News @ M-Media

ရခိုင်ပြည် နတလနှင့် သာသနာ့နုဂ္ဂဟအသင်းသို့ ဒေါက်တာခင်ရွှေ သိန်း ၃၀၀ လှူ

ဇန်န၀ါရီ ၁၈၊ ၂၀၁၄
M-Media
ဇာဏီ

ဓါတ်ပုံ - ကြေးမုံသတင်းစာ
ဓါတ်ပုံ – ကြေးမုံသတင်းစာ

ရခိုင် ။     ။    ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပြည်နယ် သာသနာ့နုဂ္ဂဟအသင်းသို့ အလှူငွေများကို အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီဥက္ကဌ ဒေါက်တာ ခင်ရွှေက ဇန်န၀ါရီလ ၁၈-ရက်နေ့က လှူဒါန်းပေးအပ်ခဲ့ရာ သင်တန်းကျောင်းအုပ်ဆရာကြီးနှင့် ဒေါက်တာအေးမောင်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ လှူဒါန်းရာတွင် ၎င်းသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာ့နုဂ္ဂဟ အသင်းသို့ အလှူငွေပေးအပ်ပွဲကို စစ်တွေမြို့ မဏိရတနာကျောင်းတိုက်၌ ပြုလုပ်ရာ ကျောင်းတိုက် နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ငါးပါးသီလ ဆောက်တည်ပြီး အသစ်ပြန်လည်ဖွဲ့စည်းသည့် အသင်းအမှုဆောင် စာရင်းကို ဒေါက်တာ အေးမောင်က အတည်ပြုချက်ယူပြီး အလှူငွေကို ဒေါက်တာခင်ရွှေထံမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုးကား – ကြေးမုံသတင်းစာ

Comments

Leave a Reply