ဒီဇင်ဘာ ၂၄၊ ၂၀၁၃
M-Media
A.N.Lay

ရန်ကုန် ။ ။ ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင်တက်ရောက်မည့်ကျောင်းသားကျောင်းသူများအနေဖြင့် ဒီဇင်ဘာ ၃၀-ရက်နောက်ဆုံးထားကျောင်းအပ်နှံရမည်ဖြစ်ကြောင်းရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနဆိုင်ရာမှ သတင်းရရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက်သင်ကြားနေသည့် ဝိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုများကို ၂၀၁၄-ခုနှစ် မတ်လ ၁၉-ရက်နေ့တွင် စတင်စစ်ဆေးသွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲဖြေဆိုခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးကလည်း “ကျောင်းစဖွင့်တာက ၂၀၁၄ ခုနှစ် မတ် ၁၉-ရက်ဆိုတော့ ဒီကာလအတွင်းမှာ ကျောင်းခေါ်ချိန်က ၁၀၀ ရာခိုင်းနှုန်းထိရှိပါတယ်။ အဲဒါကြောင့်ကျောင်းအပ်နှံခွင့်နောက်ဆုံးထားခွင့်ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀-ရက်သတ်မှတ်ထားပါတယ်။ ကျောင်းတက်တဲ့အချိန်မှာလည်း ကျောင်းခေါ်ချိန် ၇၅-ရာခိုင်းနှုန်းထက်လျော့လို့မဖြစ်ပါဘူး။ ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅-ရာခိုင်နှုန်းပြည့်ဖို့က အရေးကြီးပါတယ်”လို့ ပြောကြားခဲ့သည်။
ကျောင်းဝင်ခွင့်ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၁၆ ရက် ပညာရေးဝန်ကြီးဌာနရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာ ခဲ့သည်။
ယင်းထုတ်ပြည်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ်စာ ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထဝီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿနိက ၄၉ ဦး၊ စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ ကွန်ပျူတာ သိပ္ပံ ၃၆ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုသဗေဒ ၃၂ ဦး၊ ရှေးဟောင်းသုတေသန ၄၉ ဦး၊ ရှုပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး တို့အား ထပ်မံဝင်ရောက်ခွင့်ပြုခဲ့ကြောင်းသတင်းရရှိသည်။
Leave a Reply
You must be logged in to post a comment.