News @ M-Media

HRW မှတ်တမ်းအရ ရိုဟင်ဂျာ ၇၀ ခန့် အသတ်ခံခဲ့ရသည့် မြောက်ဦးမြို့နယ် အကြမ်းဖက်မှုမှ ရခိုင်လူမျိုး ၃ ဦး ထောင်ဒဏ် ၁၀ နှစ်စီ စီရင်ခံရ

ဒီဇင်ဘာ ၉၊ ၂၀၁၃
M-Media

yanthei_naturalcolordamage

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ထိမ်းသိမ်းခံထားရတဲ့ ယိုင်သည်ကျေးရွာနေ ရခိုင်တိုင်းရင်းသား ၈ ဦးထဲက ၅ ဦးကို စစ်တွေခရိုင်တရားရုံးက ဒီကနေ့ လွှတ်ပေးလိုက်ပြီး ၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြပါရှိပါတယ်။

အမှုကို ရှေ့နေလိုက်ဆောင်ရွက်ပေးတဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က “ယိုင်သည်ရွာ အခင်းဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ၅ ဦးကို အပြစ်မရှိဘူးလို့ တရားသေလွှတ်တဲ့အမှုကို ချမှတ်ခဲ့ပါတယ်၊ မောင်သိန်းနဲ့ မောင်ကျော်လှိုင် တို့ကိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂ အရ အလုပ်နဲ့ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခဲ့ပါတယ်၊ နောက် မီးရှို့မှုနဲ့ စွပ်စွဲထားတဲ့ အမှုမှာတော့ ဦးစောဖြူကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်” လိုပြောကြားကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ယိုင်သည်၊ လေးမြို့စား၊ သံရှင်ပြင်စတဲ့ ကျေးရွာတွေက ဒေသခံ ၈ ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

လူအခွင့်အရေး စောင့်ကြည့်လေ့လာေ၇း အဖွဲ့ HRW က ထုတ်ပြန်တဲ့ မှတ်တမ်းမှာတော့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ယိုင်သည်ရွာမှ အနည်းဆုံး ရိုဟင်ဂျာ ၇၀ ဦး တရက်ထဲမှာ အသတ်ခံခဲ့ရကြောင်း ၄င်းအသတ်ခံရသူများထဲတွင် ကလေးငယ် ၂၈ ဦးပါဝင်ပြီး ၅ နှစ်အောက်ကလေး ၁၃ဦး ပါဝင်ကြောင်း ဖော်ပြပါရှိပါတယ်။

ဓါတ်ပုံအညွှန်း =>Human Rights Watch မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြောက်ဦးမြို့နယ် ယိုင်သည် ကျေးရွာအား အကြမ်းဖက်မီးရှို့ခံထားရပြီးနောက် ဂြိုလ်တုမှ မှတ်တမ်းတင်ထားသည့် ကောင်းကင်ဓါတ်ပုံ

၂၀၁၃ ခုနှစ် ဧပြီလ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့သည့် HRW Report ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/12850

Comments

Leave a Reply