News @ M-Media

Blog

  • ဒူဘိုင်းတွင်၂၀၁၃ ခုနှစ်တွင်း မြန်မာ အပါအဝင် နိုင်ငံစုံမှ လူ ၂၀၀၀ ကျော် အစ္စလာမ် သာသာနာသို့ ကူးပြောင်းခဲ့

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media
    Dubai-mosque-ritual-washing-demonstration
    ယူအေအီးနိုင်ငံ ဒူဘိုင်းတွင်၂၀၁၃ ခုနှစ် အတွင်း ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် လက်တင်အမေရိကတို့မှ လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းခဲ့ ကြသည့်ဟု UAE အခြေဆိုဒ် မီဒီယာတခု တွင် ဖော်ပြထားသည်။

    Bur Dubai မှ December02 လမ်းရှိ Al Ber အဖွဲ့အစည်း၌ ၂၀၁၃ ခုနှစ်တွင် နိုင်ငံအသီးသီးမှ လူပေါင်း ၂၁၁၅ ဦးထက်မနည်း အစ္စလာမ်သာသနာသို့ ကူးပြောင်းလက်ခံခဲ့ကြသည်။

    အစ္စလာမ်ဘာသာကို သက်ဝင်လက်ခံလာကြသော အာရဗ်နှင့်နိုင်ငံခြားသားတို့မှာ ၂၀၀၉ ခုနှစ်တွင် ၁၀၅၉ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၅၀၀ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၃၈၀ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၉၀၇ ဦးနှင့်နှိုင်းစာပါက သိသိသာသာမြင့်မားနေသည်ဟု စင်တာ၏ဒါရိုက်တာဖြစ်သူ ရာရှစ် အလ်ဂျူနိုက်ဘီ Rashid Aljunaibi က ဆိုသည်။

    ဤစင်တာမှ အကောင်းဆုံး၊ အလွယ်ကူဆုံး၊ အသိမ်မွေ့ဆုံး၊ အဆွဲဆောင်နိုင်ဆုံးနည်းလမ်းဖြင့် မွတ်စလင် မဟုတ်သူများထံ အစ္စလာမ် အကြောင်းကို တတ်နိုင်သမျှ စွမ်းစွမ်းတမံ တင်ပြမိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုးကွယ်ရာ၊ လူမျိုးနွယ်၊ ဘာသာစကား၊ အသားအရောင်မရွေး လူသားအားလုံးအပေါ် ကြင်နာမှု၊ တရားမျှတမှု၊ ရိုးသားမှုထားရှိရန် သွန်သင်ထားသော အစ္စလာမ့် အဆုံးအမများ၊ မေတ္တာတရားနှင့်ကြောင်းကျိုး ညီညွတ်သည့် သွန်သင်ချက်များကို လူတို့မှ အထူးစိတ်ဝင်စားခဲ့ကြကြောင်း၊ စင်တာ၏မှတ်တမ်းများအရ  ၁၉၉၃ ခုနှစ်မှစ၍ ယူအေအီးနိုင်ငံတွင် တိုင်းပြည်အသီးသီးမှ အစ္စလာမ်သို့သက်ဝင် လက်ခံလာသူပေါင်း နှစ်သောင်းကျော်ရှိနေပြီကို တွေ့ရကြောင်း အလ်ဂျူနိုက်ဘီက ပြောပြသည်။

    “ မွတ်စလင်သစ်လွင်များဟာ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ကင်မရွန်း၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမဏီ၊ ဗြိတိန်၊ သြစတေးလျ၊ မြန်မာ၊ ဆီးရီးယား၊ ဂျော်ဒန် နဲ့လက်တင် အမေရိကဆီက ဖြစ်ကြပါတယ်။ ယခုအခါ ဒီအသင်းအဖွဲ့ကနေ မွတ်စလင် သစ်လွင်ဖြစ်ခြင်းကို ခိုင်မာစေတဲ့ အသိအမှတ်ပြုလက်မှတ်ကို ဒူဘိုင်းမှာရှိတဲ့ အစ္စလာမ့်ရေးရာနဲ့စေတနာ့ဒါနလုပ်ငန်းဌာန (နဲ့) တရားရုံးများကတဆင့် ထုတ်ပေးနေပါတယ် ”။ လို့ အလ်ဂျူနိုက်ဘီက ပြောကြားခဲ့ပါသည်။

    Ref: khaleejtimes

    ဓါတ်ပုံအညွှန်း- မွတ်စလင် မဟုတ်သူများ ဒူဘိုင်းရှိ ဗလီဝတ်ကျောင်းတော်သို့ လာရောက် လည်ပတ်စဉ် မွတ်စလင်များ ဝတ်ပြုမှုမပြုလုပ်ခင် ကိုယ်လက်သန့်စင်ပုံကို လမ်းညွှန်မှ ရှင်းပြနေပုံ

  • အိန္ဒိယသွေးနှောဟု အတင်းအကြပ် ၀န်ခံကတိပြုခိုင်းမှု ကန့်ဘလူ လ၀က လုပ်ဆောင်

    အိန္ဒိယသွေးနှောဟု အတင်းအကြပ် ၀န်ခံကတိပြုခိုင်းမှု ကန့်ဘလူ လ၀က လုပ်ဆောင်

    ဇန်န၀ါရီလ ၂၈၊ ၂၀၁၄
    M-Media
    ဇာဏီ

    ကန့်ဘလူ ။     ။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ မှတ်ပုံတင် ပြုလုပ်သည့်အခါ လူမျိုးနေရာတွင် လ၀ကမှ အိန္ဒိယ-ဗမာဟု ထည့်ခိုင်းပြီး အိန္ဒိယသွေးနှောသည်ဆိုသည်ကို အတင်းအကြပ် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့နယ်အတွင်း နေထိုင်ကြသူများမှာ သွေးနှောများမဟုတ်ကြသည့်အတွက် အိန္ဒိယသွေးနှော မဟုတ်ဟု ဆိုသော်လည်း မှတ်ပုံတင် ရချင်လျှင် အိန္ဒိယသွေးနှောပြုလုပ်မှသာ မှတ်ပုံတင်ရမည်ဖြစ်ပြီး အဆိုပါ အိန္ဒိယသွေးနှောဟု ရေးသားခြင်းမှာ အခြားမည်သူ တစ်ဦးယောက်၏ စေခိုင်းမှုကြောင့် မဟုတ်ပဲ မိမိကိုယ်တိုင် ၀န်ခံကတိပြုခြင်းဖြစ်ကြောင်းကိုလည်း ပြုလုပ်ခိုင်းလျက်ရှိကြောင်း သိရသည်။

    မိမိတို့အနေဖြင့် သွေးနှောမဟုတ်သည့်အတွက် အိန္ဒိယသွေးနှောဟု မယူလိုသော်လည်း ဘွဲ့ယူသည့်အခါ မှတ်ပုံတင်လိုအပ်တဲ့အတွက် ၀န်ခံ ကတိပြု လွှာ ရေးသားပြီး မှတ်ပုံတင်ရအောင် လုပ်ဆောင်နေကြရသည့် အတွက် ယခုလို လုပ်ဆောင်မှုများ ပပျောက်စေလို၍ ယခုကဲ့သို့ အတင်းအကြပ် လုပ်ဆောင် နေမှုများကို တာဝန်ရှိသူအဆင့်ဆင့်မှ အရေးယူဆောင်ရွက်ပေးစေလိုကြောင်း ကန့်ဘလူမြို့ဒေသခံများမှတဆင့် သိရသည်။

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဇန်နဝါရီ ၂၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဆိုနီက ထုတ်မယ့် Sirius အမည်နဲ့ Smartphone အသစ်

    Sony ရဲ့ အသစ်ထုတ်မယ့် Smartphone အသစ် မှာ 4K အဆင့် ပုံထွက် အရည်အသွေး အပြင် frame-rate ပိုများတဲ့ ဗီဒီယို ရိုက်ကူးနိုင်မယ့် ကင်မရာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကို Sirius လို့ သင်္ကေအမည် မှည့်ခေါ်ထားပြီး ဈေးကွက်ကို ဘယ်လိုနာမည်နဲ့ ရောင်းချမယ် ဆိုတာနဲ့ ဈေးနှုန်းကို ကြေငြာသေးပါဘူး။ ဒီဖုန်းမှာ နှစ်ချက်ပုတ်လိုက်ရုံနဲ့ sleep အနေအထားကနေ ပြန်ဖွင့်ပေးတာ အပြင် အခြား လုပ်ဆောင်ချက်အသစ်တွေ ပါဝင်သလို အသံပိုင်းအတွက် စတီရီယို စပီကာ တပ်ဆင်ထားတဲ့ အတွက် Xperia Z1 ထက် များစွာ သာလွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။

    4
    ————————–————————–——-
    သကြားမှ ဘက်ထရီ ထုတ်လုပ်မှု အောင်မြင်

    Virginia Tech တက္ကသိုလ်က ပါမောက္ခ Percival Zhang ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ သကြားနဲ့ ပြုလုပ်တဲ့ ဘက်ထရီကို ပြုလုပ်နိုင်ခဲ့တယ်လို့ Nature Communications ဂျာနယ်မှာ ဖေါ်ပြခဲ့ပါတယ်။ သကြားကနေ ဘက်ထရီ လုပ်ဖို့ အရင်ကလည်း ကြိုးစားခဲ့ကြပေမယ့် အခုလို စွမ်းအင်သိပ်သည်းဆ မြင့်မားတဲ့ ဘက်ထရီ မဖြစ်ခဲ့ပါဘူး။ သကြား နဲ့ maltodextrin လို့ခေါ်တဲ့ ကဆီဓါတ် တို့ကို အမ်ဇိုင်း ဓါတ်ကူ တစ်မျိုးနဲ့ ပေါင်းစပ်ခြင်းကနေ သကြားရဲ့ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ကာ လျှပ်စစ်ဓါတ်အား ကို ရရှိပြီး မှာဖြစ်ပါတယ်။ ဘေးထွက် ပစ္စည်းကတော့ ရေ ပဲဖြစ်ပါတယ်။ ဒီဘက်ထရီရဲ့ အားသာချက်ကတော့ ဈေးသက်သာခြင်း၊ ပြန်လည် ဖြည့်သွင်းနိုင်ခြင်း၊ ဇီဝသဘောအရ ပြိုကွဲနိုင်လို့ ပန်းဝန်းကျင် ညစ်ညမ်းမှု မရှိခြင်းတွေပဲ ဖြစ်ပါတယ်။ နောက်သုံးနှစ်လောက်အတွင်း ကုန်ပစ္စည်းတွေမှာ လက်တွေ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

    1
    ————————–————————–——-
    တောင်ကိုရီးယားမှာ 5G Mobile အင်တာနက် နောင် ၆ နှစ်အတွင်း သုံးနိုင်တော့မည်။

    တောင်ကိုးရီးယား နိုင်ငံမှာ ပေါင်စတာလင် သန်း 900 ခန့်ရင်းနှီးမြုပ်နှံပြီး 5G အဆင့် မိုဘိုင်းလ် အင်တာနက်ကို ခြောက်နှစ်အတွင်း သုံးနိုင်အောင် စတင် အကောင်အထည်ဖေါ်နေပြီ ဖြစ်ပါတယ်။ 5G နည်းပညာကတော့ 4Gထက် အဆ ၁၀၀၀ ပိုမြန်မှာ ဖြစ်ပါတယ်။ 4G နည်းပညာမှာ 800-megabyte ပမာဏကို ဒေါင်းလုပ်ချရန် စက္ကန့် ၄၀ ခန့် ကြာနိုင်ပြီး 5G ဆိုရင်တော့ 800-megabyte ကို တစ်စက္ကန့်ပဲ ကြာပါလိမ့်မယ်။ လက်ရှိ 4G ရဲ့ အားနည်းချက်ကတော့ 300 km/h ထက် ပိုမြန်တဲ့ ရထားပေါ်မှာ လိုင်းမမိပါဘူး။ 5G ဆိုရင်တော့ ၅၀၀ km/h အမြန်နှုန်းနဲ့ ရထားပေါ်ကတောင် ဖုန်းလိုင်း မိနိုင်မှာ ဖြစ်ပါတယ်။

    3
    ————————–————————–——-
    တရုတ်ရဲ့ လသွားယာဉ်ငယ် ချွတ်ယွင်းမှု ဖြစ်

    တရုတ်နိုင်ငံရဲ့ လပေါ်မှာ လွှတ်တင်ထားတဲ့ လသွား ခြောက်ဘီးတပ် ယာဉ်ငယ်လေးဟာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ကြုံနေရပေမယ့် အင်ဂျင်နီယာများက ပြုပြင်နိုင်ဖို့ ကြိုးစားနေတယ် လို့ဆိုပါတယ်။ Yutu လို့အမည်ပေးထားတဲ့ ဒီ ယာဉ်ငယ်လေးဟာ ပေါင် ၃၀၀ လေးပြီး တစ်နှစ်လောက် လပေါ်မှာ လှည့်လည် လေ့လာ ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ လရဲ့ နှစ်ပါတ်ကြာတဲ့ ညဖက်ကာလမှာ အပူချိန်ဟာ အနုတ် ၁၁၄ ဒီဂရီ ဆဲလ်ဆီးယစ် ရှိပြီး နေစွမ်းအင် မရရှိတဲ့ အခါမှာ စက်ပိတ်ပြီး ရပ်နားထားရာက နေ့ဖက် ရောက်ချိန်မှာ ပြန်လည် လည်ပါတ်ခြင်းမရှိတာပဲ ဖြစ်ပါတယ်။ ပထမတစ်ကြိမ် လရဲ့ ညတာကာလ အပြီးတုန်းကတော့ စက်ပြန်လည် လည်ပတ်နိုင်ခဲ့ပါသေးတယ်။

    2
    ————————–————————–——-

    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • မောင်တောမှ ရိုဟင်ဂျာများအား သတ်ဖြတ်မှု စုံစမ်းစစ်ဆေးဖို့ မြန်မာ အစိုးရကို ကမ္ဘာဘဏ် ဥက္ကဋ္ဌ တောင်းဆို

    ဇန်နဝါရီ ၂၈၊ ၂၀၁၄

    jim-yong-kim-world-bank

    ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာက သတ်ဖြတ်ခံ ရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တနင်္လာနေ့မှာ တောင်းဆိုပါတယ်။

    “အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း” – ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။

    ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့်ခွန်းပြောခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာပြည်ခရီးစဉ် အတွင်းမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

    မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

    ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

    Link =>http://burmese.voanews.com/content/world-bank-will-support-2-millions-dollars-for-myanmar-health-and-electrics-/1838313.html

  • နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုများ ပေါင်းစည်းရေး ဖေဖော်ဝါရီ တတိယပတ်အတွင်း တောင်ကိုရီးယား ရက်သတ်မှတ်

    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    _49064194_010153663-1
    ဆိုးလ်၊ ဇန်န၀ါရီ ၂၇။ ။ ၁၉၅၀-၅၃ ကိုးရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း ကွဲကွာနေသည့် မိသားစုများအား ပြန်လည်ပေါင်းစည်းရေးအစီအစဉ်များကို လုပ်ကိုင်ရန်အတွက် သတ်မှတ်ရက်ကို မြောက်ကိုရီးယားသို့ အကြောင်းကြားခဲ့သည်ဟု ဇန်န၀ါရီ ၂၇ ရက်နေ့ (ယနေ့တွင်) တောင်ကိုရီးယားနိုင်ငံမှ ကြေညာခဲ့သည်။

    မြောက်ကိုရီးယားရှိ အပန်းဖြေစခန်း Mount Kumgang တွင် ပြုလုပ်ရန်စီစဉ်ထားသည့် မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ရန် တောင်ကိုရီးယားက သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအစီအစဉ်အတွက် အသေးစိတ်ဆွေးနွေးမှုများကို ဇန်န၀ါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ရန်ကိုလည်း ထည့်သွင်းကမ်းလှမ်းထားကြောင်း ဆိုးလ်ရှိ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မ်အီဒိုက ပြောကြားခဲ့သည်။

    ကွဲကွာနေသော မိသားစုများ ပြန်လည်ပေါင်းစည်းရေးအစီအစဉ် ပြည်လည်စတင်ရန်နှင့် အစီအစဉ်စတင်မည့်ရက်ကို  တောင်ကိုရီးယားမှ စိတ်ကြိုက်သတ်မှတ်ရန် ဇန်န၀ါရီ ၂၄ ရက်နေ့ (သောကြာနေ့)က မြောက်ကိုရီးယားမှ ကမ်းလှမ်းခဲ့ပြီးနောက် တောင်ကိုရီးယားဘက်မှ ယခုကဲ့သို့ လက်ခံခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ထိုအစီအစဉ်အား ပြုလုပ်ရန် တောင်ကိုရီးယားမှ စီစဉ်ခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ပယ်ချခဲ့သည်။
    Ref: ဆင်ဟွာ