News @ M-Media

Blog

  • အစ္စရေး အစိုးရကို မကျေနပ်၍ အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများ UN ရုံးရှေ့တွင် ဆန္ဒပြ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    newyork_yahudi_eylem_2-jpg20131225110125-jpg20131225111908
    – အစ္စရေး၏ နိုင်ငံအတွင်းနှင့် အရှေ့အလယ်ပိုင်းပေါ်လစီများကို ဆန့်ကျင်သောအနေဖြင့် အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများက အင်္ဂါနေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများကို စစ်တပ်အတွင်းသို့ မ၀င်မနေရဟု အစ္စရေး၏ ဥပဒေပြဌာန်းမှုကို မကျေနပ်သောကြောင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံရှေ့တွင် အစ္စရေးကိုစားလှယ်အဖွဲ့ ထွက်အလာကိုစောင့်ဆိုင်း၍ အော်သိုဒေါ့စ် ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ဆန္ဒပြသူများက ထိုဥပဒေအား မလိုချင်ဟု ဟစ်အော်ခဲ့ကြပြီး၊  Torah ကျမ်းစာ၏ ကျမ်းပိုဒ်များကိုလည်း ရွတ်ဆိုခဲ့ကြသည်။ ထို့ပြင် ထိုဥပဒေအား လက်မခံသည့် လူငယ်များကို အစ္စရေးက ထောင်ဒဏ်ချမှတ်သည်ဟုလည်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ်ဂျူးများအနေဖြင့် စစ်မှူးထမ်းခြင်းကိစ္စအား ဆန့်ကျင်သည့်အကြောင်းနှင့် ပက်သက်ပြီး ဂျူးတရားဟောဆရာ မိုရှေး အင်ဒစ်ဂ်က “နေ့တိုင်း ဥပဒေအသစ်တွေသတ်မှတ်ဖို့ ကျွန်တော်တို့ အယူဝါဒက ခွင့်မပြုပါဘူး။ အော်သိုဒေါ့စ် ဂျူးတစ်ယောက်အနေနဲ့ အစ္စရေးနိုင်ငံနဲ့ သူတို့ရဲ့ စစ်ပွဲတွေကို ဆန့်ကျင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အခြားသော ဆန္ဒပြသူတစ်ဦးဖြစ်သူ ကီလ်နာကလည်း “အစ္စရေးနိုင်ငံနဲ့ စစ်တပ်ဟာ တရားမ၀င်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကျမ်းစာမှာ ဂျူးနိုင်ငံထူထောင်ဖို့ ခွင့်မပေးထားပါဘူး” ဟု ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ် ဂျူးဝါဒမှာ Torah ကျမ်းစာအတွင်း ပါဝင်သည့် ဥပဒေများနှင့် ကျင့်ဝတ်များအား အတိအကျလိုက်နာသော အယူဝါဒတစ်ခုဖြစ်သည်။
    Ref : AA

  • ဒီဇင်ဘာ ၂၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    အခြေခံဥပဒေကြောင့် ၂၀၁၅ ရွေးကောက်ပွဲ NLD မ၀င်ပဲ နေမည်မဟုတ်

    – ၂၀၁၅-ရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် ယှဉ်ပြိုင် ရွေးကောက်ခံမည်ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည် ဖြစ်စေ မပြင်ဆင်သည်ဖြစ်စေ ရွေးကောက်ပွဲ ၀င်ရောက်သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတါင် ဦးဥာဏ်ဝင်းက ပြောဆိုခဲ့သည်။
    ________________________

    စစ်စခန်းနှင့်ထောင်တွင်း ကျဆုံး နိုင်ကျဉ်း ၅၄-ဦးကို ဂုဏ်ပြုမည်

    – စစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင်ကျဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား ၅၄-ဦးကို ဂုဏ်ပြုသည့် အခမ်းအနားတစ်ရပ်ကို ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့က ပူးပေါင်းပြီး ဇန်န၀ါရီလ ၂-ရက်နေ့မှာ ရန်ကုန်မှာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ________________________

    လွတ်လပ်ရေးနေ့ ဆန္ဒပြခွင့် အာဏာပိုင်မှ ခွင့်မပြု

    – ပုဒ်မ ၁၈ ဥပဒေကို ဖျက်သိမ်းပေးရန် ၈၈-မျိုးဆက်အဖွဲ့နှင့် အရပ်ဖက်လူထုအခြေပြုအဖွဲ့များမှ လာမည့် ၂၀၁၄-ခု လွတ်လပ်ရေးနေ့တွင် ဆန္ဒပြရန် လျှောက်ထားရာ ရန်ကုန် ကျောက်တံတားမြို့နယ်နှင့် မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေမှ ယနေ့မှာ ပယ်ချလိုက်ကြောင်း သိရှိရပါသည်။
    ________________________

    ဒုတိယအကြိမ် မွန်လူငယ်နေ့ကျင်းပရာ လူငယ် တစ်သောင်းခန့်တက်ရောက်

    – ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြို့ မော့ကနင်ကျေးရွာမှာ ယနေ့ပြုလုပ်ခဲ့ရာ မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် လူငယ်များအကြား မွန်အမျိုးသား နိုင်ငံရေးနှင့်ပတ်သက်သည့် ရှေ့ရေးကိစ္စများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရသည်။
    ________________________

  • M-Media မူပိုင်ဆောင်းပါး အား ခွင့်ပြုချက် တစုံတရာ တောင်းခံခြင်း မရှိဘဲ စာပေ ကျင့်ဝတ်ဖောက်ဖျက်ကာ ပြည့်သူဆန္ဒ ဂျာနယ် အသုံးပြု

    ဒီဇင်ဘာ ၂၈ ၊ ၂၀၁၃
    M-Media

    1476630_3858639240691_1661101844_n

    (ပြည်သူ့ဆန္ဒဂျာနယ်၊ အတွဲ ၁၊ အမှတ် ၃၉၊ ၁၂.၁၂.၂ဝ၁၃) တွင် မင်းအဂ္ဂ ၏ “၂ဝ၁၄ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာ” ဆောင်းပါး အားဖော်ပြခဲ့သည်။

    အဆိုပါ ဆောင်းပါးမှာ M-Media တွင် ဆောင်းပါးရှင် သီတာလတ် ရေးသား ဖော်ပြခဲ့သော ဆောင်းပါးအား ကူးယူဖော်ပြထားခြင်းဖြစ်ကြောင်းတွေ့သည်။

    M-Media မှ မူပိုင်သတင်း၊ ဆောင်းပါး၊ ဘာသာပြန်များကို စီးပွားဖြစ် ထုတ်လုပ်သော မီဒီယာများတွင် ဖော်ပြလိုလျင် ခွင့်ပြုချက်တောင်းခံရန် ကြေညာထားပြိးဖြစ်သည်။

    ယခုကဲ့သို့ M-Media မူပိုင် ဆောင်းပါးကို အသိပေး အကြောင်းကြားခြင်း မရှိ၊ ခွင့်တောင်းခြင်းမပြုသည့်အပြင် ကလောင် အမည်ကိုပင် ပြောင်းလဲကာ ဖော်ပြခြင်းသည် စာပေနှင့် စာနယ်ဇင်း ကျင့်ဝတ်ကို ချိုးဖောက်ရာ လည်းရောက်ပြီး ကလောင်ရှင်များအား လေးစားမှု မရှိ မထေမဲ့မြင်ပြုသည့် အပြုအမူဖြစ်သည့် အတွက် အဆိုပါ လုပ်ရပ် ပြုလုပ်သူများအား ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုံ့ချပါသည်။

    ယခုကဲ့သို့ စာပေကျင့်ဝတ်ဖောက်ဖျက်ပြီး လုပ်ဆောင်သော ပြည်သူဆန္ဒ ဂျာနယ်မှ သက်ဆိုင်ရာအယ်ဒီတာအဖွဲ့သို့ ဖြေရှင်းပေးရန် M-Media မှ တရားဝင်အီးမေးလ်ပို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။

    M-Media Link => http://www.m-mediagroup.com/news/20198
    (သရုပ်ဖော်ဓါတ်ပုံကို M-Media မှ ပြုလုပ်ထားသည့် ဒီဇိုင်းပုံကို ဖြတ်ညှပ်ကပ်ပြုလုပ်ထားသည်။ )

    ဓါတ်ပုံ Link => http://www.m-mediagroup.com/wp-content/uploads/2013/01/myanmar-census-2012.jpg

    ပြည်သူဆန္ဒဂျာနယ် ဆောင်းပါး ဓါတ်ပုံလင့် =>https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-prn2/1471358_1478016869091454_840551301_n.jpg

  • ဒီဇင်ဘာ ၂၈၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    ဖိလစ်ပိုင်တွင် New Year ပွဲလုပ်ရန်ပြင်ဆင်မှုတွင် မီးရှုးမီးပန်းကြောင့် ထိခိုက်သူ ရာကျော်

    – ဖိလစ်ပိုင်နိုင်ငံ တစ်ဝှမ်းတွင်ပြုလုပ်နေသည့် လာမည့် ၂၀၁၄ နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်မှုများ အတွင်း မီးရှူးမီးပန်းများကြောင့် ထိခိုက်သူပေါင်း လူ ၁၆၀ ကျော် ရှိခဲ့သည်ဟု ဖိလစ်ပိုင်အစိုးရက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထိခိုက်ဒဏ်ရာရခဲ့သူများတွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ ညာဘက်လက် ဆုံးရှုံးမှုနှင့် အဘိုးအို တစ်ဦး မျက်လုံးပေါက်ထွက်မှုမှာ အဆိုးဆုံးဖြစ်ပြီး ၅ နှစ်အရွယ် သမီးငယ်တစ်ဦးမှာလည်း လက်ညှိုးတစ်ချောင်း ပြတ်တောက်ခဲ့ရသည်ဟု ကျန်းမာရေးအရာရှိ တစ်ဦးဖြစ်သူ အဲရစ်တာယဂ်က ပြောကြားခဲ့သည်။
    c1bb1674829aa7c0f77aa5f947f28d676492e7b4-19bsija
    ………………………………

    ၂၀၁၃ တွင် အမေရိကန် စစ်တပ်တွင်း လိင်ပိုင်းဆိုင်ရာ ပစ်မှု ၅၀ % တိုး

    – အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများမှာ ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု စစ်တမ်းကောက်ယူမှုများအရ သိရသည်။ AP သတင်းဌာန၏ စစ်တမ်းကောက်ယူမှုအရ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ အမေရိကန် စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ ၅၀၀၀ ကျော်ရှိခဲ့ပြီး ယမန်နှစ် တစ်နှစ်လုံးတွင် ၃၃၇၄ သာရှိခဲ့သည်။ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အမှုများ၏ ၁၀ ရာခိုင်နှုန်းခန့်တွင် အစော်ကားခံရသူမှာ စစ်တပ်အတွင်း တရားဝင်အမှုထမ်းခြင်းမရှိသေးသူများဖြစ်ကြသည်။
    Ref: RT

    ……………………….

    အန္တာတိကတိုက်မှာ ရေခဲပြိး သောင်တင်နေတဲ့ သင်္ဘောကို ကယ်တင်ရင် တရုတ်ရေခဲခွဲ သဘောင်္ထွက်ခွါ

    – အန္တာတိက တိုက် Cape de la Motte ဒေသရှိ ပင်လယ်အတွင်း ရေအလွန်ခဲမှုကြောင့် သောင်တင်နေသည့် သင်္ဘောတစ်စင်းအား ကယ်တင်ရန် အတွက် တရုတ်ရေခဲခွဲ သင်္ဘောငယ်တစ်စီးမှာ ယမန်နေ့က ထိုဒေသသို့ထွက်ခွာသွားသည်ဟု သိရသည်။

    သင်္ဘောသား ၇၄ ဦးပါဝင်သည့် MV Akademik Shokalskiy အမည်ရ အဆိုပါသင်္ဘောမှာ ရုရှားနိုင်ငံမှဖြစ်ပြီး ခရစ္စမတ်နေ့ကတည်းက ထိုနေရာတွင်သောင်တင်နေခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်မည်ကို စိုးရိမ်ရခြင်းမရှိဘဲ၊ သင်္ဘောသာများတွက်လိုအပ်သည့် စားနပ်ရိက္ခာမှာလည်း အလုံအလောက်ရှိနေသည်။

    Xue Long အမည်ရ တရုတ်ရေခဲခွဲသင်္ဘောမှာ ရေခဲနေသည့်နေရာသို့ရောက်ရှိနေပြီး ရေခဲများကို ဖြည်းဖြည်းချင်းခွဲနေကာ ရေခဲများ၏ အထူမှာတစ်ခါတစ်ရံတွင် ၃ မီတာမှ ၄ မီတ (၉ ပေမှ ၁၂ ပေ) အထိရှိကာ လာမည့် ၁၂ နာရီအတွင်း သင်္ဘောရှိရာသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ပိုမိုအားကောင်းသော ပြင်သစ် ရေခဲခွဲသင်္ဘော Astrolabe မှာလည်း ထိုနေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    ……………………….

    တရုတ်တွင် ဈေးသည်တဦး သေဆုံးမှု ရဲ (၃) ဦးအား ထောင် (၁၁)နှစ်ချ

    – ဖရဲသီးသည်တစ်ဦးသေဆုံးမှုနှင့် ပက်သက်၍ ရဲသုံးဦးအား တရုတ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်လိုက်သည်ဟု သိရသည်။ နိုင်ငံတောင်ပိုင်း ဟူနန်ပြည်နယ်တွင် ဇူလိုင်လအတွင်းက Deng Zhengjia အမည်ရ အသက် ၅၆ ရွယ်ဖရဲသီးသည်တစ်ဦးအား ဈေးရောင်းရန် တားမြစ်ထားသည့် နေရာတွင် ရောင်းချသောကြောင့် ရဲတပ်ဖွဲ့ဝင်များက တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှစ်မှုကြောင့် ထိုဖရဲသီးသည်မှာ သေဆုံးခဲ့ရသည်။

    ……………………….

    အမေရိကန်မှ အီရတ်တွင် အကြမ်းဖက်မှုများ နှိမ်နင်း ရန် လက်နက်များ ထောက်ပံ့

    – ယခုလက်ရှိ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အလ်-ကိုင်းဒါး ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်တိုက်ခိုက်မှုများအား နှိမ်နှင်းရာတွင် အထောက်အကူပြုနိုင်ရန် ဒုံးကျည်များနှင့် ထောက်လှမ်းရေး ဒရုန်းလေယာဉ်များအား အီရတ်နိုင်ငံသို့ ပေးပို့ခဲ့သည်ဟု အမေရိကန် တာဝန်ရှိသူများက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။ အီရတ်စစ်တပ်ကလည်း ၎င်းတို့ လေတပ်အတွက် အမေရိကန်မှ ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည် ၇၅ စင်းပေးပို့ထားကြောင်း၊ မကြာမီ တပ်ဆင်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
    ………………………

    အိန္ဒိယတွင် အမျိုးသမီးတဥိး တညထဲ(၂)  ကြိမ်ဆက်တိုက် အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခံ

    – အုပ်စုဖွဲ့ အဓ္ဓမ ပြုကျင့်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အား တစ်ညတည်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် အုပ်စုဖွဲ့၍ အဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့သည်ဟုသိရသည်။

    ထိုအမျိုးသမီးက သူမအနေဖြင့် Pondicherry ပြည်နယ် မြို့တစ်မြို့ရှိ သူငယ်ချင်းဖြစ်သူ အိမ်သို့ သွားရောက်လည်ပတ်စဉ် အမျိုးသားသုံးဦးမှ ၎င်းအား ဖမ်းဆီးခဲ့ပြီး ထိုအထဲမှတစ်ဦးက အဓ္ဓမပြုကျင့်ခဲ့ကြောင်း၊ ၎င်းအား သုံးနာရီကြာ ဖမ်းဆီးထားပြီးနောက် လွှတ်ပေးခဲ့ပြီး သူမက အကူညီရှာနေစဉ် အမျိုးသား ၇-ဦးပါဝင်သည့် အခြားအဖွဲ့တစ်ဖွဲ့ကို သူမအား ထပ်မံဖမ်းဆီးခဲ့ကာ ၎င်းတို့အထဲမှ ၆-ဦးက အဓ္ဓမပြုကျင့်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    ထိုနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အဆိုပါ အဓ္ဓမကျင့်မှုနှင့် ပက်သက်သော လူ ၁၀-ဦးအား ကြာသာပတေးနေ့က ဖမ်းဆီးနိုင်ခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း၊ ထိုအဖွဲ့ ၂-ဖွဲ့မှာ စပ်ဆပ်မှုရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထို့ပြင် အဓ္ဓမ ပြုကျင့်ခြင်းခံရသည့် အမျိုးသမီး၏ ကနဦးထွက်ဆိုချက်များအား မှတ်တမ်းတင်ရန် ငြင်းဆိုခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ရာထူးမှ အနားပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။

  • ဒီဇင်ဘာ ၂၈ အားကစား သတင်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    – ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ် အသင်းသည်သာ စိန်ခေါ်သူအစစ်အမှန်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ပြောကြား လိုက်သည်။ ယခုလက်ရှိတွင်အဆင့် ၄ နေရာတွင်ရှိနေသည့် လီဗာပူးလ်အသင်းမှာ အင်္ဂလန် ပထမတန်းအား ပရီးမီးယားလိဂ်အဖြစ် အသွင်ပြောင်းပြီး ကတည်းက ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲခဲ့ဖူးခြင်း မရှိသေးချေ။ သို့သော်လည်း မိမိအနေဖြင့် ယခုကဲ့သို့ပြောဆိုခြင်းမှာ  တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်၏ စွမ်းဆောင်ရည်များကို ကြည့်၍ ပြောကြားခြင်း မဟုတ်ဟု မော်ရင်ဟိုက ထည့်သွင်းပြောကြားခဲ့သည်။
    Arsenal-v-Chelsea-Jose-Mourinho_3056633
    ……………………………..

    – ကမ္ဘာ့အဆင့် အဆင့် ၆ ရှိနေသည့် ဆွစ်ဇာလန် နာမည်ကြီး တင်းနစ် ကစားသမား ရော်ဂျာ ဖက်ဒါရာက ၎င်း၏ နည်းပြသစ်ဖြစ် Grand Slam ဆုဖလားအား ၆ ကြိမ်ရရှိဖူးသည့် ဆွီဒင် တင်းနစ်ကစားသမားဟောင်း အတီဖင် အဒ်ဘာ့ဂ်အား ခန့်အပ်လိုက်ပြီဟု ကြေညာခဲ့သည်။

    အနည်းဆုံး ၁၀ ပတ်လက်တွဲမည်ဖြစ်ပြီး လာမည့် သြစတေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒါရာမှာ နည်းပြသစ်နှင့် ပထမဆုံး ကစားရမည်ဖြစ်သည်။
    ………………………………

    – ထိပ်ဆုံးမှဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းနှင့် ၁၀ မှတ်ကွာဟနေသော်လည်း မိမိအသင်းမှာ စီးရီးအေ ချန်ပီယံပြေးလမ်းကြောင်းပေါ်တွင်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ရိုးမားအသင်းတို့အား စိန်ခေါ်နိုင်သည်ဟု နာပိုလီအသင်း၏နည်းပြ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။ ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသနေသည့် နာပိုလီအသင်းမှာ ယခုလက်ရှိတွင် အဆင့် ၃ နေရာတွင်ရှိနေသည်။
    …………………………….

    – မိမိအား ပွဲထွက်ဂိုးသမားအဖြစ် စဉ်းစားပေးသည့် ကလပ်အသင်းတွင် ကစားချင်သည်ဟု ရီးယဲလ်မက်ဒရစ်အသင်း၏ ဂိုးသမားဖြစ်သူ အီကာ ကာဆီးလက်က ပြောကြားလိုက်သည်။ ယခုအချိန်တွင် ဂိုးသမား ဒီယေဂိုလိုပက်ဇ်၏နောက် ဒုတိယနေရာတွင်ရှိနေသည့် ကာဆီးလက်မှ ထိုကဲ့သို့ ပြောကြားခြင်းမှာ ရီးယဲလ်မှ ထွက်ခွာတော့မည်ဟု အရိပ်အမြွက်အဖြစ် ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။