News @ M-Media
Blog
  • မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ သမိုင်းနှင့် မြန်မာမွတ်စလင် တို့အခန်းကဏ္ဍ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    rusu
    ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက် (ယနေ့) သည် တ.က.သ ဟု ခေါ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) စတင်ဖွဲ့စည်းခဲ့သည့် ၈၃-နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ နှင့် မြန်မာမွတ်စလင်တို့ရဲ့ အခန်းကဏ္ဍကို လက်လှမ်းမှီသလောက် စုစည်း ပေးလိုက်ပါတယ်။
    ၁) ဦးကျော်ခင်၊ ဦးရာရှစ် (ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင် (၁၂) ဦးပါဝင်ခဲ့သူများ)၊
    ၂) ဦးထွန်းစိန် ( ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) ရွေးကောက်တင်မြှောက်ခံရသည့် ပထမဆုံး ဥက္ကဌ)
    ၃) ဦးရာရှစ် (ဒုတိယကျောင်းသား သပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ )
    ၄) ဦးတင်ထွန်း (ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ၁၉၅၄-၅၅ )
    ၅) ကိုအောင်ထွန်း ( မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှု့သမိုင်း ပြုစုရေးသားသူ)
    မှတ်ချက်- အချို့သော အချက်အလက်များမှ စနစ်တကျ ပုံဖျက်၊ ဖျက်ဆီး ထိန်ချန်ထားခံရသောကြောင့် M-Media မှာ လက်လှမ်းမှီသလောက် အချက်အလက်များအပေါ် အခြေခံပြီး ဖော်ပြခြင်းဖြစ်ပါတယ်။
  • ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပေါ်
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    344592_Thailand-protest
    – အိမ်စောင့်အစိုးရ အကြီးအကဲ ယင်းလပ်ရှင်နာဝပ်ထရာအားဖြုတ်ချရန် ဖိအားပေးသည့် ဆန္ဒပြပွဲတစ်ခုကို အစိုးရ အတိုက်အခံများက ယနေ့တွင် မြို့တော်ဘန်ကောက်၌ ပြုလုပ်ခဲ့သည်ဟုသိရသည်။
    ထိုဆန္ဒပြပွဲတွင် လူထောင်ချီပါဝင်ခဲ့ပြီး အစိုးရယန္တယားများ ရပ်တန့်သွားစေရန် ဘန်ကောက်မြို့ရှိ အဓိက လမ်းမကြီးများနှင့် လမ်းဆုံများအား ပိတ်ဆို့ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစိုးရရုံးများအတွက် ပေးဝေနေသည့် ရေနှင့် လျှပ်စစ်မီးများကိုလည်း ဖြတ်တောက်မည်ဟု ပြောဆိုခဲ့သည်။
    အစိုးရလုပ်ငန်းများ ရပ်တန့်သွားစေရန် ၁၉ ရက်ကြာ ဆန္ဒပြမှုတစ်ခုကိုလည်း လာမည့် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် အတိုက်အခံများက ပြုလုပ်ရန် စီစဉ်ထားပြီး၊ ထိုင်းအိမ်စောင့်အစိုးရကလည်း ထိုဆန္ဒပြပွဲအား ထိန်းချုပ်ရန် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅၀၀၀ ကို ချထားမည်ဟု ကြေညာခဲ့သည်။
    ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများမှာ လွတ်ငြိမ်းချမ်းသာခွင့်မူကြမ်းအား ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် အစိုးရက အတည်ပြုပြီးကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်းအစိုးရက ပါလီမန်ဖျက်သိမ်းပေးခဲ့ကာ ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကြေညာခဲ့သော်လည်း အတိုက်အခံများက ကျေနပ်ခြင်းမရှိပေ။
    Ref: Press TV
  • ယာဆူကူနီ ဗိမာန်အား ဂျပန်ဝန်ကြီးချုပ် လည်ပတ်မှု ကုလအထိ တရုတ်တင်ပြ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    201312301265176734_20
    – ဂျပန်နိုင်ငံ၏ ခေါင်းဆောင်ဟောင်းများက စစ်ရာဇ၀တ်ကောင်များအဖြစ် သတ်မှတ်ထားသည့် ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့သော ဂျပန်စစ်ခေါင်းဆောင်များ၏ ဂူဗိမာန်အား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သွားရောက်လည်ပတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက ကုလသမဂ္ဂတွင် တင်ပြခဲ့သည်ဟု သိရသည်။
    “နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒီကိစ္စနဲ့ ပက်သက်လို့ သတိရှိသင့်ပြီး၊ သတိပေးတာမျိုးတွေလည်း လုပ်သင့်ပါတယ်။ ဒါမှသာ အာဘေးရဲ့ သမိုင်းဆိုင်ရာ မှားယွင်းတဲ့ ရှုမြင်ချက်ဟာ အမှန်ဖြစ်လာမှာပါ။ နောက်ပြီး သူရဲ့ အမှားကို ပြင်ရမှာဖြစ်ပြီး၊ သူအနေနဲ့လမ်းလွဲသွားလို့ မဖြစ်ပါဘူး” ဟု ကုသမဂ္ဂဆိုင်ရာ တရုတ် ကိုယ်စားလှယ် လွီဂျိုင်ယီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သို့သော်လည်း ဂျပန်ကိုစားလှယ် မိုတိုဟိုက် ယိုရှိကာဝါကမူ အာဘေး၏ သွားရောက်လည်ပတ်မှုမှာ စစ်ရာဇ၀တ်ကောင်းများအား ဂုဏ်ပြုခြင်း၊ စစ်ဝါဒအား ချီးကျူးအားပေးခြင်းမျိုးမဟုတ်ဟု ပြောဆိုခဲ့သည်။
    ဂျပန်နိုင်ငံမှာ ၁၉၃၀ ပြည့်နှစ်များတွင် တရုတ်နိုင်ငံနှင့် ၁၉၁၀ မှ ၁၉၄၅ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံတို့အား အုပ်စိုးခဲ့ကာ ဂျပန်စစ်တပ်မှာလည်း တရုတ်နှင့် တောင်ကိုရီးယား ပြည်သူများအပေါ် နှိမ်စက်ညှင်းပန်း သတ်ဖြတ်မှု အများအပြားကို ပြုလုပ်ခဲ့ကြသည်။ ယာဆူကူနီဟု ခေါ်သည့် အဆိုပါဗိမာန်မှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြသည့် ဂျပန်စစ်ခေါင်းဆောင်းများအား ဂုဏ်ပြုသော အနေဖြင့် ဒုတိယ ကမ္ဘာစစ်အပြီးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။
    ဓါတ်ပုံအညွန်း- စစ်ဗိမာန်သို့ ဂျပန် ဝန်ကြီးချူပ် သွားရောက်လည်ပတ်မှုကို ဆန့်ကျင် ရှုံချနေသော တောင်ကိုးရီးယားနိုင်ငံသားများ
    Ref: aljazeera
  • ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ရွာသားများကို သတ်မှု နာဇီတပ်ဖွဲ့ဝင်တစ်ဦးအား ဂျာမနီတွင် တရားစွဲ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    20141822181941734_20
    – ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံရှိ ရွာသားအချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့မှုကြောင့် နာဇီ Waffen-SS တပ်မှ စစ်သားဟောင်း တစ်ဦးအား ဂျာမနီရှိ တရားသူကြီးများက ယမန်နေ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုစစ်သားဟောင်းမှာ အသက် ၈၈ နှစ်အရွယ်ရှိပြီး ကိုလုံးမြို့တွင် နေထိုင်သူဖြစ်သည်။ ၎င်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့မှုတွင် ပါဝင်ခဲ့ပြီး၊ ၎င်းနှင့် အခြားစစ်သားတစ်ဦးမှာ ရွာသား ၂၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ ရွာရှိ ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့မှုတွင်လည်း ကူညီခဲ့သူဖြစ်သည်ဟု တရားသူကြီးများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အချင်မ် ဟန်စတန်ဘာဂ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါစစ်သားဟောင်း၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘဲ၊ မည်သည့်ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်ကိုလည်း မပြောခဲ့ပေ။ ထိုစစ်သားဟောင်း၏ ရှေ့နေကမူ ၎င်း၏အမှုသည်မှာ ၁၉၄၄ ခု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ စစ်ဆင်ရေးတွင် သေနတ်တစ်ချက်မှ ပစ်ခဲ့ခြင်းမရှိဘဲ၊ ရွာသားများ၏ အသက်ကို ကယ်တင်ရန်သာ ကြိုးစားခဲ့သည်ဟု ကာကွယ်ပြောဆိုထားသည်။
    Ref: aljazeera
    ဓါတ်ပုံ အညွှန်း- ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့စဉ် (၁၉၄၄)
    Photo- AFP
  • ဇန်နဝါရီ ၉ အားကစားသတင်းများ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    မန်ယူအသင်း ချန်ပီယံလိဂ် ၀င်ခွင့်မရမည်ကို အသင်းသားများက စိုးရိမ်နေသည်ဟု ၀ဲလ်ဘတ်ဆို
    – ရာသီကုန်လျှင်အသင်းအနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းထဲ ၀င်ရောက်နိုင်ခြင်းမရှိမည်ကို အသင်းသားများက ကြောက်ရွံ့နေသည်ဟု မန်ချက်စတာ ယူနိုက်တက်အသင်း၏ တိုက်စစ်မှူး ဒန်နီယဲလ် ၀ဲလ်ဘတ်က ပြောကြားလိုက်သည်။
    မန်ယူအသင်းမှာ ပရီးမီးယားလိဂ်သမိုင်းတွင် အဆင့် ၃ အောက် မည်သည့်အခါမျှ လျော့ကျခြင်းမရှိခဲ့သော်လည်း ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  စိုးရိမ်ရဖွယ်အနေအထား ဖြစ်လာခဲ့သည်။ လက်ရှိတွင် အဆင့်လေးနေရာနှင့် ၅ မှတ်အကွာတွင်ရှိနေပြီး ၁၃ နှစ်အတွင်း ပထမဆုံး သုံးပွဲဆက်အရှုံးနှင့်လည်း ရင်ဆိုင်ထားရသည်။
    “ပရိတ်သတ်တွေ ဘာကြောင့် စိတ်ပူနေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့်နေရာနားမှာ မရှိပါဘူး။ အသင်းရဲ့ ကစားပုံကို ပြန်ရဖို့နဲ့၊ နောက်ပွဲတွေကို အနိုင်ကစားဖို့ လိုနေပါတယ်” ဟု ၀ဲလ်ဘတ်က ပြောကြားခဲ့သည်။
    မန်ယူမှာ ၂၀၁၄ နှစ်သစ်တွင် နိုင်ပွဲမရှိဘဲ နောက်ဆုံး ကစားထားသည့် ၃ ပွဲစလုံးတွင် ရှုံးနိမ့်ထားသည်။
    Sunderland-v-Manchester-United-2999164
    …………………………………….
    မန်စီးတီး ၆-၀ ၀က်စ်ဟမ်း
    လိဂ်ဖလားပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် မန်စီးတီးအသင်းနှင့် ၀က်စ်ဟမ်းအသင်းသို့ ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက အိမ်ကွင်း အီတီဟတ်တွင် ဂိုးပြတ် ခြေပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးအသင်းမှာ FA ဖလားပွဲတွင် ဘလက်ဘန်းအသင်း ၁ ဂိုးစီ သရေကျခဲ့သောကြောင့် ယခုပွဲအနိုင်ရရှိရန် ဇာဘလက်တာ၊ ကန်ပနီ၊ လက်စကော့၊ နာဆရီ၊ တိုးယေး လူစုံနီးပါး ပါဝင်ခဲ့ပြီး ၀က်စ်ဟမ်းအသင်း တွင်တည်း ဒေါင်းနင်း၊ ဂျိုလ်ကိုး စသည့် ကစားသမားများပါဝင်ခဲ့သည်။
    FA ဖလားတွင် နော်တင်ဟမ်ဖောရက်စ် အသင်းအား ၅ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော ၀က်စ်ဟမ်းအသင်းမှာ ယခုပွဲတွင်လည်း မန်စီးတီးအသင်းအား အစစ အရာရာယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ မန်စီးတီးအတွက်ဂိုးများကို နီဂရီဒိုက ဟက်ထရစ်၊ ဇက်ကိုက ၂ ဂိုးနှင့် ယာယာတိုးယေးက ၁ ဂိုး အသီးသီး သွင်းယူပေးခဲ့သည်။ ဒုတိယအကျော့ကစားရန် ရှိနေသော်လည်း ယခုပွဲအနိုင်ကြောင့် မန်စီးတီးအသင်းမှာ ဗိုလ်လုပွဲသို့ တက်ရောက်ရန် အခြေအနေကောင်းနေပြီး ၀က်စ်ဟမ်းအသင်း၏ နည်းပြ ဆမ်အလာဒွိုက်စ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီဖြစ်ကာ ၀က်စ်ဟမ်းအသင်းအား တိုးတက်မှုများကို ဆောင်ကျဉ်းမပေးနိုင်ပါက အသင်းမှ ထုတ်ပယ်ခြင်းခံရနိုင်သည်ဟု ပွဲအပြီးတွင်၎င်းကိုယ်တိုင် ၀န်ခံသွားခဲ့သည်။
    …………………………………….
    ကစားသမားဘ၀ကို ဘာစီလိုနာတွင် အဆုံးသတ်ချင်သည်ဟု မက်ဆီဆို
    – ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဘာစီလိုနာအသင်း၏ အာဂျင်တိုင်း တိုက်စစ်မှူး မက်ဆီက ၎င်းအနေဖြင့် ကစားသမားဘ၀အား ဘာစီလိုနာအသင်းတွင်ပင် အဆုံးသတ်ချင်သည်ဟု ပြောကြားလိုက်သည်။
    မက်ဆီမှာ တံကောက်ကြောဒဏ်ရာကြောင့် နိုဝင်ဘာလအစောပိုင်းကတည်းက အနားယူနေရသူဖြစ်ပြီး ယမန်နေ့က ကစားခဲ့သည့် ဂီတာဖေးအသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် Copa del Rey ဖလားပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက်ကစားခဲ့ကာ ခြေစွမ်းပြ၍ ၂ ဂိုး သွင်းယူပေးခဲ့သည်။
    အသက် ၂၆ နှစ်အရွယ်ရှိ မက်ဆီမှာ ဘာစီလိုနာ အသင်းဒါရိုက်တာ ဂျာဗီယာ ဖောက်စ်နှင့် အဆင်မပြေဖြစ်နေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကစားသမားဘ၀ အနားယူသည်အထိ ဘာစီလိုနာတွက် နေချင်သည်ဟု ပြောဆိုခဲ့သည်။
    ……………………….
    စပါးတိုက်စစ်မှူးဒီဖိုး မေဂျာလိဂ်သို့ ပြောင်းရွှေ့တော့မည်
    – စပါးအသင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အင်္ဂလန် တိုက်စစ်မှူးဂျာမိန်းဒီဖိုးမှာ အမေရိကန်ဂျောလိဂ် MLS တွင် ကစားနေသည့် တိုရွန်တို အက်ဖ်စီ အသင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရသည်။
    ပြောင်းရွှေ့ကြေး ပေါင် ၇.၃ သန်းဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး၊ အပြောင်းအရွှေ့ကို လာမည့် တနင်္လာနေ့တွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ကာ  ထိုပြောင်းရွှေ့ကြေးမှာ မေဂျာလိဂ်စံချိန်တင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ဒီဖိုးအား ၀က်စ်ဟမ်းအသင်းကခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ဒီဖိုးက တိုရွန်တိုအသင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ပြီး၊ တစ်ပါတ်လုပ်ခ ပေါင် ၁ သိန်း ကျော်ရရှိမည်ဖြစ်သည်။