ဇန်န၀ါရီ ၂၈၊ ၂၀၁၄
M-Media
– မာတာအား ခေါ်ယူနိုင်ခဲ့ခြင်းမှာ အသင်းတွင် ပြုလုပ်မည့် အပြောင်းအလဲများမှ တစ်ခုဖြစ်ပြီး မိမိအနေဖြင့် ကစားသမားခေါ်ယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဟု မန်ယူအသင်း၏ နည်းပြ မိုယက်စ်က ပြောကြားခဲ့သည်။
ယခုနှစ်ရာသီတွင် အသင်း၏ ရလဒ်များ ဆိုးရွားနေသောကြောင့် ဝေဖန်မှုများကို ခံနေရသည့် မိုယက်စ်က ၎င်းအနေဖြင့် မည့်သည့်အခါကမှ မာတာအား ခေါ်ယူနိုင်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ၀န်ခံခဲ့သည်။
“ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဟာ ခက်ခဲ့တဲ့နွေရာသီလို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေကို စောင့်ကြည့်ခွင့်ရခဲ့ပြီး၊ အခုဆောင်းရာသီ အပြောင်းအရွှေ့ကို ရောက်လာပါပြီ။ အသင်းကို ကျွန်တော် အပြောင်းအလဲတွေလုပ်နေပြီး ဂျူအန်(မာတာ) ကတော့ ပထမဆုံး ပြောင်းလဲမှုပါပဲ” ဟု မိုယက်စ်က မာတာခေါ်ယူခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မာတာကလည်း ယခုနှစ်ရာသီ ချယ်ဆီးအသင်းတွင် ရှိနေခဲ့သည့် ၆ လတာ ကာလမှာ ခက်ခဲခဲ့သည်ဟု ၀န်ခံခဲ့ပြီး အိုးထရက်ဖို့ဒ်တွင် မိမိ၏ ကစာသမားဘ၀ ပြန်လည်စတင်ရသည့် အတွက် ၀မ်းမြောက်မိကြောင်း၊ မန်ယူအသင်း အနေဖြင့်လည်း ပရီးမီးယားလိဂ် ဆုဖလားအား ကာကွယ်ရန် အခွင့်အရေးရှိကြောင်း စသဖြင့် ပြောကြားခဲ့သည်။
Ref : Goal
Leave a Reply
You must be logged in to post a comment.