News @ M-Media

Blog

  • သတိပြုဖွယ် အစာကြေဆေးသောက်သုံးမှုနှင့် ဗိုက်တာမင် ဘီတွဲ (B-12) ချို့တဲ့မှုဆက်စပ်ခြင်း (M-Media Health ကဏ္ဍ)

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ-မိုးကြယ်ဖြူ

    Antacid-drugs-linked-to-vitamin-B12-deficiency

    အမေရိကန်နိုင်ငံ ကိုင်ဇာ ဖောင်ဒေးရှင်းမှ သုတေသနပညာရှင်များက လူသုံးများသော အစာကြေဆေး တစ်မျိုးကို ကြာမြင့်စွာသုံးစွဲမှုနှင့် ဗိုက်တာမင် ဘီတွဲ ချို့တဲ့မှု ဆက်စပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ Proton Pump Inhibitor အုပ်စုဝင် ဆေးတချို့ ဖြစ်သည့် အိုမက်ပရာဇောလ်: Omeprazole (Brand name: Prilosec)၊ လန်ဆိုပရာဇောလ်: Lansoprazole (brand name: Prevacid)၊ အစ်ဆိုမက်ပရာဇောလ်: Esomeprazole (brand name: Nexium) စသည့်ဆေးများကို နှစ်နှစ်ထက်ကျော်၍ သုံးစွဲသူများတွင် ဗိုက်တာမင် ဘီတွဲ ချို့တဲ့မှု ဖြစ်နိုင်ချေ ၆၅ ရာခိုင်နှုန်း ပိုမိုကြောင်း တွေ့ရသည်ဟု ဆိုသည်။ အဆိုပါဆေးများကို အစာမကြေ ရင်ပူခြင်း၊ အစာအိမ်အနာများ နှင့် အစာခြေအက်ဆစ်ရည် ပျို့တက်သော ရောဂါများ တွင် အများဆုံး သုံးစွဲကြပြီး သီတင်းပါတ် နှစ်ပါတ်ခန့်သာ သုံးစွဲရန် ညွှန်ကြားသော်လည်း လူနာအချို့က နှစ်ချီအောင် သောက်သုံးနေကြခြင်း ဖြစ်သည်။ ဗိုက်တာမင် ဘီတွဲ ချို့တဲ့ခြင်းကို မကုသပါက သတိမေ့လျော့ခြင်း၊ အာရုံကြောပျက်စီး၍ ခြေလက်များထုံကျင်ခြင်း၊ သွေးအားနည်းခြင်းနှင့် အခြားကျန်းမာရေးပြသနာများ ဖြစ်နိုင်သည်။

    ဤအစာကြေဆေးများသည် အစာခြေအက်ဆစ်ရည် ထုတ်ပေးသော အစာအိမ်ဆဲလ်များကို တိုက်ရိုက် ပိတ်ဆို့နိုင်စွမ်း ရှိသောကြောင့် အစာခြေအက်ဆစ်ရည်ကို ဓါတ်ပြယ်ရုံသာစွမ်းနိုင်သော တမ်စ် (Tums) လိုဆေးမျိုးထက် ပိုမိုလူကြိုက်များခြင်းဖြစ်သည်။ သို့ရာတွင် ဗိုက်တာမင် ဘီတွဲကို အူနံရံများမှ စုပ်ယူရာတွင် အကူအညီပေးမည့် ပရိုတိန်းဒြပ်ပေါင်းတစ်မျိုးကို အစာခြေအက်ဆစ်ရည် ထုတ်သည့် ထိုဆဲလ်တစ်မျိုးတည်းမှပင် ထုတ်လုပ်ခြင်းဖြစ်ရာ ဆေးကြောင့် တပြိုင်တည်း ပျက်စီးစေခြင်း ဖြစ်သည်။ ဆေးသောက်သုံးခြင်းကို ရပ်လိုက်ရန်မလိုသော်လည်း ဆေးသုံးစွဲသည့် ပမာဏ၊ သုံးစွဲသည့် ကာလ၊ ဗိုက်တာမင် ဘီတွဲချို့တဲ့သည့် လက္ခဏာများနှင့် သွေးတွင်းရှိ ဗိုက်တာမင် ဘီတွဲ ပမာဏစစ်ဆေးခြင်း စသည်တို့ကို ချင့်ချိန်ရန် လိုအပ်သည်။

    အမေရိကန်နိုင်ငံတွင် အထက်ပါဆေးများအနက် အချို့ကို ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ရသော်လည်း Prilosec နှင့် Prevacid တံဆိပ်တို့ကို ဆိုင်တိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သောကြောင့် နှစ်စဉ် ၁၄ ဘီလီယမ်ဖိုး ရောင်းချနေရသည်။ (စကားချပ်- မြန်မာနိုင်ငံတွင်လည်း Omeprazole ဆေးများကို အလွယ်တကူ ဝယ်ယူသုံးစွဲမှု များပြားနေခြင်းကြောင့် ဆေးဝါးဆိုင်ရာသတိပြုဖွယ်အဖြစ်တင်ပြလိုက်ပါသည်။)

    Ref: SF Gate

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။

    ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • ဒီဇင်ဘာ ၁၉၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၉၊ အားကစားသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media

    352025_heroa

    –  ပြီးခဲ့သည့် စနေနေ့က နယူးကာဆယ်အသင်းနှင့် ၁-ဂိုးစီ သရေကျခဲ့သောပွဲတွင် ဆောက်သက်တမ် တိုက်စစ်မှူး ပါဘလို အော့စ်ဗာလ်ဒိုမှာ ရိုင်းစိုင်းသော အပြုအမူကို ပြုလုပ်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရသည့်အတွက် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် FA က တရားစွဲဆိုထားသည်ဟု သိရသည်။ ဆောက်သက်တမ်ကစားသမား မော်ဂန် ရှန်ဒါလင်နှင့် နယူးကာဆယ် ကွင်းလယ်လူ မာဆာဒီယို ဟိုင်ဒါရာတို့ ပြဿနာဖြစ်ပွားခဲ့ရာမှာ နှစ်ဖက်အသင်းကစားသူများပါ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပြီး အော့စ်ဗာလ်ဒိုနှင့် ဂိုးနည်းပြ ၀ုဒ်မန်လည်း ပါဝင်ခဲ့သည်။ ထို့နောက် FA ၏ တာဝန်ရှိသူများက ထိုပွဲဗီဒီယိုအား ပြန်ကြည့်ပြီးနောက် ရိုင်းစိုင်းသော၊ မသင့်လျော်သော အပြုအမူများ ပြလုပ်ခဲ့သည့်ကို တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ထိုတရားစွဲဆိုမှုတွင် ၀ုဒ်မန်လည်းပါဝင်သည်။
    …………………………..

    –  အစိုးရ၏ အကူအညီရယူမှုနှင့် ပက်သက်ပြီး ဥရောပ ကော်မရှင်မှ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် စပိန်ကလပ်အသင်း ၇-သင်းတွင် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ပါဝင်နေသည်ဟု သိရသည်။ ဘောလုံးအသင်းများ လည်ပတ်ရန်အတွက် အစိုးရမှ အကူအညီများ ရယူမှုမှာ ဥရောပယူနီယံမှ တားမြစ်ထားသည့် ဥပဒေတွင်ပါဝင်နေပြီး၊ ထိုကိစ္စအတွက် ဥရောပကော်မရှင်အနေဖြင့် ထိရောက်သော စစ်ဆေးမှု သုံးခုပြုလုပ်နေကြောင်း၊ ထို့ကဲ့သို့ အစိုးရ ထောက်ပံ့ကြေးများဖြင့် လည်ပတ်နေသောကလပ်များမှာ အခြားကလပ်များထက် အကျိုးကျေးဇူးများ ပိုမိုခံစားနေရကြောင်း ဥရောပကော်မရှင်မှထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ စွပ်စွဲခံထားရသည့် ကလပ်များတွင် ဗလင်စီယာ၊ ဘီလ်ဘာအို၊ အိုဆာဆူနာ၊ အဲလ်ချီနှင့် စပိန်ပထမတန်းမှ ဟာကျူလီအသင်းတို့ ပါဝင်ကြသည်။
    …………………………….

    –  ယနေ့နံနက်က ကစားခဲ့သည့် လိဂ်ဖလားပြိုင်ပွဲတွင် ၀က်စ်ဟမ်းအသင်းအား ရှုံးနိမ့်ခဲ့ခြင်းမှာ အသင်းအတွက် အလွန်စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု စပါးအသင်း ယာယီနည်းပြ ရှားဝုဒ်က ပြောကြားလိုက်သည်။ အိမ်ကွင်း၌ ကစားခဲ့ရသည့် ထိုပွဲမှာ ရှားဝုဒ်အတွက် ပထမဦးဆုံး ပွဲလည်းဖြစ်ပြီး ဦးဆောင် ဂိုး ၁-ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ထိန်းမထားနိုင်ခဲ့ဘဲ ၀က်စ်ဟမ်းအသင်း၏ ချေပဂိုးနှင့် အနိုင်ဂိုးများကို ခွင့်ပြုခဲ့ရသည်။
    ……………………….

    –  ဂရင်းစလင်း ဆုဖလားအား ၆-ကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဂျာမန်နိုင်ငံသား ဘောရစ်ဘက်ကာမှာ ကမ္ဘာ့ နံပါတ်-၂ ဆားဘီးယားတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်၏ နည်းပြချုပ်အဖြစ် ဆောင်ရွက်တော့မည်ဟု သိရသည်။အသက် ၄၆ နှစ်အရွယ်ရှိ ဘက်ကာမှာ ယခင်ကမ္ဘာ့ နံပါတ်-၁ ကစားသမားဟောင်း ဖြစ်ပြီး ATP ဆုဖလား ၆၄ ကြိမ် ဆွတ်ခူးရရှိခဲ့ဖူးသည်။ ဂျိုကိုဗစ်၏ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရခြင်းကို ပျော်ရွင်မိကြောင်း ဘက်ကာက ပြောကြားခဲ့ပြီး၊ ဂျိုကိုဗစ်ကလည်း ဘက်ကာ၏ အတွေ့အကြုံများက ဂရင်းစလင်းနှင့် အခြားပြိုင်ပွဲများတွင် အနိုင်ရရှိအောင် ကူညီပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    …………………………….

    – လာမည့် သီတင်းပတ်တွင် အဘူဒါဘီတွင် ကျင်းပမည့် Mubadala World Tennis ပြိုင်ပွဲတွင် ဗြိတိန် နာမည်ကြီးတင်းနစ်ကစားသမား အန်ဒီမာရေးမှာ ပြန်လည်ပါဝင်နိုင်မည်ဟု သိရသည်။ မာရေးမှာ နောက်ကျောဒဏ်ရာကို ကာလကြာရှည်စွာ ခံစားနေရပြီး ပြီးခဲ့သည့် စက်တင်ဘာလက ခွဲစိတ်ကုသမှုခဲ့ယူခဲ့ပြီးနောက် အနားယူနေသူဖြစ်သည်။
    ……………………………

  • ရိုးရာခြင်းမှာ ဆုရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတဲ့ Sea Games ခြင်းလုံး အလှခတ် ဒိုင် ဒေါ်ခင်အေးမူနှင့် မေးမြန်းခန်း

    ရိုးရာခြင်းမှာ ဆုရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတယ်ဆိုတဲ့ Sea Games ခြင်းလုံး အလှခတ် ဒိုင် ဒေါ်ခင်အေးမူနှင့် မေးမြန်းခန်း

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    သီရိ

    image-a1fee396594e1884b659ef7f3beeed889fa909841e58444183025b6790127693-V

    မန္တလေး ။          ။       မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၇-ကြိမ်မြောက် အရှေ့တောင်အာရှ SEA GAME ပြိုင်ပွဲတွင် ခြင်းလုံးအလှခတ် ဒိုင်အဖြစ် ဆောင်ရွက်နေသော ဒေါ်ခင်အေးမူကို ဆက်သွယ် မေးမြန်းဖြစ်ခဲ့ပါတယ်။

    M-Media  –  အန်တီရဲ့ မိဘများနဲ့ ညီအစ်ကို မောင်နှမများအကြောင်းကို နည်းနည်းလောက် ပြောပြပေးလို့ရမလား။
    ဖြေ  –  အန်တီကို အဖ ဦးဘသိန်း ၊ (ပီကင်းပြန် ခြင်းဦးဘသိန်း) အမိ ဒေါ်သက်တင်တို့မှ ၁၀-ရက် မေလ ၁၉၆၄-ခုနှစ်မှာ မွေးဖွားခဲ့ပြီး မောင်နှမ ၃-ယောက်အနက် အငယ်ဆုံးပါ။ မန္တလေးမြို့မှာပဲ နေပါတယ်။

    M-Media  –  အန်တီငယ်စဉ်က ဘယ်ကျောင်းမှာပညာသင်ကြားခဲ့ပါသလဲ။
    ဖြေ  –  သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိပေါ့ မန္တလေး အ.ထ.က (၈) မှာ သင်ကြားခဲ့ပါတယ်။ ဆယ်တန်းအောင်တော့ မန္တလေးတက္ကသိုလ်မှာ ပထ၀ီ နဲ့ ဘွဲ့ရခဲ့ပါတယ်။

    M-Media  –  ခြင်းလုံးကိုရော အန်တီ ဘယ်အရွယ်ကတည်းကစပြီး ကစားဖြစ်တာပါလဲ။
    ဖြေ  –  အဖေကခြင်းခတ်တာဆိုတော့ ၁၁-နှစ်အရွယ်ကတည်းက ၀ါသနာလဲပါသွားတော့ လိုက်ခတ်ရင်းနဲ့ အဲဒီအရွယ်ကတည်းကခတ်ဖြစ်တာပါ။

    M-Mediaဖြေ  –  အန်တီရဲ့လက်ဦးဆရာက ဘယ်သူပါလဲ။
    ဖြေ  –  အန်တီရဲ့ အဖေပါပဲ၊ အဖေကပဲသေချာပြုစုပျိုးထောင်သင်ပေးခဲ့တာပါ။

    M-Media  –  အန်တီအဖေက ခြင်းခတ်တယ်ဆိုတော့ ဘယ်လိုမျိုး ခတ်ခဲ့တာပါလဲ။  အန်တီအဖေက နိုင်ငံဂုဏ်ကို ဆောင်ခဲ့သူတစ်ယောက် ဖြစ်ခဲ့တာပါလား။
    ဖြေ  –  အဖေက ခြင်းလုံးအားကစားမှာ မြန်မာ့လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ပီကင်းမှာ ဆုရခဲ့တယ်။ ဒါကြောင့် ပီကင်းပြန် (ခြင်း)ဦးဘသိန်းလို့ နာမည်တွင်ခဲ့တယ်။ အဖေက ခြင်းလုံးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ ရေးခဲ့တယ်။ ၁၉၈၂-ခုနှစ်မှာ စာပေဗိမာန်ဆုရခဲ့တယ်။ အိမ်မှာဆိုလည်း အဖေ့ရဲ့ ခြင်းနဲ့ပတ်သက်နဲ့ ရှားပါးပစ္စည်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်က ခြင်းလုံးနဲ့ပတ်သက်တဲ့ ပြပွဲတွေမှာဆိုလည်း အဖေ့ပစ္စည်းတွေနဲ့
    ပြသရလေ့ ရှိတယ်။

    M-Medai  –  အန်တီဘယ်လိုပြိုင်ပွဲတွေပြိုင်ခဲ့ဖူးလဲ၊ ဘယ်လိုအောင်မြင်မှုတွေရော ရခဲ့ပါသလဲ။
    ဖြေ  –  အန်တီတို့ပြိုင်တဲ့အချိန်တုန်းကတော့ အမျိုးသမီးခြင်းလုံးသင်းဆိုပြီး သက်သက်လုပ်ပေးတာမျိုးမရှိခဲ့ပါဘူး၊ အန်တီလည်း တစ်ပွဲတော့ပြိုင်ခဲ့ ဖူးတယ်။ အဲဒါတောင်မှ အမျိုးသားနဲ့အမျိုးသမီးရောပြီး ပြိုင်ခဲ့ရတဲ့ပွဲပဲရှိသေးတာ အမျိုးသမီးသက်သက်ဆိုပြီးတော့ မရှိခဲ့သေးဘူး ၊ ၁၉၉၀ မှာ တိုင်းနဲ့ ပြည်နယ်ပွဲကျင်းပတော့ မန္တလေးတိုင်းကိုယ်စား ၀င်ပြိုင်ခဲ့တာ ဒုတိယဆုရခဲ့ပါတယ်။ အဲဒီနောက်တော့ အန်တီလဲ အလုပ်ထဲ ၀င်ခဲ့တယ်။

    M-Media  –  အန်တီ အခုလက်ရှိမှာ ဘာတာဝန်များထမ်းဆောင်နေပါသလဲ။
    ဖြေ  –  ကျောင်းပြီးကတည်းက ယခုချိန်ထိ အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယ၀န်ကြီးဌာနမှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေ ပါတယ်။ အန်တီဘွဲ့ရပြီးတော့ အစိုးရ၀န်ထမ်းလေ့ကျင့်ရေးအဖွဲ့ကနေ ၀န်ထမ်းခေါ်တယ်။ သူတို့သတ်မှတ်ထားတာက ဘွဲ့ရ ရမယ်၊ တိုင်းနဲ့ ပြည်နယ်ယှဉ်ပြိုင်ဖူးတဲ့သူပဲ လျှောက်ရမယ်ဆိုတော့ အန်တီနဲ့လည်းကိုက်ညီတော့ဝင်လျှောက်လိုက်တာ ပါသွားတယ်။

    M-Media  –  ယခု SEA GAME မှာရော အန်တီ ဘယ်လိုကြောင့် ခြင်းလုံးအလှခတ် ဒိုင်အဖြစ်ဆောင်ရွက်ခွင့်ရခဲ့တာ ပါလဲ။
    ဖြေ  –  ပထမဆုံးမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာနည်းပြနဲ့ ဒိုင်လူကြီးသင်တန်းဆိုပြီးစဖွင့်တယ် အဲဒီမှာတက်ခဲ့ပြီးတော့ အန်တီပြည်တွင်းပွဲတွေမှာ ဒိုင်စလုပ်ခဲ့ပါတယ်၊ နောက်တော့ ပြည်တွင်းပြည်ပ ဒိုင်သင်တန်းထပ်ဖွင့်တော့ အန်တီ အဲဒီမှာဆက်တက်ခဲ့တယ်။ အဲဒီသင်တန်းတက်ပြီးသွားတော့ အပြည်ပြည်ဆိုင်ရာဒိုင်ဖြစ်သွားတော့ ယခု SEA GAME မှာ ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာပါ။

    M-Media  –  အန်တီဒိုင်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာရော အန်တီ့အနေနဲ့ အခက်အခဲတွေများရှိခဲ့ပါသလား။
    ဖြေ – အခက်အခဲတော့မရှိပါဘူး အန်တီကဒီပြိုင်ပွဲဝင်မယ့် ကလေးတွေနဲ့တူတူ အားကစားလေ့ကျင့်ရေးစခန်းမှာ တူတူ CAMP သွင်းနေထိုင်ပြီး
    သူတို့ကစားနေတဲ့အချိန်တိုင်းမှာလဲ အန်တီက အမှတ်ခေါ်ပေးတယ်။ သူတို့နဲ့တူတူ ၉-လလောက် တွဲပြီးလေ့ကျင့်လာတော့ ပွဲမှာအခက်အခဲမရှိတော့ပါဘူး အဆင်ပြေပါတယ်။

    M-Media  –  အခု SEA GAME မှာရောခြင်းလုံးကစားနည်းက ဘယ်လိုအောင်မြင်မှုတွေ ရခဲ့ပါသလဲ။
    ဖြေ  –  အခု အမျိုးသား ၃-ပွဲ အမျိုးသမီး ၃-ပွဲ ယှဉ်ပြိုင်ကစားခဲ့တာ ခြောက်ပွဲစလုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူခဲ့ပါတယ်။

    M-Media  –  အခုလို ရွှေတံဆိပ်ဆုတွေရရှိခဲ့တဲ့အတွက် အန်တီအနေနဲ့ရော ဘယ်လိုပီတိတွေဖြစ်ခဲ့ ပါသလဲ။
    ဖြေ  –  ဒီရိုးရာခြင်းကို အခုလိုမျိုးပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့လဲ မမျှော်လင့်ခဲ့ပါဘူး အခုလိုနိုင်ငံတကာပွဲအဖြစ်ယှဉ်ပြိုင်ရတော့ ကိုယ့်ရိုးရာခြင်းမှာ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ရတာရော အခုလိုဆုတွေရတဲ့အတွက်ရော ၀မ်းသာပီတိဖြစ်ပြီး ဂုဏ်ယူမိပါတယ်။

    M-Media  –  အန်တီ အနာဂတ်ရဲ့ခြင်းလုံးအားကစားသမားတွေကို ဘယ်လိုစကားလက်ဆောင်များပြောကြားချင်ပါသလဲ။
    ဖြေ  –  အခုလိုနိုင်ငံတကာပွဲတွေမှာ မြန်မာ့ရိုးရာခြင်းလုံးကို အရင်ကပိုပြီး အားစိုက်ထုတ်ပြီး ကြိုးစားသွားကြပါလို့ပြောချင်ပါတယ်။

    M-Media  –  အခုလို ဖြေကြားပေးတဲ့ အန်တီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ  –  အန်တီကလည်း ကျေးဇူးတင်ပါတယ်။

  • Pink Floyd ရောခ်တီးဝိုင်း တည်ထောင်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီလုပ်ရပ်နှင့်တူဟု ဝေဖန်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၃
    M-Media

    Roger Waters at the Eastside Gallery in Berlin, Germany - 04 Sep 2013
    – ရော့ခ်ဂီတ တီးဝိုင်းတစ်ခုဖြစ်သည့် Pink Floyd အဖွဲ့အား တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည့် အင်္ဂလိပ်အဆိုတော်ဖြစ်သူ ရော်ဂျာဝေါလ်တာက အစ္စရေးမှာ နာဇီ ဂျာမနီကဲ့သို့ဖြစ်သည်ဟု မှတ်ချက်ပေးပြောဆိုလိုက်ပြီး ထိုကဲ့သို့ပြောဆို လိုက်ခြင်းကြောင့် အဆိုတော် အသိုင်းအ၀ိုင်းနှင့် ဘာသာရေးခေါင်းဆောင်ပိုင်းမှ ဝေဖန်မှုများကို ခံနေရသည်ဟု သိရသည်။

    ပါလက်စတိုင်းများအား အစ္စရေး၏ ဆက်ဆံပုံမှာ နာဇီများ၏ ရက်စက် ယုတ်မာမှုများနှင့် နှိုင်းယှဉ်နိုင်သည်ဟု ဝေါလ်တာက ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “(အစ္စရေးရဲ့လုပ်ရပ်တွေဟာ) ၁၉၃၀ ပြည့်နှစ်တွေက ဂျာမနီမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပုံစံတူနေတယ်ဆိုတာ ထင်ရှားပါတယ်” ဟု ပြီးခဲ့သည့် တစ်ပါတ်က ပြုလုပ်ခဲ့သည့် အွန်လိုင်း အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    အသက် ၇၀ အရွယ်ရှိ ဝေါလ်တာအား ပါလက်စတိုင်းအရေး လှုပ်ရှားဆောင်ရွက်သူအဖြစ် လူသိများသည်။ အချို့က သူအား ဂျူးဆန့်ကျင်ရေးသမားဟု သတ်မှတ်ကြပြီး ထိုကဲ့သို့ သတ်မှတ်မှုကို ဝေါလ်တာက ငြင်းဆိုကာ ပါလက်စတိုင်းများ အပေါ် ပြုမှုဆက်ဆံပုံးများနှင့် ပတ်သက်၍ အစ္စရေးအား သိပိတ်မှောက်ရန်အတွက် လူအများအား တိုက်တွန်မှုများပြုလုပ်ရန် မိမိတွင် အခွင့်အရေးရှိသူဟု ပြောကြားခဲ့သည်။

    Ref: The Guardian

  • မရမ်းကုန်းမြို့နယ် မီးလောင်မှု အိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်း

    မရမ်းကုန်းမြို့နယ် မီးလောင်မှု အိမ်ခြေ (၁၅)လုံး မီးလောင်ကျွမ်း

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    ဓါတ်ပုံအညွှန်း -> ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ
    ဓါတ်ပုံအညွှန်း -> ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ

    ရန်ကုန် ။        ။   ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် ယနေ့ နံနက် ၂း၃၀-နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၅-လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

    ဖြစ်ပွားပုံမှာ မရမ်းကုန်းမြို့နယ် ၉-ရပ်ကွက်၊ သူရလမ်း၊ အမှတ်-၉၀ အိမ်ရှင် ဒေါ်ခင်သန်း၏နေအိမ်အောက်ထပ်တွင် ငှားရမ်းနေထိုင်သူ ကိုမျိုးမြင့်အောင် မှ နေအိမ်အိပ်ခန်းအတွင်း လျှပ်စစ်မီးပူအား မီးပလပ်ထိုးထားရာမှ အပူလွန်ကဲကာ အကြော်ကြော်ရာတွင် အသုံးပြုသည့် အနီးရှိ ပွဲအိတ်များကို မီးကူးစက်ခဲ့သဖြင့် ၅၅-မိနစ်ခန့် မီးလောင်ကျွမ်းမှုတွင် အဆိုပါအိမ်နှင့် ၀န်းကျင်ရှိ အိမ်ခြေ ၁၅-လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးပေါ့ဆသူ ကိုမျိုးမြင့်အောင်အား မရမ်းကုန်းမြို့မ ရဲစခန်းမှ (ပ)၅၁၉/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

    အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၇၃-သိန်းခန့်ဆုံးရှုံးပြီး၊ အိမ်ထောင်စု ၄၅-စု၊ လူဦးရေ ၂၀၈-ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ မစိုးရိမ်ဘုန်းကြီး ကျောင်းဝင်း အတွင်း ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ၎င်းဒုက္ခသည်များအတွက် ကူညီရေးများ လုပ်ဆောင်လျက်ရှိသည်။

    ကိုးကား ။  ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အင်တာနက်စာမျက်နှာ