ဇန်န၀ါရီ ၁၇၊ ၂၀၁၄
M-Media
– ဗဟိုအာဖရိကနိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများအား နိုင်ငံတကာမှ ထိရောက်သော အရေးယူမှုများ ပြုလုပ်ခြင်းမရှိပါက လူမျိုးတုန်း သတ်ဖြတ် သည့် အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သည်ဟု ကုလသမဂ္ဂမှ ပြောဆိုလိုက်သည်။
ယခုကဲ့သို့ အခြေအနေဆိုးရွားလာခြင်းမှာ နိုင်ငံတကာမှ လစ်လျူရှုမှုများကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA မှ ဒါရိုက်တာ ဂျွန်ဂင်က ပြောကြားခဲ့သည်။
“ရ၀မ်ဒါနဲ့ ဘော့စနီးစယားမှာ တွေ့ခဲ့ရတဲ့ အချက်အလက်တွေအားလုံး (ဗဟိုအာဖရိကနိုင်ငံမှာ) ရှိနေပါပြီ။ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မျိုးစေ့ တွေရှိနေပြီး အဲဒီအတွက် မေးခွန်းမရှိပါဘူး” ဟု ဂျွန်ဂင်က ဆိုသည်။
ယခင် ပြင်သစ် ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် ထိုနိုင်ငံတွင် ဆီလီကာအဖွဲ့နှင့် မီလီရှာအဖွဲ့တို့ အာဏာပြိုင်ရာမှ စတင်ကာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထောင်ချီသေဆုံးခဲ့ကာ သန်းနှင့်ချီသော ပြည်သူများမှာလည်း ပတ်ဝန်ကျင်းနိုင်ငံများသို့ ထွက်ပြေးနေရသည်။ ထို့ကြောင့် ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ပြင်သစ်၊ ရ၀မ်ဒါ နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များမှာလည်း ဗဟိုအာဖရိနိုင်ငံသို့ ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေ သည်။
Ref : Aljazeera
Leave a Reply
You must be logged in to post a comment.