News @ M-Media

Blog

  • ဖိလစ်ပိုင်တွင် ဘတ်စ်ကားတစ်စီး တံတားအောက်သို့ ထိုးကျ လူ ၂၂ ဦးသေဆုံး

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    a-policeman-collects
    – ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဂုံကျော် အမြန်လမ်းမပေါ်မှ ခရီးသည်တင် ဘတ်စကားတစ်စီးမှာ တံတားအောက်တွင်ရှိနေသည့် ဗင်ကားတစ်စီးပေါ်သို့ ထိုးကျမှု တစ်ခု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည် လူ ၂၂ ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ခြောက်မီတာ(ပေ ၂၀) အမြင့်ရှိသည့် တံတားပေါ်မှ ကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူ ၂၀ မှာ ဘတ်စ်ကားပေါ်တွင် လိုက်ပါလာခဲ့ကြသူများနှင့် ကျန် ၂ ဦးမှာ ဗင်ကားပေါ်တွင် ရှိနေကြသူများဖြစ်ကြသည်။

    ထို့ပြင် ဒဏ်ရာရသူများလည်း ရှိနေပြီး အချို့မှာ အခြေအနေ စိုးရိမ်ရသောကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု ယာဉ်လမ်းကြောင်းဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး ဂျိုဆေး အဘူယွဂ်က ပြောကြားခဲ့သည်။

    ယာဉ်မောင်းသူမှာသေဆုံးခြင်း မရှိဘဲ တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးမှုများပြုလုပ်နေပြီး ထိုဘတ်စ်ကားအား ပိုင်ဆိုင်သည့် Don Mariano Transit ကုမ္ပဏီကိုလည်း ရက်သုံးဆယ် ပြေးဆွဲခွင့်ပိတ်ပင်ခဲ့သည်။

    Ref:AFP/al
    Photo- (AFP/Jay Directo)

  • ရုရှနိုင်ငံသား ၆၀% ပင်စင်ယူချိန်ထိ အသက်မရှင်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    60% of Russian
    – ရုရှားနိုင်ငံသားများ၏ ၆၀ ရာခိုင်နှုန်းမှာ ပင်စင်ယူသည့်အရွယ်အထိ အသက်မရှင်ဟု ကျန်းမာရေးဆိုင်ရာ ကော်မတီ၏ ဒုတိယ ဥက္ကဌ နီကိုလိုင်း ဂျီရာစီမန်ကိုက ပြောကြားခဲ့သည်။

    Gazeta.ru သတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ဂျီရာစီမန်က ရုရှားအများစုမှာ ကျန်းမာရေးကို ဂရုစိုက်ခြင်းမရှိဘဲ၊ နေ့စဉ်အစား အသောက်ကိုလည်း ချိန်ညှိခြင်းမရှိကြောင်း၊ ဆေးလိပ်နှင့် အရက်ကို အလွန်မှီဝဲကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လူမှုဘ၀ပုံစံအား ပြောင်းလဲရန်အတွက် စဉ်းစားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနိုင်ငံတွင် အမျိုးသားများမှာ အသက် ၆၀ တွင် ပင်စင်ယူရန်နှင့် အမျိုးသမီးများမှာ အသက် ၅၅ နှစ်တွင် ပင်စင်ယူရန် အတွက် ပြဌာန်းထားသည်။

    Ref: Islam.RU

  • ကျောက်သံပတ္တမြား စီချယ်ထားသော ဒေါ်လာ ၁၀ သန်းတန် အမျိုးသမီး ဘရာအက်ျီ အား ဒူဘိုင်းမောလ်တွင် ပြသမည်။

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    Victoria's Secret model Candice Swanepoel poses for photographers with the Royal Fantasy Bra gift set, valued at $10 million during a photo opportunity at the Victoria's Secret store in New York City
    – အမျိုးသမီး အတွင်းခံများကို ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Victoria’s Secret ကုမ္ပဏီမှ ဖန်တီးထုတ်လုပ်ထားသည့် ဒေါ်လာ ၁၀ သန်းဝန်းကျင်ခန့် တန်ဖိုးရှိသည့် ဘရာအင်္ကျီတစ်ထည်အား ဒူဘိုင်း တွင် ဒီဇင်ဘာ ၁၆ ရက်နေ့ (မနက်ဖြန်)တွင် လာရောက်ပြသမည်ဟု သိရသည်။

    ပတ္တမြား၊ စိန်နှင့် အ၀ါရောင် နီလာများအပါအ၀င် တန်ဖိုးကြီးသော ကျောက်သံ ပတ္တမြား ၄၂၀၀ ကျော်၊ ရွှေ ၁၈ ကာရက်ဖြင့် ဖန်တီးပြုလုပ်ထားသည့် အဆိုပါ ဘရာအင်္ကျီအား လက်ဝတ်ရတနာများကို ပြုလုပ်ရောင်းချသည့်  ဆွစ်ဇလန်နိုင်ငံမှ Mouawad ကုမ္ပဏီက အထူးဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ပြီး ဒူဘိုင်းမောလ်ရှိ Victoria’s Secret ဆိုင်ခွဲတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပြသထားမည်ဖြစ်သည်။

    ထိုဘရာအင်္ကျီအား ပြီးခဲ့သည့်လက အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပထမဦးဆုံး ပြသခဲ့သည်။

    Ref: Alarabiya
    photo: Reuters

    #MMedia_IntShortNews

  • ကနေဒါမှ မွတ်စလင် ရဲမေများ ဟိဂျာ့ဗ် (ခေါင်းခြုံပုဝါ) ဆောင်းခွင့် ရရှိတော့မည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၃
    M-Media

    edmonton police veil

    ယခုအခါ ကနေဒါနိုင်ငံ၊ အယ်ဘာတာ Alberta မှ အက်ဒ်မွန်တန် Edmoton ရှိ မွတ်စလင် ရဲမေများအား ယူနီဖောင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဟိဂျာ့ဗ်(အစ္စလာမ့် အမျိုးသမီး ခေါင်းခြုံပုဝါ)အား ဆင်ယင် ခွင့်ပြုတော့မည် ဖြစ်သည်။

    ဦးခေါင်းနှင့်လည်တိုင်ကို ဖုံလွှမ်းထားရသည့် ဟိဂျာ့ဗ်ဝတ်စုံအတွက် တောင်းဆိုမှုတစ်စုံတစ်ရာရှိခြင်းကြောင့်မဟုတ်၊ လူ့အဖွဲ့အစည်း အတွင်း မတူခြားနားသော အပြောင်းအလဲကို အကောင်းဆုံး ထင်ဟပ်မိစေရန် (နှင့်) ရဲဝန်ထမ်း လုပ်ငန်းများအပေါ် အက်ဒ်မွန်တန်၏ မွတ်စ်လင်မ် အသိုင်းအ၀ိုင်းမှ စိတ်ပါဝင်စားမှု မြှင့်တက်လာစေရန် ရည်ရွယ်ခြင်းဟု အက်ဒ်မွန်တန် ရဲဌာနမှ ထုတ်ဖော်ပြောဆိုကြောင်း သိရသည်။

    မိမိယုံကြည်ချက်ကိုဖွင့်ဟသော ၄င်းပုံဟန်သစ်မှာ (မွတ်စ်လင်မ်) အမျိုးသမီးများအတွက် ပါဝင်ရေး အရိပ် လက္ခဏာ တစ်ရပ်ကို ကိုယ်စားပြုသည်ဟု မြို့တော်ဝန် စကော့ မက်ကင်း Scott McKeen မှ The National Post သို့ပြောဆိုခဲ့သလို၊ အကဒ်မွန်တန်ရှိ (မွတ်စ်လင်မ်) အမျိုးသား အရာရှိတို့သည်လည်း ဦးဆောင်း ဗောင်းထုပ်ဆင်ယင်နိုင်ကြောင်း Edmonton Journal မှလည်း ဖော်ပြသည်။

    “ ဒါဟာ လူ့အဖွဲ့အစည်းထဲ မွတ်စ်လင်မ် အမျိုးသမီးများရဲ့အခန်း ကဏ္ဍကို ထင်ရှားစေပါတယ်။ ကျွန်မတို့ အစပြုလိုက်သူတွေလို ကျွန်မ ထင်ပါတယ် ” ဟု ကနေဒါမွတ်စ်လင်မ် အမျိုးသမီးကောင်စီ၏ အက်ဒ်မွန်တန်ဥက္ကဌ Soraya Zaki Hafez မှ ရင်ဖွင့်ပြောဆိုပါသည်။

    ရဲမေများအတွက် ဟိဂျာ့ဗ်ပုံဟန်မှာ သမရိုးကျမျိုးမဟုတ်၊ ရဲတပ်ဖွဲ့ ဦးထုပ်အောက်မှ တပ်ဆင်ထားသည့် ပုံစံဖြစ်ကာ ၀တ်ရချွတ်ရ လွယ်ကူအောင် ပြုလုပ်ထားကြောင်း၊ ထောင့်စုံ စမ်းသပ်ပြီးနောက် မည်သည့် အခက်အခဲမရှိသည့်အပြင် ရဲလုပ်ငန်း တာဝန်နှင့်သော် လည်းကောင်း လူထုဆက်ဆံရေး၌သော် လည်းကောင်း အနှောင့်အယှက် မဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Ontario မှ France 24 သတင်းဌာနအဆိုအရ အမျိုးသမီးအရာရှိများသည် မိမိတို့၏ယူနီဖောင်းနှင့်အတူ ဟိဂျာ့ဗ် ဆင်ယင်နိုင်ခွင့်ကို ၂၀၁၁ ခုနှစ်ကတည်းက ရရှိပြီးဖြစ်သည်။ သို့သော် ကနေဒါပြည်နယ်များအတွင်း ယင်းယူနီဖောင်းပုံဟန်သစ်ကို အားပေးထောက်ခံရေး၌မူ အငြင်းပွားနေဆဲဖြစ်သည်။

    လွှတ်တော်၌ နေရာအများစုရထားသော အမျိုးသားရေးဝါဒီအုပ်စုဖြစ်သည့် Parti Quebéquois မှ ယခုနှစ်အစောပိုင်းတွင် ဥပဒေမူကြမ်း တစ်ရပ် အဆိုတင်သွင်းထားကြောင်း၊ ၄င်းအတွင်း ပြည်သူ့ ၀န်ထမ်းများကို အစ္စလာမ်နှင့်ဂျူးတို့၏ ဘာသာရေး သင်္ကေတဆောင်သည့် ၀တ်စား ဆင်ယင်မှုများအား တားမြစ်ပိတ်ပင်ချက် ပါဝင်ကြောင်း France 24 မှ တင်ပြထား၏။

    Ref: Huffington Post

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • အခြေခံဥပဒေပြင်ဆင်ဖို့ မြန်မာအစိုးရကို အီးယူနိုင်ငံတွေ အရေးဆိုမယ်

    M-Media
    ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၃

    အီးယူနိုင်ငံတွေက မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသော ပုဒ်မများပါဝင်သည့်  အခြေခံဥပဒေကို ပြင်ဆင်ဖို့ မြန်မာ အသွင်ပြောင်းအစိုးရ ကို တောင်းဆိုသွားမယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြကြပါတယ်။

    European Council President Van Rompuy meets Myanmar pro-democracy leader Suu Kyi at the European Council headquarters in Brussels

    အီးယူဥက္ကဌနဲ့အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

    တနင်္လာနေ့ (ယနေ့) ၊ ဘလ်ဂျီယံနိုင်ငံ၊ ဘရက်ဆဲလ်မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့အခါ အဲဒီကိစ္စကို သတိပေးပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း၊ တကယ်လို့သာ လာမယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုရင်တော့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုပါ ပယ်ဖျက်လိုက် သလို ဖြစ်လာနိုင် တဲ့အကြောင်း အီးယူသံတမန်တွေက ဆိုပါတယ်။

    မြန်မာ့အခြေခံဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိပါဘူး။  မြန်မာအစိုးရရဲ့ အခြေခံဥပဒေ ပြင်ဆင်လိုစိတ် ရှိမရှိကိစ္စကတော့ အနောက်နိုင်ငံတွေ အတွက် စောင့် ကြည့်စရာဖြစ်နေသလို မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လိုလားမှု စိတ်ဓာတ်အမှန်ကိုလည်း ဆန်းစစ်နိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

    ဘရက်ဆဲလ်မှာ ကျင်းပမယ့် တွေ့ဆုံဆွေးနွေးပွဲအတွက် လျာထားတဲ့ အကြောင်းအရာတွေကို Financial Times က တင်ပြရာမှာတော့ “ဒီဆွေးနွေးပွဲက မြန်မာ့အခြေခံ ဥပဒေကို ခေတ်ပေါ် ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိလာအောင် ပြုလုပ်မယ့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေးလုပ်ငန်းကို တွန်းအားပေးသွားမှာဖြစ်သလို၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အောင်မြင်ပြီး တာရှည်ခံဖို့ အကူအညီပေးသွားမှာဖြစ်တယ်။” ဆိုတဲ့အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

    ယူကေ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ လက်ရှိအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲက ရယ်စရာပြဇတ်ပဲဖြစ်မှာလို့ အောက်တိုဘာလ အတွင်းက ဆိုခဲ့ဖူးပါတယ်။