News @ M-Media

Blog

  • ကမ္ဘာ့လုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာနှင့် ဓါတ်ခွဲခန်း ဒူဘိုင်းတွင် တည်ဆောက်မည်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    ဟာလာလ် ထုတ်ကုန်များအတွက် ဓာတ်ခွဲခန်းနှင့် ကမ္ဘာ့လုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာ ဒူဘိုင်းတွင် မကြာခင်တည်ဆောက်မည်

    dubai001ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ဟာလာလ်ထုတ်ကုန်များအတွက် ကမ္ဘာ့အချက်အချာ ဒေသတစ်ခုဖြစ်လာရန် ရည်ရွယ်နေသည်ဟု အစ္စလာမ့်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသစ်ဖွဲ့စည်းလိုက်သည့် အဆင်မြင့်ကော်မတီ၏ အဖွဲ့ဝင်များ၏ အဆိုအရသိရသည်။

    ဟလာလ်ထုတ်ကုန်များအား စမ်းသပ်စစ်ဆေးရန် ဓာတ်ခွဲခန်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးရန်စင်တာတို့ကို ၂၀၁၄ ခုနှစ် ပထမသုံးလပတ်အတွင် ဆောက်လုပ်မည်ဟု အဆင့်မြင့်ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ဒူဘိုင်းမြူနီစီပယ်၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဟူစိန် နေစာ လူတာက ပြောကြားခဲ့သည်။

    ထို့ပြင် ဟာလာလ် စားသောက်ကုန် တစ်မျိုးတည်း၏ တန်ဖိုးမှာ ဒီနာ ၆၈၅ ဘီလီယံရှိပြီး၊ ဟာလာလ် ထုတ်ကုန်အားလုံး၏ တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် ဒီနာ ၂.၇ ထရီလီယံရှိသည်ဟု ၎င်းကဆိုသည်။ ထိုကဲ့သို့ စီစဉ်မှုသည် ဒူဘိုင်းအနေဖြင့် ဟာလာလ်ထုတ်ကုန်များ၏ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေး အတွက် ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူသူ ဖြစ်လာရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး၊ အပြည်အ၀ဆောင်ရွက်နိုင်ရန် အတွက် အချိန်သုံးနှစ် သတ်မှတ်ထားသည်။

    ဒူဘိုင်းတွင် တည်ဆောက်ရန် စီစဉ်ထားသည့် နိုင်ငံတကာ ဓာတ်ခွဲခန်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဟာလာလ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး စင်တာတို့မှာ ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းများနှင့် ညီမည်ဖြစ်ပြီး၊ ကမ္ဘာ့တစ်ဝှမ်းလုံးရှိ အစ္စလာမ် ဘာသာဝင်များကလည်း ယုံကြည်စိတ်ချနိုင်မည်ဖြစ်သည်။

    Source : Eat-halal.com

  • ရိုက်တာရဲ့ ၂၀၁၃ ခုနှစ် အကောင်းဆုံး ဓါတ်ပုံများ စာရင်းဝင် ဒုက္ခသည်စခန်းမှ အကြမ်းဖက်ခံ ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးပုံ

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    A pregnant Rohingya Muslim woman grimaces while experiencing labour pains at a shelter near Sittwe

    စွန့်ပစ်ထားသည့် ရာဘာစက်ရုံ၏ အခင်းမဲ့သော တမံသလင်းတွင် ရိုမာ ဟတ်တူမှာ သူမ၏ ကလေးငယ်နှစ်ဦးအား မည်သည့်ဟင်းမျှ မပါသည့် ထမင်းအဖြူကိုကျွေးနေသည်။ ငရဲနှင့်တူသည့်ထိုစက်ရုံတွင် ညစ်ထေးလှသည့် နံရံရှိနေ၏။ ကွဲနေသော ပြတင်းပေါက်မှ လှပသောအလင်းရောင်များ ၀င်ရောက်လျက်ရှိနေသည် ကျွန်တော် ပထမဆုံးသတိပြုမိသည်။ သူမ၏ ကိုယ်ပိုင်နေရာအတွက် အကာအဖြစ် သုံးထားသော ခနော်ခနဲ့ ၀ါကျင့်ကျင့် ဆန်အိတ်၏ ပြဲနေသောအပေါက်မှ ကျွန်တော်ချောင်းကြည့်လိုက်ရာ ခဏအတွင်းမှာပင် သူမနှင့် ကျွန်တော် မျက်လုံးခြင်းဆုံလေသည်။ ကျွန်တော့်က ကင်မရာကို ပြလိုက်သည့်အခါ သူမကို ခေါင်းငြိမ့်သည်။ ကျွန်တော်လည်း ဓာတ်ပုံရိုက်လေတော့သည်။

    သူမမှာအသက် ၃၀ အရွယ်ရှိပြီး နိုင်ငံမဲ့ ရိုဟင်ဂျာအမျိုးသမီးဖြစ်၏။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြားဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ လာရသူဖြစ် လေသည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ပြင်ရှိ ဒုက္ခသည်စခန်များတွင် အခြားလူထောင်ပေါင်း များစွာနှင့် သူမ၏ အချိန်များကို ကျပ်တည်းစွာ ကုန်ဆုံးနေရသည်။ ယနေ့အချိန်တွင် ရိုဟင်ဂျာဖြစ်ရခြင်းက ၉၀ ပြည့်နှစ်များက ဘော့စနီးယားများ ဖြစ်ရသကဲ့သို့ပင်။ သို့ရာတွင် ရိုဟင်ဂျာများက အဆပေါင်းထောင်သောင်းမက ပို၍ဆိုးဝါးလေ၏။ လူမျိုးမတူသောကြောင့်၊ ဘာသာမတူသောကြောင့် အသတ်ခံရသည်။ မောင်းထုတ်ခံရသည်။ သောကရောက်ကာ၊ ပိတ်ဆို့ခံထားရ၏။ စွမ်းအားလည်းမရှိ၊ စာလောင်မွတ်သိပ်နေ၏။ ထိုအရာသည် ဆယ်စုနှစ်များစွား တစ်သီးတစ်ခြားဖြစ်နေရာမှ တစ်ဖန်နိုးထလာကာ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နေသော တိုင်းပြည်တွင် ကျွန်တော်မြင်တွေ့ရသည့် ရင်နင့်ဖွယ်ဇာတ်လမ်း၏ အရေးပါသာ၊ အရုပ်ဆိုးသော အစိတ်ပိုင်းမျှသာဖြစ်လေသည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ခြေအနေမှာ မည်မျှလောက်ဆိုးဝါးသည်ကို အစပထမက ကျွန်တော် မသိရှိခဲ့ပေ။ ကျွန်တော့်၏ စကားပြန်မှ မေးခွန်း အနည်းငယ်ကို မေးကြည့်ခဲ့ရာ… သူမက ကိုယ်ဝန် ၉ လရှိနေပြီး မည်သည့်အချိန်မဆို မီးဖွားနိုင်ကြောင်း ဖြေလေသည်။ သူမ၏ အမျိုးသားကတော့ အပြင်ထွက်၍ စားစရာ ရလိုရငြား သွားရောက်ရှာဖွေနေသည်။ သူတို့တွင် အစားအသောက်ဝယ်ယူရန်နှင့် ဆရာဝန်ပြသရန် ငွေဟူ၍မရှိ။ ဤစက်ရုံ၏ တမံသလင်းတွင်သာ သူမအနေဖြင့် မီးဖွားရပေလိမ့်မည်။

    ကျွန်တော်နှင့် အတူလိုက်ပါလာသည့် Reuters သတင်းဌာမှ လုပ်ဖော်ကိုင်ဖက်ကိုရှာရန် ထိုဒုက္ခသည်စခန်းအား ကျွန်တော်စွန့်ခွာခဲ့သည်။ ပြီနောက် ကျွန်တော်တို့ ဒုက္ခသည်စခန်းကို ပြန်လာသောအခါ သူမမှာ အသက်ကိုပြင်းထန်စွာရှုလျက် ညည်းညူနေလေ၏။ ပြင်းထန်သော နာကျင်မှုကို
    ခံစားနေရသည်မှာ ထင်ရှား၏။ သူမ၏ ခင်ပွန်းမှာလည်း ပြန်ရောက်နေပြီ။ အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို ကျွန်တော်တို့ နားလည်လိုက်သည်။ ကျွန်တော် ဓာတ်ပုံအနည်းငယ် ရိုက်လိုက်သည်။ သို့ရာတွင် ဤအချိန်သည်ကား ကင်မရာကိုချ၍ အကူအညီမဲ့သူအား ကူညီရမည့်အချိန်ပင်……..

    ဓါတ်ပုံအညွန်း- ရိုမာ ဟတ်တူ- ရိုဟင်ဂျာမွတ်စလင်အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ကိုးလလွယ်ထားရကာ အကြမ်းဖက်မှုများကြောင့်ရွှေ့ပြောင်းလာရသူဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၈ ရက်- စစ်တွေမြို့အနီး ယခင်က ရာဘာစက်ရုံဟောင်းတစ်ဖြစ်လဲ ဒုက္ခသည်စခန်း၏ တမံသလင်းတွင် ဆိုးရွားစွာ
    နာကျင်သော ဝေဒနာကြောင့် မျက်နှာ ရှုံမဲ့နေပုံအားရိုက်ကူးထားခြင်းဖြစ်သည်။

    Photo- REUTERS/Damir Sagolj

  • NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    NTU ဘွဲ့ကြိုနည်းပညာ ကျောင်းသားများ တည်ဆောက်ခဲ့သော ဂြိုဟ်တုလွှတ်တင်

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    စင်ကာပူနိုင်ငံ၏ နန်ယန်နည်းပညာတက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသားများက တက္ကသိုလ်၏ ဓာတ်ခွဲခန်းအတွင်း တည်ဆောက်ခဲ့သော အလေးချိန်(1.33)ကီလိုဂရမ်ရှိသည့် Velox-P11ဟု အမည် ပေးထားသောဂြိုဟ်တုကို လွန်ခဲ့သောကြာသပတေးနေ့က ရုရှားဒုံးပျံ RS-20B ဖြင့် ညနေ(၃)နာရီ(၁၀)မိနစ် တွင် အာကာသတွင်းသို့ လွှတ်တင်ခဲ့ပါသည်။ ဂြိုဟ်တုကို ရုရှားနိုင်ငံ၊ အော်ရမ်ဘတ်ဒေသရှိ ယက်ဇနီ ဒုံးပျံ လွှတ်စင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံ၏ ဒုတိယမြောက်ဂြိုဟ်တုဖြစ်ပါသည်။ ပထမဂြိုဟ်တု ဖြစ်သော X-Sat ကို DSO အမျိုးသားဓါတ်ခွဲစမ်းသပ်မှုလုပ်ငန်းနှင့် ဤနည်းပညာကျောင်းတို့က ပူးပေါင်း တည်ဆောက်ခဲ့ကြပြီး ၂၀၁၁-ခုနှစ်၊ ဧပြီလက လွှတ်တင်ခဲ့ပါသည်။

    NTU ဟုခေါ်သည့် နန်ယန်း နည်းပညာတက္ကသိုလ်သည် ဘွဲ့ကြိုကျောင်းသားများအတွက် ဂြိုဟ်တု နည်းပညာကို ၂၀၀၉-ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လာမည့်(၁၀)နှစ်အတွက် စီမံကိန်းချမှတ်ထားပါသည်။ ကျောင်းသားများကို ကျွမ်းကျင် ပညာရှင်များဖြစ်လာအောင် လေ့ကျင့်ပေးပြီး အနာဂတ်အာကာသ နည်းပညာဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်အောင် ရည်ရွယ်ထားပါသည်။ ထို(၁၀)နှစ်ကာလအတွင်း အသေးစားဂြိုဟ်တု(၄)လုံးခန့် ဆောက်လုပ်သွားရန် စီစဉ်ထားပါသည်။

    ယခုလွှတ်တင်လိုက်သော Velox-P11သည် ကမ္ဘာမြေပြင်အထက်ကီလိုမီတာ(၆၀၀)အကွာအဝေးရှိ နေပြီး ပုံသေနေရာယူထားသော ကမ္ဘာပတ်လမ်းကြောင်းပေါ်မှ မြေပြင်နှင့် အဆက်အသွယ်ပြုလုပ်နေပါသည်။ NTUသည် ဂြိုဟ်တုပြုလုပ်နိုင်သော စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး တက္ကသိုလ်ဖြစ်ပြီး လက်ရှိအနေဖြင့် အလေး ချိန်(၄.၅)ကီလိုဂရမ်လေးသည့် အသေးစားဂြိုဟ်တုVelox-1 ကို တည်ဆောက်နေရာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး စမ်းသပ်မှုများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၄-ခုနှစ်ဆန်းပိုင်းတွင် လွှတ်တင်မည်ဖြစ်ပါသည်။ NTU၏ ဂြိုဟ်တု လေ့လာ စမ်းသပ်ရေးဌာနသည် နိုင်ငံ၏ ပထမဦးဆုံး မိုးလေ၀သ လေ့လာရေးဂြိုဟ်တု တည်ဆောက်ရန် စီစဉ်နေပြီး ပုဂ္ဂလိက အဖွဲ့ဖြစ်သော DSO နှင့် ပူးပေါင်းပြီး အဝေးထိန်းစနစ် အသုံးပြုထား သည့်စီးပွားရေး ဂြိုဟ်တုတစ်လုံးကို တည်ဆောက်နေပါသည်။ ထိုဂြိုဟ်တုကို Teleos-1 ဟု အမည်ပေး ထားပါသည်။

    Ref: စင်ကာပူ Today သတင်းစာ

    မောင်ထွေးဝင်း(ဓနုဖြူ)

  • မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

    ဒီဇင်ဘာ ၄၊ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်း ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦး အား ရပ်ကွက် အုပ်ချူပ်ရေးမှူးမှ ဓါတ်မီးဖြင့် ရိုက်မှုဖြစ်ပွား

    5712cafa73d3070fd3bcbae20b674ae5_L

    ရခိုင်ပြည်နယ် မြေပုံမြို့တွင် ချင်းလူမျိုး ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးဖြစ်သူ Cing Pian Langh ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှကျော်မှ  ဓာတ်မီးဖြင့် အကြောင်းမဲ့ အရိုက်ခံသည်ဟု သိရသည်။

    သာသနာပြုအဖွဲ့မှ  အသက် ၃၀ အရွယ် ဆရာတော် Langh မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်က တယ်လီဖုန်းပြောဆိုနေစဉ် အရိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ ဖော်ပြထားသည်။

    ချင်းပြည်နယ် တီးတိန်မြို့ဇာတိ ဆရာတော် Langh က “တလ်လီဖုန်းလိုင်းက မရှင်းတဲ့အတွက် ခြံစည်းရိုးနားထွက်ပြီး ဖုန်းပြောနေတဲ့အခါ၊ ဦးလှကျော်က သူ့လက်မှာကိုင်ထားတဲ့ ဓာတ်မီးကို ကျွန်တော့်မျက်နှာနား ရွယ်ပြီး ဘာတစ်လုံးမှ မပြောဘဲ ရိုက်လိုက်တာပါ။” ဟု CHRO သို့ ပြောကြားခဲ့သည်။

    ထိုအကြောင်းအရာအား မြေပုံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာ ခရီးထွက်သွားသည်ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် သာသနာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း၊ သို့သော်လည်း ထိုဌာမှ အကြီးအကဲက “ကျွန်တော့်အလုပ်နှင့် ဘာမှမဆိုင်” ဟု တုံ့ပြန်ပြောဆိုခဲ့ကြောင်း၊ အာဏာပိုင်များအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အရေးယူမှုမှ ပြုလုပ်ခြင်းမရှိကြောင်း ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံဧ၀ံဂေလိအသင်းတော်(Evangelical Free Church of Myanmar) မှ ဆရာတော် CHing Pian Langh မှာ ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြေပုံမြို့တွင် ၂၀၁၃ အောက်တိုဘာလမှစ၍ သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နေသူဖြစ်သည်။ မြေပုံမြို့သည် ၂၀၁၀ အောက်တိုဘာလတွင် ဂီရိမုန်တိုင်း ဒဏ်ခံခဲ့ရသော မြို့ဖြစ်ပြီး မြို့နေ လူဦးရေ တစ်ဝက်ခန့်မှာ ချင်းလူမျိုးများဖြစ်ကြကြောင်း သိရှိရသည်။

    Ref: chinlandguardian

  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဒီဇင်ဘာ ၄၊၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဂျယ်လီငါးလိုပျံသန်းသည့် စက်ရုပ်ငယ်ကလေး

    New York University ကလက်ထောက်ပါမောက္ခ  Leif Ristroph ဟာ jellyfish တွေ ရေထဲမှာ သွားလာတဲ့ ပုံစံကို အတုယူပြီး ပျံသန်းတဲ့ စက်ရုပ်ငယ်လေးကို တီထွင်လိုက်ပါတယ်။ သေးငယ် ပေါ့ပါးတဲ့ ဒီလိုပျံသန်းနိုင်တဲ့ ကိရိယာလေး မှာ ရှုပ်ထွေးတဲ့ အီလက်ထရောနစ်ပစ္စည်းတွေလည်း တပ်ဆင်ထားခြင်းမရှိပါဘူး။
    jellyfish robot
    −−−−−−−−−−−−−−−−−−−−−−−−−

    လျှပ်စီးပါတ်လမ်းများကို ပြုလုပ်ရေးဆွဲနိုင်တဲ့ဘောလ်ပန်

    Electroninks Incorporated ကထုပ်လုပ်လိုက်တဲ့ Circuit Scribe ဘောလ်ပန်ဟာ လျှပ်စီးပါတ်လမ်းများကို စာရွက်ပေါ်မှာ ရေးဆွဲလိုက်ရုံနဲ့  စမ်းသပ် အသုံးပြုနိုင်တဲ့ circuit ကိုပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အီလက်ထရေနစ် လျှပ်စစ်ပါတ်လမ်းများကို ဒီဇိုင်းပြုလုပ်သူတွေအတွက်အထူး အကျိုးရှိလာမယ့် တီထွင်မှု ဖြစ်ပါတယ်။
    circuit
    _____________________

    ပေါင်းစည်း နျူကလီယား လျှပ်စစ်ကို အအေးနည်းနဲ့ ထုတ်လုပ်

    အီတလီ နိုင်ငံက သိပ္ပံပညာရှင် Andrea Rossi ဟာ  ပေါင်းစည်း နျူကလီယား လျှပ်စစ်ကို အအေးနည်းနဲ့ ထုတ်လုပ်ရောင်းချနိုင်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ပေါင်းစည်း နျူကလီယား ဓါတ်ပြုမှု (nuclear fusion reaction) ကို နေရဲ့ မျက်နှာပြင်မှာ ဖြစ်ပေါ်တဲ့ ဓါတ်ပြုမှု မျိုးကို စမ်းသပ်နေဆဲ ဖြစ်ပြီး အလွန်ပြင်းထန်တဲ့ အပူချိန် လိုအပ်ပါတယ်။ အခု Andrea Rossi ရဲ့ နည်းပညာကတော့ cold fusion လို့ ခေါ်တဲ့ အအေးနည်း(အလွန်ပြင်းထန်တဲ့ အပူချိန် မလိုအပ်တဲ့နည်း) ဖြစ်ပါတယ်။ cold fusion ဆိုတာကတော့ သီအိုရီအားဖြင့်တောင် ရှာဖွေဆဲ ဖြစ်ပါတယ်။ Andrea Rossi  ရဲ့ cold fusion reactor ကတော့ အရွယ်အစားလည်း သေးငယ်ပြန်ပါသေးတယ်။ 1 MW ဓါတ်အား ထုတ်နိုင်တဲ့ စက်ကို ဒေါ်လာတစ်သန်းခွဲ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ http://www.ecat.com/ecat-products/ecat-1-mw
    cold fusion
    −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

    စပါးမျိုးသစ်  ၃၆ ရာခိုင်နှုံးအထွက်တိုး

    ဖိလစ်ပိုင်နိုင်ငံ က IRRI genetic transformation laboratory မှာ “indica” လို့ခေါ်တဲ့ စပါးမျိုးကို SPIKE မျိုးရိုးဗီဇ နဲ့ ပေါင်းစပ်လိုက်ခြင်းဖြင့်  ၃၆ ရာခိုင်နှုံးထိ အထွက်နှုန်းတိုးလာတဲ့ စပါးမျိုးသစ်ကို ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း သုတေသန ခေါင်းဆောင် Inez Slamet-Loedin ကပြောကြားလိုက်ပါတယ်။
    rice