန် ၂ ရက် အတွင်း အဓိက ခေါ်ယူမှုများ လီဗာပူးနည်းပြ ရော်ဂျာပြုလုပ်သွားမည်
    ဇန်နဝါ၇ီ ၂၉ ၊ ၂၀၁၄
    M-Media
    346022_heroa
    – ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ကာလမကုန်ခင် မိမိအနေဖြင့် လူခေါ်ယူမှုများကို ပြုလုပ်သွားရန် မျှော်လင့်နေသည်ဟု လီဗာပူးလ်အသင်း၏ နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
    လီဗာပူးလ်အသင်းမှာ အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာအား ခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း ချယ်ဆီးအသင်းကခေါ်ယူနိုင်ခဲ့ပြီး လာမည့်နှစ် ချန်ပီယံလိဂ် ၀င်ခွင့်ရရှိရန် အတွက် တိုက်စစ်မှူး တစ်ဦးခေါ်ယူလိုနေခြင်းဖြစ်သည်။
    “နောက်နှစ်ရက်အတွင်းမှာ ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ တနင်္လာနေ့က သတင်းစာခေါင်းကြီးပိုင်းမှာ ကျွန်တော် အသင်းနဲ့ ပြဿနာတက်နေတယ်လို့ ရေးခဲ့ကြပါတယ်။ ဒါဟာ လုံးဝမဟုတ်ပါဘူး” ဟု ရော်ဂျာက ယမန်နေ့ အဲဗာတန်အသင်းအား ၄ ဂိုး ဂိုးမရှိသည့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
    ဆာလာဟ်အားခေါ်ယူရန် မအောင်မမြင်ဖြစ်ပြီးနောက် ရော်ဂျာမှာ ယူကရိန်းကလပ် Dnipro အသင်းမှ ယူကရိန်းတောင်ပံကစားသမား ကိုနိုပလီယန်ကာအား ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။