News @ M-Media

Blog

  • ထိပ်ဆုံးသုံးသင်း အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တဲ့ လာလီဂါပွဲစဉ် ၂၀

    ဇန်နဝါရီ ၂၁၊ ၂၀၁၄
    M-Media

    ဘာကာ၊ အက်သလက်တီကို တို့ သရေကျခဲ့ပြီး ရီးယဲလ် အနိုင်ယူနိုင်ခဲ့ကာ ထိပ်ဆုံးသုံးသင်း အမှတ်ကွာဟမှုကျဉ်းမြောင်းခဲ့တဲ့ လာလီဂါပွဲစဉ် ၂၀

    360477hp2

    – ယခုတစ်ပါတ် လာလီဂါ ပွဲစဉ် ၂၀ မှာတော့ ထိပ်ဆုံးလေးသင်းထဲက ဘာစီလိုနာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ သရေကျခဲ့ပြီး ဘီဘာအိုနဲ့ ရီးယဲတို့ကတော့ အနိုင်ရခဲ့ပါတယ်။

    ပထမအကျော့ အိမ်ကွင်းမှာ လီဗန်တေးကို ၇ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘာကာတို့ အခုပွဲမှာတော့ ဦးဆောင်ဂိုးအရင်ပေးခဲ့ရပြီး ပီးကေးရဲ့ ချေပဂိုးနဲ့ သရေတစ်မှတ်ရခဲ့တာပါ။ လူစုံပါဝင်ခဲ့ပြီး အပြတ်အသတ်ဖိကစားနိုင်ခဲ့တဲ့ ဘာကာတို့ လိုအပ်တဲ့အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

    အက်သလက်တီကိုကလည်း ဆီးဗီးလားကို ၁ ဂိုးစီ သရေသာကစားနိုင်ခဲ့ပြီး ရီးယဲလ်ကတော့ အဝေးကွင်းမှာ ဘက်တစ်ကို မထင်မှတ်ဘဲ ဂိုးပြတ်ခဲ့ပါတယ်။ ဇယားအလယ်အလတ်က ဗလင်စီယာ၊ ဆိုစီဒက်တို့ကလည်း အသီးသီးသရေကျခဲ့ပါတယ်။

    ဇယားအောက်ခြေက အသင်းတွေကတော့ ဒီတစ်ပတ်မှာနိုင်ပွဲမရှိခဲ့ဘဲ၊ ထိပ်ဆုံးက ဘာစီလိုနာနဲ့ အက်သလက်တီကိုတို့ရဲ့ သရေကျမှုကို ရီးယဲလ်က အကောင်းဆုံး အသုံးချနိုင်ခဲ့တဲ့အတွက် သူတို့သုံသင်းရဲ့ အမှတ်ကွာဟမှုဟာ ၁ မှတ်သာရှိပါတော့တယ်။

    လာလီဂါ ပွဲစဉ် ၂၀ ရဲ့ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဘီဘာအို ၄-၂ ဗယ်လာဒိုလစ်
    အက်သလက်တီကို ၁-၁ ဆီးဗီးလား
    လီဗန်တေး ၁-၁ ဘာစီလိုနာ
    ဗီလာရီးယဲလ် ၂-၀ အလ်မာရီယာ
    ဂီတာဖေး ၂-၂ ရီးယဲလ်ဆိုစီဒက်
    အက်စပန်ညို ၁-၀ ဆယ်တာဗီဂို
    ဂရန်နာဒါ ၀-၀ အိုဆာဆူနာ
    အဲလ်ချီ ၂-၀ ဗဲလ်လက်ကာနို
    ဘက်တစ် ၀-၅ ရီးယဲလ်မက်ဒရစ်
    မာလာဂါ ၀-၀ ဗလင်စီယာ

  • ဇန်န၀ါရီ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၀၊ ပြည်တွင်းသတင်း စုစည်းမှု

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းများအတွက် လစာ ကျပ် သန်း ၃-ထောင်ကျော်ကုန်ကျမည်

    – တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းအဆင့်များကို အခြေခံပြီး တိုင်းဒေသကြီး ပြည်နယ်အဆင့် တစ်ဦးလျှင် တစ်လ ၂-သိန်း၊ ခရိုင်အဆင့် နှစ်သိန်းငါးသောင်း၊ မြို့နယ်အဆင့် တစ်သိန်းကျပ်နှုန်းဖြင့် အခြေခံလျာထား၍ ဘဏ္ဍာနှစ်တစ်နှစ်အတွက် ငွေကျပ် သုံးထောင့်သုံးရာခြောက်ဆယ် ခြောက်သန်းခန့် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
    ________________________

    နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်ဟု လူငယ်များကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

    – တာဝန်ယူတတ်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်သည့် လူငယ်များမှ တစ်ချိန်တွင် နိုင်ငံ၏တာဝန်ကို ထမ်းဆောင်ရန် လမ်းပွင့်လာမှာ ဖြစ်ပြီး နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်သည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လေ့လာရေးရောက်ရှိလာသည့် မြိတ်မြို့နယ် NLD အဖွဲ့ဝင် လူငယ်များကို NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
    ________________________

    မူးယစ်မှောင်ခိုများနှင့် ထိုင်းနယ်ခြားစောင့်တပ် တာချီလိတ်အနီး ပစ်ခတ်မှုဖြစ်

    – မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးများ သယ်ဆောင်သွားသည်ဟု ယူဆသည့် အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်တို့ ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့အနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ဒဏ်ရာရသူ ၁-ဦးနှင့် ၄-ဦး အသေဖမ်းမိကြောင်း၊ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅
    -သောင်း၊ ဘိန်းဖြူ ၂ Kg ပါဝင်သော အထုတ် ၁၃-ထုတ်၊ အေကေ ၂၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ်တစ်လက်၊ သေနတ်အတို တလက်၊ တရုတ် နိုင်ငံလုပ် လက်ပစ်ဗုံးတစ်လုံးတို့ကို နယ်ခြားစောင့် တပ်က ဖမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။
    ________________________

    မြောက်ဥက္ကလာပ တရားရုံး မီးလောင်မှုဖြစ်ပွား

    – ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှိ စီမံရေးရာဌာန အခန်းမီးလောင်ခဲ့ပြီး အဆိုပါ လောင်ကျွမ်းမှုမှာ ရုံးပိတ်ရက်တွင် ပန်ကာ မပိတ်ပဲ ဖွင့်ထားရာမှ ခလုတ်ခုံအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
    ________________________

  • လေးမျက်နှာမြို့နယ် ခမောက်စုရွာတွင် မွတ်စလင် ကလေးငယ်များ ဘာသာရေး စာသင်ကြားမှုအား ပိတ်ပင်တားမြစ်ခံရ

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media
    ထွန်းတောက်

    Lay Myet Hnar
    ဧရာဝတီ ။        ။        ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ခမောက်စုကျေးရွာရှိ အစ္စလာမ်ဘာသာဝင် ကလေးငယ်များအား အခြေခံ ဘာသာရေး စာပေသင်ကြားမှုကို တားဆီး၍ စာသင်ကျောင်း မဖွင့်ရန် အတင်းအကြပ် ပိတ်ပင်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

    ခမောက်စုကျေးရွာရှိ  အခြေခံ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းလေးတွင် ကလေးငယ် ၃၀-၀န်းကျင်ခန့်အား စုပေါင်း စာသင်ကြားပေးလျက် ရှိခဲ့ရာ ယခုအခါ စာသင်ကြားမှုကို ပိတ်ပင် တားမြစ်ခံရကြောင်း၊ အဆိုပါ စာသင်ကျောင်းလေးမှာ လွန်ခဲ့သည့် နှစ် ၂၀-ကျော်ကတည်းက တည်ရှိခဲ့တာဖြစ်ကြောင်းသိရသည်။ အလားတူ အစ္စလာမ်ဘာသာဝင်များ၏ ယုံကြည်ချက်အရ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည့် တနေ့(၅) ကြိမ် စုပေါင်းဝတ်ပြုမှုကို အိမ်တအိမ်တွင် ပြုလုပ်မှုကိုလည်း တားဆီး ပိတ်ပင်ခံရသည့်ပြီး ဘာသာရေးဖိနှိပ်မှုများ ပြုလုပ်ခံနေရကြောင်း သိရသည်။

    “ကျွန်တော်တို့ ဒီမှာ အရင် နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒီဘာသာရေး စာသင်ကျောင်းလေးရှိခဲ့တာ။ အခုတော့ စာသင်ကျောင်းကိုလည်း ပိတ်ခိုင်းတယ်။ စာသင်ကျောင်းပိတ်လိုက်လို့ စာသင်ကြားခွင့်မရှိတော့ဘူးဆိုရင် ကလေးတွေအနာဂတ်ကို ဖျက်ဆီးတာပါ။ ကလေးတွေဆိုတာ ငယ်ငယ် ကတည်းက ဘာသာတရားရဲ့အဆုံးအမတွေကို သွန်သင်ပေးရတာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တွေ စုပေါင်းဝတ်ပြုကြတဲ့ အိမ်မှာလည်း ၀တ်ပြုခွင့်ကို ပိတ်ခံရတယ်။ လွန်ခဲ့တဲ့ ၂-နှစ်ကျော်က အာဏာပိုင်က လာတားတယ်။ အခုကျတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆-ရက်နေ့က မြို့နယ် သာသနာရေး ဦးစီးကဆိုပြီး တံဆိပ်တုံးမပါတဲ့ စာရောက်လာတယ်။ ကလေးတွေကို စာသင်တာရော ၀တ်ပြုတာရော လုံးဝ မလုပ်ဖို့ တားတယ်။ ဒါတွေဟာ ဘာသာတရားကို လွတ်လပ်မှုမပေးပဲ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်နေတာ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ဘယ်လိုလုပ် စုပေါင်းဝတ်ပြုရမလဲ၊ ကလေးတွေကို ဘာသာရေးစာ သင်ကြားမှု ဘယ်လို လုပ်ပေးရမလဲ။”ဟု လေးမျက်နှာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

    ခမောက်စုကျေးရွာရှိ မွတ်စလင်များသည် ဟိုးယခင်ကတည်းမှ နေထိုင်လာခဲ့ကြသူများဖြစ်ပြီး ယခုအခါ မွတ်စလင်အိမ်ခြေ ၂၈-အိမ်နှင့် လူဦးရေ ၁၃၀-၀န်းကျင်ခန့်ရှိသည်။

  • စစ်မှူမထမ်းမနေရ ဥပဒေ ယူအေအီးပြဌာန်းတော့မည်

    စစ်မှူမထမ်းမနေရ ဥပဒေ ယူအေအီးပြဌာန်းတော့မည်

    ဇန်န၀ါရီ ၂၀ ၂၀၁၄
    M-Media

    – နိုင်ငံရှိ စစ်အင်အားကို သုံးဆခန့်မြင်တက်စေမည့် လူငယ်များ စစ်မှူမထမ်းမနေရ ဥပဒေအား အာရဗ်ဆော်ဘွားများ ပြည်ထောင်စု ယူအအီးနိုင်ငံက ပြဌာန်းရန်ရှိနေသည်ဟု ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရရှစ် အလ် မက်တိုအန်က ပြောကြားခဲ့သည်။

    ထိုဥပဒေမူကြမ်းအရ ယူအေအီးရှိ အသက် ၃၀ နှစ်အောက် အမျိုးသားများမှာ စစ်တပ်ထဲသို့ ၀င်ရောက် အမှူးထမ်းရမည် ဖြစ်ပြီး အထက်တန်း ပညာရေး မရှိသူများက ၂ နှစ်နှင့် ဘွဲ့ရများက ၉ လ အသီးသီး ကြာမြင့်မည် ဖြစ်သည်။ ထိုဥပဒေတွင် အမျိုးသမီးများမှာ အကြုံးဝင်မည် မဟုတ်ဘဲ မည်သည့် အချိန်တွင် ထိုဥပဒေအား စတင် အကောင်အထည် ဖော်မည်ကိုလည်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

    ယခုလက်ရှိ ယူအေအီး၏  စစ်သားအရေအတွက်မှာ ၅၁၀၀၀ ရှိနေပြီး၊ ယူအေအီးနိုင်ငံမှာ ကာတာနိုင်ငံပြီးနောက်  စစ်မှူမထမ်းမနေရ ဥပဒေ ပြဌာန်းသည့် ဒုတိယပင်လယ်ကွေ့နိုင်ငံဖြစ်လာမည် ဖြစ်ကာ စစ်သားအရေအတွက်မှာလည်း ၂ ဆ ကျော်လာနိုင်ဖွယ်ရှိသည်။

    Ref : RT

  • ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ပြောင်းလဲစရာများရှိသည်ဟု ဆီးဒေါ့ဖ်ဆို

    ဇန်န၀ါရီ ၂၀၊ ၂၀၁၄
    M-Media

    – မိမိကိုင်တွယ်သော ပထမဆုံးပွဲတွင် အနိုင်ရရှိခဲ့သော်လည်း အသင်းတွင် ပျော်ရွှင်မှုလိုအပ်နေပြီး အ၀တ်လဲခန်း အတွင်းတွင်လည်း ပြောင်းလဲမှုများ လိုအပ်နေသည်ဟု အေစီမီလန်အသင်း၏ နည်းပြသစ်ဖြစ်သူ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    အေစီမီလန် အသင်းတွင် အောင်မြင်သော ကစားသမားဘ၀ ရရှိခဲ့ပြီးနောက် နည်းပြအနေဖြင့် ပြန်လည်ရောက်ရှိလာသည့် ဆီးဒေါ့ဖ်မှာ ယမန်နေ့က ဆန်စီရိုတွင် ယမန်နေ့က ကစားခဲ့သည့် ဗီရိုနာအသင်းနှင့်ပွဲတွင် အေစီမီလန်အသင်း ၁-ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိအောင် လမ်းညွှန်ပေးနိုင်ခဲ့သည်။

    “အ၀တ်လဲခန်းမှာ ကျွန်တော်တို့ အသိုက်အ၀န်းလေးတစ်ခု ဖန်တီးနိုင်ခဲ့ပြီး နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ တစ်ပွဲပြီးတစ်ပွဲ အဲဒီလို လုပ်ရမယ် ဆိုတာလည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဒါမှသာ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မှာပါ။ ရလဒ်တိုင်း အတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု Sky Spotr Italia သတင်းဌာနသို့ ဆီးဒေါ့ဖ်က ပြောကြားခဲ့သည်။

    ထိုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးအား ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည့် ဘာလော့တယ်လီကလည်း ဂိုးသွင်း ပြီးနောက် ဆီးဒေါ့ဖ်အား ထောက်ခံသည့် အမူအရာဖြင့်အောင်ပွဲခံခဲ့ပြီး၊ ဆီးဒေါ့ဖ်ကလည်း ဘာလော့တယ်လီနှင့် အနီးကပ် အလုပ်လုပ်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref : Goal