News @ M-Media

Blog

  • မြန်မာနိုင်ငံမှ မွတ်စလင်မ်များအား မတရား ဖိနှိပ်မှုများ ရပ်တံ့ဖို့ ဆော်ဒီတောင်းဆို

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံရှိ ရိုဟင်ဂျာအပါအဝင် မွတ်စလင်များအပေါ် ပြုလုပ်နေသည့် မတရားမှုများအား အဆုံးသတ်ရန်နှင့် ၎င်းတို့၏ လူအခွင့်အရေးများကို ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် လျင်မြန်သော လုပ်ဆောင်ချက်များပြုလုပ်ရန် ဆော်ဒီအာရေဗျနိုင်ငံ ၀န်ကြီးများကောင်စီက ယမန်နေ့တွင် မေတ္တာရပ်ခံခဲ့သည်။

    ထို့ပြင် ဆော်ဒီအိမ်ရှေ့မင်းသား ဆလ်မန်ဘင် အဗ္ဗဒူလ်အဇစ် ဦးဆောင်ပြီး ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးတို့ပါဝင်သည့် ကတ်ဘိနက်အဖွဲ့က မြန်မာနိုင်ငံအတွင်း ညှင်းပမ်းနှိပ်စက်ခံနေရသူများထံသို့ ကူညီသည့် အထောက်အပံ့များ လွတ်လပ်စွာ ၀င်ရောက်ခွင့်ရရန်နှင့် ထိုသူများအား သိက္ခာရှိသော ဘ၀တစ်ခုဖြစ်ပေါ်လာရေးအတွက် ကူညီရန်တို့ကို သေချာအောင်ဆောက်ရွက်ပေးရန် တိုက်တွန်းခဲ့ကြသည်။

    ယင်း ကတ်ဘိနက် အစည်းအဝေးတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ အခြေအနေများကို အကျဉ်းရုံးဆွေးနွေးခဲ့ကြောင်း ဆော်ဒီ သတင်းအေဂျင်စီ (SPA) မှ ရရှိခဲ့သည့် ကြေညာချက်တွင် ဆော်ဒီယဉ်ကျေးမှုနှင့် သတင်းအချက်အလက် ၀န်ကြီး ဒေါက်တာ အဗ္ဗဒူလ်အဇစ်ခိုဂျာက ပြောကြားခဲ့သည်။

    ထို့ပြင် လူ့အခွင့်အရေး၊ နိုင်ငံသားဖြစ်ခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရှိ လူနည်းစု မွတ်စလင်များ ရင်ဆိုင်နေရသည့် ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန်အတွက် မြန်မာအစိုးရအား စွဲဆောင်ရန် အားထုတ်မှုများနှင့် ရခိုင်ဒေသရှိ အကြမ်းဖက်ခံ ပြည်သူများအား လူသားချင်း စာနာသည့် အကူအညီများပေးခြင်း၊ ပြည်လည်တည်ဆောက်ရေး လုပ်ငန်းများအား ကူညီလုပ်ဆောင်ပေးမှု စသည့် အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ၏ လုပ်ဆောင်ချက်များကိုလည်း ကတ်ဘိနက်အဖွဲ့က ချီးကျူးခဲ့သည်ဟု ခိုဂျာက ထပ်လောင်းပြောကြားခဲ့သည်။

    hedstrom20130327051229607

    ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် မတ်လ အကုန်ပိုင်းတွင် အကြမ်းဖက်မီးရှို့ ခံရတော့ မြန်မာပြည်အလယ်ပိုင်း မိထ္ထီလာမြို့မှ မြင်ကွင်းတခု၊ အကြမ်းဖက်ခံ မွတ်စလင်မ်များမှာ ၈ လကြာမြင့်ပြီဖြစ်သော်လည်း ယနေ့တိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရသည်။

    Ref:Saudi Gazette

  • ပြည်တွင်းစစ်အား ရပ်တန့်ရန် မြန်မာကို ကုလတိုက်တွန်း

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media

    20131212322666734_20

    ကချင်ပြည်နယ်ရှိပြည်သူလူထုမှာ အစားအသောက်နှင့် နေစရာမလုံလောက်သည့် ဒုက္ခသည်စခန်းများတွင်နေ ချို့တဲ့စွာနေထိုင်နေရသောကြောင့် မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲများအား ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂက တိုက်တွန်းပြောကြားလိုက်သည်။

    ယခုလက်ရှိ ဗန်းမော်-မန်စီ ဒေသတစ်ဝိုက်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲငယ်များက ယခင်တိုက်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများအပါအ၀င် လူပေါင်း ၂၃၀၀ ကို ဆိုးကျိုးသက်ရောက်မှုများရှိနေသည်။

    ပြီခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက မြန်မာစစ်တပ်မှ ကျောင်သား ၇၀၀ ခန့် တက်ရောက်စာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းကိုလည်း ၀န်းရံပိတ်ဆို့ထားပြီး ထိုကိစ္စနှင့်ပက်သက်၍ စိုးရိမ်ပူပန်မိကြောင်း ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    “ကျောင်းသားများနှင့် ဆရာများမှာ (စစ်တပ်၏) ကျောင်းအတွင်းတွင် ၀န်းရံပိတ်ဆို့ခြင်းခံထားရပြီး ထိုလူများအားလွှတ်ပေးရန် ကက်သလစ် အသင်းတော်က တောင်းဆိုထားသည်” ဟု ယမန်နေ့ ညနေတွင် ကုလက ထပ်မံထုတ်ပြန်ခဲ့သည်။

    ၁၇ နှစ်တာ အပစ်အခတ်ရပ်စဲရေး ကျိုးပျက်ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရတပ်က ၂၀၁၁ ခုနှစ်တွင် ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထိုစစ်ပွဲကြောင့် လူပေါင်း ၁ သိန်းနီးပါး ရွှေ့ပြောင်းခဲ့ရသည်။

    Source:
    AFP
  • တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပါတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    နိုဝင်ဘာ- ၁၉ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    သစ်တော တိုးပွားမှု- ပြုန်းတီးမှုကို လေ့လာမှု မြေပုံ

    University of Maryland က သုတေသီတွေဟာ Google ရဲ့ အကူအညီနဲ့ 2000 – 2012 အတွင်း သစ်တော တိုးပွားမှု – ပြုန်းတီးမှုကို လေ့လာခဲ့ပါတယ်။ ဒီလိုလေ့လာဖို့ U.S. Geological Survey ရဲ့ Landsat ဂြိုလ်တု ရ လုံးက စုဆောင်းရရှိတဲ့ hi-res ပုံများစွာကို Google earth နည်းပညာ အသုံးပြုပြီး တွဲဆက်ပုံဖေါ်နိုင်ခဲ့ကြပါတယ်။ Google နည်းပညာကြောင့် သာမန်ကွန်ပြုတာနဲ့ လုပ်ဆောင်ရင် ၁၅နှစ် လောက် လုပ်ရမယ့် processing ကို ရက်အနည်းငယ်အတွင်း ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို လေ့လာကြည့်လိုက်တော့ 2000 – 2012 နှစ်တွေအတွင်း ကမ္ဘာ့ သစ်တောပြုန်းတီးမှု 2.3 million square kilometers ရှိတယ် ဆိုတာ တွေ့ရှိရပါတယ်။ တိုးပွားမှုကတော့ 0.8 million square kilometers ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ ကို ကြည့်ရင်လည်းပဲ သစ်တော ပြုန်းတီးတဲ့ နေရာတွေကို ရှာ ဖွေတွေ့ရှိ  နိုင် ပါတယ်။ https://earthenginepartners.appspot.com/science-2013-global-forest မှာ သွားရောက်လေ့လာနိုင်ပါတယ်။
    map————————————————–
    3-D Printing App

    Windows 8.1 မှာအသုံးပြုဖို့ 3-D Printing App ကို Microsoft က ဖြန့်ချီလိုက်ပါတယ်။ Windows 8.1 မှာ 3-D Printing နဲ့ပါတ်သတ်လို့ လုပ်ဆောင်နိုင်စွမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ အခု ဆော့ဖ်ဝဲလ် အသုံးပြုပြီးတော့ ကစားစရာတွေ နဲ့ အခြား အိမ်သုံးပစ္စည်းလေးတွေကို ပုံစံထုတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ MakerBot Replicator 2 Desktop 3D Printer ကိုလည်း $2200 နဲ့ microsoft က ရောင်းချ ပါတယ်။

    3d printer
    ————————————————–
    လန်ဒန် ဆိုက်ဘာတိုက်ခိုက်ခြင်း စမ်းသပ်မှု

    ယခင်အပါတ် အင်္ဂါနေ့က  လန်ဒန်မြို့ Plaisterers’ Hall မှာ “Waking Shark II” လို့ အမည်ပေးထားတဲ့ ဆိုက်ဘာတိုက်ခိုက်ခြင်း ပုံစံတူ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံခြားဒေသတစ်ခုကနေ နိုင်ငံအတွင်းက စီးပွားရေးနဲ့ ဘဏ်လုပ်ငန်းတွေကို တိုက်ခိုက်တဲ့ ပုံစံမျိုးအတွက် လန်ဒန်မှာ အခြေစိုက်တဲ့ ဘဏ် ၁၀၀ ကျော် ပူးပေါင်းပါဝင် စမ်းသပ်ခဲ့ကြပါတယ်။ DDoS တိုက်ခိုက်မှု၊ စံနစ်အတွင်း ဖေါက်ထွင်းဝင်ရောက်မှု စတဲ့ စမ်းသပ်မှုမျိုးစုံ ပုံစံတူ စမ်းသပ်ခဲ့ကြပါတယ်။
    cyber war
    ————————————————–
    အလိုအလျှောက် မောင်းတဲ့ ကားသုံးမည့် အင်္ဂလန်နိုင်ငံ

    အင်္ဂလန်နိုင်ငံ Milton Keynes မြို့မှာ ၂၀၁၅ ခုနှစ်ရောက်ရင် အလိုအလျှောက် မောင်းတဲ့ ကားငယ်လေးတွေနဲ့ သယ်ယူပို့ဆောင်ရေး စံနစ်တစ်ခု စမ်းသပ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ $103 million  ရင်းနှီးမြုတ်နှံမှုနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့ ပိုဆောင်ရေးစံနစ်ယာ ၂၀၁၇ မှာ အပြည့်အဝ စံနစ်တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီလျှပ်စစ် ကားငယ်လေးတွေကို စီးမယ့် ခရီးသည်တွေက ခရီးစဉ်တစ်ခုအတွက် ၃ ပေါင်ပေးရမှာ ဖြစ်ပါတယ်။
    4
    ————————————————–
    တောင်အာဖရိက အတွက် ဟိုက်ဒရိုဂျင် ဓါတ်ခဲ

    လက်ကိုင်ဖုန်းများကို အားသွင်းနိုင်တဲ့ ဟိုက်ဒရိုဂျင်လောင်စာသုံး ဓါတ်ခဲ တစ်မျိုးကို နိုက်ဂျီးရီးယား နဲ့ တောင်အာဖရိက နိုင်ငံတွေမှာ  အသုံးပြုနိုင်ရန် အင်္ဂလန် မှ Intelligent Energyက ထုတ်လုပ်လိုက်ပါတယ်။  တစ်ခါ ဟိုက်ဒရိုဂျင် ဖြည့်ထားရင် ငါးကြိမ် သုံးနိုင်မှာ ဖြစ်ပြီး ဟိုက်ဒရိုဂျင် ဖြည့်ခ ၅ ဒေါ်လာခန့် ကုန်ကျပါတယ်။
    hydrogenbattery

    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]

  • ကျောက်ဖြူမြို့တွင် ဗလီဝတ်ကျောင်းအား အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့

    ကျောက်ဖြူမှာ ဖျက်ဆီးမှုဖြစ်ပြန်
    ================
    နိုဝင်ဘာ ၁၉ ၂၀၁၃
    RFA Burmese

    537040_737498562946183_2014362288_n

    နိုဝင်ဘာ ၁၈ ရက်နေ့ညက ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှာ အစ္စလာမ်ဘာသာရေး အဆောက်အဦးတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

    ကျောက်ဖြူမြို့နယ် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းပေါ်မှာရှိတဲ့ ဂျာမေဗလီဝင်းအတွင်းက ဘာသာရေးဝတ်ပြုကျောင်း ဖျက်ဆီးခံရတာလို့ ကျောက်ဖြုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ မနေ့ည ၁ဝ နာရီဝန်းကျင်မှာ လူအုပ်တစ်အုပ်ရောက်ရှိလာပြီး ဗလီထဲကို ဝင်ရောက်ဖျက်ဆီးခဲ့ကြတာလို့ သိရပါတယ်။ ဖျက်ဆီးခဲ့သူတွေနဲ့ ပတ်သက်ပြီး မည်သူမည်ဝါတွေမှန်း မသိရသေးကြောင်း၊ ပါဝင်ခဲ့သူတွေကို စုံစမ်းရှာဖွေနေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

    ပြီးခဲ့တဲ့လကလည်း သံတွဲမြို့နဲ့ အနီးတဝိုက်မှာ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်မူတွေမှာ ပါဝင်ခဲ့သူ ၈ဝ ဝန်းကျင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    http://www.rfa.org/burmese/news/destroy-kyaukphyu-pali-11182013235625.html

  • ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး စင်္ကာပူရောက် မြန်မာများလည်း ပါဝင် လက်မှတ်ရေးထိုး

    နိုဝင်ဘာ ၁၉၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    စင်္ကာပူ ။           ။           ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းအတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဆွေးနွေးဟောပြောပွဲများ ပြုလုပ်နေ သကဲ့သို့ စင်္ကာပူနိုင်ငံရောက် မြန်မာများလည်း တဘက်တလမ်းမှ ပါဝင်ဆောင်ရွက်နေကြောင်း သိရပါတယ်။

    ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းသည် ၂၀၁၅-ခု ရွေးကောက်ပွဲအတွက်သာမက အနာဂတ်မြန်မာနိုင်ငံအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရေးကြီးသော တာဝန်တစ်ရပ်ဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ကြီးမှူး၍ မြန်မာနိုင်ငံသားတို့၏ ဆန္ဒသဘောထားများ ကောက်ခံလျက်ရှိကြောင်း၊ ထိုနည်းအတူ စင်္ကာပူနိုင်ငံရောက် မြန်မာများမှလည်း မိမိတို့တိုင်းပြည် ပြောင်းလဲရေးတွင် အုတ်တချပ် သဲတစ်ပွင့်အဖြစ် ပါဝင်နိုင်ရန် ဆန္ဒသဘောထားများကို လက်မှတ်ရေးထိုးပေးပို့နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

    “ကျွန်တော်တို့နိုင်ငံမှာ ဒီ ၂၀၀၈-အခြေခံ ဥပဒေဆိုတာနဲ့ ဆက်သွားနေလို့ မရဘူး။ ပြောင်းပစ်မှရမယ်။ ဒါကြောင့် ပြည်ပရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့လည်း တဘက်တလမ်းကနေ ကိုယ့်နိုင်ငံအတွက် ပါဝင်ကြတာပါ။ ဟုတ်ကဲ့ပါ ကျွန်တော်တို့ ဒီ ရရှိတဲ့လက်မှတ်တွေကို ပြည်တွင်းကို ပို့မှာပါ။ စမ်းချောင်းမြို့နယ် NLD ကို ပို့မယ်။ အဲ့ဒီကမှတဆင့် ရုံးချုပ်ကို ရောက်သွားမှာပါ။ ကိုယ့်နိုင်ငံကို တကယ်ချစ်ပြီး ပြောင်းလဲစေလိုတဲ့သူတိုင်း ပါဝင်လက်မှတ်ရေးထိုးကြပါတယ်။”ဟု ဆန္ဒသဘောထား လက်မှတ်ရေးထိုး ကောက်ခံပေးနေသူ စင်္ကာပူရောက် မြန်မာတစ်ဦးမှ ပြောပါတယ်။

    ဆန္ဒပြုလက်မှတ်ထိုးခြင်းကို ဒီဇင်ဘာလ ပထမပတ်အထိ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပါဝင်လိုသူ စင်္ကာပူရောက် မြန်မာများအနေနှင့်လည်း စင်္ကာပူရှိ မြနန်းနွယ် (၀၂-၄၁) နှင့် သပြေနု(၀၂-၅၅) ဆိုင်များတွင် ဆန္ဒပြု လက်မှတ်ရေးထိုးနိုင်ကြောင်း သိရပါတယ်။

    DSCN2655