News @ M-Media

Blog

  • မိုယက်စ်သည်သာ အသင်းနှင့် သင့်တော်သော နည်းပြဟု ဗန်ပါစီပြော

    မိုယက်စ်သည်သာ အသင်းနှင့် သင့်တော်သော နည်းပြဟု ဗန်ပါစီပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – အသင်းအား စီမံခန့်ခွဲရန်အတွက် ဒေးဗစ်မိုယက်စ်မှာ သင့်တော်သော နည်းပြဖြစ်ပြီး ယခုနှစ်ရာသီအဆုံးတွင် မိုယက်စ်အနေဖြင့် အသင်းအား ကောင်းမွန်စွာ အဆုံးသတ်နိုင်မည်ဟု ယုံကြည်ကြောင်း မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဗန်ပါစီက ပြောကြားခဲ့သည်။

    မန်ယူအသင်းမှာ နည်းပြသစ် ဒေးဗစ်မိုယက်စ်လက်အောက်တွင် အခြေအနေဆိုးရွားလျက်ရှိပြီး၊ ပရီးမီးယားလိဂ်တွင် အဆင့် ၇ တွင်ရှိနေကာ FA ဖလားပြိုင်ပွဲမှလည်း ထွက်ခဲ့ရသည်။

    “မိုယက်စ်ဟာ အသင်းကို ဦးဆောင်သူပါ။ သူ့အတွက် အချိန်လိုပါတယ်။ သူဟာ အသစ်ပဲရှိပါသေးတယ်။ အခုနှစ်မှာ ကျွန်တော်တို့ အမှတ်တွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ဒါကို ပြောင်းလဲဖို့အတွက်လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” ဟု ဗန်ပါစီက ပြောကြားခဲ့သည်။

    ဗန်ပါစီမှာ ဒီဇင်ဘာ ၇ ရက်နေ့ကတည်းက ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး ဟော်လန်နိုင်ငံတွင် ဆေးကုသမှုခံယူပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ကမှ မန်ယူအသင်းသို့ ပြန်လည်ရောက်ရှိလာသူဖြစ်သည်။ သို့သော်လည်း တနင်္ဂနွေ့တွင် ကစားမည့် ချယ်ဆီးအသင်းနှင့်ပွဲတွင် ပါဝင်နိုင် ဖွယ်မရှိပေ။

    Ref : Goal

  • ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရနှင့် အတိုက်အခံနှစ်ဘက်မှ တက်ရန် ဂျွန်ကယ်ရီတိုက်တွန်း

    ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရနှင့် အတိုက်အခံနှစ်ဘက်မှ တက်ရန် ဂျွန်ကယ်ရီတိုက်တွန်း

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – ဆွစ်ဇလန်နိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်းပြုလုပ်ရန်ရှိနေသည့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ သက်ဆိုင်သူအားလုံးတက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းပြောကြားလိုက်သည်။

    လာမည့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အဆိုပါဆွေးနွေးပွဲတွင် ဆီးရီးယား၏ အဓိက အတိုက်အခံပါတီမှ ပါဝင်ရန် အလွန်အရေးကြီးကြောင်း၊ ဆီးရီးယား၏ နိုင်ငံရေးအပြောင်းအလဲအား အစိုးရနှင့် အတိုက်အခံ နှစ်ဘက်စလုံးမှ လက်ခံရမည်ဖြစ်ကြောင်း ဂျွန်ကယ်ရီက ယမန်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။

    အတိုက်အခံဘက်ကမူ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအား ၎င်းတို့သာလျှင် ဦးဆောင်သင့်သည်ဟုဆိုပြီး၊ နိုင်ငံ၏အာဏာအား ဆယ်စုနှစ် လေးခုအကြာ အာဆတ်၏မိသားစုမှ ချုပ်ကိုင်ထားမှုအား အဆုံးသတ်ရန် အလိုရှိနေသည်။ သို့သော်လည်း အစိုးရဘက်က ထိုတောင်းဆိုမှုအား ငြင်းပယ်ခဲ့ပြီး အာဆတ် နေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိရမသည်ဟု တုံ့ပြန်ပြောဆိုထားသည်။

    အတိုက်အခံများအား အားပေးသည့် အမေရိကန်နှင့် အာဆတ်အစိုးရအား ထောက်ခံသည့် ရုရှားနိုင်ငံတို့ကမူ ကုလမှ ကြီးမှူးကျင်းပမည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲအားတက်ရောက်ရန်အတွက် နှစ်ဘက်စလုံးသို့ တွန်းအားပေးထားသည်။

    သုံးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁ သိန်း ၂ သောင်းကျော်သေဆုံးခဲ့ပြီး၊ သန်းနှင့်ချီသော ဆီးရီယား ပြည်သူများမှာလည်း ဒုက္ခသည်ဘ၀သို့ရောက်ရှိနေကြသည်။

    Ref : Aljazeera

  • ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ် ရင်ဆိုင်ရမည့် အလားလာရှိနေဟု ကုလပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၄
    M-Media

    – ဗဟိုအာဖရိကနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား နိုင်ငံတကာမှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်းမရှိပါက လူမျိုးတုန်း သတ်ဖြတ် သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု ကုလသမဂ္ဂမှ ပြောဆိုလိုက်သည်။

    ယခုကဲ့သို့ အခြေအနေဆိုးရွားလာခြင်းမှာ နိုင်ငံတကာမှ လစ်လျူရှုမှုများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA မှ ဒါရိုက်တာ ဂျွန်ဂင်က ပြောကြားခဲ့သည်။

    “ရ၀မ်ဒါနဲ့ ဘော့စနီးစယားမှာ တွေ့ခဲ့ရတဲ့ အချက်အလက်တွေအားလုံး (ဗဟိုအာဖရိကနိုင်ငံမှာ) ရှိနေပါပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မျိုးစေ့ တွေရှိနေပြီး အဲဒီအတွက် မေးခွန်းမရှိပါဘူး” ဟု ဂျွန်ဂင်က ဆိုသည်။

    ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် ထိုနိုင်ငံတွင် ဆီလီကာအဖွဲ့နှင့် မီလီရှာအဖွဲ့တို့ အာဏာပြိုင်ရာမှ စတင်ကာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထောင်ချီသေဆုံးခဲ့ကာ သန်းနှင့်ချီသော ပြည်သူများမှာလည်း ပတ်ဝန်ကျင်းနိုင်ငံများသို့ ထွက်ပြေးနေရသည်။ ထို့ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ပြင်သစ်၊ ရ၀မ်ဒါ နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များမှာလည်း ဗဟိုအာဖရိနိုင်ငံသို့ ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေ သည်။

    Ref : Aljazeera

  • ၉၆၉ တရားပွဲလုပ်ပြီး ၁ လ အကြာ မောင်တောတွင် ရိုဟင်ဂျာ အမျိုးသမီးနှင့် ကလေးငယ်များအား သတ်ဖြတ်မှုများဖြစ်ပွား

    ဇန်နဝါရီ ၁၇၊ ၂၀၁၄
    M-Media

    “မောင်တောတွင် ရခိုင်လူမျိုးများမှ ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များအား သတ်ဖြတ်ခဲ့ကြောင်း  ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုက ပြော”

    20121025204125308734_20
    – ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ ရွာတစ်ရွာတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများမှ  ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးငယ်များအား ဓားများထိုးကာ သတ်ဖြတ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။

    အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုမှာ ပြည်နယ်အနောက်ပိုင်း ဒူချာယတန်းရွာတွင် ကြာသာပတေးနေ့က ဖြစ်ပွားခဲ့ခြင်ဖြစ်ပြီး သေဆုံးသူ အရေအတွက် အတိအကျကို မသိရှိရသေးဘဲ အနည်းဆုံး တစ်ဒါဇင်ကျော်မည်ဟု ရခိုင်ပြည်နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် Arakan Project မှ ခရစ်လီဝါက ပြောကြားခြင်းဖြစ်ပါတယ်။

    သေဆုံးသူများမှာ ရဲများ၊ စစ်သားများ၏ ပစ်ခတ်ရိုက်နှက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ၊ ဗုဒ္ဓဘာသာဝင် ရခိုင် ဒေသခံတွေရဲ့ ဓားဖြင့်ထိုးသတ်မှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း အဆိုပါ Arakan Project မှ ထုတ်ပြန်သည့် ဖြစ်စဉ် အကျဉ်းချုပ်တွင် ဖော်ပြထားပါတယ်။

    ဒေသခံတစ်ဦးက အသတ်ခံရသူများမှာ အမျိုးသမီး ၁၇ ဦးနှင့် ကလေး ၅ ဦးတို့ဖြစ်ကြသည်ဟု ပြောကြားခဲ့ပါတယ်။

    အခင်းဖြစ်ပွားရာဒေသမှာ ပြီးခဲ့တဲ့လက ၉၆၉ လို့သိကြတဲ့ သံဃာတွေက ရိုဟင်ဂျာ မွတ်စလင်အားလုံးကို နှင်ထုတ်ပစ်ဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံဟောကြားခဲ့ရာက နှစ်ဖက်တင်းမာမှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့ Arakan Project အဖွဲ့ က Chris Lewa က ပြောဆိုကြောင်း RFA ရဲ့ သတင်းမှာဖော်ပြပါရှိပါတယ်။

    RFA မှာ ဖော်ပြထားသော သတင်းတပုဒ်တွင်  ရခိုင်ပြည်နယ် ဘူးသီးတောင် လွှတ်တော်အမတ် ဦးရွှေမောင်း အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်းပြောပါတယ်။

    “သက်ဆိုင်ရာ ကာယကံရှင်တွေကတော့ သူတို့ရဲ့နီးစပ်ရာ ဆွေမျိုးတွေရဲ့ ပြောပြချက်အရပဲ သိရတယ်၊ သူတို့ကိုယ်တိုင်ကလည်း အလောင်းကို မမြင်တွေ့နိုင်သေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရွာထဲကိုသွားလို့မရလို့၊ ဒီလိုအခြေအနေမှာ ဒါကိုထင်သာမြင်သာရှိအောင် လုပ်ပေးမှသာ ပကတိအခြေအနေမှန်ကိုသိမယ်၊ အားလုံးကိုလုံခြုံမှုပေး၊ အားလုံးကိုအာမခံပေး၊ အဲဒီမှာအမှန်တကယ် ပြစ်မှုကျူးလွန်တဲ့လူကို ပြစ်ဒဏ်ပေးရမယ်”

    သို့သော်လည်း ရခိုင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ၀င်းမြိုင်ကမူ ထိုဒေသတွင် အခြေအနေမှာ တင်းမာနေသည်မှာ မှန်ကန်သည်ဟု ပြောကြားခဲ့ပြီး၊  အများအပြားသတ်ဖြတ်ခံရမှု သတင်းအား ငြင်းဆိုခဲ့ပါတယ်။

    ယခုဖြစ်ပွားခဲ့သော ရိုဟင်ဂျာများ အစုလိုက် အသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ပြည်တွင်း မြန်မာမီဒီယာများတွင် ယခုအချိန်ထိ ဖော်ပြခြင်းတစုံတရာ မတွေ့ရှိရသေးပေ။

    Ref: AP &RFA

  • တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    တိုင်းရင်းမွတ်စလင် ကလောင်ရှင်အသင်း ညီလာခံကျင်းပရန် ဖိတ်ခေါ်

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    အမ်တူးအေ

    ရန်ကုန်  ။         ။ တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်း၏ မကြာမီ ညီလာခံ ကျင်းပရန်နှင့် အသင်းဝင်များအား ဖိတ်ခေါ်လိုက်ပြီး ယနေ့ ပြုလုပ်သော အစည်းအဝေးက ကြေငြာချက်တစ်စောင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

    ၂၀၀၃-ခုနှစ် ဒီဇင်ဘာလ ၂၁-ရက်နေ့က ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည့် တိုင်းရင်းမွတ်စလင် ကလောင်ရှင်များအသင်းသည် တိုင်းရင်းသား နိုင်ငံသား မွတ်စလင်စာပေပညာရှင်များ အသင်းတစ်ရပ်ပေါ်ပေါက်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်စေခြင်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရှေးက ပသီအမျိုးသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု အမွေခံများဖြစ်သည့် ကလောင်ရှင်များ မွေးထုတ်ရန်လည်း ရည်ရွယ်ကြောင်းလည်း သိရသည်။

    အဆိုပါအသင်းတွင် အသင်းဝင်အင်အား ၁၀၀ ပြည့်မြောက်သည့်အချိန်တွင် သင်းလုံးကျွတ် ညီလာခံ တစ်ရပ်ကို အမြန်ဆုံးကျင်းပပြီး ဗဟိုအလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ကာ ညီလာခံမှ ပေါ်ပေါက်လာသည့် စာပေရေးရာ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရန် လုပ်ဆောင်သွားမည်ဟု တိုင်းရင်းမွတ်စလင်ကလောင်ရှင်များအသင်း ဥက္ကဋ္ဌ ပသီဦးကျော်ဦးက ပြောကြားသည်။