News @ M-Media

Blog

  • ပန်းချီဆရာနှင့် ကဗျာဆရာ ပေါင်းစပ် ပန်းချီပြပွဲ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    သီရိ

    4
    ရန်ကုန် ။ ။ chemit and chan ပန်းချီပြခန်းကို ဒီဇင်ဘာ ၁-ရက်နေ့မှ ၃-ရက်နေ့အထိ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

    ပန်းချီပြပွဲတွင် ပန်းချီဆရာများ၏ ပန်းချီလက်ရာများနှင့် ကဗျာဆရာ၏ ကဗျာကို ပေါင်းစပ်ပြသသော ပန်းချီပြပွဲ တစ်ခုဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက် ရှိပါတယ်။

  • ထိုင်းအတိုက်အခံ ခေါင်းဆောင်နှင့် ၀န်ကြီးချုပ် ယင်းလပ်တို့ တွေ့ဆုံ

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media

    thailand3-2f23e8095bc36988b1cb43a43db2ad5456ce6a31-s6-c30
    အစိုးရဆန့်ကျင်ရေး အတိုက်အခံခေါင်းဆောင် ဆူသတ်သောင်ဆူဘန်နှင့် ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာတို့မှာ နိုင်ငံအတွင်းဖြစ်ပေါ်နေသော အခြေအနေများအတွက် ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ထိုတွေ့ဆုံပွဲလုံခြုံရေးအား ယခုအချိန်အထိ မည်သည့်ဘက်မှ မပါသေးသည့် ထိုင်းစစ်တပ်မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး၊ အစိုးရ နှုတ်ထွက်ရေးနှင့် ကြားဖြတ် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပေးရေးကို တောင်းဆိုခဲ့သည်ဟု တွေ့ဆုံပွဲအပြီး ဆန္ဒပြသူများအး သောင်ဆူဘန်က ပြောကြားခဲ့သည်။

    ထို့ပြင် အစိုးရ၀န်ထမ်းများအား အစိုးရအား ဆန့်ကျင်သောအနေဖြင့် ယနေ့တွင် ရုံးမတက်ရန် တိုက်တွန်းခဲ့ပြီး ဆန္ဒပြမှုကို နောက်ထပ်နှစ်ရက်အထိ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အားလုံးမှာ နိုင်ငံသားကောင်းများ ဖြစ်ကြသည့်အတွက် ယင်းလပ် အနေဖြင့် ပြည်သူ့အသံအား နားထောင်ပါက ဂုဏ်သရေရှိသူ တစ်ဦးအဖြစ် ဆက်ဆံ သွားမည်ဖြစ်ကြောင်း သောင်ဆူဘန်က ထည့်သွင်းပြောကြားခဲ့သည်။

    ဝန်ကြီးချူပ် ယင်လပ်၏ အစ်ကိုဖြစ်သူ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် တိုင်းပြည်အတွင်းသို့ပြန်လည် ၀င်ရောက်လာနိုင်သည့် လွတ်ငြိမ်းချမ်းသာ ခွင့်ဥပေဒမှုကြမ်းအား အတည်ပြုခဲ့ပြီး နောက်ပိုင်း ဖြစ်ပေါ်လာခဲ့သည့် အစိုးရ ဆန့်ကျင်းရေ ဆန္ဒပြမှုများမှာ တစ်ပါတ်ကျော်လာပြီဖြစ်ပြီး ယခုအချိန်အထိ အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ပြီဖြစ်သည်။

    Ref: Aljazeer

  • ဘန်ဇီမာ (Karim Mostafa Benzema ရီးယဲလ်/ပြင်သစ်)

    ဒီဇင်ဘာ ၂၊ ၂၀၁၃
    M-Media
    ရှာဖွေတင်ဆက်သူ – ကိုလေး

    benzema1

    အမည်အပြည့်အစုံ    ကရင်မ် မွတ်စတာဖာ ဘန်ဇီမာ(Karim Mostafa Benzema)
    မွေးသက္ကရာဇ်    ၁၇.၁၂.၁၉၈၇
    ကစားသည့်နေရာ    တိုက်စစ်မှူး
    လက်ရှိကလပ်    ရီးယဲလ်မက်ဒရစ်
    နိုင်ငံ        ပြင်သစ်

    ကရင်မ် ဘန်ဇီမာကို ၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၌ မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်ပြီး လက်ရှိတွင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားနေသူဖြစ်သည်။ တိုက်စစ်မှူးတစ်ဦးအဖြစ်ပုံမှန်ကစားသူဖြစ်ပြီး တစ်ခါတရံတွင် တောင်ပံများသို့ ထွက်ကစားနိုင်သည့် ဘန်ဇီမာမှာ နည်းပညာပိုင်းကျွမ်းကျင်မှု၊ ကစားအားကောင်းမွန်မှုနှင့် ဂိုးသွင်းစွမ်းရည်များကြောင့်ထင်ရှားကျော်ကြားသူဖြစ်သည်။

    ငယ်စဉ်ဘဝ

    ဘန်ဇီမာမှာ ဘောလုံးသမားဘ၀ကို အသက် ၈နှစ်အရွယ်တွင် ၎င်း၏ မွေးရပ်မြေ လိုင်ယွန်ရှိ Bron Terraillon အသင်းတွင် စတင်ခဲ့သည်။ လိုင်ယွန်လူငယ်အသင်းနှင့် ကစားခဲ့သည့် အသက် ၁၀ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် လိုင်ယွန်လူငယ်အသင်းဘက်သို့ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် လိုင်ယွန်အသင်းက ဘန်ဇီမာအား မျက်စိကျခဲ့သည်။

    ထို့နောက် ၁၉၉၆ ခုနှစ်တွင် လိုင်ယွန်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ကလပ်အသင်း၏ လူငယ်အကယ်ဒမီမှ ရွေးချယ်ခြင်းခံခဲ့ရသည်။ လိုင်ယွန်းအသင်းကြီး၏ ကစားသောပွဲစဉ်များတွင် ဘောကောက်အဖြစ်လုပ်ဆောင်ခဲ့ရသည့် ဘန်ဇီမာမှာ အကယ်ဒမီတွင် ကောင်းမွန်စွာ ကစားနိုင်သည့် လူငယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ပြင် အသက် ၁၆နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွင် ဘန်ဇီမာမှာ လိုင်ယွန်အသင်းအတွက် ၃၈ ဂိုသွင်းယူပေးနိုင်ခဲ့သည်အထိ ခြေစွမ်းထက်ခဲ့သူဖြစ်သည်။ ထို့နောက် ၂၀၀၄-၀၅ ရာသီတွင် လိုင်ယွန်အရံအသင်းမှခေါ်ယူခြင်းခံရပြီး အရန်အသင်းအတွက် ၁၀ ဂိုးသွင်းယူပေးခဲ့ကာ အရန်အသင်းမှာလည်း ပြင်သစ်စတုတ္ထတန်းတွင် ဒုတိယနေရာရရာရှိခဲ့သည်။

    ပရော်ဖက်ရှင်နယ်ကစားသမားဘဝ

    ထို့နောက်မန်နေဂျာ ပေါ်လီဂူအန်က ဘန်ဇီမာအား သုံးနှစ်စာချုပ်ချုပ်ဆိုကာ အသင်းကြီးသို့ ခေါ်ယူခဲ့သည်။ သူစတင်ကစားခဲ့သည့် ပထမသုံးရာသီတွင် လိုင်ယွန်အသင်းမှာ ဖလားသုံးခုရရှိခဲ့သည်။ ၂၀၀၇-၀၈ ဘောလုံးရာသီတွင် ဘန်ဇီမာမှာ လိုင်ယွန်အသင်း၏ အချိန်ပြည့်ကစားသမားဖြစ်လာခဲ့သည်။ ထို့ပြင် အသင်းအတွက် ဂိုး ၃၀ ကျော်သွင်းယူပေးခဲ့ပြီး လိုင်ယွန်အသင်းမှာလည်း ၇ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်ခဲ့သည်။ သူ၏ စွမ်းဆောင်ရည်ကောင်းများကြောင့် ဘန်ဇီမာမှာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ပြင်သစ်အမှတ်ပေးပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။ ထို့ပြင် ရာသီတစ်လျှောက်တွင် ဂိုးအများဆုံးသွင်းနိုင်သောကြောင့် အီတလီအားကစားမဂ္ဂဇင်း Gueri Sportivo မှပေးအပ်သော Bravo ဆုကိုလည်း ရရှိခဲ့သည်။ ၂၀၀၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လိုင်ယွန်အသင်းတွင် ၂၀၁၃ ခုနှစ်အထိ ဆက်လက်ရှိနေမည့် စာချုပ်သစ်ကိုချုပ်ဆိုခဲ့ပြီး ပြင်သစ်တွင် လုပ်ခအများဆုံးရရှိသည့် ကစားသမားဖြစ်လာခဲ့သည်။ သို့သော်လည်း လိုင်ယွန်တွင် နောက်ထပ်တစ်နှစ်ကစားပြီးနောက် ၂၀၀၉ ခုနှစ်တွင် ဘန်ဇီမာမှာ စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ၆ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။

    ရီးယဲလ်မက်ဒရစ်

    ရီးယဲလ်သို့ရောက်ရှိပြီးနောက် ပထမဦးဆုံးဘောလုံးရာသီတွင် ဘန်ဇီမာမှာ ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် ရုန်းကန်ခဲ့ရသည်။ ထိုစဉ်က ရီးယဲလ်အသင်းနည်းပြ ပယ်လီဂရီနီမှာ ဘန်ဇီမာထက် ဟီဂူအင်ကိုသာ ပိုမိုနှစ်သက်သောကြောင့် ဘန်ဇီမာမှာ အရန်ခုံတွင်သာ အချိန်ကုန်ခဲ့ရသည်။ ဟီဂူအင် ဒဏ်ရာရရှိချိန်တွင် အသင်း၌ ပါဝင်ခွင့်ရခဲ့သော်လည်း ဟီဂူအင်ပြန်လည်ပါဝင်လာချိန်တွင် ဘန်ဇီမာမှာ ၈ ပွဲဆက်တိုက် အရန်ခုံတွင် ထိုင်ခဲ့ရသည်အထိ ဖြစ်ခဲ့ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီ ပြီးဆုံးခဲ့သည်။

    800px-Benzema_-_Rodriguez

    ၂၀၁၀-၁၁ ဘောလုံးရာသီတွင် ရီးယဲလ်အသင်းသို့ နည်းပြမော်ရင်ဟိုရောက်ရှိလာခဲ့ပြီး ဘန်ဇီမာမှာလည်း နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ခွင့်ရခဲ့သည်။ သို့သော်လည်း ရော်နယ်ဒိုနှင့် ဟီဂူအင်တို့၏နောက် အရန်ကစားသမားအဖြစ်သာရှိနေခဲ့ပြီး၊ ၀င်ကစားရသည့်အချိန်တွင် ဘန်ဇီမာမှာ ဂိုးများသွင်းယူပေးနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အသင်း၏ အဓိကတိုက်စစ်မှူး ဟီဂူအင်မှာ ပြင်းထန်သော နောက်ကျော ဒဏ်ရာရရှိခဲ့သောကြောင့် အသင်းတွင် ဟီဂူအင်မှာ ပွဲထွက် ကစားသမားအဖြစ် ပြန်လာ ပါဝင်လာပြီး ပြင်သစ်ကလပ်အော်ဇေးအသင်းနှင့် ချန်ပီယံလိဂ်ပွဲတွင် အသင်းအတွက် ပထမဦးဆုံး ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်။ ထို့နောက် နှစ်ပတ်အကြာတွင်ကစားခဲ့သည့် လီဗန်တေးအသင်းအား ၈ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် စပိန်ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဘန်ဇီမာမှာ ထပ်မံ၍ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း အသင်းသို့ အဒီဘာယောမှာ အငှားဖြင့်ရောက်ရှိလာခဲ့ပြီးနောက် ဘန်ဇီမာမှာ အရန်ခုံတွင် နှစ်ပွဲဆက်တိုက် ပြန်လည်ထိုင်နေခဲ့ရသည်။

    ၂၀၁၁-၁၂ ခုနှစ်ရာသီမှာ ဘန်ဇီမာ၏ ရီးယဲလ်တွင် အအောင်မြင်ဆုံးနှစ်ဖြစ်ခဲ့သည်။  ပြင်သစ်ဂန္တ၀င်ကစားသမား ဖြစ်ကြသည့် ဇီဒိန်းနှင့် ဘလန့်စ်တို့၏ အကြံပေးမှုကို နားထောင်ခဲ့ပြီး တက်လာသော ကိုယ်အလေးချိန်အား လျှော့ချနိုင်ခဲ့သည်။ ထို့နောက် အသင်း၏ ရာသီအကြိုခြေစမ်းပွဲ ၇ ပွဲတွင် ၈ ဂိုးအထိသွင်းယူနိုင်ခဲ့သည် အထိ ခြေစွမ်းပြနိုင်ခဲ့သည်။ ဘန်ဇီမာ၏ ပြောင်းလဲမှုအား မော်ရင်ဟိုကလည်းချီးကျူးခဲ့ပြီး အသင်း၏ အဓိကတိုက်စစ်မှူးအဖြစ် ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် ဘန်ဇီမာမှာအသင်းတွင်  ထင်ရှားသောကစားသမားဖြစ်လာခဲ့ပြီး လာလီဂါတွင် ၃၂ ဂိုးသွင်းယူနိုင်သည်အထိ ခြေစွမ်းထက်လာခဲ့သည်။ ၂၀၁၁-၁၂ လာလီဂါဖလားရရှိခဲ့သည့် ရီးယဲလ်အသင်းအတွက် ဘန်ဇီမာမှာ များစွာအထောက်အကူပြုခဲ့သည်။ ထို့ပြင် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမား အဖြစ် ရွေချယ်ခြင်းခံခဲ့ရသည်။

    နိုင်ငံလက်ရွေးစင် ကစားသမားဘဝ

    ဘန်ဇီမာမှာ ပြင်သစ်နိုင်ငံ၏ ၁၉၈၇ ဘောလုံးမျိုးဆက်တွင် ဘင်အာဖာ၊ ဂျရီမီမီနက်ဇ်နှင့် နာဆရီတို့နှင့်အတူ ပါဝင်ခဲ့ပြီး အသက် ၁၇ နှစ်အောက် လူငယ်အသင်းမှစ၍ နိုင်ငံအသင်းအတွက် ကစားပေးခဲ့သည်။ ထို့ပြင် ပြင်သစ် ယူ ၁၇ အသင်းနှင့် ၂၀၀၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ဥရောပ ယူ ၁၇ ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သည်။ ၂၀၀၇ ခုနှစ် မတ်လတွင် ဘန်ဇီမာမှာ ပြင်သစ်အသင်းနှင့် သြစတြီးယားအသင်းတို့ကစားခဲ့သည့် ခြေစမ်းပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည်။ ပြင်သစ်အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သော အဆိုပါပွဲတွင် တစ်လုံးတည်းသောအနိုင်ဂိုးကို ဘန်ဇီမာက သွင်းယူပေးခဲ့ပြီး ပထမဦးဆုံး ကစားခဲ့သောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဆုံး သွင်းယူနိုင်ခဲ့သော ဂိုးလည်းဖြစ်ခဲ့သည်။ ထို့ပြင် အဓိကပြိုင်ပွဲများဖြစ်သည့် ၂၀၀၈နှင့် ၂၀၁၂ ဥရောပဖလား ဘောလုံးပြိုင်ပွဲများတွင်လည်း ဘန်ဇီမာမှာ ပြင်သစ်အသင်းနှင့်အတူ ပါဝင်ခွင့်ရခဲ့သည်။

    အောင်မြင်မှုများ

    လိုင်ယွန်
    ပြင်သစ် လိဂ်ဝမ်းချန်ပီယံ ၄ ကြိမ် (၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
    ပြင်သစ်ရှုံးထွက်ဖလား ၁ ကြိမ် (၂၀၀၇-၀၈)
    Trophée des Champions (2): 2006, 2007

    ရီးယဲလ်မက်ဒရစ်
    လာလီဂါ ၁ ကြိမ် (၂၀၁၁-၁၂)
    စပိန်ရှုံးထွက်ဖလား ၁ ကြိမ် (၂၀၁၀-၁၁)
    စပိန်စူပါဖလား ၁ ကြိမ် ၂၀၁၂

    နိုင်ငံတကာ
    ဥရောပ ယူ၁၇ ချန်ပီယံ (၂၀၀၄)

    တစ်ဦးချင်း
    အီတလီ အားကစားမဂ္ဂဇင်း Gueri Sportivo မှာ ပေးအပ်သော Bravo ဆု (၂၀၀၈)
    ပြင်သစ်လိဂ်ဝမ်း ဂိုးအများဆုံးဆု (၂၀၀၇-၀၈)
    ပြင်သစ်ဘောလုံးအဖွဲ့ချုပ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမား (၂၀၀၇-၀၈)
    ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ၂ ကြိမ်(၂၀၁၁၊ ၂၀၁၂)

  • မြန်မာဘုရင်များ လက်ထက်က မြန်မာမွတ်စလင်မ်တို့၏ ဗိသုကာ လက်ရာများ- သမိုင်းထဲက ပုံရိပ် (၅)

    အမရပူရခေတ်နှင့် မန္တလေးရတနာပုံခေတ် အစ္စလာမ်ဝတ်ကျောင်းတော်များ (ဗလီများ) နှင့် မင်ဘာရ်(တရားဟောစင်မြင့်) များ၊ ဗလီဝတ်ကျောင်း အတွင်းဘက်များကို မြန်မာရိုးရာ ပန်းဆယ်မျိုးမှ ကနုတ်ပန်းများဖြင့် တပ်ဆင်ထားပါသည်။

    ဦးမောင်မောင်ကြီး(မန်း) စာရေးဆရာနှင့် သမိုင်းသုတေသီထံမှ ရရှိပါသည်။

    via- Yongni Oo FB
    art
    ဦးမောင်မောင်ကြီး(မန်း)ထံမှရရှိပါသည်။

    via- Yongni Oo

  • အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကပဲဖြစ်ရမယ်

    အမျိုး၊ဘာသာ၊ သာသနာစောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကပဲဖြစ်ရမယ်

    -နိုင်ငံသားအခွင့်အရေးနှင့် အမျိုးဘာသာသနာ စောင့်ရှောက်ရေး အခွင့်အရေးနှင့် ပတ်သက်ပြီး မည်သို့ မည်ပုံသုံးသပ်ခံယူပါသနည်း မေးခွန်းအား ဒေါ်အောင်ဆန်း စုကြည်မှ ဖြေကြားခြင်း

    ဒီဇင်ဘာ ၁၊ ၂၀၁၃
    မဲလ်ဘုန်း- သြစတေးလျ

    သြစတေးလျနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က မဲလ်ဘုန်းမြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှ အမေးအဖြေအစီအစဉ်မှ မေးခွန်းတခုဖြေကြားစဉ်

    ကောက်နှုတ်ချက်
    ——————
    -နိုင်ငံသားအခွင့်အရေးဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုင်တယ်။ အင်မတန်အရေးကြီးတယ်။
    -နိုင်ငံသားတိုင်း နိုင်ငံသူတိုင်း ဖွဲ့စည်းပုံကပေးထားတဲ့အခွင့်အရေးကို အပြည့်အဝရရှိရမယ်။
    -အမျိုး၊ဘာသာ၊သာသနာ စောင့်ရှောက်ရေးဟာ ဖွဲ့စည်းပုံရဲ့ ဘောင်အတွင်းကပဲဖြစ်ရမယ်။
    -ဖွဲ့စည်းပုံကို ချိုးဖောက်ပြီးလုပ်တဲ့ လုပ်ရပ်မျိုးမဖြစ်ရဘူး။
    -မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာပေါင်းစုံရှိတယ်။ အားလုံးဟာ အေးအေးချမ်းချမ်းနေနိုင်ရမယ်။
    -ဒီတရက် ၂ ရက်အတွင်းမှာ ပြဿနာဖန်တီးနေတဲ့ အုပ်စုတွေရဲ့ ထောင်ခြောက်ထဲကို မဝင်သွားဖို့ ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေ ၊ လူပုဂိုလ်လူကြီးတွေက သိပေးထိန်းသိမ်းနေတာ တွေ့ရကြောင်း၊
    -ကွာခြားရေး၊ မုန်းတီးရေးဘက်ကို မလိုက်သွားဖို့ လိုကြောင်း
    – နိုင်ငံသားအခွင့်အရေးအပြည့်အဝရဖို့အတွက်ဆိုတာ အစိုးရများရဲ့တာဝန်ဖြစ်ပါတယ်။ အဲဒါကိုမှ အာမခံနိုင်ရင် အစိုးရမလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်။