News @ M-Media

Blog

  • နာပိုလီ ပြောင်း၍ နောင်တမရဟု ဟီဂူအင်ဆို & ဘာလော့တယ်လီမှာ ထိပ်တန်း ကစားသမား မဟုတ်ဟု အန်ဆယ်လော့တီဆို

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media
    355777_heroa
    – ရီးယဲလ်မက်ဒရစ်အသင်းအား စွန့်ခွာပြီး နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းကို နောင်တရမည်မဟုတ်ဘဲ နာပိုလီအသင်းတွင် ပျော်ရွှင်နေသည်ဟု တိုက်စစ်မှူး ဟီဂူအင်က ပြောဆိုလိုက်သည်။

    အာဂျင်တိုင်းတိုက်စစ်မှူး ဟီဂူအင်မှာ ရီးယဲလ်အသင်းဖော်များဖြစ်ကြသည့် ဂျိုဆေး ကဲလ်လီဂျွန်နှင့် ရာအူးလ် အလ်ဘီအိုတို့နှင့်အတူ နာပိုလီအသင်းသို့ ပြီးခဲ့သည့် နွေရာသီက ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းပြနိုင်သောကြောင့် အသင်း၏ အဓိက ကစားသမားဖြစ်လာခဲ့သည်။

    “(နာပိုလီကို ပြောင်းရွှေ့ဖို့) ကျွန်တော် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို နေ့တိုင်းကျွန်တော် ဂုဏ်ယူနေပါတယ်။ နေပဲလ်မြို့နဲ့ ဒီက ပြည်သူတွေကို ကျွန်တော် ချစ်ပါတယ်။ ဒီကို ပြောင်းရွှေ့ကို မာရာဒိုနာက ဆွဲဆောင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်ကိုယ်တိုင် ချမှတ်ခဲ့တာဖြစ်ပြီး နောင်တလည်း ရမှာမဟုတ်ပါဘူး” ဟု ဟီဂူအင်က Sportsweek အားကစားစာစောင်သို့ ပြောကြားခဲ့သည်။

    နာပိုလီအသင်းမှာ အာဂျင်တီးနား ဂန္တ၀င်တိုက်စစ်မှူး မာရာဒိုနာ အောင်မြင်ခဲ့သည့် အသင်းဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ ဟီဂူအင်မှာ ယခုနှစ် စီးရီးအေ ၁၇ ပွဲတွင် ၉ ဂိုး သွင်းယူပေးထားသည်။

    ————————————————————–

    ဘာလော့တယ်လီမှာ ထိပ်တန်းကစာသမား မဟုတ်ဟု အန်ဆယ်လော့တီဆို

    – အေစီမီလန်အသင်းတိုက်စစ်မှူး ဘာလော့တယ်လီမှာ စိတ်ချရသော ကစားသမားမဟုတ်ဘဲ အီတလီအသင်းကိုလည်း ဦးဆောင်နိုင်မည်မဟုတ်ဟု ရီးယဲလ်အသင်းနည်းပြ ကားလို အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    လာမည့်နှစ်တွင် ဘရာဇီးလ်၌ကစားမည့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီတလီအသင်း တိုက်စစ်တွင် ဦးဆောင်ကစားမည့် ရော့စီမှာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေပြီး ဘာလော့တယ်လီက အသင်းတိုက်စစ်အတွက် အရေးပါသောသူဖြစ်လာခဲ့သည်။

    သို့သော်လည်း အန်ဆယ်လော့တီက ဘာလော့တယ်လီမှာ ထိပ်တန်းအဆင့်ရှိ ကစားသမားမဟုတ်ဟု ပြောဆိုခဲ့သည်။

    “အီတလီအသင်းရဲ့ တကယ့်ပြဿနာကတော့ တိုက်စစ်မှာပါ။ တိုက်စစ်အတွက် သူတို့မှာ ထိပ်တန်းကစားသမားမရှိပါဘူး။ ဘာလော့တယ်လီကို စောင့်နေပေမယ့်လည်း သိပ်ပြောင်းလဲဖို့ မရှိပါဘူး။ သူဟာ ပါရမီရှိပေမယ့် ယုံကြည်လို့မရသေးပါဘူး။ (စိတ်ဆတ်လွယ်တဲ့အတွက်) အချိန်မရွေး အသင်းဟာ ၁၀ ယောက်ဖြစ်သွားနိုင်ပါတယ်” ဟု RNE စပိန်ရေဒီယို သတင်းဌာနသို့ အန်ဆယ်လော့တီက ပြောကြားခဲ့သည်။

    အီတလီအသင်းမှာ ကမ္ဘာ့ဖလား အုပ်စု D တွင် ဥရုဂွေး၊ ကော်စတာရီကာ၊ အင်္ဂလန်အသင်းနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဇွန်လ ၁၄ ရက်နေ့တွင် အင်္ဂလန်အသင်းနှင့် အဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။

  • အသင်းမှ ကစားသမားအချို့အား မိုယက်စ်ထွက်ခွာခွင့်ပေးမည်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်း၏ ကစားသမား အချို့အား နည်းပြ မိုယက်စ်က ထွက်ခွာခွင့်ပြုတော့မည်ဟု သိရသည်။
    article-0-1BD0C45D000005DC-227_634x412
    ထိုကစားသမားများတွင် ကွင်းလယ်လူ အန်ဒါဆန်၊ နာနီနှင့် ၀ီလ်ဖရိုင်း ဇာဟာတို့ပါဝင်နေသည်။ ဖာဂူဆန်လက်ထက်က ပေါင် ၁၇ သန်းဖြင့် ၀ယ်ယူခဲ့သည့် အန်ဒါဆန်မှာ စီးရီးအေကလပ် ဖီအိုရင်တီးနားသို့ ဇန်န၀ါရီတွင် ပြောင်းရွှေ့ရန်ရှိနေပြီး ပေါ်တူဂီကွင်းလယ်လူ နာနီက အသင်းဟောင်း စပို့တင်း လစ္စဘွန်းသို့လည်းကာင်း၊ ဇာဟာမှာ မန်ယူ တိုက်စစ်မှူးဟောင်း ဆိုးလ်ရှား ကိုင်တွယ်နေသည့် ကာဒစ်ဖ်အသင်းသို့လည်းကောင်း ပြောင်းရွှေ့ရန်ရှိနေသည်။

    ထို့ပြင်ပထမအသင်းမှ ကစားသမားအချို့ကိုလည်း မိုက်ယက်စ်က လာမည့် နွေရာသီတွင် လက်လွှတ်ဖွယ်ရှိနေပြီး၊ ထိုကစားသမားများထဲတွင် ဖာဒီနန်၊ ဗီဒစ်၊ ဘတ္တနာ၊ ကာဂါဝါ၊ ဟာနန်ဒက်ဇ်၊ အီဗရာ၊ ဗလင်စီယာနှင့် အန်ဒါ လင်ဒဂ်အာ့ဒ်တို့ ပါဝင်နေသည်။

    အသင်း၏ အားထားရသည့် တိုက်စစ်မှူး ရူနီမှာလည်း သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ငြင်းဆန်ထားသောကြောင့် ရူနီ၏ အနာဂတ်မှာလည်း မသေချာဖြစ်နေပြီး၊ အသင်း၏ စီနီယာကစားသမားများနှင့် နည်းပြ မိုယက်စ်မှာ အဆင်မပြေမှုများဖြစ်နေသည်ဟု သတင်းများထွက်ပေါ်လာသည်။ အတွင်း သတင်းများအရ မိုယက်စ်မှာ ယခုဆောင်းရာသီအပြောင်းအရွှေ့နှင့် လာမည့် နွေရာသီ အပြောင်းအရွှေ့တို့တွင် သုံးစွဲရန်အတွက် ယူရို သန်း ၁၈၀ ခွင့် ပြုချက်ရရှိထားသည်ဟု သိရသည်။
    Ref: dailymail

  • တမန်တော် မုဟမ္မဒ် မွေးနေ့ အခမ်းအနား ပြုလုပ်ရန် နိုက်ဂျီးရီးယား မွတ်စလင်များပြင်ဆင်

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်း သာယာမှု သက်ရောက်ပါစေ) ဖွားမြင်ခြင်း အထိမ်းအမှတ် အခမ်းအနားများအား ကျင်းပရန် နိုက်ဂျီးရီးယား မွတ်စလင်များပြင်ဆင်
    Festive-Mood-as-Nigerians-Mark-Prophet-Birthday-
    – မကြာမီကျရောက်တော့မည့် တမန်တော်မုဟမ္မဒ်သခင် ဖွားမြင်ရာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ကျင်းပရန် နိုက်ဂျီးရီယား မွတ်စလင်များက ပြင်ဆင်နေကြသည်ဟု သိရသည်။

    ထိုကဲ့သို့ အခမ်းအနားများတွင် တမန်တော်မြတ်၏ သွန်သင်မှုများကို အလေးထား ပြောကြားသွားမည်ဖြစ်ပြီး နိုင်ငံငြိမ်းချမ်းရေး အတွက်လည်း ဆုတောင်း သွားမည်ဟု သိရသည်။

    “အခုအချိန်ဟာ တမန်တော်ရဲ့ ဂုဏ်ကျေးဇူးကို ကျူးရင့်တဲ့ အချိန်ပါ။ ရဗီအွလ်အောင်ဝလ်လ (အစ္စလာမ့် ပြက္ခဒိန်တွင် တတိမြောက်လ) ၁ ရက်နေ့ကစပြီး တမန်တော်မြတ်ကြီးရဲ့ ဂုဏ်ကျေးဇူးကို ချီးကျူးတဲ့ ဓမ္မတေးတွေကို စုပေါင်း သီကြူးကြပြီး၊ တမန်တော်မြတ် ဖွားမြင်တဲ့ ၁၂ ရက်နေ့ကျရင်တော့ တစ်နိုင်ငံလုံးက မွတ်စလင်တွေက အခမ်းအနားတွေ ပြုလုပ်မှာပါ” ဟု ကွယ်လွန်သွားခဲ့သည့် နိုက်ဂျီးရီးယားရှိ မွဖ်သီဟောင်း ရှိခ် မုဟမ္မဒ် အောင်ဝဲလ်၏ သားဖြစ်သူ တီဂျန်နီယာက OnIslam.net သို့ ပြောကြားခဲ့သည်။

    ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များမှာ လာမည့် တနင်္လာ၊ အင်္ဂါနေ့များတွင် တမန်တော် မုဟမ္မဒ်သခင် ဖွားမြင်ရာနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပြုလုပ်ကြမည်ဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံတွင်လည်း လာမည့် အင်္ဂါနေ့အား ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

    ထို့ပြင် နိုက်ဂျီးရီးယားနိုင်ငံတွင် တမန်တော်မြတ်မွေးဖွားရာနေ့တွင် ထိမ်းမြား လက်ထပ်ခြင်းများ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်မှု ပြိုင်ပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။
    Ref: OnIslam

  • နိုင်/ကျဉ်း အားလုံးမလွှတ်၍ သမ္မတဦးသိန်းစိန် ကတိမတည်ဟု ပြင်သစ် လူ့အခွင့်အရေး အဖွဲ့ပြော

    ဇန်နဝါ ၁၂၊ ၂၀၁၄
    M-Media

    Thein Sein.
    – ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်က ကတိပေးခဲ့သော်လည်း လက်တွေ့တွင် ထိုကတိအား တည်ကြည်ခြင်း မရှိဟု ပြင်သစ်လူ့အခွင့်အရေး အဖွဲ့တစ်ခုက သောကြာနေ့တွင် ပြောဆိုလိုက်သည်။

    ပြင်သစ်နိုင်ငံ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့(International Federation for Human Rights) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဘီ စတော့ဟာဒ်က နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ သမ္မတ ဦးသိန်းစိန်၏ မတည်သော ကတိဖြင့် ဖျားယောင်းခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံကို ထောင်ပံ့ပေးမယ့်အစား မြန်မာနိုင်ငံမှာရှိတဲ့ ကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးပြီး စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာ အစိုးရကို တွန်းအားပေးရပါမယ်” ဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် စတော့ဟာဒ်က ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ်တွင် နိုင်ငံအတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသား ၄၀၀ ကျော်ကို လွှတ်ပေးခဲ့သော်လည်း ယခုအချိန်အထိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေး အကျဉ်းသား ၄၀ နီးပါးခန့်ရှိနေသည်ဟု အဆိုပါအဖွဲ့၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၂၀၁၀ ခုနှစ်က ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အားပေးသော အနေဖြင့် ကမ္ဘာ့နိုင်ငံများက ပိတ်ဆို့မှုများကို လျှော့ချပေးခဲ့သည်။ ထို့ပြင် ဇန်န၀ါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အကျဉ်းကျခံနေရသူများ၏ ပြစ်ဒဏ်များလျှော့ပေါ့သည့် အစီအစဉ်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရူပါတ် ကိုလ်ဗီလီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: UPI

  • တရုတ်နိုင်ငံ တောင်ပိုင်းရှိ တိဘက်မြို့ဟောင်း တစ်ခု မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    M-Media

    20141122438723734_20

    တရုတ်နိုင်ငံအနောက် တောင်ဘက် ဒီကွင်ပြည်နယ် ရှန်ဂရီလာကောင်တီရှိ  ရှေးဟောင်း သမိုင်းဝင် တီဘက်မြို့ဟောင်း တစ်ခုမှာ ယမန်နေ့က မီးလောင်ခဲ့မှုကြောင့် လုံးဝ ပျက်ဆီးသွား ခဲ့သည်ဟု သိရသည်။

    အဆိုပါမြို့ဟောင်းရှိ ဒူကီဇွန် ရပ်ကွက်တွင် ယမန်နေ့ နံနက် ၁ နာရီခွဲခန့်က မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ရှေးဟောင်းမြို့၏ ကျဉ်းမြောင်းသော လမ်းများကြောင့် မီးသတ်ကားများမှာ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ၊ မီးလောင်မှုမျာ ၁၀ နာရီ နီးပါးကြာမြင့်ခဲ့သည်။

    နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် အဆိုပါမြို့တွင် ရှေးဟောင်း အဆောက်အဦးများနှင့် တိဘက်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများဖြင့် ထုံမွှမ်ထားသော လှပသည့် မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ အလွန်စိတ်ဝင်စားသော မြို့လည်းဖြစ်သည်။

    မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများစာရင်းကို သိရှိရခြင်း မရှိသေးဘဲ မည်သည့် အကြောင်းကြောင့် မီးလောင်ခဲ့သည်ကိုလည်း စုံစမ်း စစ်ဆေးနေကြောင်း၊ ထိုမြို့ အတွင်းရှိ တည်းခိုခန်း တစ်ခုမှ မတော်တဆ မီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    Ref: aljazeera