News @ M-Media

Blog

  • အသင်းကြီးများ အားလုံးအနိုင်ရခဲ့သည့် ပရီးမိးယားလိဂ် ပွဲစဉ် ၁၇

    ဒီဇင်ဘာ ၂၃၊ ၂၀၁၃
    M-Media
    mun-whu-1314-211213-ps15
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ကို စနေနေ့က ၇ ပွဲ တနင်္ဂနွေ့နေ့က ၂ ပွဲကစားခဲ့ကြပြီး အသင်းကြီးများအားလုံးအနိုင်ရရှိခဲ့သည်။ ပြီးခဲ့သည့်တစ်ပါတ်က စပါးအသင်းအား အဝေးကွင်းတွင် ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် လီဗာပူးလ်အသင်းမှာ ယခုပွဲတွင်လည်း ဇယားအောက်နားမှ ကာဒစ်ဖ်အား ဆွာရက်ဇ်၏ သွင်းဂိုး ၂ ဂိုးနှင့်အတူ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဆွာရက်ဇ်မှာလည်း စုစုပေါင်း သွင်းဂိုး ၁၉ ဂိုးဖြင့် ပရီးမီးယားလိဂ် ဂိုးသွင်းစာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နေသည်။

    အဝေးကွင်းတွင် ရလဒ်ဆိုးလေ့ရှိသည့် မန်စီးတီးအသင်းမှာ စနေနေ့က ကစားခဲ့သည့် ဖူလ်ဟမ်အသင်းနှင့် ပွဲတွင် အကောင်းဆုံးကစားသွားခဲ့ပြီး တိုက်စစ်မှူး အဂူရိုမပါဝင်သော်လည်း ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

    အိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် မန်ယူအသင်းမှာလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး ၀က်စ်ဟမ်းအသင်းအား အနိုင်ရခဲ့သည်။ နည်းပြသစ်နှင့် စပါးအသင်းမှာ အဒီဘာယော၏ ခြေစွမ်းပြမှုနှင့် အတူ အဝေးကွင်းတွင် ဆောက်သက်တမ်အသင်းအား တွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ နောက်ဆုံး ငါးပွဲတွင် ရှုံးပွဲ မရှိသည့် အဲဗာတန်အသင်းမှာလည်း အဝေးကွင်းတွင် ရော့စ် ဘာကလေ၏ နောက်ကျသွင်းဂိုးကြောင့် ဆွမ်ဆီးအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အလန်ပါဂျူး၏ နယူးကာဆယ်အသင်းမှာ နောက်ပိုင်းပွဲစဉ်များတွင် သိသိသာသာ ခြေစွမ်း တက်လာသည့် ခရစ္စတယ်ပဲလေ့စ် အသင်းအား ၃ ဂိုး ပြတ်ဖြင့်အနိုင်ကစားနိုင်ခဲ့သည်။ လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ဖြုတ်ချနိုင်ခဲ့သည့် ဆန်းဒါးလန်းမှာ အလင်းရောင် ကွင်း၌ နော်ဝစ်ခ်ျတို့အား အနိုင်မ ယူနိုင်ခဲ့ဘဲ ဂိုးမရှိဖြင့်သရေဖြင့် ပွဲပြီးခဲ့သည်။ စတုတ်စီးတီးအသင်းမှာ အက်စတွန်ဗီလာအား ချာလီအဒမ်နှင့် ပီတာခရော့တို့၏သွင်းဂိုးဖြင့်အနိုင်ရခဲ့သည်။ ၀က်စ်ဘရွန်းအသင်းနှင့် ဟားလ်စီးတီးတို့ပွဲစဉ်တွင် ဟားလ်စီးတီးမှာ လစ်ဗာမိုး၏ ၂၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေနိုင်ခဲ့သော်လည်း အိမ်ရှင် ၀က်စ်ဘရွန်းက ၈၆ မိနစ်တွင် ချေပဂိုးသွင်းယူသွားခဲ့သောကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

    ယခုတစ်ပါတ်၏ Match of The Week ပွဲစဉ်ဖြစ်သည့် ချယ်ဆီးနှင့် အာဆင်နယ်တို့ပွဲစဉ်ကို နက်ဖြန်  နံနက် ၂ နာရီခွဲတွင် ကစားမည်ဖြစ်ပြီး၊ ပွဲစဉ် ၁၇ ၏ ၉ ပွဲကစားပြီးနောက် လီဗာပူးလ်အသင်းမှာ ၃၆ မှတ်ဖြင့် ဇယားထိပ်ဆုံးတွင် ဦးဆောင်နေကာ မန်စီးတီးက ဒုတိယ အာဆင်နယ်က တစ်ပွဲလျော့ဖြင့် တတိယနေရာ၌ ရှိနေသည်။ မန်ယူအသင်းမှာ အဆင့် ၈ နေရာတွင် ရပ်တည်နေပြီး အဆင့် ၁၄ မှ ၂၀ အထိအသင်းများမှာ နေရာအပြောင်းအလဲမရှိခဲ့ပေ။

    League Table   Barclays Premier League current   previous standings

    Photo-premierleague.com

  • ဒီဇင်ဘာ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၂၊ ပြည်တွင်းသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media

    KIA ဖမ်းဆီးသွားသည့် ရှမ်းလူမျိုးများ ပြန်လည်လွတ်မြောက်

    – KIA မှ ယခု ဒီဇင်ဘာ လဆန်းပိုင်းတွင် ဖမ်းဆီးသွားသည့် မန်စီမြို့နယ်မှ ရှမ်းတိုင်းရင်းသားအားလုံး လွတ်မြောက်ရေးအတွက် လွန်ခဲ့သော သောကြာနေ့က မြစ်ကြီးနားမှာ လူထုအစည်းအဝေးပြုလုပ် တောင်းဆိုခဲ့ကြပြီးနောက် မြစ်ကြီးနားရှိ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရုံးမှ ဆက်သွယ် ပေးမှုကြောင့် မိမိကိုယ်တိုင် KIA တပ်ဖွဲ့ဝင်လိုသူ အနည်းငယ်မှအပ ကျန်သည့် ရှမ်းတိုင်းရင်းသားများကို KIA မှ လွှတ်ပေးလိုက်ကြောင်း သိရသည်။
    ________________________

    ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

    – မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇ ကြိမ်မြောက်အရှေ့အောင်အာရှ အားကစားပြိုင်ပွဲ ယနေ့ နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင် ခဲ့ကြပြီး ပြိုင်ပွဲအားလုံးပြီးစီးတဲ့အချိန်မှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံက ရွှေတံဆိပ် (၁၀၇) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၈၂ ခုဖြင့် နိုင်ငံအလိုက်
    ပထမနေရာကို ဆွတ်ခူးရရှိသွားပါတယ်။
    ________________________

    မူးယစ်ရမ်းကားသူတစ်စုကြောင့် ခေါင်းကွဲသွားတဲ့ ဆယ်အိမ်မှူး

    – မူးယစ်ရမ်းကားသော လူတစ်စုအား မဆူပူရန် တားမြစ်သည့် ဆယ်အိမ်မှူးအား အဆိုပါ လူစုမှ ဘီယာပုလင်းဖြင့် ပစ်ပေါက်သဖြင့် ဆယ်အိမ်မှူး ဦးခေါင်းကွဲသွားရသော ဖြစ်စဉ်တစ်ခု လားရှိုးမြို့၌ ဖြစ်ပွားခဲ့ပြီး ဆယ်အိမ်မှူးလည်း လားရှို့မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
    ________________________

  • ကလေးများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဆိုင်ရာဆွေးနွေးပွဲကျင်းပ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media
    သီရိ

    DSC02323

    ရန်ကုန်   ။         ။         Liberty Education မှဦးစီးကျင်းပပြုလုပ်သော ကလေးများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၂-ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံ Happy World တွင် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်သူ ၅၀-ကျော် ရှိခဲ့ပါသည်။

    ထိုအခမ်းနားတွင် ဒေါက်တာဦးစိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း) အထူးကုဆရာဝန်ကြီး စိတ်ကျန်းမာရေးဆေးရုံကြီး နှင့် ဒေါ်သက်ထားဝင်း တွဲဖက် ပါမောက္ခ (ငြိမ်း) စိတ်ပညာဌာန ရန်ကုန် အဝေးသင်တက္ကသိုလ်တို့မှ ကလေးစိတ်ပညာဘာသာရပ် (Child Psychology) ကိုအဓိက
    ဟောပြော ခဲ့သည်။

    ကလေးတွေကို ငယ်စဉ်ကတည်းကသူတို့အားသန်ရာကို ဦးစားပေးသင့်ကြောင်း၊ ကလေးတွေရဲ့အကျင့်စရိုက်ကို နားလည်သိရှိရန်လိုအပ်ကြောင်း စသည့် ကလေးများနှင့်ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာပညာရပ်များကို ဆရာမကြီး ဒေါ်သက်ထားဝင်း တွဲဖက်ပါမောက္ခ (ငြိမ်း) မှ ပြောကြားခဲ့ပြီး
    ဆရာကြီးဒေါက်တာ ဦးစိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း)မှ ကလေးငယ်များရဲ့ ပြုမှုတတ်သည့် အကျင့်စရိုက်များကို မိဘများကလေ့လာထားရန် လိုအပ်ကြောင်း၊ အနာဂတ်ရဲ့ သားကောင်းလေးများကို ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ ငယ်စဉ်ကတည်းကသေချာ လေ့ကျင့်ပြုစုပျိုးထောင်ပေးသင့်ကြောင်း ဟောပြောခဲ့ပါသည်။

    အနာဂတ်မှာ လင်းလက်လာမယ့် သားကောင်းလေးတွေကို ယခုလိုသေချာနားလည်အောင် ရှင်းလင်း ဟောပြောတဲ့ပွဲကို တက်ရောက်ရတဲ့အတွက် အလွန်ပီတိဖြစ်ရကြောင်းကိုလည်း ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဦးမေတ္တာမှ ပြောခဲ့ပါတယ်။

  • မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ (မလေးရှား) မှ ဦးစီး ကျင်းပမည့် သတ္တမအကြိမ် စာပေဟောပြောပွဲ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media
    ဇင်မင်း

    sarpayhalpyawpwae2

    မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (မလေးရှား) မှ ၂၀၀၇ခုနှစ်ကတည်းက နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့သော မြန်မာ စာပေဟောပြောပွဲများကို ၂၀၁၃ ခုနှစ်တွင်လည်း သတ္တမအကြိမ်မြောက် အဖြစ် ကွာလာလမ်ပူမြို့ (KL) နှင့် ဂျိုဟိုးမြို့ (Johor) များတွင် ကျင်ပရန် စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

    ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် စာပေဟောပြောပွဲကို ဆရာမ စန်းစန်းနွဲ့ (သာယာဝတီ)၊ ဆရာ ကိုလေး(အင်းဝဂုဏ်ရည်) နှင့် ဆရာ ညီမင်းညို တို့အား ဖိတ်ကြားထားပြီး ကွာလာလမ်ပူမြို့နှင့် ဂျိုဟိုးမြို့များတွင် အောက်ပါအစီအစဉ် အတိုင်း ကျင်းပမည်ဟု သိရသည်။

    ကွာလာလမ်ပူမြို့     ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၁ရက်
    ကျင်းပမည့်အချိန်  —– ၁.၁.၂၀၁၄ (ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀နာရီမှ ညနေ ၅နာရီထိ။
    ကျင်းပမည့်နေရာ —— SM ကုန်တိုက် ၆ထပ်ရှိ ဟောခန်း၊ ကိုတာရာယာ ကုန်တိုက်အနီး။

    ဂျိုဟိုးမြို့      ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်
    ကျင်းပမည့်အချိန်  —– ၂၉.၁၂.၂၀၁၃ (တနင်္ဂနွေနေ့)၊ နေ့လည် ၁၂နာရီမှ ညနေ ၇ နာရီအထိ
    ကျင်းပမည့်နေရာ —— Dewan Raya Zaman Saleng Jaya Saleng kulai jaya, Tj mart, Johor

    သတ္တမအကြိမ်မြောက် စာပေဟောပြောပွဲ လက်မှတ်များကို ကွာလာလမ်ပူမြို့များတွင် 012-3489 756၊ 017-2418 500၊ 012-3888 480  ဖုန်းနံပါများနှင့် အောက်ဖော်ပြပါ ကြော်ငြာစာရွက်ပါ (ကိုတာရာယာ) နှင့် ဂျိုဟိုးမြို့မှ မြန်မာစတိုးဆိုင်များတွင် အခမဲ့ရရှိနိုင်ကြောင်း သိရှိရပါသည်။

    စာပေဟောပြောပွဲသို့ ကြွရောက်ကြမည့် ပရိသတ်များအတွက် အစားအသောက်များဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊ ပျော်ရွှင်စရာ အစီအစဉ်အဖြစ် ကံစမ်းမဲများ ဖောက်ပေးသွားမည်ကြောင်း စုံစမ်းသိရှိရပါသည်။

    မလေးရှားနိုင်ငံရှိ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အောက်ပါအတိုင်း နှစ်စဉ် မြန်မာပြည်မှ စာရေးဆရာများကိုဖိတ်ခေါ်၍ စာပေဟောပြောပွဲများကို အောင်မြင်စွာပြုလုပ်ပေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
    ပထမအကြိမ် (၂၀၀၇ ခုနှစ်)- ကွာလာလမ်ပူမြို့တွင်
    စာရေးဆရာ ချစ်စံဝင်း၊ ကံချွန်၊ နေ၀င်းမြင့် နှင့် ဆရာမလမင်းအိမ် တိုအားလည်းကောင်း

    ဒုတိယအကြိမ် (၂၀၀၈ ခုနှစ်)- ကွာလာလမ်ပူမြို့တွင်
    စာရေးဆရာ ဖေမြင့်၊ လယ်တွင်းသားစောချစ် နှင့် ဆရာမဒေါ်ကြူကြူသင်း တို့အားလည်းကောင်း

    တတိယအကြိမ် (၂၀၀၉ ခုနှစ်)- ကွာလာလမ်ပူမြို့နှင့် ပီနန်းမြို့များတွင်
    စာရေးဆရာ ချစ်ဦးညို၊ နေ၀င်းမြင့် နှင့် ဆရာမဂျူး တို့အားလည်းကောင်း

    စတုတ္တအကြိမ် (၂၀၁၀ ခုနှစ်)- ကွာလာလမ်ပူမြို့နှင့် ပီနန်းမြို့များတွင်
    စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ဦးဟိန်းလတ် နှင့် ဆရာမဒေါ်ခင်ခင်ထူး တို့အားလည်းကောင်း

    ပဉ္စမအကြိမ် (၂၀၁၁ ခုနှစ်)- ကွာလာလမ်ပူမြို့၊ ပီနန်းမြို့နှင့်အီပို့မြို့များတွင်
    စာရေးဆရာ ဦးအောင်သင်း၊ ဦးကျော်ဝင်း၊ ကာတွန်းအော်ပီကျယ် နှင့် ဆရာမနုနုရည်(အင်းဝ) တို့အားလည်းကောင်း

    ဆဌမအကြိမ် (၂၀၁၂ ခုနှစ်)- ကွာလာလမ်ပူမြို့၊ ဂျိုဟိုးမြို့များတွင်
    စာရေးဆရာ ခင်မောင်ညို (ဘောဂ)၊ ဆရာကျော်ရင်မြင့် နှင့် ဆရာမမစန္ဒာ တို့အားလည်းကောင်း ဖိတ်ကြား၍ နှစ်စဉ်အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။

    sarpayhalpyawpwae

  • 27th SEA Games ပြီးဆုံး နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၃
    M-Media

    ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြီးဆုံး၊ နိုင်ငံအလိုက် ထိုင်းအသင်းဗိုလ်စွဲ၊ အိမ်ရှင်မြန်မာ ဒုတိယရ

    final day

    မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇ ကြိမ်မြောက်အရှေ့အောင်အာရှ အားကစားပြိုင်ပွဲ ယနေ့ နောက်ဆုံးနေ့အဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

    ပြိုင်ပွဲအားလုံးပြီးစီးတဲ့အချိန်မှာတော့ အိမ်နီးချင်းထိုင်းနိုင်ငံက ရွှေတံဆိပ် (၁၀၇) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၂၈၂ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာကို ဆွတ်ခူးရရှိသွားပါတယ်။

    အိမ်ရှင်မြန်မာကတော့ ရွှေတံဆိပ် (၈၆) ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ် (၂၃၃)ဆု ဖြင့် ဒုတိယနေရာကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

    မြန်မာအသင်းဟာ ပြိုင်ပွဲမစတင်ခင် ရွှေတံဆိပ် (၁၀၀) ရရှိရန် ရည်မှန်းချက်ထားရှိကြောင်း မီဒီယာများကို အသိပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၈၆)% ပြည်မီ အောင်မြင်ခဲ့ပါတယ်။

    အိမ်ရှင်မြန်မာအပေါ် ပြိုင်ဘက်ဒေသတွင်းနိုင်ငံတွေကြားမှာ ပွဲစီစဉ်မှုနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပေမယ့် ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် အိမ်နီးချင်းနိုင်ငံများမှ သတင်းမီဒီယာတွေမှာ ချီးကျူးရေးသားနေကြတာကိုတွေ့ရပါတယ်။

    လာမည့် ၂၀၁၅ ခုနှစ် ၂၈ ကြိမ်မြောက် အရှေ့တေင်အာရှ အားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

    ပိတ်ပွဲ အခမ်းအနား ဓါတ်ပုံများကြည့်လိုလျှင် Click Here