ဇန်န၀ါရီ ၁၁-၂၀၁၄
M-Media
နျူးကလီးယားကိစ္စအတွက် ဆွေးနွေးမှုမှာ တိုးတက်မှုများရရှိနေပြီး နောက်ဆုံး သဘောတူညီချက်သာ ကျန်ရှိတော့သည်ဟု အီရန်ဆို
– အင်အားကြီး ၆ နိုင်ငံနှင့် ဆွေးနွေးနေသည့် နျူးကလီးယားကိစ္စမှာ တိုးတက်မှုများရရှိနေပြီး နောက်ဆုံး သဘောတူညီချက်ရရှိရန် အတွက် ဆွေးနွေး ညှိနှိုင်းမှုများကို ပြုလုပ်နေသည်ဟု အီရန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး အဘတ်စ် အာရက်ချီက ယမန်နေ့က ပြောကြားလိုက်သည်။
အဘတ်စ်အာရက်ချီမှာ ယမန်နေ့က ဥရောပသမဂ္ဂ အကြီးတန်းကိုယ်စားလှယ်နှင့် ဂျီနီဗာတွင်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုအတွင်း အီရန်၏ နျူးကလီးယား အစီအစဉ်အား ရပ်တန့်ရန်နှင့် အီရန် အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုမျာအား ဖြေလျော့ပေးရန်အတွက် အနောက်နိုင်ငံများနှင့် ပြုလုပ်ထားသည့် သဘောတူညီချက် မူကြမ်း၏ အသေးစိတ် အချက်အလက်များကို ဆွေးနွေးခဲ့ကြပြီး၊ မတူညီသော အချက်များအတွက် အဖြေရှာတွေ့ခဲ့သော်လည်းနောက်ဆုံး သဘော တူညီချက်ကို ကြေညာရန်အတွက် အကြံဥာဏ် ရယူမှုများကို ပြုလုပ်ရန် လိုအပ်နေသေးသည်ဟု တွေ့ဆုံဆွေးနွေးမှု အပြီးတွင် အာရက်ချီက ပြောကြားခဲ့သည်။
ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့၏ ကိုယ်စား ဥရောပ သမဂ္ဂက ဆွေးနွေးပေးခြင်းဖြစ်ပြီး နျူအရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များ အားလုံးတွင် တိုးတက်မှုများကို ပြုလုပ်နိုင်ခဲ့ကြောင်း ဆွေးနွေးမှု၏ ရလဒ်များအား အခြားသောအကြီးတန်းအရာရှိများမှ အတည်ပြုရန် လိုအပ်နေသေးကြောင်း ဥရောပသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် မန်က ပြောကြားခဲ့သည်။
Ref: aljazeera