News @ M-Media
Blog
  • ရာထူးမှနှုတ်ထွက်ရန်နှင့် ပါလီမန်အား ဖျက်သိမ်းရန်အသင့်ဟု ယင်းလပ်ပြောကြား
    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media
    2013-11-29T145529Z_9_CBRE9AR087D00_RTROPTP_2_THAILAND-POLITICS
    တိုင်းပြည်အတွင်းဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ ရပ်တန့်သွားရန် အတွက် ပါလီမန်အား ဖျက်သိမ်းရန်နှင့် ရာထူးမှ နှုတ်ထွက်ရန်အသင့်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင်ပြောကြားလိုက်သည်။
    သို့သော်လည်း ရွေးကောက်ပွဲအား ပါလီမန်ဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ကျင်းပရမည်ဟု ဆိုခဲ့ပြီး၊ ၂၀၀၆ ခုနှစ်ကဖြစ်ပွားသကဲ့သို့ တိုင်းပြည်အား စစ်တပ်က အုပ်ချုပ်မှုကို မလိုချင်ဟု ထည့်သွင်းပြောကြားသည်။ ထို့ပြင် အတိုက်အခံများက ထိုကမ်းလှမ်းမှုအား လက်မခံပါက နိုင်ငံရေး အကြပ်အတည်းမှာ ပိုမိုကြာရှည်သွားနိုင်သည်ဟု ယင်းလပ်က သတိပေးပြောကြားခဲ့သည်။
    အတိုက်အခံခေါင်းဆောင် ဆူသပ် သောင်ဆူဘန်ကမူ အစိုးရနှုတ်ထွက်သော်လည်း ဆန္ဒပြမှုများမှာ ရပ်တန့်သွားမည်မဟုတ်ဘဲ ကြားဖြတ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရမည်ဟု စောစောပိုင်းက တောင်းဆိုထားပြီး၊ ယင်းလပ်က ထိုတောင်းဆိုမှုမှာ အခြေခံဥပဒေနှင့်မညီဟု တုံ့ပြန်ပြောကြားခဲ့သည်။ သောင်ဆူဘန်မှာ ဒီဇင်ဘာ ၉ ရက်နေ့(မနက်ဖြန်တွင်) ပြုလုပ်မည့် ဆန္ဒပြပွဲသို့ တစ်နိုင်ငံလုံးမှ ပြည်သူများ လာရောက်ပါဝင်ကြရန်နှင့် ထိုဆန္ဒပြပွဲမှာ အစိုးရအား ဖြုတ်ချရန်အတွက် နောက်ဆုံး ဆန္ဒပြမှုဖြစ်လာမည်ဟု သောကြာနေ့က ပြောကြားခဲ့သည်။
    Ref: ဆင်ဟွာ
  • နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓါတ်ပုံ)
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    1476512_630523380323469_2047910344_n
    မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဘာသာပေါင်းစုံမှ ဦးဆောင်ဆရာ တော်များ ပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်အား “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာအား အလွဲသုံးစား မပြုရ”ခေါင်းစဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၈-ရက်နေ့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ နံနက် ၉း၀၀-နာရီမှ ၁၂း၀၀-နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာလေးခုမှ ဦးဆောင်ဆရာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၁၀၀-ခန့် တက်ရောက်ခဲ့ကြပါတယ်။
    ဓါတ်ပုံများ FB တွင် ကြည့်လိုလျှင် =>Click Here
  • သမ္မတဟောင်း မော်စီကို ထောက်ခံပြီး ဆန္ဒပြမှုဖြင့် ဖမ်းခံသည့် အမျိုးသမီး ၂၁ ဦးအား အာဏာသိမ်း အီဂျစ်အစိုးရ ပြန်လွှတ်ပေး
    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media
    2013127193753524734_21
    – ငြိမ်းချမ်စွာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အီဂျစ် အမျိုးသမီး ၂၁ ဦအား အီဂျစ်အစိုးရက အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ၊ အချို့ကို ယမန်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
    ထို ၂၁ ဦးအနက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ၁၄ ဦးအားထောင်ဒဏ် တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့ကာ၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် အမျိုးသမီးငယ် ၇ ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
    ထိုအမျိုးသမီးများအား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဖြုတ်ချခံ သမ္မတမော်စီအား ထောက်ခံသောအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုနှင့် ဆက်စပ်မှုရှိသောကြောင့် ဖမ်းဆီးထိမ်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး၊ ထိုဖမ်းဆီးမှုအား ဒေသတွင်းနှင့် နိုင်ငံတကာက ဆန့်ကျင်ခဲ့ကြသည်။
    Ref:  Al Jazeera and agencies
  • စပိန် Halal Institute မှ စံနှုန်းသတ်မှတ်ချက် စံနစ်စတင်
    ဒီဇင်ဘာ ၈၊၂၀၁၃
    M-Media
    cordoba-halal-e1385983691326
    စပိန်လူမျိုးစားသုံးသူ ၂ သန်းအား အသိအမှတ်ပြုထုတ်ကုန်ပစ္စည်းအမျိုးအစား ၅၀၀ ဖြင့် ဖြည့်ဆည်းပေးနေသော  စက်ရုံစုစုပေါင်း ၂၄၀ မှ ပုံမှန်ဝင်ငွေဒေါ်လာ သန်း ၆၂၀ ရရှိထားခဲ့သည်။
    အေနော်(Aenor) နှင့်အတူ Halal Institute(ဟလာလ်အဖွဲ့အစည်း)သည် ဟလာလ် အစားအသောက်များနှင့် သက်ဆိုင်သည့် စံနှုန်းသတ်မှတ်ချက်စံနစ်အား စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
    ကော်ဒိုဘာ(Cordoba) တွင်အခြေစိုက်သည့် စပိန်အစ္စလာမ်ဘုတ်အဖွဲ့(Islamic Board of Spain)၏ Halal Institute သည် စပိန်စံနှုန်းနှင့်အသိအမှတ်ပြု လက်မှတ်ထုတ်ပြန်ရေး(Spanish Association for Standardisation and Certification(AENOR)) နှင့်အတူ အစ္စလာမ့်အဓိကအဖွဲ့အစည်းများ၊ စားသုံးသူများ၊ ထုတ်လုပ်သူများ၊ စီမံအုပ်ချုပ်ရေး တို့၏ ပံပိုးကူညီမှုဖြင့် အစားအသောက်များဆိုင်ရာ ဟလာလ်စံနှုန်းသတ်မှတ်ချက်အသစ်လှုပ်ရှားမှုအား များမကြာမီက စတင်ဆောင်ရွက်နေပြီဖြစ်၏။
    Technical Committee on Standardization AEN/CTN 308 Halal ဌာနကို ၄င်းလုပ်ဆောင်ချက်အတွက် ဗဟိုပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ အုပ်ချုပ်ရေးယန္တရားကို စပိန်အစ္စလာမ့်ဘုတ်အဖွဲ့ကိုယ်စား  Halal Institute မှ တာဝန်ယူမည်ဖြစ်ကြောင်း  ဟလာလ် စံနှုန်းသတ်မှတ်ချက် ဒါရိုက်တာ ဟာနိဖ် အက်စ်ကူဒီရို(Hanif Escudero) မှ Europa Press သို့ ရှင်းလင်းပြောပြခဲ့သည်။
    Halal Institute သည် အစ္စလာမ့်နည်းကျ သိပ္ပံနည်းပညာဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ စပိန်နိုင်ငံရှိ ဟလာလ်ဈေးကွက်အား စံနှုန်းမှန်အတိုင်း လည်ပတ်နေစေရန် နှင့် ထိန်းသိမ်းပေးရန် တည်ထောင်ထားခြင်းဖြစ်သည်။ သို့သာမက အက်စ်ကူဒီရိုမှ ပြောပြချက်အရ ဆက်လက်သိရှိရသည်မှာ Halal Institute သည် တိုးတက်မှုနောက်ကွယ်မှတွန်းအားတစ်ရပ်ဖြစ်ကာ Coorperation Agreements of 1992 (26/1992) အား လက်မှတ်ရေးထိုးထားကြောင်း၊ Guarantte Mark Halal (2466790 M 0.Halal) အားဖြင့် မှတ်ပုံတင်အတည်ပြုပေးနိုင်သူဖြစ်ကြောင်း၊ ၄င်းမှာ လက်ခံခွင့်ပြုထားခြင်း နှင့် တရားဝင်ဖြစ်ခြင်းကို ရည်ညွှန်းကြောင်း သိရသည်။ ဟလာလ်ဆိုသည်မှာ ကမ္ဘာတစ်ဝှန်းလုံးက လက်ခံထားသော ရှရီအဟ် သို့မဟုတ် အစ္စလာမ့်စည်းမျဉ်းများနှင့် ကိုက်ညီသော ကျင့်ထုံးနှင့်အပြုအမူများအား ညွှန်ပြရန် ဖော်ဆောင်ထားချက်ဖြစ်သည်။
    လက်ရှိတွင် Halal Institute ၏ တာဝန်ယူဆောင်ရွက်မှုအရ နိုင်ငံတကာအဆင့်ဟလာလ်ဈေးကွက်သည် ၁၀-၂၀ ရာခိုင်နှုန်းထိ မြှင့်တက်လျက်ရှိပြီး၊ စပိန်တွင် အဓိကစားသုံးသည် ၂ သန်းနီးပါးခန့် ဈေးကွက်ဝေစုရှိနေကြောင်း၊ ထို့အပြင် စက်ရုံ ၂၄၀ ကျော်မှာ အသိအမှတ်ပြုထုတ်ကုန်ပစ္စည်း ၅၀၀မျိုး နှင့်တစ်ကွ လက်လီအရောင်းဆိုင် ၆၀၀ ကျော်တို့ထံမှ ပုံမှန်ဝင်ငွေ ယူရို သန်း ၆၂၀ ရရှိခဲ့ကြောင်း သိရသည်။
    သမိုင်းဝင် ဖြစ်ရပ်
    စပိန်နိုင်ငံရှိ ဟလာလ်အစားအသောက်ဆိုင်ရာ မူဟန်သွင်ပြင်အားလုံးသည် ယခုအသစ်ဖွဲ့တည်ထားသော Technical Committee on Standardization လုပ်ဆောင်မှု နယ်ပယ်အတွင်း ရောက်လာမည်ဖြစ်ကာ၊ Technical Committee on Standardization မှ နည်းပညာနှင့် ဘာသာရေးရှုထောင့်များဖြင့် လမ်းညွှန်ပေးနိုင်ပါလိမ့်မည်ဖြစ်ကြောင်း၊ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အက်စ်ကူဒီရိုက အလေးထားပြောပြခဲ့သည်။
    ဆက်၍ဆိုရသော် Halal Institute ၏ လုပ်ဆောင်မှုအပိုင်း၌ စံနှုန်းမှန်လုပ်ငန်းစဉ်သည် သမိုင်းဝင်လုပ်ရပ်အဖြစ် ခြေလှမ်းစခဲ့ပြီဖြစ်သည်။  လွန်ခဲ့သော နှစ် ၂၀ ကျော် Cooperation Agreements (26/1992) အား လက်မှတ်ရေးထိုးပြီးနောက် စတင်ကြောင်း၊ စံချိန်မှီလာအောင် လုပ်ဆောင်ပေးသည့် ပထမဆုံးမြင်ကွင်းဖြစ်ကြောင်း သိရ၏။ တစ်နည်းဆိုရသော် ယခုအခါ Cooperation Agreement မှ ကန့်သတ်ချက်များနှင့် ခွဲခြားဖော်ပြရခက်သည်များကိုပင်လျှင် အခြေခံလုပ်ဆောင်နေခြင်းကြောင့် စံပြုစရာဖြစ်လာပေသည်။
    ကော်မတီ၏ ဦးတည်ရည်ရွယ်ချက်များ
    အေနော် စံနှုန်းမှန်နည်းစံနစ်ကော်မတီ(Aenor Technical Committees of Normalization) သည် အခြားသောအုပ်စုများမှ စိတ်ဝင်တစားပါဝင်ပူးပေါင်းမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ လူမှုအသိုင်းအ၀ိုင်းမှလိုအပ်ချက်နှင့် ဖြည့်ဆည်းပေးချက်အပေါ် ရပ်တည်ထားသည့် UNE Standards ၏စံချိန်စံနှုန်းဘောင်ဝင်ရန် ထုတ်လုပ်ခြင်းမှာ သူ၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ဆိုသည်။  Technical Committee on Halal Standardization အဖွဲ့သစ်သည် ဟလာလ် အစားအသောက်လိုအပ်ချက်များ၊ ရသာနှင့်အရည်အသွေးဖြည့်ပစ္စည်းများ၊ တိရိစ္ဆာန်များလှီးဖြတ်ခြင်း နှင့် ထိန်းသိမ်းရေး၊ အမှတ်အသား သို့မဟုတ် တံဆိပ်တပ်ခြင်း စသည်များအားလုံးကို  ဥရောပမှထုတ်ပြန်ထားသောစံနှုန်းနှင့်အညီ လိုက်နာပြုလုပ်သွားမည်ဖြစ်၏။
    အုပ်စုအသီးသီးအသုံးပြုဖော်ဆောင်ရသည့် နောက်ရည်ရွယ်ချက်တစ်ခုမှာ Committee of the Whole သည် ကျယ်ပြန့်သည့် ကိုယ်စားပြုဘုတ်အဖွဲ့ကြီးဖြစ်သလို၊ မတူကွဲပြားသောကဏ္ဍများလည်းပါဝင်ကြောင်း၊  လုပ်ငန်းအုပ်စုများသည် ကော်မတီအဖွဲ့ဝင်များမှလုပ်ဆောင်သည့် လုပ်ငန်းစဉ်အစည်းအဝေးများ၊ ကြိုးပမ်းမှုနှင့်နစ်မြှုပ်လုပ်ဆောင်မှုများတွင် တိုးတက်လာစေမည့် အဓိကအခန်းကဏ္ဍဖြစ်ကြောင်း Halal Standardization မှ ဒါရိုက်တာက ကောက်ချက်ချ သုံးသပ်ပြခဲ့ပါသည်။
    Ref:eat-halal
  • ဒီဇင်ဘာ ၇၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၇၊ ပြည်တွင်းသတင်း စုစည်းမှု
    ဒီဇင်ဘာ ၇၊ ၂၀၁၃
    M-Media
    လက်ပံတောင်း ၁-နှစ်ပြည့်ဆန္ဒပြစဉ် တရုတ်နိုင်ငံအလံမီးရှို့မှုဖြင့် ဒေါ်နော်အုန်းလှ ဖမ်းဆီးခံရ
    – လက်ပံတောင်း ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းခံရမှု ၁-နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၉-ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးတွင် တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့တဲ့အတွက် ဒေါ်နော်အုန်းလှအား ပုဒ်မ ၅၀၅(ခ)နဲ့ ဒဂုံမြို့နယ်ရဲစခန်းက ဖမ်းဆီးသွားခဲ့သည်။
    ________________________
    လက်ကျန်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တင်ပြမည်
    လက်ကျန်နိုင်ငံရေးအကျဉ်းသား စာရင်းကို ဆွေးနွေးရာတွင် ၄၄- ဦးကျန်ရှိနေကြောင်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ယနေ့  ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒီဇင်ဘာလ မကုန်မီ နိုင်ငံတော်  သမ္မတဆီ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။
    ________________________
    စစ်မှန်သော ပြုပြင်ပြောင်းလဲရေးအတွက် ဖွဲ့စည်းပုံပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
    – ၂၀၁၄-ခုမှာ အာဆီယံ ဥက္ကဋ္ဌရာထူးလက်ခံရုံမျှနှင့် ဒီမိုကရေစီ ရပြီဟု ပြော၍ မရကြောင်း၊ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် စစ်မှန်သည်ဟု မယူဆကြောင်း၊ ဖွဲ့စည်းပုံဥပဒေ မပြင်သမျှ စစ်မှန်သော ပြုပြင်ပြောင်းလဲမှု မဟုတ်ဟု ယနေ့ ဒီဇင်ဘာလ ၆-ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း သိရသည်။
    ________________________
    မိချောင်းကန်သပိတ်စခန်း ခြံစည်းရိုးကာရံမှု အဓိကရုဏ်းပုံစံဖြစ်ပွား
    – ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း မိကျောင်းကန်သပိတ်စခန်းတွင် ဆန္ဒပြပြည်သူများမှ ၎င်းတို့၏ မြေယာများ ပြန်လည်ရရှိရေး တောင်းဆိုချိန်တွင် တပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ မင်္ဂလာဒုံမြို့နယ်ရှိ စည်ပင်သာယာအဖွဲ့မှ မြစာရံအေးစေတီတော်ကို ခြံစည်းရိုးကာရံကာ ဆန္ဒပြသူများအနေဖြင့် မကျေမနပ်ဖြစ်၍ ၀ိုင်းဝန်းတားဆီးရာမှ ယနေ့ မနက် ၁၁း၃၀-နာရီခန့်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အဓိကရုဏ်းပုံစံ ဖြစ်ပေါ်ခဲ့မှုကြောင့် ဆန္ဒပြသူများအနေဖြင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။
    ________________________
    နှင်းဆီကုန်း ဘိုးဘွားရိပ်သာ ပျော်ရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်
    ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး၏ ၅၂-ကြိမ်မြောက် ပျော်ပွဲရွှင်ပွဲ နိဗ္ဗာန်ဈေးပွဲတော်ကို ယနေ့ နေ့လည် ၁၂း၀၀-နာရီမှစတင်၍ ညနေ ၆း၀၀-နာရီအထိ ရွှေဂုံတိုင်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြပြီး အားပေးသူများဖြင့် စည်ကားလျက်ရှိသည်။
    ________________________
    ဇဖါရ်ရှားဒါရ်ဂါ နှစ်ပတ်လည် အူရွတ်စ်ဓမ္မသဘင်ကျင်းပ
    ဟဇရတ်ခွါဂျာမိုအီနွတ်ဒင်းန် ကျစ်ရှ်တီ၊ ဟစန်၊ စန်ဂျေရီ သခင်ကြီး၏ ၈၀၁-ကြိမ်မြောက် အူရွတ်စ်ဓမ္မသဘင် အခမ်းနားနှင့် အိန္ဒိယနိုင်ငံ မဂိုမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သော ဟဇရတ်ဗဟာဒူးရှားဇဖါရ်သခင်ကြီး၏ ၁၅၁-ကြိမ်မြောက် အူရွတ်စ် ဓမ္မသဘင်အခမ်းနား ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဇဗါရ်ရှားဒါရ်ကာဝင်းတွင် ဒီဇင်ဘာလ ၅-ရက်မှ ဒီဇင်ဘာလ ၈-၇က်နေ့ထိ ပြုလုပ်ကျင်းပလျက်ရှိသည်။
    ________________________