News @ M-Media

ပါကစ္စတန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့မှ ဖွဲ့စည်း

ဖေဖော်ရီ ၂၊ ၂၀၁၄
M-Media

karachi_map_360x270
– နိုင်ငံအတွင်း အကြမ်းဖက်မှုများ ပပျောက်ရန်အတွက် ပါကစ္စတန်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ရန် ပါကစ္စတန်အခြေစိုက် တာလီဘန် အဖွဲ့က ငြိမ်းချမ်းရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်သည်ဟုသိရသည်။

တာလီဘန်ဗဟိုကောင်စီက ယမန်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် တစ်ညီတစ်ညွတ်တည်း သဘောတူညီခဲ့ခြင်းဖြစ်ပြီး၊ အဖွဲ့ဝင်ငါးဦးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ကို တစ်ပါတည်း ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ပါကစ္စတန်နိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် ပြစ်တင်ပြောဆိုခြင်းခံနေရသည့် တာလီဘန်တို့ဘက်မှ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးအတွက် လိုလိုလားလားဆောင်ရွက်ချက်လည်းဖြစ်သည်။ တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှာဟီဒွလ္လာ ရှာဟစ်က အစိုးရနှင့် ငြိမ်းချမ်ရေးဆွေးနွေးမှုများအားဆက်လုပ်ရန် အဆိုပါအဖွဲ့အား မေတ္တာရပ်ခံခဲ့ပြီး၊ ထိုအဖွဲ့ကလည်း ဆွေးနွေးမှုများပြုလုပ်ရန် အစိုးရနှင့် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှရစ်ဖ်ကလည်း ၎င်း၏ အထူးအကြံပေး ပုဂ္ဂိုလ်ခေါင်းဆောင်ပြီး အဖွဲ့ဝင်လေးဦးပါသည့် ကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားကာ တာလီဘန်တို့နှင့် ငြိမ်းချမ်းရေကိစ္စဆွေးနွေးရန် အသင့်ရှိနေသည်ဟု သိရသည်။
Ref: ဆင်ဟွာ

Comments

Leave a Reply