News @ M-Media

Blog

  • ဘိုလစ်ဗီးယားတွင် MacDonald အရှုံးပေါ်၍ ဆိုင်ခွဲအားလုံး ပိတ်ပစ်နေရ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    mcdonalds2-625x347
    – ဘိုလစ်ဗီးယား ပြည်သူများ၏ ထောက်ခံအားပေးမှုကို မရရှိသောကြောင့် ကမ္ဘာကျော် အသင့်စား စားသောက်ဆိုင်တစ်ခုဖြစ်သည့် MacDonald ၏ ဘိုလစ်ဗီယားရှိ ဆိုင်ခွဲများအားလုံးကို ပိတ်ပစ်နေသည်ဟု သိရသည်။

    အမေရိကန်ကဲ့သို့နိုင်ငံများတွင် လွယ်ကူစွာ လွှမ်းမိုးသော အသင့်စားအစားအစာ အမြန်ချက်ပြုတ်ခြင်းနည်းလမ်းနှင့် ကြောငြာများမှာ ဘိုလစ်ဗီးယားနိုင်ငံတွင် အလုပ်မဖြစ်ဘဲ၊ ဘိုလစ်ဗီးယားပြည်သူများကလည်း ထိုကဲ့သို့ အချိန်အနည်းငယ်သာကြာသော ချက်ပြုတ်မှုကို ယုံကြည်ခြင်းမရှိချေ။ ထို့ပြင် ပြည်သူများမှာ ဒေသခံများ၏ ချက်ပြုရောင်းချမှုများကိုသာ ယုံကြည်စွာ စားသုံးကြသည်။

    McDonald မှာ ဘိုလစ်ဗီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ အရှုံးခံရောင်းချနေရပြီး ၂၀၀၂ ခုနှစ်မှစ၍ ၎င်း၏ ဆိုင်ခွဲများကို တဖြည်းဖြည်း ပိတ်ပစ်လာခဲ့ရခြင်းဖြစ်သည်။

  • အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    နိုင်ငံတကာ အာရဗီဘာသာစကားနေ့အထိမ်းအမှတ် အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    hasmuhammad-hadji

    ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာ အာရဗီဘာသာစကားနေ့အား ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Makhachkala မြို့တွင် အာရဗီလက်ရေးလှ ရေးသားခြင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။

    သတင်းအချက်အလက်နှင့် သတင်းစာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါပြပွဲတွင် အာရဗီလက်ရေးအလှ ရေးသားမှုပြိုင်ပွဲမှ ရွေးချယ်ထားသည့် လက်ရာပေါင်း ၈၀ နီးပါးကို ထည့်သွင်းပြသခဲ့သည်။  ၁၀-နှစ်ကျော်ကြာ နှစ်စဉ် ကျင်းပခဲ့ သည့် အာရဗီလက်လက်ရေးအလှ ရေးသားခြင်းပြိုင်ပွဲအား နိုင်ငံတစ်ဝှမ်းရှိ လက်ရေးအလှ ပညာရှင်များ၏ လက်ရာပေါင်း ၁၃၀ ကျော်ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ထိုလက်ရာများ၏ သက်တမ်းမှာ ၆-နှစ်မှ နှစ်-၆၀ အထိ ရှိကြသည်။

    “အစ္စလာမ့်ယဉ်ကျေးမှုမှာ လက်ရေးလှပညာကို အရေးပါတဲ့နေရာတစ်ခုသတ်မှတ်ထားပါတယ်။ လက်ရေးလှ ပညာရပ်ဟာ စိတ်ဝေဒနာ ကုသတဲ့ပုံစံ တစ်ခု အဖြစ် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ အကျိုးသက်ရောက်တဲ့ စွမ်အားလည်းရှိပါတယ်” ဟု Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟက်စ်မိုဟာမက် ဟာဂျီ အဘူဘာကရော့ဗ်က ပြောကြားခဲ့သည်။

    Ref : Islam RU

  • လိင်အဂါင်္ ၂ မျိုးပါသောကလေးငယ်တစ်ဦး မွေးဖွား

    လိင်အဂါင်္ ၂ မျိုးပါသောကလေးငယ်တစ်ဦး မွေးဖွား

    ဒီဇင်ဘာ ၂၀-၂၀၁၃
    M-Media
    သီရိ

    Untitled
    ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကံကြီးကုန်းအုပ်စု ကန်ကြီးကန် ကျေးရွာတွင် လိင်အဂါင်္ (၂) မျိုးပါရှိသည့်ကလေးငယ် (DVB)

    ပြည် ။         ။ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကံကြီးကုန်းအုပ်စု ကန်ကြီးကန် ကျေးရွာတွင် လိင်အဂါင်္ (၂) မျိုးပါရှိသည့် ထူးဆန်းသောကလေးငယ်တစ်ဦးကိုမွေးဖွားခဲ့ကြောင်း သိရသည်။

    ထိုကလေးငယ်ကို ကန်ကြီးကန်ကျေးရွာတွင် နေထိုင်သော ကိုအေးမင်း၏ဇနီး မစန်းစန်းမော်(ခ) မပူစူးမ မှ ဒီဇင်ဘာလ ၁၄ -ရက် နံနက် ၄း၃၀ အချိန်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကျေးလက်သားဖွားအရံဆရာမ ၂ ယောက်မှ မွေးဖွားပေးခဲ့ပါသည်။

    “ကလေးကို နံနက် ၄ နာရီခွဲမှာမွေးခဲ့တာပါ မမွေးခင်ကတည်းကတော့ဘာမှထူးခြားတာမျိုးမရှိခဲ့ပါဘူး ပထမကလိုချင်တာတော့မိန်းကလေးပါ။ အခုတော့ကံစီမံရာအတိုင်းပဲလေ ကလေးမမွေးခင်ကတော့ ဆုတောင်းတိုင်းမိန်းကလေးဖြစ်ပါစေဆိုတဲ့ ဆုတွေပဲအရမ်းတောင်းမိပါတယ်၊ ကလေးက ၇-ပေါင်နဲ့ ၈-အောင်စ ရှိပါတယ်၊ လူကြီးရောကလေးရောကျန်းမာရေးကောင်းပါတယ်” ဟု ကလေး၏ မိခင်မှ ပြောကြားခဲ့ပါသည်။

    ကံကြီးကုန်းကျေးရွာမှ ကလေးငယ်ကိုလာရောက်ကြည့်ရူသူတစ်ဦးဖြစ်သော အဘွားအိုတစ်ယောက်ဖြစ်သူ ဒေါ်မသိန်းမှ” အဘွားကလေ ကလေး တွေကို တစ်ကျိတ်လောက်မွေးဖွားလာတာ ဒီလိုမွေးတာ အခုမှပဲကြုံဖူးတယ်၊ ဒီလိုလိင်အဂါင်္နှစ်ခုပါလာတာ တော်တော်ထူးဆန်းတယ်” ဟုပြောခဲ့ပါ သည်။

    “အဲဒီကလေးကိုမွေးကတည်းက ဆေးရုံကြီးကိုလာဖို့ဖိတ်ခေါ်ထားပါတယ်၊ ယနေ့ထိတော့ ရောက်လာခြင်းမရှိသေးပါဘူး၊ ကလေးမွေးဖွားမှုကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်စဆောင်ခင်မှာ ဗိုက်အပ်ရပါတယ်၊ နားလည်တတ်ကျွမ်းတဲ့ ကျေးလက်ကျန်းမာရေး ဆရာ ဆရာမတွေကို ဗိုက်အပ်မှ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တာတွေကိုစီစဉ်ပေးနိုင်မှုကမှ ပိုမိုထိရောက်ပါတယ်၊ ကိုယ်ဝန်ဆောင်ချိန် ၃-လ မပြည့်မီမှာ ကိုယ်ဝန်ဆောင်မိခင်က ဆေးတွေမှားယွင်းသုံးစွဲမှုတို့ကြောင့်လဲဖြစ်နိုင်ပါတယ်၊ တချို့သောဆေးတွေကိုသုံးစွဲမိရင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ကိုယ်လက်အဂါင်္မစုံတာတွေ မွေးလာတာလဲဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇ ကြောင့်လဲဖြစ်နိုင်ပါတယ်” ဟုဝက်ထီးကန်တိုက်နယ် ဆေးရုံအုပ်ကြီးမှ ပြောကြားခဲ့ပါသည်။

    ကလေး၏မိခင်နှင့် ဖခင်တို့မှာ လယ်လုပ်ငန်း၊ ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို ကံကြီးကုန်းကျေးရွာတွင် လုပ်ကိုင်လျက်ရှိသည်။

  • ၂၀၁၄-ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းများ ထုတ်ပြန်ကြေညာ

    ၂၀၁၄-ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းများ ထုတ်ပြန်ကြေညာ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media
    ပြည့်ပြည့်

    DSCN6393

    နေပြည်တော် ။ ။ ၂၀၁၄-ခု၊ မတ်လတွင် ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

    • ၁၂.၃.၂၀၁၄ (ဗုဒ္ဓဟူးနေ့)                     နံနက် (၉)နာရီမှ (၁၂)နာရီထိ              မြန်မာစာ
    • ၁၃.၃.၂၀၁၄ (ကြာသပတေးနေ့)       နံနက် (၉)နာရီမှ (၁၂)နာရီထိ              အင်္ဂလိပ်စာ
    • ၁၄.၃.၂၀၁၄ (သောကြာနေ့)              နံနက် (၉)နာရီမှ (၁၂)နာရီထိ              သင်္ချာ
    • ၁၇.၃.၂၀၁၄ (တနင်္လာနေ့)                 နံနက် (၉)နာရီမှ (၁၂)နာရီထိ              ဓါတုဗေဒ
    • ၁၈.၃.၂၀၁၄ (အင်္ဂါနေ့)                        နံနက် (၉)နာရီမှ (၁၂)နာရီထိ              ရူပဗေဒ
    • ၁၉.၃.၂၀၁၄ (ဗုဒ္ဓဟူးနေ့)                    နံနက် (၉)နာရီမှ (၁၂)နာရီထိ              ဇီဝဗေဒ/ဘောဂဗေဒ
    • ၂၀.၃.၂၀၁၄ (ကြာသပတေးနေ့)      နံနက် (၉)နာရီမှ (၁၂)နာရီထိ              ပထ၀ီဝင်
    • ၂၁.၃.၂၀၁၄ (သောကြာနေ့)             နံနက် (၉)နာရီမှ (၁၂)နာရီထိ              သမိုင်း
    • ၂၂.၃.၂၀၁၄ (စနေနေ့)                      နံနက် (၉)နာရီမှ (၁၂)နာရီထိ               စိတ်ကြိုက်မြန်မာစာ

     

    ကိုးကား – ကြေးမုံသတင်းစာ

     

  • မလေးရှားတွင် ကားတိုက်မှုဖြစ်ပွား မြန်မာ အမျိုးသမီးနှစ်ဦး အပါအ၀င် လူ ၆ ဦးသေဆုံး

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    6 foreigners die in car crash
    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ်ပုန် ပန်ဒန်ဒေသတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ကားတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ အဆိုပါကားမှာ Nissan Skyline အမျိုးအစားဖြစ်ပြီး ကွန်ကရစ်အဆီးအတားတစ်ခုအား တိုက်မိခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    သေဆုံးခဲ့သူ ၆ ဦးတွင် ၅ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး မြန်မာနိုင်ငံမှ အသက် ၂၀ အရွယ် ပီပီ၊ ၂၆ နှစ်အရွယ် အက်စတာဆူးနှင့် ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ အရွယ် ဆီဆိုအိုင်လင်း၊ အသက် ၂၆ နှစ်အရွယ် မွန်တီဂျိုနှင့် အသက် ၂၄ နှစ်အရွယ် မေရီဂရေစ့် မာကာရေ့ဂ်ျတို့ဖြစ်ကြသည်။

    အခြား တစ်ဦးမှာ ထိုကားမောင်းသူ အသက် ၄၀ အရွယ် ဗြိတိန်နိုင်ငံသား ဆိုင်မွန် ဂျွန် ဟောလ်ဖြစ်သည်။ ဟောလ်မှာ Leighton Offshore ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျာဖြစ်ပြီး  အမျိုသမီး ၅ ဦးတွင် ၄ ဦးမှာ အချိန်ပိုင်း ဖျော်ဖြေရေး စင်တာတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ကာ အခြားတစ်ဦးမှာ အိမ်အကူလုပ်သားဖြစ်သည်ဟု သိရသည်။

    ထိုကားမှာ ကွန်ကရစ် အတားအဆီး တစ်ခုအား ၀င်တိုက်ပြီးနောက် မီတာအနည်းငယ်လွင့်ထွက်သွားပြီး၊ အရှေ့ဘက် ခရီးသည် ထိုင်ခုံဘက်မှ တံခါးမှာ ပြုတ်ထွက်သွားခဲ့ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကူညီရန်ကြိုးစားခဲ့သော်လည်း မီးအရှိန်မှာ အလွန်ပြင်းသည့်အတွက် မကူညီနိုင်ခဲ့ကြောင်း ကားတိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၂၁ နှစ်ရွယ် ကမာရူလ် ဟာမစ် ဟာနစ်ဖ်က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် မီးသတ်ဌာနနှစ်ခုမှ အရာရှိ ၁၃ ဦး ဦးဆောင်ကာ မီးအား ၁ နာရီကြာ ငြိမ်းသက်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
    Ref: NST

    Pic by Effendy Rashid