News @ M-Media

Blog

  • ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    ဗဒူအင်မျိုးနွယ်များအား မောင်းထုတ်ရန် စီစဉ်နေသည့် အစ္စရေး၏ လုပ်ရပ်အား ဗြိတိန်ရှိ ထင်ရှားကျော်ကြားသူများက ရှုတ်ချ

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    1

    ပါလက်လက်စတိုင်းရှိ ဗဒူအင်လူမျိုး ထောင်ပေါင်းများစွာတို့အား ၎င်းတို့နေရပ်များမှ မောင်းထုတ်ရန် ပြုလုပ်နေသည့် အစ္စရေး၏ အစီအစဉ်အား ဗြိတိန်ရှိ ထင်ရှား ကျော်ကြားသူများက ရှုတ်ချခဲ့ပြီး၊ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် ပြောဆိုလိုက်သည်။

    နာမည်ကြီး အနုပညာရှင်များ၊ စာရေးစရာများနှင့် ဂီတလောကသားများအပါအ၀င် ထင်ရှားကျော်ကြားသူ ၅၀ ကျော်က Negev သဲကန္တာရရှိ ဗဒူအင်လူမျိုး ၇၀၀၀၀၏ ရွာများကို ဖျက်ဆီးကာ ၎င်းတို့အားမောင်းထုတ်ပြီး ပါလက်စတိုင်းနယ်မြေအား သိမ်းပိုက်ရန် အစ္စရေး၏ အစီအစဉ်အား ကန့်ကွက်ကြောင်း ကြေညာချက်တွင် လက်မှတ်ထိုးခဲ့ကြသည်။

    ထိုကြေညာချက်တွင် ဗဒူအင်လူမျိုးများ၏ ရွာများအား ဖျက်ဆီးခြင်းကို ‘ပါလက်စတိုင်းနိုင်ငံသားများအား ၎င်းတို့၏ နေအိမ်များမှ အတင်းအဓ္ဓမောင်းထုတ်ခြင်း၊ စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ၀ိုင်းပယ်ခြင်း’ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ၁၈၉၇-ခုနှစ်က ဆွစ်ဇလန်နိုင်ငံ ဘရပ်ဆဲလ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဇီယွန် ကွန်ဂရက်အစည်းဝေးကတည်းက ပါလက်စတိုင်းအား သိမ်းပိုက်ရန် ဂျူးလူမျိုးများ ကစီစဉ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် အရှေ့ဥရောပရှိ ဂျူးလူမျိုးများမှာ ပါလက်စတိုင်းနယ်မြေသို့ တရားမ၀င်ရောက်နေထိုင်ခဲ့ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအချို့၏အကူအညီဖြင့် ပါလက်စတိုင်းများကိုသတ်ဖြတ်ကာ၊ နယ်မြေများကို အပိုင်စီးပြီး ၁၉၄၈ ခုနှစ် မေလတွင် အစ္စရေးနိုင်ငံအဖြစ်ထူထောင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အစ္စရေးမှာ ယခုအချိန်အထိ နည်းမျိုးစုံဖြင့် ပါလက်စတိုင်းပိုင်နယ်မြေများကို သိမ်းပိုက်လျက်ရှိသည်။

  • အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ

    အိုဘားမားအား လူသတ်သမားအဖြစ် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ဦး စွပ်စွဲ

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media

    337449_David-Manning
    မိမိတို့၏ အချစ်ဇာတ်လမ်းလျို့ဝှက်ချက်များအား ထိန်းသိမ်းရန်အလို့ငှာ အမျိုးသမီးတစ်ဦးအား အိုဘားမားက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦးက ပြောကြားလိုက်သည်။

    ပြီးခဲ့သည်အောက်တိုဘာလက အတားအဆီးများကိုကျော်ဖြတ်ကာ အိမ်ဖြူတော်သို့ ကားဖြင့်အတင်းမောင်းနှင့် ၀င်ရောက်လာသည့် သွားဆရာဝန်တစ်ဦးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မီရီယမ် ကာရေးအား ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုအပေါ် Atlah World Missionary အသင်းတော်၏ သိက္ခာတော်ရဆရာတော် ဂျိမ်းဒေးဗစ်မန်နင်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

    ထိုအမျိုးသမီးအား သတ်ဖြတ်မှုအပေါ်မည်သူမှ ၀င်ရောက်ဟန့်တားခြင်းမရှိခဲ့ကြောင်း၊ ထိုအချင်းအရာကိုကြည့်ခြင်းအားဖြင့်၊ ၎င်းတို့(ရဲတပ်ဖွဲ့ဝင်များ)မှာ အရေးကြီးသော အရာတစ်ခုအဖြစ်ခံစားနေရပြီး အိုဘာမားအား ကာကွယ်ခြင်းဖြစ်ကြောင်း၊ ထိုအမှုမှာ ယခုအချိန်တွင် ပိတ်သိမ်းပြီးဖြစ်ကြောင်း ဆရာတော် ဂျိမ်းက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၁ခုနှစ် မေလ ၁၈-ရက်နေ့က အိုဘားမားမှာ အဆိုပါ သွားဆရာဝန်အမျိုးသမီးထံသို့ အရေးပေါ်ကုသရန် သွားရောက်ခဲ့စဉ်အတွင်း ငြိစွန်းခဲ့ပြီး သူမ၏ ကလေးငယ်၏ အဖေမှာ အိုဘားမားဖြစ်သည်ဟု ရုရှားထောက်လှမ်းရေးများက စုံစမ်းသိရှိရကြောင်း What Does It Mean? ဟု ခေါ်သည့် ၀ဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

  • MYANMAR MOBILE FAIR စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်

    MYANMAR MOBILE FAIR စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    သီရိ

    DSCN5294

    ရန်ကုန်  ။         ။          စတုတ္တအကြိမ်မြောက် ပြုလုပ်ကျင်းပသော MYANMAR MOBILE FAIR ကို ရန်ကုန် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်ကြီးများ အသင်း (UMFCCI) ၌ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ပြုလုပ်ကျင်းပလျက်ရှိပါသည်။

    ထို MOBILE FAIR တွင် နာမည်ကြီး BRAND များဖြစ်သော Acer, HTC, Lenovo, Samsung စသည့် Brand များ၊ 5 Network, phone corner, Mobile Guide & Net Guide, Ooredoo Telecommunication , 1212 hello music စသည့် ဆိုင်ခန်းပေါင်း ၃၂ ခန်း တို့ဖြင့် ခမ်းနားစွာ ခင်းကျင်းပြသလျက်ရှိပါသည်။

    လာရောက်လေ့လာသူများကို 1212 Call Center မှ မေးခွန်းများဖြေဆိုခိုင်းပြီး မှန်ကန်သူများကို လက်ဆောင်ပစ္စည်းများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရပါသည်။

    ထိုပွဲကို နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအထိ ကျင်းပနေပြီး လူအများလာရောက် လေ့လာ ကြည့်ရှု ၀ယ်ယူနေလျက်ရှိကြောင်း သိရှိရပါသည်။

  • လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ၁နှစ်ပြည့်ချီတက်ပွဲနှင့် တရားခံများအားဖော်ထုတ်အရေးယူရန် ဆန္ဒထုတ်ဖော်

    လက်ပံတောင်းသပိတ်စခန်း ဖြိုခွင်းခံရမှု ၁နှစ်ပြည့်ချီတက်ပွဲနှင့် တရားခံများအားဖော်ထုတ်အရေးယူရန် ဆန္ဒထုတ်ဖော်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    သီရိ

    1424460_626979214011219_859178691_n

    ရန်ကုန်  ။      ။      လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှု ၁-နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယနေ့တိုင် အကြမ်းဖက်ဖြိုခွဲရန် ပစ်ခတ်သူ နှင့် အမိန့်ပေးစေခိုင်းသူ၊ တစ်ဦး တစ်ယောက်ကိုမှ ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိခြင်း၊ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေသူများကို ပုဒ်မ ၁၈၊ ပုဓ်မ ၅၀၅(ခ) တို့ဖြင့် အရေးယူလျက် ရှိနေသာကြောင့် ဒီမိုကရေစီအင်အားစုမှ ယနေ့ နိုဝင်ဘာ ၂၉-ရက်နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
    ၂၀၁၂-ခု နိုဝင်ဘာ ၂၉-ရက် ညသန်းခေါင်ယံ ၂း၃၀ နာရီအချိန်တွင် လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရမှု ဒေသခံအပါဝင် ရဟန်းသံဃာတော်များအား နိုင်ငံတော်မှအကြမ်းဖက်ဖြိုခွင်းခဲ့ပါသည်။အကြမ်းဖက်မှုများအားမရပ်တန့်ဘဲ နိုင်ငံတော်မှဆက်တိုက်ပြုလုပ်နေသည့်အတွက် ဆန္ဒထုတ်ဖော်မှုကို ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် နေ့လည် ၂ နာရီမှစတင်ကာ ပြုလုပ်ခဲ့သည်။ ၎င်းဆန္ဒဖော်ထုတ်ပွဲမှာ ဆက်ဆိုင်ရာမှ ခွင့်ပြုချက်မတောင်းခံဘဲ ပြုလုပ်တာဖြစ်ကြောင်းသိရပါသည်။ “ခွင့်ပြုမိန့်မရတဲ့အတွက် ဖြစ်လာတဲ့အခြေအနေကို ရင်ဆိုင်ပါမယ်လို့” ဒီမိုကရေစီအမျိုးသမီးကွန်ယက်မှ ဒေါ်နော်အုန်းလှ ကပြောကြားခဲ့သည်။ “အေးချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တဲ့ပြည်သူတွေနဲ့ ရဟန်းသံဃာတွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရကို ကျွန်မတို့ပြည်သူတွေမမေ့ပါဘူး၊ ဒါကိုအဲမြဲမမေ့ဘူးဆိုတာကို ဖော်ပြနေတာဖြစ်ပါတယ်” ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။

    ဆန္ဒဖော်ထုတ်ပွဲကို မြို့တော်ခန်းမရှေ့မှ မဟာဗန္ဓုလလမ်းမကြီးအတိုင်း အလုံမြို့နယ် ဗဟိုလမ်းအတိုင်း တရုတ်သံရုံးသို့ ချီတက်ခဲ့ရာ အလုံမြို့နယ် ဗဟိုလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်သို့ရောက်ရှိသောအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲများက လမ်းကိုပိတ်ဆို့တားဆီးခဲ့သည်။

    “မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာပြည်သူကိုကာကွယ်ဖို့၊ စပ်တပ်ဆိုတာတိုင်းပြည်ကိုကာကွယ်ဖို့ အခုတော့ရဲတပ်ဖွဲ့က ပြည်သူတွေကိုဖိနှိပ်ဖို့ ချုပ်ချယ်ဖို့ဖြစ်နေပြီးတော့၊ စပ်တပ်ဆိုတာက သယံဇာတတွေကို ခိုးထုတ်ပြီး တိုင်းတပါးကိုရောင်းစားဖို့ဖြစ်နေပါတယ်။ အဲဒါတွေကိုပြည်သူတွေက ကိုယ့်စိတ်ဓာတ်နဲ့ကိုယ် ကာကွယ်ကြတဲ့အခါမှာ ကျွန်တော်တို့ကို ဖိနှိပ်ချုပ်ချယ်နေပါတယ် ပုဒ်မ ၁၈ ကိုဆန့်ကျင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ကြိုတင်ပြီးတော့မလျောက်တင်ပါဘူး၊ ဒါပေမဲ့ အမှုဖွင့်မယ် အရေးယူမယ်ဆိုရင်တော့ ခံမှာပါ ဒါကြောင့် ဒီလိုလမ်းတွေပိတ်ပင်တားဆီးတာကိုမလုပ်သင့်ပါဘူး ဖွင့်ပေးသင့်တယ် ဒါဟာအများပိုင်ပြည်သူလမ်းဖြစ်တယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုအောင်မိုးမှ ပြောကြားခဲ့ပါသည်။

    ကျွန်မတို့နိုင်ငံကရဲတွေက တရုတ်ကိုကာကွယ်တာ ကျွန်မတော့ အင်မတန်ဝမ်းနည်းပါတယ်၊ ကျွန်မတို့နိုင်ငံမှာ ပြည်သူပိုင်လမ်းကို ရဲက ပိတ်ပင်တာဟာ မဖြစ်သင့်ဘူး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတွေကိုကာကွယ်တဲ့ ရဲတပ်ဖွဲ့ပဲ ဖြစ်စေချင်ပါတယ် လို့ ဒေါ်နော်အုန်းလှကပြောကြားခဲ့သည်။ ပြည်သူတွေကိုအလေးမထားတဲ့အစိုးရတစ်ရပ်ကို ဒီနေရာမှ ကျွန်မရှုတ်ချပါတယ်၊ ပြည်သူတွေကိုအသံကိုနားထောင်ပါလို့လဲ ပြောချင်ပါတယ် ဟု၎င်းမှပြောကြားခဲ့ပါသည်။

    ထို့နောက် “၀မ်ပေါင်” ကုမ္ပဏီ အလိုမရှိဟု ဟစ်ကြွေးပြီး တရုတ်နိုင်ငံတော်အလံကို မီးရှို့ခဲ့ကြသည်။

    “လမ်းပိတ်တာဟာ ဥပဒေနှင့်အညီတားဆီးတာဖြစ်တယ် ခွင့်ပြုချက်မရှိဘဲဆန္ဒဖော်ထုတ်တာဖြစ်တာကို တားဆီးတာဖြစ်တယ် ဒီနေရာကနေပဲ လူစုခွဲပါတော့ ကျွန်တော်တို့လုံးဝခွင့်မပြုပါဘူး တရားဥပဒေနှင့်မညီပါဘူး” ဟု မြန်မာနိုင်ငံရပ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောကြားခဲ့သည်။

    “ကျွန်တော်တို့နိုင်ငံမှာ တရုတ်နဲ့ မြန်မာ ရန်ဖြစ်ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မတိုင်ပါနှင့် ခံသာခံလိုက်ပါ၊ တိုင်ရင်တိုင်တဲ့လူပဲ အဖမ်းခံရလိမ့်မယ် အဲတော့ ကျွန်တော်တို့ မြန်မာပြည်ကပစ္စည်းတွေကိုလာသိမ်းရင်ခံလိုက် တရုတ်သံရုံးကို ကာကွယ်ပေးတဲ့မြန်မာရဲတပ်ဖွဲ့ကို အလိုမရှိပါဘူး” ဟု ဆန္ဒပြသသူ ကိုစည်သူမှ ပြောကြားခဲ့ပါသည်။

    ထို့နောက် ရှေ့ဆက်ရန်ခွင့်မပြုပေးသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြောင့် ဆန္ဒပြသမှုကို ညနေ ၅ နာရီ၌ ထိုနေရာတွင် ရပ်သိမ်းခဲ့ကြပါသည်။

     

  • စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    စင်ကာပူ-မြန်မာသို့ အွန်လိုင်း ငွေလွှဲ ဝန်ဆောင်မှု ဧရာဝတီဘဏ် စတင်

    နိုဝင်ဘာ ၃၀၊ ၂၀၁၃
    M-Media
    ဆူးထက်

    PB290046

    ရန်ကုန် ။      ။        စင်္ကာပူ နိုင်ငံတွင် အခြေစိုက်သော DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် (AYE Bank) တို့ အကျိုးတူ ပူးပေါင်း၍ Internet မှတဆင့် ငွေလွှဲဝန်ဆောင်မှုကို ဧရာဝတီဘဏ်တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

    စင်္ကာပူ နိုင်ငံမှ DBS Bank နှင့် မြန်မာနိုင်ငံမှ ဧရာဝတီဘဏ် AYE Bank တို့ အကျိုးတူ ပူးပေါင်း၍ Internet ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း အကျိုးတူ ပူးပေါင်း လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၂၉ရက်နေ့ ၊ နေ့လည် ၂နာရီက Sedona Hotel ၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ဧရာဝတီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “စင်္ကာပူ နိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ DBS Bank နှင့် AYE Bank မှတဆင့် မိမိတို့ နိုင်ငံရှိ မိသားစုများထံကို လုံခြုံစိတ်ချစွာ ငွေလွှဲ ပို့နိုင်မှာ ဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

    ငွေလွှဲလိုသူသည် DBS Bank ၏ မိမိငွေစရင်းမှ တစ်ဆင့် AYE Bank ၏ မိမိငွေစာရင်းသို့ လည်းကောင်း၊ AYE Bank မှ မိမိ မိသားစု ငွေစာရင်းသို့ လည်းကောင်း၊ Internet ငွေလွှဲဝန်ဆောင်မှု ဖြင့် လွယ်ကူ လျှင်မြန်စွာ ငွေလွှဲနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ငွေလွှဲသူသည် ( DBS/ POSB Bank ) တွင် ငွေစာရင်း ရှိရန် လိုအပ်ပြီး ငွေလက်ခံသူသည်လည်း AYE Bank တွင် ငွေစာရင်း ရှိရမည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံတွင် အခြေစိုက် DBS Bank မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော Coline က ပြောကြားခဲ့သည်။

    အင်တာနက်မှ တစ်ဆင့် ငွေလွှဲ ၀န်ဆောင်မှု ဖြစ်သဖြင့် ဘဏ်သို့ သွားရောက်စရာ မလိုဘဲ အချိန်ကုန် သက်သာစွာဖြင့် မိမိတို့၏ Computer, Laptop, Smart, Phone များမှ 24/7 ငွေလွှဲနိုင်မည် ဖြစ်သည်။ စင်္ကာပူ နိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးများ အနေဖြင့် ရရှိလာသော ငွေကြေးအား မြန်မာနိုင်ငံမှ မိမိငွေစာရင်းထဲသို့ ငွေလွှဲစုဆောင်းခြင်းဖြင့်လည်း ပိုမိုသော အတိုးနှန်းများ ရရှိခံစား နိုင်မည် ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရန် အရှိန်အဟုန် ပြင်းစွာဖြင့် ကြိုးပမ်းလျှက် ရှိသော ဘဏ်များထဲမှ တစ်ခုဖြစ်သည့် AYE Bank သည် အင်တာနက် မှတစ်ဆင့် ငွေလွှဲ ၀န်ဆောင်မူ အပြင် မကြာမီက Master Card ဖြင့် AYA ATM စက်များတွင် ငွေထုတ်ယူနိုင်သည့် ၀န်ဆောင်မူ ရရှိခဲ့ပြီး မကြာမီတွင်လည်း Visa Prepaid Card များပါ ရရှိတောမည် ဖြစ်ကြောင်း သိရသည်။