ဇန်န၀ါရီ ၂၀ ၂၀၁၄
M-Media
– နိုင်ငံရှိ စစ်အင်အားကို သုံးဆခန့်မြင်တက်စေမည့် လူငယ်များ စစ်မှူမထမ်းမနေရ ဥပဒေအား အာရဗ်ဆော်ဘွားများ ပြည်ထောင်စု ယူအအီးနိုင်ငံက ပြဌာန်းရန်ရှိနေသည်ဟု ၀န်ကြီးချုပ် ရှိခ် မိုဟာမက် ဘင် ရရှစ် အလ် မက်တိုအန်က ပြောကြားခဲ့သည်။
ထိုဥပဒေမူကြမ်းအရ ယူအေအီးရှိ အသက် ၃၀ နှစ်အောက် အမျိုးသားများမှာ စစ်တပ်ထဲသို့ ၀င်ရောက် အမှူးထမ်းရမည် ဖြစ်ပြီး အထက်တန်း ပညာရေး မရှိသူများက ၂ နှစ်နှင့် ဘွဲ့ရများက ၉ လ အသီးသီး ကြာမြင့်မည် ဖြစ်သည်။ ထိုဥပဒေတွင် အမျိုးသမီးများမှာ အကြုံးဝင်မည် မဟုတ်ဘဲ မည်သည့် အချိန်တွင် ထိုဥပဒေအား စတင် အကောင်အထည် ဖော်မည်ကိုလည်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ယခုလက်ရှိ ယူအေအီး၏ စစ်သားအရေအတွက်မှာ ၅၁၀၀၀ ရှိနေပြီး၊ ယူအေအီးနိုင်ငံမှာ ကာတာနိုင်ငံပြီးနောက် စစ်မှူမထမ်းမနေရ ဥပဒေ ပြဌာန်းသည့် ဒုတိယပင်လယ်ကွေ့နိုင်ငံဖြစ်လာမည် ဖြစ်ကာ စစ်သားအရေအတွက်မှာလည်း ၂ ဆ ကျော်လာနိုင်ဖွယ်ရှိသည်။
Ref : RT
Leave a Reply
You must be logged in to post a comment.